Sunday 7 September 2014

အာယှနီဝန်း အသျှင်ဦးဥတ္တမသို့


အမျိုးသားစစ် သွီးနီစစ်လျှက်
မျိုးချစ်တက်ကြွ ဥိးဥတ္တမကား
နယ်ချဲ့မိစ္ဆာ မျိုးမဟာကို
ဟိဆောင်လမ်းပြ ငါရို့တိုင်းပြည်က
ကျွန်မှရုံးကန် တော်လှန်ခဗျာလ်။
မျိုးချစ်တက်ကြွ ဟိကတ်လီအောင်
မျိုးရခိုင်ကို နိုးဆောင်ပီးခ
ကျွန်ဘဝမှ လွတ်မြောက်ဖို့ရေး
ဟိဆောင်လမ်းပြ အိုအသျှင်။

အိုအသျှင်
အသျှင်မေတ္တာ လစန္ဒာပိုင်
ဘဝတစ်ပါး ပြောင်းလွဲလားလည်း
အသျှင့်ရာဇဝင် တည်ဟိသည်ကို
ရခိုင်သာမက ကမ္ဘာကသိ၏
ချစ်သည့်မေတ္တာ မျိုးဘာသာတွက်
ငြိမ်း၏ချမ်း၏ တရားဟော၏
ငါရို့ကမ္ဘာတိဟိ ငါရို့တိသိ၏
ငြိမ်းချမ်းရေးတွက် တရားဟော၏
အသျှင်ဟောခ ငြိမ်းချမ်းရေးကို
ရခိုင်သားဝယ် ရင်ဝယ်ပိုက်ကာ
အသျှင်လုံးလ အတုယူ၍
ကျွန်ဘဝမှ လွတ်မြောက်ေ၇းတွက်
ကြိုးစားဆဲပါ အိုအသျှင်။

..................

၂၀၀၉ ခုနှစ်ကျရောက်သော ၇၀ နှစ်မြောက် အရှင်အာရှ တစ်ခုလုံးတွက် အကြမ်းမဘက် အနုနည်းနဲ့ နိုင်ငံတော်၏ လွတ်လပ်ရေးကို အလှူခံခဲ့သော အာဇနည် အရှင်ဦးဥတ္တမအား စတင်ဘာလ (၉)ရက်နေ့ ကျရောက်သော ၇၀ နှစ်မြောက် အထိမ်းအမှတ်ဖြင့် တပည့်တော် ရိုသေဂါရဝပြုပါ၏အရှင် ။

ထာဝရသီရိ

ပေါက်တောရွီမြီ

0 comments:

Post a Comment