ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။ သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလို။ "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ"

ဆရာတော် အသျှင်ဥတ္တမ ရှားပါးမှတ်တမ်းဗွီဒီယို

Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule.

Showing posts with label ဆောင်းပါး (ရခိုင်). Show all posts
Showing posts with label ဆောင်းပါး (ရခိုင်). Show all posts

Monday, 8 September 2014

သင်.. ဒါတွေကို သိသလား


မြန်မာပြည်သူတွေ “၀ိတိုရိယ ဘုရင်မ ကျန်မာပါစေ ၊ ချမ်းသာပါစေ”လို့ ဆုတောင်းနေချိန်မှာ တောက်သီးခေါက်ပြီး ဗြိတိသျှ ဘုရင်ခံ ဂရက်ဒေါက်ကို Get Out လို့ နှင်ထုတ်ဝံ့ခဲ့သည့် အသျှင်။

ဘာသာစကား ရေး၊ ပြော၊ ဖတ် ကို (၉)ဘာသာထိ တတ်မြောက်ပြီး (၁၂)မျိုးကို အကြမ်းအားဖြင့် ပြောနိုင်သည်။ အိန္ဒိယနိုင်ငံ ဟိန္ဒူအသင်းတော်ကြီးမှာ ဥက္ကဌနေရာကို ရယူပြီး ဗြိတိသျှ အင်္ဂလိပ်ကို အကြမ်းမဖက် အနုနည်းနဲ့ တိုက်ခိုက်ဖို့ မျိုးစေ့ကို ချပေးခဲ့သူ အသျှင်။

မြန်မာသမိုင်းမှာ နိုင်ငံရေးမှုနဲ့ ပထမဦးဆုံး ထောင်ကျခံရသူ အသျှင်။

ပြည်မြန်မာလွတ်လပ်ရေးအတွက် မနားမနေ ကမ္ဘာကိုပတ် တရားဟောခဲ့သူ အသျှင်။

မြန်မာပြည် လွတ်လပ်ရေးတင်မကဘူး အာရှရဲ့ ကျွန်နိုင်ငံတွေ လွတ်လပ်ရေးကို ဦးဆောင်လမ်းပြခဲ့သည့် အာရှနေ၀န်အဖြစ် မှတ်တမ်းတင်ခဲ့ကြရတဲ့ အသျှင်။



ဘာပဲလုပ်လုပ် ပထမဖြစ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ငယ်စဉ်က ဒုတိယဆုကို ကစ္ဆနဒီမြစ်ထဲကို ပစ်ချခဲ့သည့် အသျှင်။

အသျှင်ပေးခဲ့တဲ့ မျိုးစေ့၊ အသျှင်ပေးခဲ့တဲ့ သတ္တိတွေကြောင်း ပြည်မြန်မာလည်း လွတ်လပ်ခဲ့ပြီးပြီ။ အသျှင် တာဝန်၊ အသျှင် မျိုးစေ့ ရှင်သန်ခဲ့ပြီးပြီ။ နောက်ဆုံးတော့ ပြည်မြန်မာ မှတ်တမ်းမှာ အမေ့ပျောက်ခံ နှလုံးသားနဲ့ လွတ်လွတ်လပ်ရေးကို လမ်းခင်းပေးခဲ့သူ ကျေးဇူးရှင်။

သူ့တပည့် မြေးသားတွေကတော့ (ဦးဝိစာရ၊ ဗိုလ်ချုပ်)တို့ကတော့ ခေါင်းမော့ ရင်ကော့ပြီ အသိအမှတ်ပြု သင်္ကေတတွေနဲ့ လာသမျှလူ ခေါင်းငုံ အလေးပြုခံခဲ့ရပေမယ် .. အမှိုက်ပုံမှာ သေခြင်းဆိုးနဲ့သေခဲ့ရတဲ့ ဒီအသျှင်တော့ မှတ်တမ်းတွေပျောက် .. ကျေးဇူးစွပ်လို့ ကျေးဇူးဆပ်ခံရခဲ့ရတယ်..။

နယ်ချဲ့ သံဖိနပ်အောက်က ဖောက်ထွက်ဖို့ မျိုးစေ့ချပေးခဲ့သည့် အာဂအသျှင်.. အို.. အသျှင်.. ရခိုင်သား သတ္တိကို ကမ္ဘာက သိခဗျာလ် အသျှင်..

