ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။ သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလို။ "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ"

ဆရာတော် အသျှင်ဥတ္တမ ရှားပါးမှတ်တမ်းဗွီဒီယို

Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule.

Wednesday 2 September 2015

၇၆နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ဦးဥတ္တမ ပန်းခြံတွင် ဖွင့်ပွဲအခမ်းအနားနှင့်အတူ ပထမအကြိမ်ကျင်းပမည်

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊စက်တင်ဘာ ၁။
၇၆နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ ဦးဝိစာရလမ်းရှိ ဦးဥတ္တမပန်းခြံဖွင့်ပွဲ အခမ်းအနားနှင့် အတူ ပထမဆုံး အကြိမ် ကျင်းပပြုလုပ်မည် ဖြစ်သည်။
၇၆နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရန်ကုန် ဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံ စေတီတော် အရှေ့ဖက်မုခ်အနီး အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်၂နာရီပြုလုပ်စဉ် ထိုသို့ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
“ ဆရာတော် ဦးဥတ္တမဟာ ရခိုင်လူမျိုးအတွက်သာ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး အစဉ် လေးစား ဂုဏ်ပြုသင့်တဲ့ မြန်မာ့ လွတ်လပ်ရေးမျိုးစေ့ကို ချပေးခဲ့တဲ့ အာဇာနည် တစ်ဦး ဖြစ်ပါတယ်။ ဆရာတော် ဦးဥတ္တမရဲ့ အခမ်းအနားကို ကျင်းပ ရတာက ဂုဏ်ကျေးဇူးကို အောက်မေ့ဂုဏ်ပြု ပူဇော်တာဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံး ဦးဇော်အေးမောင်က ပြောသည်။
ဆရာတော်ဦးဥတ္တမပန်းခြံ ပြန်လည်ရရှိရန်ဦးဆောင်ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သည့် ဦးကျော်စိန်မှလည်း ဆရာတော် ဦးဥတ္တမပန်းခြံကို နိုင်ငံတော် အဆင့် ဖွင့်ပွဲ ပြုလုပ်သင့်ကြောင်း နိရဉ္စရာသို့ ပြောဆိုသည်။
“ ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြုထားတဲ့ ဆရာတော် ဦးဥတ္တမပန်းခြံကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီတော့ နိုင်ငံတော် အဆင့်ဖွင့်ပွဲလုပ်ပြီး သမိုင်းမော်ကွန်း သစ်တင်သင့်ပါတယ်” ဟု ဆိုသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးဝိစာရလမ်းရှိ ဦးဥတ္တမပန်းခြံကို ၁၉၆၂ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သာသနာရေးဝန်ကြိံဌာန ၀န်ကြိံး ဦးဘစောက ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အာဏာရလာသည့် အစိုရလက်ထက်တွင် ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် အသိအမှတ် ပြုထားမှုကို ပယ်ဖျက် ပစ်ခဲ့သည်။
"အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၅၀ ကျော် မဖွင့် လှစ်နိုင်ခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံကို ပြည်ထောင်စု အစိုးရက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် နိုင်ငံရေးလိုအပ်ချက် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာဖွင့်ပွဲပြုလုပ်ပေးသင့်ပါတယ်"ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဋ္ဌဦးဖေသိန်းက နိရဉ္စရာသို့ ပြောသည်။
၂၃- ၁- ၂၀၁၅ရက်နေ့က ပြုလုပ်သည့် ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် စစ်တွေမြို့နယ် ကိုယ်စား လှယ် ဦးမောင်ညိုက ကန်တော်မင်္ဂလာ ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ပေးရန် အဆိုတင်သွင်ခဲ့ရာ ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူ မရှိ အတည်ပြုသတ်မှတ်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင် အစိုးရအဆက်ဆက်လက်ထက်တွင် ဆရာတော်ဦးဥတ္တမနေ့ကို နှစ်ပေါင်း ၅၀ကျော်ခန့် ကျင်းပခွင့်မရခဲ့သော်လည်း ထိုင်း၊မလေးရှား၊ ဘင်္ဂလားဒေရ်နှင့် ပြည်ပနိုင်ငံအချို့တွင်
ရခိုင်အမျိုးသားများက နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြသည်။
လက်ရှိ အရပ်သား တစ်ပိုင်း အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံမှာ ယခင်ကထက် ပွင့်လင်းစပြုလာပြီ ဖြစ်သဖြင့် ဆရာတော် ဦးဥတ္တမနေ့အား ပြည်တွင်းတွင် တရားဝင် ကျင်းပ ပြုလုပ်ခွင့် ရရှိလာခဲ့သည်။
___Narinjara

