Showing posts with label ဓာတ်ပုံမှတ်တမ်း. Show all posts

Monday, 8 September 2014
ထိုင်းတောင်ပိုင်း ဆုန်ခလာတွင် ရွေ့ ပြောင်းမြန်မာနှိင်ငံသား ၇၅ ကြိမ်မြောက် အသျှင်ဥတ္တမနေ့ကျင်းပ
ထိုင်းတောင်ပိုင်း ဆုန်ခလာတွင် ရွေ့ ပြောင်းမြန်မာနှိင်ငံသား ၇၅ ကြိမ်မြောက် အသျှင်ဥတ္တမနေ့ ကိုတိုင်းရင်းသူ တိုင်းရင်းသားများ စုပေါင်းကျင်းပကြသည်အာရှ မြန်မာ မီးရှုးတန်ဆောင် ကျေးဇူးရှင် ဆရာတော် ဦးဥတ္တမ၏ (၇၅)
နှစ်မြောက် ဝမ်းနည်းအောင့်မေ့ဖွယ် စိန်ရတု သဘင် အခမ်းအနား 07.09.14 နေ့ 
စက်ရုံ အလုပ်ပိတ်တဲ့ နေ့မှာ စည်းကားသိုက်မြီတ်စွာဖြင့်
ကျင်းပပြုလုပ်ခဲ့ကြသည်။
၎င်း အခမ်းအနားကို ရခိုင့် ရိုးရာ ဆီးမီးအကဖြင့် ရခိုင်သူ အမျိုးသမီးလေးများက တင်ဆက်ပူဇော်၍ အခန်းအနားကို ဖွင့်လှစ်ပေးကြသည်။၎င်း အခမ်းအနား ပွဲတော်သို့ ဖိတ်ကြားထာသော ဂုဏ်သရေရှိ လူကြီးများ အဖွဲ
့အစည်းတို့မှ တာဝန်ခံများ တိုင်းရင်းသူ တိုင်ရင်းသားများ စုစုပေါင်း
တထောင်ခန့်  တက်ရောက် ပူဇော် ဂုဏ်ပြု ကြကြောင်း သိရှိရပါသည်။
ပန်းပု ပညာရှင်ဆရာကြီးဦးဟန်တင်ရဲ့ခြံဝန်းထဲ အသျှင်ဥတ္တမရုပ်ထု
မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးသမိုင်းမှာအထင် ကရဖြစ်ခဲ့ ရှိခဲ့တဲ့ ကျေးဇူးတော်အရှင်ဆရာ တော်ဘုရားကြီးဦးဥတ္တမပုံတော်ကို ပြီးခဲ့
သောနှစ်မှာရခိုင်လူငယ်များဖြစ်သော ကိုဖိုးသား စည်သူမောင်တို့နဲ့အတူပန်းပု
ပညာရှင်ဆရာကြီးဦးဟန်တင်ရဲ့ခြံဝန်းထဲ ကျနော်အပါအဝင် သွားရောက်ဂါရဝပြုပြီး မှတ်တမ်းတင်ဖြစ်ခဲ့ကြပါတယ်။
ဆရာကြီးဦးဟန်တင်ရဲ့ဆန္ဒကိုမိသားစုများမှ ပြောပြ ခဲ့တာကိုလည်း သိခဲ့ရပါတယ်။ ဆရာတော်ကြီးရဲ့ပုံတော်ကိုမူလဦးဥတ္တမ ပန်းခြံ ကန်တော်မင်္ဂလာပန်းခြံ မှာထားခြင် ကြောင်း ဆရာကြီးရဲ့သားသမက်မှရင်ဖွင့်
ပြောပြခဲ့ပါတယ် ရခိုင်လူငယ်များမှလည်း ဆရာကြီးဦးဟန်တင် ၏ဆန္ဒ ကိုဖြည့်စွမ်းလို သော်လည်းကန်တော်မင်ပန်းခြံကိုရရှိဘို့
အတော်လေးခက်ခဲနေတာတွေ့နေရပါတယ် ။
ဆရာတော်ကြီး၏ရုပ်ထုဟာယခင် အစိုးရလက်ထက်မှာပျက်စီးရမဲ့အနေအထား
မျိုးရောက်ရှိခဲ့တာကိုလည်းသိလိုက်ရပါတယ်။မြေကြီဲးထမှာတုံးလုံလဲပြီးမျက်တွေဖုံးကာ ပျောက်ကွယ်ရမဲ့အနေအထားပါ ဒီသတင်း ကိုကြားတဲ့ ဆရာကြီးဦးဟန်တင်မှာသူ့ရဲ့ လက်ရာဖြစ်တဲ့ရုပ်တုကြီးကိုမဖြစ်ဖြစ်အောင်
သူ့ခြံထဲပြန်သယ်လာခဲ့ပါတယ်။
အခုဆိုရင်ရုပ်ထုကြီးမှာလက်တွေကြိုးပြီးပျက်စီးနေတာတွေတွေ့နေရပါတယ် ။ ပြီးခဲ့တဲ့နှစ်တွေ့တုန်းကဆိုရေညှိမတက်သေးပါ။အခုရေညှိတွေတက်နေတာတွေ့ရတော့ပျက်စီး သွားမှာစိုးရိမ်မိပါတယ်။ အာဇာနည်ခေါင်း
ဆောင်တွေထဲမှာလွတ်လပ်ရေးအတွက် ပထမဆုံတိုက်ပွဲဝင်ခဲ့တဲ့ ပထမဦးဆုံအာဇာ နီအဖြစ်မြန်မာ့မှတ်တမ်းမှာရှိနေသင့်ပါတယ်။
ရခိုင်အမျိုးသားတို့နဲ့အတူတိုင်းရင်းသားအားလုံးလက်တွဲုပြီးအာဇာနီ ဆရာတော်ကြီး၏ ရုပ်ထုတော်ကြီးကိုမွန်းမံပြင်ဆင်ပြီး နဂို
ကန်တော်မင်ပန်းခြံ၌ ဦးဥတ္တမ ပန်းခြံအဖြစ် ပေါ်ပေါက်လာစေရန် ဝိုင်းဝန်းကြိုးပန်းသင့် ကြောင်း စိတ်ထဲခံစားရသမျှတင်ပြလိုက်ပါ
သည် fb ဘော်ဒါအပေါင်း တယောက်စကားတယောက်နားသို့
ရောက်အောင်ပို့ရင်း ဝိုင်းဝန်းကြိုးပန်းကြပါစို။

____ ရခိုင်လူငယ်များအဖွဲ့ (Arakan Youths Organization)