Sunday 7 September 2014

ဖိုင်တွဲအမှတ် - ၃ A – 1 OF 1927



ဘုန်းကြီးဦးဥတ္တ (ခေါ် ) ဆရာတော်ဦးဥတ္တမ (ခေါ် ) ဘိက္ခုဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင်(ဖိုင်တွဲအမှတ် - ၃ A – 1 OF 1927 )

အဖအမည် - ဦးမြသာဦး။
မွေးရပ် - စစ်တွေမြို့ ။
မွေးသက္ကရာဇ် - ခရစ်နှစ် ၁၈၈၀- ခု။
လက်ရှိနေရပ် - ကလကတ္တားမြို့  ၄ အေ၊ ကောလိပ်စကွဲ
(College Square ) - မဟာဗောဓိအသင်း(Maha Bodhi Society)။
အလုပ်အကိုင် - ဘုန်းကြီး - ၀ါဒဖြန့်ချီရေးသမား။
ပုံသဏ္ဌာန်
အရပ်အမြင့် - ၅ ပေ ၄ လက်မ။
ကိုယ်လုံးကိုယ်တည် - တောင့်တင်းသည်။
ဆံပင် - ပြောင်အောင်ရိတ်ထားသည်။
မျက်ခုံးများ - ပါး၍ကောက်ကွေးသည်။
နဖူး - ကျယ်၍မြင့်သည်။
မျက်လုံးများ - နက်ပြောင်သည်။
မျက်စိအမြင် - မျက်မှန်တပ်ရသည်။
နှာခေါင်း - ကြီးသည်။
ပါးစပ် - စိစိပိတ်သည်။
လက်ချောင်းများ - တို၍ တုတ်သည်။်
နားရွက်များ - အနေတော်။ ဦးခေါင်းနှင့် ကပ်နေသည်။နားဖောက်ထားသည်။
မျက်နှာ - ၀ိုင်းသည်။
အသားရောင် - အ၀ါရောင်ဖျော့ဖျော့။
မှတ်ဆိတ်မွှေး - မရှိ။
နှုတ်ခမ်းမွှေး - မရှိ။
အမှတ်အသား - အပေါ်နှုတ်ခမ်းလက်ဝဲဘက်တွင်စောင်းစောင်း
ဓါးပြတ်ရာတစ်ခုရှိသည်။ ဂုတ်တွင် မှည့်တစ်လုံးရှိသည်။ နဖူး၏ လက်ျာဘက်၌ အမာရွတ်တစ်ခုရှိသည်။

ထူးခြားချက်များ - မတ်မတ်လမ်းလျှေက်သည်။ စကားကို ကျယ်ကျယ်နှင့်မြန်မြန် ရခိုင်သံဝဲ၍ပြောသည်။ အိန္ဒိယ အမျိုးသားတစ်ဦးကဲ့သို့ ပြုံး
ရွှင်သော အမူအရာရှိသည်။ စကားပြောရာ၌ ပွဲကျအောင်ပြောသည်။

ဝတ်ဆင်နေကျ - ပင်နီိပိတ်ဖြင့် လုပ်ထားသော သင်္ကန်းအ၀ါရောင်။

မြင်လျှင်မှတ်မိသောအရာရှိများ
မြန်မာနိုင်ငံ မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန ( C. I .D Burma) ရှိထောက်လှမ်းရေးဌာနမှ မြန်မာအရာရှိအားလုံး။

ဆွေမျိုးများ
မအောင်ကျော်ဖြူ (မိခင်) မောင်ကျော်ထွန်းအောင် (ခေါ် ) ရှင်အရိယ(ညီ )။
ကြည့်မြင်တိုင် လင်းလွန်းကွက်သစ်နေ မအိမ်စိုးမေ (နှစ်မ)။

မိတ်ဆွေမျး
တစ်ပြည်လုံးရှိထင်ရှားသော နိုင်ငံရေးသမားများအားလုံး။

0 comments:

Post a Comment