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ စစ်တွေတွင် စတင်ကျင်းပ

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂

၂၀၁၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင်ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့ အထက ၄ မဟာပညာကျော်ခန်းမတွင် သြဂုတ်လ ၃၁ ရက်နေ့က အထက်တန်း အဆင့် ကျောင်းပေါင်းစုံ ဟောပြောပွဲ ပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ပြုလုပ်ခဲ့သည်။

အထက်တန်းအဆင့် ဟောပြောပွဲ ပြိုင်ပွဲဝင်သူများမှာ မအေးငြိမ်းစိုး ပန်းပျိုးလက် ကိုယ်ပိုင် အထက၊ မအေးမြတ်သဇင် အလက(၇) ကျေးပင်ကြီး၊ မဖူးပွင့်ခိုင် အထက (၁) စစ်တွေ၊ မောင်စန်းရွှေ အထက (၃) စစ်တွေ၊ မခိုင်ဆုဝေ အထက (၂) စစ်တွေ၊ မောင်စိုးလင်းထွန်း ရွှေစေတီကျောင်း သာလီစွ ပညာဒါန၊ မထွန်းနုနုခိုင် အထက (၄) စစ်တွေနှင့် မစိမ်းလဲ့မေ အထက (၆) စစ်တွေ တို့မှ ပြိုင်ပွဲဝင်ခဲ့ကြသည်။

ယင်းသို့ ဟောကြားရာတွင် ပြိုင်ပွဲဝင်သူ မအေးငြိမ်းစိုးက “အင်္ဂလိပ်ခေတ်က ငွေကြေးချမ်းသာသူများသာ အစိုးရကျောင်း တက်နိုင်ကြပါတယ်။ ဆင်းရဲသားတွေက မတတ်နိုင်ကြပါဘူး။ အစိုးရကျောင်းတက်တဲ့ လူတွေပဲ အစိုးရရာထူးတွေခန့်အပ် ခံခဲ့ရပါတယ်။ အဲ့ဒါကို ဆရာတော်ဦးဥတ္တမက အိန္ဒိနိုင်ငံလိုမျိုး ဆင်းရဲသားတွေပါ တက်နိုင်တဲ့ အမျိုးသား ကျောင်းတွေကို ထူထောင်ပေးခဲ့ပါတယ်”ဟု ဟောပြောသွားသည်။

ဆာဂျီနယ်ကရက်ဒေါက်က မာကျောပြင်းထန်သည့်အုပ်ချုပ်ရေးများနှင့် အုပ်ချုပ်လာ၍ ဆရာတော်ဦးဥတ္တမက ကရက်ဒေါက် ထွက်သွားဟု ရဲရဲတောက် ပြောဆိုခဲ့သည်ဟု သူမက ဟောပြောခဲ့သည်။

နောက်တစ်ဦး မခိုင်ဆုဝေကလည်း သေသွားသူ ကြာရင်မေ့ဆိုသော်လည်း ဆရာတော်ဦးဥတ္တမသည် ရခိုင်သားတို့ ရင်ထဲတွင် ယနေ့ထက်ထိ ကိန်းအောင်းနေဆဲပြီး ဆရာတော် ဦးဥတ္တမက ပြောခဲ့သော စကားတစ်ခွန်းမှာ အများ အကျိုးအတွက် လုပ်ဆောင်မှ လူ့တန်ဘိုး ရှိပြီး၊ လူဖြစ်ရကျိုးနပ်သည်ဟု ဟောပြောခဲ့ကြာင်း သူမက ပြောဆိုသည်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီလိုမျိုးပျင်းနေကြမယ်ဆိုရင် အင်္ဂလိပ် လက်အောက်ခံမကပဲ တချိန်ချိန်မှာ ကုလားတွေရဲ့ လက်အောက်ခံ ဖြစ်လာ လိမ့်မယ်လို့ ဆရာတော်က ဟောပြောခဲ့ပါတယ်။ ဒီနေ့ ဆိုရင်လည်း မြန်မာနိုင်ငံသူ နိုင်ငံသား တွေဟာ ဒီလိုမျိုးပျင်းနေလို့ မရတော့ဘူး၊ ကြိုးစားရတော့မယ်၊ လုံ့လစိုက်ရတော့မယ်” ဟု သူမက ဟောပြောခဲ့သည်။