ဝေဟင်အောင်
၉.၉.၂၀၁၃။ 

Sunday, 7 September 2014

ဆရာတော်ဦးဥတ္တမအကြောင်း


ဆရာတော် ဦးဥတ္တမ(ငယ်နာမည်.ပေါ်ထွန်အောင်)ကို ၁၈၇၉၊ ဒီဇင်ဘာလ(၂၇)ရက်တွင် ရခိုင်ပြည်နယ်
စစ်တွေမြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ ရို့မှ မွီးဖွားပီးခသည်။ သက်တော် (၁၆) နှစ်အရွယ်မှာ မိဘများက မောင်သျှင်ဝတ်ပီးသဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့နာမည်တွင်လာသည်။ နက်နဲရေ
ပိဋ္ဋကတ်စာပီများကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဖူးသည်။ အိန္ဒိယနိုင်ငံတွင်ရှေးခိုက် အမျိုးသားကောလိပ်တစ်ခုမှာ ပါဠိနှင့်
ဗုဒ္ဒ¨ဘာသာ စာပီဆိုင်ရာ ယာယီပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်ခသည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ခံခရသည်။


အိန္ဒိယနိုင်ငံတွင် ၈ နှစ်ကြာ နီထိုင်ခပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်လားရောက်ခသည်။ ပြင်သစ်နိုင်ငံတွင် သင်ကြားနီစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉ဝ၄-ဝ၅) တွင် ဂျပန်က အင်အားကြီးမားသော ပြိုင်ဘက်ရုရှားကို
အနိုင်ရလိုက်သည်ကို တွိ့ရပြီး နောက်။ ယင်းအချိန်က အာရှသားရို့အတွက် ဂျပန်သည် ဂုဏ်ယူစရာဖြစ်သည်လို့
ဆရာတော်ဦးဥတ္တမက ယုံကြည်စွာအတိုင်း ၁၉ဝ၇ ဖေဖော်ဝါရီ ၄ ရက်နိန့်မှာ ရန်ကုန်ကဂျပန်နိုင်ငံသို့ ထွက်ခွာခသည်။ ဂျပန်မှာ ၂ နှစ်ကြာ ပညာသင်ကြားခပြီး ၁၉ဝ၉ ခုနှစ်၌ ဂျပန်တွင် တရုတ်ပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နီရေ ဒေါက်တာဆွန်ယက်ဆင်က ဆရာတော်ကို လေး စားခပြီး
တရုတ်ပြည်သို့ သူနှန့်အတူ လိုက်ဖို့ပင့်လို့ တရုတ်ပြည်သို့ လေ့လာရေးအနီနန့်လားရောက်ခသည်။ ယင်းအချိန်ကပင် ဦးဥတ္တမသည် အာရှအင်အားကြီးနိုင်ငံများ၏ အရေးပါမှုကို လေ့လာသိဟိသတိပြုနိုင်ခသည်။

၁၉ဝ၆ မေလမှာ ဖွဲ့စည်းခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓွကလျာဏယုဝအသင်း၏ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်အဟုန်ရရန် ဆရာတော်ဦးဥတ္တမက ဝင်ရောက်အားပီးကူညီခသည်။ ယင်းအခါက သူရိယသတင်းစာမှာ ဆရာတော်၏ နိုင်ငံရေးဆောင်ရွက်ပုံ များကို အထူးအားပီးဖော်ပြသော သတင်းစာကြီး ဖြစ်ခသည်။

