Saturday 13 September 2014

သံဃာတော်များ သင်္ကန်းချွတ်ရသည်အထိ နိုင်ငံရေးလောကကြောက်စရာကောင်းကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား

သံဃာတော်များ သင်္ကန်းချွတ်ရသည်အထိ နိုင်ငံရေးလောကကြောက်စရာကောင်းကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား
=================================

သူသူထက်လွင် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၅)။
ရန်ကုန်၊ (၇၅)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနားတွင် သံဃာတော်များအတွက် သင်္ကန်းချွတ် ရသည်အထိ နိုင်ငံရေးလောက် ကြောက် စရာကောင်းကြောင်း ဆရာတော် ဦး ဝီရသူက မိန့်ကြားခဲ့သည်။

''အာဏာအားကိုးနဲ့လုပ်ရဲတာ သတ္တိလား၊ လက်နက်အားကိုးနဲ့လုပ်ရဲ တာသတ္တိလား၊ အားကိုး တစ်စုံတစ်ရာ ရှိလို့လုပ်ရဲတာ သတ္တိလား တကယ်တော့ သတ္တိဆိုတာ ခံရဲတာကို ပြောတာပါ။ အဲဒီလို တစ်ဖက်က အာဏာတွေပါဝါ တွေ၊ လက်နက်တွေနဲ့အနိုင်ကျင့်တာ တွေကို ခုခံရဲတာကိုမှ သတ္တိလို့ခေါ်တယ်။ လောကဓံကို ခံနိုင်ရဲတာလဲ သတ္တိပါပဲ။ နိုင်ငံရေးသမားဆိုတာ သူတို့အလွန်ဆုံး စွန့်လွှတ်ရ သားမယား။ ဘုန်းကြီးကျ တော့ အဲလိုမဟုတ်ဘူး။ သင်္ကန်းပါ ချွတ် ရတယ်။ နိုင်ငံရေးလောက ဘယ်လောက် ကြောက်ဖို့ကောင်းလဲ။

သူတို့လိုရင်တော့ ပြုံးတုံးပြုံးတုံး၊ မရတော့ မုန်းတုံး မုန်း တုံး၊ အသုံးချတုန်းကတော့ ဘုန်းဘုန်း ဘုန်းဘုန်းတဲ့၊ မရတော့ ခေါင်းတုံး ခေါင်း တုံးတဲ့။ အဲဒီဒဏ်ကို ဆရာတော် (ဦး ဥတ္တမ) ကြံ့ကြံ့ခံခဲ့တယ်။ နိုင်ငံရေးလုပ် မယ်ဆိုရင် သတ္တိရှိရတယ်'' ဟု ဦးဝီရ သူက မိန့်ကြားသည်။

ဆရာတော်ဦးဥတ္တမသည် လော ကဓံကိုခံနိုင်ပြီး မြန်မာ့လွတ်လပ်ရေး ဦး ဆောင်သူများကို လမ်းခင်းပေးခဲ့ကြောင်း သိရပြီး သည်းခံခြင်း နိက္ခမပါရမီကျင့် ရန် မြန်မာနိုင်ငံမှာ အကောင်းဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။

''အင်မတန်သတ္တိကောင်းတဲ့ ဆရာ တော်ပါ။ ကရက်ဒေါက်ကို ဂက်အောက် လို့လုပ်ရဲတာ ဆရာတော်တစ်ပါးပဲရှိ တယ်။ ဘာဘာညာညာ လာမပြောနဲ့ မြန်မာ့လွတ်လပ်ရေးကိုဦးဆောင်တဲ့သူ အားလုံးဟာ အဲဒီဆရာတော် တံတား ခင်းပေးတဲ့လမ်းကိုလျှောက်နေတယ် ဆို ဘာပြောမလဲ။ မြန်မာပြည်က သည်းခံ ခြင်း နိက္ခမပါရမီကျင့်ကြံဖို့ အကောင်း ဆုံးနိုင်ငံဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျေးဇူးတရားကို မသိတတ်လို့ ပါ''ဟု ဆရာတော်က ဦးဥတ္တမ၏ကျေး ဇူးဂုဏ်ကို ချီးကျူးမိန့်ကြားသည်။

ဆရာတော်ဦးဥတ္တမရုပ်တု ရေညှိ တက်သွားပေမယ့် သမိုင်းကတော့ ရေ ညှိမတက်ကြောင်း၊ ဆရာတော် ပြည်သူ တွေကိုထားရှိခဲ့သည့် နှလုံးသား လည်း ရေညှိမတက်ကြောင်း ဆရာတော်ဦးဝီ ရသူက စက်တင်ဘာ ၉ရက်က ကျင်းပ ခဲ့သည့် ဦးဥတ္တမနေ့ စိန်ရတုအခမ်းအ နားတွင် မိန့်ကြားခဲ့သည်။

ဦးဥတ္တမနေ့အခမ်းအနားသို့ ရန် ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် အတူ ရခိုင်ခေါင်းဆောင်များ၊ ဆရာ တော်၊ သံဃာတော်များ၊ တက်ရောက် ခဲ့သည်။

______TheYangonTimes

0 comments:

Post a Comment