မူလတန်း အဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် စာရေးဆရာ စစ်တွေ ညိုသန့် ရေးသားသည့် " ကျောင်းသားလူငယ် အတုယူဖွယ် ငယ်စဉ်ဘ၀ ဦးဥတ္တမ" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြရသည်ဟု သိရသည်။

ဟောပြောပွဲပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို မွန်းတည့် ၁၂ ကျော်တွင်စတင်ပြီး၊ ၂ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနား သို့ ဆရာ ဆရာမ များနှင့် ကျောင်းသူကျောင်းသားများ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
___Narinjara

Sunday 30 August 2015

၇၆ နှစ်မြောက် ဆရာတော်ဦဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပမည်

စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၃၀

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားများအတွက် ဟောပြောပွဲ၊ ကဗျာ ရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးသွားမည်ဟု သိရှိရသည်။

အဆိုပါပြိုင်ပွဲများကို စာပေ၀ါသနာရှင်များနှင့် ပန်းချီဝါသနာရှင်များက စုပေါင်း၍ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို သြဂုတ်လ ၂၉ ရက်နေ့က အိုးတန်း မူလတန်းကျောင်း၌ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အထက်တန်း အဆင့် ဟောပြောပွဲ ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်နေ့တွင် အထက ၄ မဟာပညာကျော် ခန်းမ၌ မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။
မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် အထက ၄ မဟာပညာကျော် ခန်းမ၌ မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။

အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများကို စက်တင်ဘာလ ၆ ရက်နေ့တွင် အိုးတန်း မူလတန်းကျောင်း၌ နံနက် ၉ နာရီတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။

____Narinjara

Sunday 5 October 2014

ပရီဒီနှင့် ဆရာတော် ဦးဥတ္တမ

နိုင်ငံတိုင်းရဲ့ သမိုင်းတလျှောက်မှာ သူ့နိုင်ငံနဲ့သူ အစွန်းကုန် အကျိုးပြုခဲ့တဲ့ ခေါင်းဆောင်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်ပြီး ကိုယ့်နိုင်ငံအပါအ၀င် တခြားနိုင်ငံတွေကိုပါ အကျိုးပြုနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုလို့ ကမ္ဘာ့သမိုင်းမှာ အင်မတန် နည်းပါးလှပါတယ်။ အဲလို ပုဂ္ဂိုလ်မျိုးကိုတော့ နိုင်ငံ့ခေါင်းဆောင်ဆိုတာထက် ကမ္ဘာ့ခေါင်းဆောင်လို့ သတ်မှတ်မယ်ဆို သတ်မှတ်လို့ရပါတယ်။
 