ဆရာတော်ဦးဥတ္တမ၏ တိုက်တွန်းချက်ဖြင့် ၁၉၂ဝခုနှစ် ဇူလိုင်လတွင် သံဃာ့သမဂ္ဂ အဖွဲ့ပေါင်း (၃ဝ) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခသည် ။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစိချပီးခရေ အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားများ သပိတ် စတင်မှောက်ကြသည်။ ယင်းပိုင် မြန်မာပြည်သူများ မကျေမနပ်ဖြစ်နီဂတ်ကေလေ့ မိမိရို့၏ ဆန္ဒကို ဖွင့်ဟ ထုတ်ပြခြင်း မပြုဝံ့ ဖြစ်နီချိန်တွင် ဆရာတော်က ဘုရင်ခံ ကရက်ဒေါက်ပါးကို စာတစ်စောင် ရွီးပို့လိုက်သည်။ ယင်းစာမှာ “ ဆာရယ် ဂျီနယ် ကရက်ဒေါက် မင်း- မြန်မာပြည်က ထွက်လား” ဟုဆိုထားသည်။ အဆိုပါနှင်စာကို သူရိယ သတင်းစာက ထည့် သွင်းဖော်ပြခရာမှာ တစ်တိုင်းပြည်လုံး မျက်လုံးပြူးအံ့အားသင့်လားခရေ။

ဆရာတော် ဦးဥတ္တမသည်၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နိန့်တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ရွောတွင် “လိပ်အခွံ ခွာရမည်” ဟူသော ခေါင်းစဉ် ဖြင့် တရားဟောပြောမှုကြောင့် မတ်လ ၃ဝ ရက်နေ့တွင် အစိုးရအကြည်ညိုပျက်အောင်တရားဟောသည်ဟုဆိုကာ ရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ကျောင်းကုန်းမြို့နယ်မှာဆရာတော်ကိုအင်္ဂလိပ်အစိုးရကဖမ်းခသည်။ ဆရတော်သည် မြန်မာပြည်တွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အပြစ်ပီး ခံရသောသူဖြစ် သည်။ယင်းပိုင်မြန်မာပြည်သူအားလုံးအတွက် ကိုယ်ကျိုးစွန့်ပမာ နိုင်ငံရေး မျက်စိဖွင့်ပီးခသူဖြစ်သည်။ ၁၉၂၄ ခုနှစ် အောက်တိုဘာလတွင် မြို့လုံးကျွတ်အစည်းအဝေးကြီးခေါ်၍ “အစိုးရလုပ်စွာမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်စွာ လူ့အခွင့်အရေးပဲ၊ ယင်းအခွင့်အရေး စွာ ငါရို့မှာဟိရမည်။ ယင်းကြောင့် ငုံ့မခံကေ့”ဲ စသော အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တရားတကိုအကြီးကျယ်ဟောခ သည်။ 

ယင်းပိုင်ဟောပြောပြီး ၇ ရက်အတွင်းမှာပင် ဆရာတော်စွာ အစိုးရကို ဆန့်ကျင်ပြီး အကြည်ညိုပျက်ပြားအောင် လှုံ့ဆော်ရေဆိုဗျာ ရန်ကုန်တွင် ဖမ်းဆီးခံရသည်။ ဆရာတော်သည် အလုပ်ကြမ်းနန့် ထောင်ဒဏ် သုံးနှစ် ဒုတိယအကြိမ် အပြစ်ပီး ခံခရသည်။ 

ဦးဥတ္တမသည် ၁၉၂၇ ဖေဖော်ဝါရီလတွင် ၃နှစ်အကျဉ်းကျခံဘဝမှ လွတ်မြောက်လာပြီး မတ်လ (၂ဝ)ရက်နေ့၌ ပဲခူးမြို့တွင် ကျင်းပသော သံဃာတော်များသြဝါဒခံ ဦးစိုးသိမ်းကြီးမှူးသော မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ)၏ ၁၄ ကြိမ်မြောက် အစည်း အဝေးသို့ တတ်ရောက်ပြီး သင်္ကန်းရုံကိုဖယ်၍ ထောင်ဝတ်ထောင်စားဖြင့် မိန့်ခွန်းပြောကြားခသည်။ 

