Monday 8 September 2014

(၇၅) မြောက် စိန်ရတု အထူးထုတ် အသျှင်ဦးဥတ္တမမော်ကွန် စာအုပ်ထွက်ပြီ

အာရှနေ၀န်း
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်
ရခိုင်အာဇာနည် ၊
ရခိုင်ဂုဏ်ဆောင်
ရခိုင်ရဟန်းတော်
ဆရာတော် အသျှင်ဦးဥတ္တမနေ့ (၇၅) နှစ် စိန်ရတု အထူးထုတ် စာအုပ် မကြာမီ 2014 ခုနှစ် (၈) လပိုင်းအတွင်း ထွက်ပါတော့မည်၊ ရခိုင်ပြည်နယ် မြို့နယ်များမှ ဦးဥတ္တမနေ့ ကျင်းပလိုသော မြို့နယ်များ အ၀ယ်အမှာစာများ တင်ထားနိုင်ပါပြီ ။ ငွေအမြတ်ထက် အမျိုး အမြတ်ရဖို့ ထုတ်ဝေမည့် စာအုပ်ဖြစ်ပါသည်။ အသျှင်ဦးဥတ္တမ၏ အကြောင်းကို မည်သည့်စာအုပ်နှင့်မှ မတူအောင် အထူး စုံလင်ပြည့်စုံစွာ ပြုစုထားကြောင်း စာရေးဆရာ ခိုင်ကျော်နွယ် က အာမခံထားသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စာမြည်း


ရခိုင်အမျိုးသား ပုဂ္ဂလိက ဘဏ်သူဌေးကြီး ဦး ပေါ်ထွန်းအောင် ဆောက်လုပ် လှူဒါန်းခဲ့ သော ရွှေစေတီကျောင်းတွင် ပေါ်ထွန်းအောင်ဆိုသော ဦးဥတ္တမလောင်းလျာသည် ကမ္ဘာကျော် ပုဂ္ဂိုလ်အဖြစ် ပေါ်ထွန်းလာသည် ကို သိလိုပါက.......

မြန်မာပြည်တွင် အများပြည်သူလေးစားသည့် နိုင်ငံကျော် စာရေးဆရာကြီးများဖြစ်ကြသော သခင်ကိုယ်တော်မှိုင်း၊ ရွှေဥဒေါင်း၊ မင်းယုဝေ၊ ရန်အောင်၊ ပါရဂူ စသည့် ပုဂ္ဂိုလ်များတို့၏ သဘောထားအမြင်နှင့် သူတို့၏အတွေးအရေးများကို သိလိုပါက ...... ။

ရန်ကုန်ခရိုင် မျက်နှာဖြူလူမျိုး တရားသူကြီး ( (မစ္စတာ ဆစ်ဇလာ) သည် ဆရာတော်၏ နိုင်ငံရေးစည်းရုံးမှုကို တုန်လှုပ်ချောက်ချားစွာဖြင့် အံ့သြမိပြီး ၀န်ခံ ချီးကျူးစကားပြောခဲ့သည်ကို မိတ်ဆွေတို့ သိလိုပါက…. ။

ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားပွဲ၌ မြန်မာအမျိုးသားများ ..တောက် .. ခေါက်သံများဟိန်းလျှက် သူတို့မှ ပါလာသည့် ထီးများကို မဏ္ဍုာပ်တိုင်၌ မည်သည့်ကြောင့် ရိုက်ချိုးခဲ့ကြသည်ကို မိတ်ဆွေတို့ သိလိုပါက …. ။

ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားပွဲ၌ မြန်မာအမျိုးသမီးများ သူတို့ ဦးခေါင်းပေါ်မှ လိပ်ခွံဘီးများကို ဘာကြောင့် ချိုးဖဲ့ ဖျက်ဆီး စွန်ပစ်ခဲ့ကြသည်ကို မိတ်ဆွေတို့သိလိုပါက……။

အသျှင်ဦးဥတ္တမအပေါ် ဗြိတိသျှ အစိုးရတို့က ထင်မြင်ယူဆချက်… ?
ဦးဥတ္တမသည် အိန္ဒိယနိုင်ငံခေါင်းဆောင် မစ္စတာ ဘိုစ့် ၊ မစ္စတာ ရွိုင် ၊ မစ္စတာ ဂန္ဒီ တို့ကဲ့သို့ အလွန်အရေးကြီးသော (၀ါ) စိုးရိမ်ဖွယ်ရာကောင်းလှသော ခေါင်းဆောင်တစ်ဦးဖြစ်သည်မှာ ယုံမှားသံသယ ဖြစ်စရာမလိုပေ၊ ဤဘုန်းကြီးသည် ငါတို့အစိုးရ အဇ္ဖျတ္တ အတွင်းစိတ်ကို အမြဲ ထိတ်လှန့်ချောက်ချားစေတယ်။ ..... ဟု

ယနေ့ နာမည်ကြီးနေသော မျိုးစောင့်ဥပဒေပေါ်ထွန်းဖို့ မြန်မာပြည်မှာ အမှန်တကယ် လိုအပ်တယ်ဆိုတာကို အင်္ဂလိပ်ခေတ်ကပင် ဆရာတော်သည် အမျိုးဘာသာသနာအတွက် မည်သို့ဆောင်ရွက်ခဲ့သည်ကို သိလိုပါက......။

“ ရှေးဝိပါက ၀ဋ်ကြွေးပေလော့ ”
ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်လိုပါ၏၊. သို့သော် ….မြန်မာပြည်တွင် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလိုသော် ….. ဟု မိဂဒါဝုန်မှ အတွင်းရေးတပည့်တစ်ဦး၏ ဆုတောင်းသံ ……..။
များကို များကို သိလိုပါက အသျှင်ဦ.းဥတ္တမမော်ကွန်း ကို ဖိတ်လိုက်ကြပါ။
 
http://www.uottamafoundation.blogspot.com/search/label/%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8

0 comments:

Post a Comment