Tuesday 9 September 2014

(၇၅) နှစ်မြောက် ဦးဥတ္တမနေ့တွင် ရခိုင်လူထု အချက်သုံးချက်တောင်းဆို


(၇၅) နှစ်မြောက် ဆရာ တော်ဦးဥတ္တမနေ့ကို စစ်တွေနှင့် ရန်ကုန်မြို့အပါအ၀င် ရခိုင်ပြည် နယ် မြို့နယ်အားလုံးတွင် စက် တင်ဘာ ၉ ရက်က ကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ဆရာတော်အတွက် ရည်စူးကာ လွမ်းသူ့ပန်းခွေ ပူဇော်ဆပ်ကပ် ရန်လာသော ရခိုင်လူထုက စစ် တွေမြို့ ဦးဥတ္တမပန်းခြံရုပ်တု ရှေ့တွင် ‘မြန်မာသမိုင်းစာအုပ် တွင် ဆရာတော်ဦးဥတ္တမအ ကြောင်း ထည့်သွင်းရေး’၊ ‘ရန် ကုန်ကန်တော်မင်ပန်းခြံကို ဆရာ တော်ဦးဥတ္တမပန်းခြံအဖြစ် ပြန် လည်သတ်မှတ်ပေးရေး’ နှင့် ‘စက်တင်ဘာ ၉ ရက်ကို အစိုးရ ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးရေး’ တို့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

စစ်တွေမြို့ ရွှေစေတီကျောင်း တိုက်ဆရာတော်အရှင် ဦးအရိ ယာဝံသကလည်း ‘‘ဆရာတော် ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးအ တွက် နယ်ချဲ့ကို စတင်တော်လှန် ခဲ့သူပါ။ ပေးဆပ်ခဲ့သူပါ။ ဗိုလ် ချုပ်အောင်ဆန်းရဲ့ ဒိုင်ယာရီစာ အုပ်မှာတောင် ဆရာတော်ရဲ့ တော်လှန်ရေးကို အားကျလို့ သူ လည်း နယ်ချဲ့ကို တော်လှန်တယ် လို့ ရေးထားတယ်’’ ဟု မိန့်ကြား ခဲ့သည်။

အခမ်းအနားသို့ ရခိုင်ပြည် နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက် ကာ လွမ်းသူ့ပန်းခွေဆက်ကပ်ခဲ့ပြီး လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားများ၊ ကုမ္ပဏီများ၊ ရပ်ကွက်အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ရဟန်းသံဃာတော်များ၊ အမျိုးသမီးကွန်ရက်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

‘‘လွန်ခဲ့တဲ့ လေးနှစ်လောက် က ပန်းခွေလာချတဲ့ ဂျီတီစီ ကျောင်းသားလေးတွေ ကျောင်း ထုတ်အဖမ်းခံခဲ့ရတာကို အမှတ်ရ ပါသေးတယ်။ ဒီနှစ်တွေမှ အပြည့် အ၀ လုပ်ခွင့်ရတာပါ’’ ဟု ရခိုင် ကျောင်းသားသမဂ္ဂမှ ကိုမျိုးမင်း ထွန်းက ပြောသည်။

 ____ 7Days News

0 comments:

Post a Comment