ဦးစိုးသိမ်းက “ပရိသတိတမြင်ဂတ်လား။ မျက်ရည်ကျရုံနှင့် အိမ်ပြန်လားသင့်လား။ အများကြီးအရေးကြီးသည်။ ယခု မျက်ရည်ကျ ခြင်းစွာ အမျိုးသားရေးအတွက် မျက်ရည်ကျခြင်းဖြစ်သည်။ သာသနာတော်ကြောင့် မျက်ရည်ကျခြင်းဖြစ်သည်။ ဘုရားရှင် ခွင့်ပြုသောသင်္ကန်းကို ချွတ်၍ အာဏာတန်ခိုးဖြင့် ဦးဥတ္တမကို ညှဉ်းပမ်းနှိပ်စက်သည်။ အဂု အချိန်ကစ၍ မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက်ရမည်” ဟု ငို၍ပြောလေသည်ဟု စစ်ကိုင်းဟန်တင်၏ မြန်မာနိုင်ငံတော်မှတ်တမ်း (၃) တွင် ဖော်ပြထားသည်။ 

မိမိတွင်ရှိသမျှ ဉာဏ်အား ခွန်အားတိနန့် အစွမ်းကုန်ထုတ်သုံးပီးဆပ်ခရေ ဆရာတော် ဦးဥတ္တမသည် ဗမာလွတ်လပ်ရေးမရခင် (၉)နှစ်အလို ၁၉၃၉ခုနှစ်တွင် ပျံလွန်တော်မူလခပါသည်။ ဆရာတော်ပျံလွန်တော်မူရေနိန့်ကို ထိုစဉ်ကရှိခဲ့သော ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနေ့” အဖြစ် တရားဝင် သတ်မှတ်ကြေညာပေးခဲ့သည်။ ရွှေတိဂုံ ခြေတော်ရင်း တော်ဖက်မုခ်အနီးရှိ ကန်တော်မင်ပန်းခြံကို “ဦးဥတ္တမ ပန်းခြံ” အဖြစ်သတ်မှတ်ပီးခသည်။ အလားတူ စစ်တွေမြို့တွင်ဦးဥတ္တမပန်းခြံ တခု ပြုလုပ်ပီးခပါသည်။ ယေကေလေ့ဂနိခါ ကန်တော်မင်ပန်းခြံက “ဦးဥတ္တမ အရုပ်ကိုဖယ်ပနာ မထင်မရှားဗမာနိုင်ငံရေးသမားဦးဝိစာရကိုအစားထိုးပလိုက်ဗျာလ်။ ကန်တော်မင်္ဂလာပန်းခြံထဲကဆရာတော်အရုပ်သည်ချောက်ထဲချနိဂုံချုပ်လခဗျာလ်။ 
............ 

လန်းဆန်း 


မှက်ချက်...(ဆရာတော်လမ်းစဉ်ကိုကြိုက်လို့မဟုတ်..ဒေပိုင်တော်ခရေကိုယ့်အမျိုးသားပုဂ္ဂိုလ်ကြီးတယောက်အကြောင်းကို 

ငါရို့မထိန်းသိမ်ကေ ထိန်းသိမ်းဖို့လူမဟိဗျာလ်ဆိုရေစိတ်ဓါတ်နန့်တင်ပီးလိုက်သည်။)
  

ဆရာတော် ဦးဥတ္တမ

ဆရာတော် ဦးဥတ္တမ သည် ပြည်သူတ အမျိုးသားရေးတွင်စိတ်ပါလာစီရန် နိုင်ငံရေးတရား များကိုစတင် ဟော ပြောလီခသည် ။ အစ တွင် ရုပ်ရှင် ရုံ များ အားလပ် ချိန် ပီးစဉ် တွင် ဟောပြောခရသည် ။ ၁၉၁၂ - နှစ် ခုနှစ်လောက် တွင် နှမ ဖြစ်သူ မအိမ်စိုး နှင့်  မြန်မာ လူငယ် ( ၃၁ ) ဦး ကို ဂျန်ပန်နိုင်ငံ သို့ ခေါ်ဆောင် လားပြီး ပညာသင် ကြားစီ သည် ။ ၁၉၁၉ -ခုနှစ်တွင် မြန်မာနိုင်ငံ သို့  ပြန်လာ ပြီး သူရိယ သတင်းစာ တိုက် တွင် သီတင်း သုံးကာ နိုင်ငံရေး တရားများစတင် ရွီသားလီခသည် ။


