ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။ သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလို။ "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ"

ဆရာတော် အသျှင်ဥတ္တမ ရှားပါးမှတ်တမ်းဗွီဒီယို

Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule.

Showing posts with label သဝဏ်လွှာ. Show all posts
Showing posts with label သဝဏ်လွှာ. Show all posts

Tuesday, 9 September 2014

(၇၅)ကြိမ်မြောက်ဆရာတော်ဥူးဥတ္တမနေ့သို့ပေးပို့သော သဝဏ်လွှာ

(၇၅)ကြိမ်မြောက်ဆရာတော်ဥူးဥတ္တမနေ့သို့ပေးပို့သော သဝဏ်လွှာ
**********************************************

ရက်စွဲ။ ။၂၀၁၄ ခုနှစ်၊စက်တင်ဘာလ(၉)ရက်
စာအမှတ်။ ။၁/၂၀၁၄


(၉-၉-၂၀၁၄)ရက်အင်္ဂါနေ့တွင်ကျရောက်သော(၇၅)ကြိမ် မြောက်ဆရာတော်ဥူးဥတ္တမနေ့ကို ကျွန်ုပ်တို့ရခိုင်အမျိုးသား ကွန်ရက်(ANN)မှတိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ
အထူးဂုဏ်ယူဝမ်းကြိုဆိုပါသည်။

အာရှနေဝန်းဆရာတော်အသျှင်ဥူးဥတ္တမ၏နင်းခြေလွှင့်ပစ်ခံခဲ့ရသောဖြစ်တည်မှုနှင့်ဂုဏ်သိက္ခာကိုပြန်လည်ရယူမြှင့်တင်ခြင်းသည်ဆရာတော်၏ကျေးဇူးတရားကိုပြန်လည်သတိရအောက်မေ့ခြင်းဖြစ်သလို ကမ္ဘာ့နိုင်ငံများအလည်၌ကျွန်ုပ်တို့၏ပျောက်ဆုံးခဲ့တာကြာပြီဖြစ်သောယုံကြည်မှု၊ဂုဏ်သိက္ခာနှင့်အပြည်ပြည်ဆိုင်ရာစံတန်ဖိုးများကိုပြန်လည်ရယူခြင်းပင်ဖြစ်သည်ဟုကျွန်ုပ်တို့အနေဖြင့်ယုံကြည်ပါသည်။

သို့ဖြစ်၍(၇၅)ကြိမ်မြောက်ဆရာတော်ဥူးဥတ္တမနေ့မှသည် ကျွန်ုပ်တို့အနေဖြင့်တိုင်းပြည်၏ အဓိက လိုအပ်ချက်ဖြစ်သောအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီး
ခွင့်အတွက်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ယင်းဤ သဝဏ်လွှာကိုပေးပို့လိုက်သည်။ ။


ရခိုင်အမျိုးသားကွန်ရက်(ANN)

Monday, 8 September 2014

၇၅ နှစ်မြောက် ဆရာတော်အရှင်ဦးဥတ္တမ နေ့ ကျောင်းသားလူငယ်များအစည်းအရုံး မှ ပေးပို့သည့် သဝဏ်လွှာ

၇၅ နှစ်မြောက် ဆရာတော်အရှင်ဦးဥတ္တမ နေ့  ဂုဏ်ပြုအခမ်းအနားအတွက် ရခိုင်ပြည်လုံးဆိုင်ရာ
ကျောင်းသားလူငယ်များအစည်းအရုံး မှ ပေးပို့သည့် သဝဏ်လွှာ