Monday 8 September 2014

ဥတ္တမ


ခြောက်လည်း မကြောက်
လှန့်လည်း မလန့်
အခက်ချိုး ခံရလည်း အညွန့်တလူလူနဲ့
အမျိုးသားရေးရွှေရင်အေး တိုက်ကျွေးခဲ့သူ။

ဒေသိယလေသံနဲ့ ရင်ဘတ်များကို
လွှတ်လပ်ရေးမြှား ထိအောင်ပစ်ခတ်ခဲ့သူ။

ထောင်ကို ကျောင်းသင်္ခန်းလုပ်ရင်း
မကြောက်စိတ် အမြုတေနဲ့ မတုန်မလှုပ်
မြန်မာ့လွတ်လပ်ရေးကို သပိတ်ပိုက်ပြီး အလှူခံခဲ့သူ။

ကမ္ဘာကိုပတ် လမ်းစရှာရင်း
ကန်းနေတဲ့ မြန်မာ့လွတ်လပ်ရေး
မျက်စဉ်း ခပ်ပေးခဲ့သူ ။

သူဟာ-သမိုင်းမှာ
ဖုံးရင်းဖုံးရင်းပေါ်လာတဲ့
ရတနာ……. ။ ။
------------------
နေဇော်ထွန်း(ရမ္မာဝတီ) Tue,9.9.2014,AD .
ဆရာတော် ဦးဥတ္တမနေ့ ၇၅.နှစ်ပြည့် စိန်ရတု ဂုဏ်ပြုအထိမ်းအမှတ်

____Nayzaw Tun

1 comment:

  1. Yes! Thankyou for your publishing/ I am နေဇော်ထွန်း(ရမ္မာဝတီ)

    ReplyDelete