ထို့  နောက် ကမာရွတ်တွင် ပြောင်းရွှေ့  ပြီး တပါး တည်း သီတင်းသုံး ကာ နိုင်ငံရေးတရားပွဲ များ လှည့် လည် ဟော ပြောသည် ။ တရားဟောရာတွင် အလွန်ကောင်းသဖြင့်  လူမျိုးပေါင်းစုံက ဆရာတော်အား ပင့် ဆောင် ရာကားလမ်းမပေါက် သည် နီရာများတွင် ထမ်း စင် ဖြင့်  တရားဟော ပင်လင်ဖြင့်ပင့်  ဆောင် ကြသည် ။ ထို့  သို့  နိုင်ငံရေး မျိုးစေ့  ချပီးခသော ကျေးဇူး ကြောင့်  ( ၁၉၂၀ - ၂၁ ) ခုနှစ် တွင် တက္ကသိုလ် ကျောင်းသားများစတင် သပိတ် မှောက် ကြသည် ။ ထိုအချိန် ဘုရင်ခံမှာ အင်္ဂလိပ်လူမျိုး ဆာရယ် ဂျီနယ်ကရက်ဒေါက် ဖြစ်သည် ။

မျိုးချစ်စိတ်တိပေါ်ပေါက် လာရန်အတွက် အဓိက လှုံ့ဆော် ပီးသော သတင်းစာ ၊ ဂျာနယ်များကို အစိုးရမှပိတ်ပစ်နိုင်ရန်အတွက် အာမခံကြေးများတောင်းခံလာသဖြင့် ဂျာနယ်အချို့  ပိတ်လိုက်ရပြီး သူရိယ၊ မြန်မာ့အလင်း ၊ ပညာ့  အလင်း ၊ ဗန္ဓုလဂျာနယ်ရို့ သာကျန်ခသည် ။ ထိုစဉ် ဝေလမင်းသားမြန်မာပြည် လာဖို့ ခရီးစဉ် အားဝိုင်အမ်ဘီအေ အသင်းမှ ကြီးမှူး၍ သပိတ်မှောက်ရာ ခေါင်းဆောင်အချို့ကိုဖမ်းဆီးပြီး သပိတ်မှောက် ရာတွင် အရေးယူနိုင်သော ဘွိုင်းကုတ်ဥပဒေ ( Boycott ) ကို အစိုးရမှ ပြဌာန်းလိုက်သည် ။ ထိုသို့ ဘုရင်ခံမှတင်းမာလာသောအခါတွင် ဆရာတော်မှာငြိမ်ခံမနီဘဲ ဘုရင်ခံဘားသို့ ( ဆာရယ်ဂျီနယ်ကရက်ဒေါက်မြန်မာပြည်မှထွက်လား)ဟူသောစာကိုဘုရင်ခံဘားသို့လိုက်သည်။ ထသို့နှင်ထုတ်သည့်စာကို သူရီယသတင်းစာမှ ဖော်ပြလိုက်သောအခါတွင် ပြည် သူများမှာအံအားသင့် ပြီး မျိုးချစ်စိတ်တိတိုးမြင့် လာကြသည် ။

ပထမ ကျောင်းသား သပိတ်မှောက်စဉ်က ဆရာတော်မှာအန္ဒိယသို့ ခေတ္တ ရောက်နီခိုက်ဖြစ်သည် ။ ထိုအချိန်တွင် ရတနာဂီရိတွင်ဟိသော ပါတော်မူဘုရင် သီပေါမင်းနှင့် လျှို့ဝှက်တွိ့ဆုံခသည် ။ ၁၉၂၂ -ခုနှစ်တွင် အန္ဒိယ မှပြန်ရောက်ပြီး ဖျာပုံခရိုင် ကျောက်ကုန်းနယ်တွင် ( လိပ်အခွံ နွာရမည် ) ဟူသောတရားဟောပြောမှုကြောင့် အဖမ်းခရသည် ။ ဆရာတော်အဖမ်းခံရမှုကြောင့် သံဃာ့သမဂ္ဂပေါင်း ( ၃၇ ) ခုပေါ်ပေါက် ခသည်။ တနိုင်ငံလုံးစည်းရုံးအုံကြွလာသည်။ အစိုးရကိုအကြည် ညို ပျက်အောင်ဟောပြော မှုကြောင့်ဆရာတော်အား ပုဒ်မ ၁၂၄ ( က )အရ မအူပင်ထောင်တွင် လေးနှစ်အပြစ်ပီး ခံရသည် ။ ထောင်တွင်းနီထိုင်မှုကောင်းသဖြင့် သုံးနှစ်အကြာမှာပင် လွတ်မြောက် လာခသည် ။

ထောင်မှလွတ်သောအခါ နိုင်ငံရေးတရားများကို ဆထက်တပိုးဟော ပြောလီရာ မန္တလေးတွင် ဆရာတော်၏လှုံဆော်မှုကြောင့် အဓိကရုန်း ဖြစ်ပေါ်သည်။ ထို့ကြောင့်အစိုးရမှ ဆရာတော်အားရန်ကုန်တွင် အလုပ်ကြမ်းနှင့်ထောင်ဒါဏ်သုံးနှစ် အပြစ်ပီးခရာ ဆရာတော်သည် အုန်းဆံထု ၊ ကြိုးကျစ်စသော အလုပ်ကြမ်းများလုပ်ခရ သည်။ ဒုတိယအကြိမ်ထောင်မှထွက်လာသောအခါတွင် တပည့်ဒယကာများမှ စုဆောင်းကောက်ခံထားသော အလှူငွေများအား ဆရာတော်ထံအပ်ကြရာ ၁၉၃၈ - ခုနှစ် တွင် (တရုတ်နှင့် ဂျပန် )အ ကြောင်းကို ဓါတ်ပုံများနှင့်  ၀ီဝီဆာဆာ ထုပ်ခသည်။

မြန်မာ့နိုင်ငံရေးအခြီနီမှာလည်း ယှုပ်ထွီးသည်ထက်ယှုပ်ထွေးလာပြီး တော် လှန်ရေးခေါင်းဆောင်အချို့ မှာ အစိုးရမှပီးသောရာထူး၊ စည်းစိမ်၊ အာဏာရို့ကိုယစ် မှူးလာကြပြီး ဆရာတော်အားပစ်ပယ်စပြုလာသည်။ နောက်ပိုင်းတွင် ဆရာတော် အား လုံးဝပစ်ပယ်ခသဖြင့် ဆရာတော်မှာ အခြီအနီမဲ့ဖြစ်ကာ ဖြစ်ရေပိုင်နီ ၊ ဖြစ်ရေပိုင်စားဘ၀ ဖြင့် ဘ၀နီဝင်ချိန်ရောက်ခရသည်။ နောက်ဆုံးတွင် ဆရာတော်မှာ လောကဓံတရားရို့ ကြောင့်  ၁၃၀၀-ပြည့်နှစ် ၀ါခေါင်လဆုတ် ၁၁ ရက် ၊ ( ၁၉၃၉ -ခု နှစ် ၊ စက်တင်ဘာလ ၉ -ရက်နိန့် ) အရောက်တွင် ရန်ကုန်ဆီးရုံကြီး၌ ချို့တဲ့စွာဖြင့် ဘ၀နတ်ထံပျံလွန်တော်မူ လားခလီသည်။

………………………………………………………………………
ကျမ်းကိုး။ ။- မြန်မာ့ စွယ်စုံ ကျမ်း အတွဲ ( ၁၅ ) -၁၉၇၆
- ထင်ရှား ခဲ့သော ပုဂ္ဂိုလ်ကြီးများ ( ရွှေ ဥသြ ) - ၁၉၈၆

စာရေးသူအမှာ။ ။ သမိုင်းတွင်ခသည့်  သံဃာ့အာဇာနည် ကြီးများ၏ သမိုင်း များ ပျောက်ကွယ်မလားစီရန်နှင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် သံဃာ တော်များ အရေးပါခပုံရို့ ကို မမိန့်လျှော့စီရန်ရည်ရွယ်ပါသည်။ ၄င်းအပြင် ခေတ်အဆက်ဆက်မှ ဂနိန့်အချိန်အထိ သံဃာအာဇာ နီများ သမိုင်းတွင်ပခုက္ကူမြို့၏ အရေးပါပုံကိုသိသာစီရန် ရို့ဖြစ်သည် ။


http://burmesepeople.blogspot.com/2008/07/blog-post_30.html