ဘယ်လောက်ပဲ ကိုယ်ကျိုးစွန့်ပြီး အကျိုးပြုခဲ့ပါစေ၊ အဲဒီခေါင်းဆောင် သက်ရှိထင်ရှား မရှိတဲ့နောက်ပိုင်းမှာ သူ့ရဲ့နိုင်ငံက လူတွေက အဲဒီခေါင်းဆောင်ကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့ရင်၊ ချောင်ထိုးထားခဲ့ရင် သူ့နိုင်ငံအပေါ် အကျိုးပြုခဲ့တာတွေရော၊ တခြားနိုင်ငံတွေ အပေါ်မှာ အကျိုးပြုခဲ့တာတွေပါ မထင်ပေါ်နိုင်တော့ပါဘူး။ အဲလိုချောင်ထိုးတဲ့ လုပ်ရပ်မျိုးဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ တန်ဖိုးထားရကောင်းမှန်းမသိပဲ မြောင်းထဲလွှင့်ပစ်လိုက်သလိုပါပဲ။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အဲဒီလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်အဖြစ် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လူမျိုးစုတစ်စုရဲ့ ခေါင်းဆောင်အဖြစ် ရှုမြင်ပြီး ချောင်ထိုးထားခဲ့ကြပါတယ်။ အဲဒီလို ချောင်ထိုးထားခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက သူ့လိုမျိုး တခြားနိုင်ငံတွေအပေါ် အကျိုးပြုနိုင်ဖို့ မပြောနဲ့ သူ့လောက်တောင်မှ ကိုယ့်နိုင်ငံအပေါ်မှာ အကျိုးမပြုနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ကမ္ဘာ့သမိုင်းမှာ အလေးထား မှတ်တမ်းတင်ခံနေရတဲ့အချိန်မှာ သူကတော့ သူ့အကြောင်း ကျမ်းတစ်စောင်လေးတောင်မှ မှတ်တမ်းတင်ခံရတာမျိုး မခံခဲ့ရပါဘူး။ အဲဒီပုဂ္ဂိုလ်ကတော့ မြန်မာတစ်နိုင်ငံလုံးတင်မက အာရှတိုက်တစ်တိုက်လုံးကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တဲ့ ဆရာတော် ဦးဥတ္တမပဲ ဖြစ်ပါတယ်။

အာရှတိုက်တစ်တိုက်လုံးနီးပါး ကိုလိုနီစနစ်အောက် ကျရောက်နေတဲ့အချိန်မှာ မီးခဲပြာဖုံးဖြစ်နေတဲ့ ပြည်သူတွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ရဲတဲ့ သတ္တိရှိလာအောင် စတင်ဖန်တီးခဲ့သူက လူဝတ်ကြောင်တစ်ယောက်မဟုတ်တဲ့ သံဃာတော်တစ်ပါးဖြစ်နေတာ အံ့သြစရာကောင်းလှပါတယ်။

သူ့အစုအဖွဲ့နဲ့သူ ကွက်ကျားကွက်ကျား တော်လှန်ရေးလောက်သာရှိပြီး အိန္ဒိယအင်ပါယာကြီးတစ်ခုလုံးဗြိတိသျှလက်အောက် ပြားပြားမှောက်နေရတဲ့ အချိန်မှာ ပြည်သူတစ်ရပ်လုံးကို နိုးကြားအောင် ဖန်တီးနိုင်ခဲ့တဲ့ ခေါင်းဆောင်နှစ်ဦး ပေါ်ထွန်းလာခဲ့ပါတယ်။ တစ်ဦးကတော့ အိန္ဒိယရဲ့ မဟတ္တမဂန္ဒီဖြစ်ပြီး နောက်တစ်ဦးကတော့ မြန်မာပြည်ရဲ့ ဆရာတော် ဦးဥတ္တမပါ။

ခေါင်းဆောင်ကောင်းတို့မည်သည် နောက်လိုက်ကောင်းတွေ မွေးထုတ်နိုင်ရမည် ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဂန္ဒီက နေရူးနဲ့ မိုဟာမက်အလီဂျင်းနားတို့ကို မွေးထုတ်နိုင်ခဲ့သလို ဆရာတော်ဦးဥတ္တမဟာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုအပါအ၀င် နိုင်ငံခေါင်းဆောင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အနိစ္စရောက်ပြီး နောက်ပိုင်းမှာတော့ ဂန္ဒီဟာ အိန္ဒိယနိုင်ငံရဲ့ အထွတ်အမြတ်ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုခံခဲ့ရပေမယ့် ဆရာတော်ကတော့ သူကျင်လည်ခဲ့ရာ ရန်ကုန်မြို့မှာ လမ်းလေးတစ်ခုတောင်မှ သူ့နာမည်နဲ့ ဂုဏ်ပြုမခံခဲ့ရပါဘူး။

ဆရာတော်ရဲ့ အကျိုးပြုနိုင်စွမ်းဟာ မြန်မာပြည်တစ်ခုတည်း မဟုတ်ပဲ အာရှတိုက်ကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တာ ဖြစ်လို့ အာရှနေ၀န်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာပါ။ အဲဒီအတွက် ခိုင်လုံတဲ့ အထောက်အထားတစ်ခု ရှိပါတယ်။ ယဉ်ကျေးမှု အစဉ်အလာကြီးမားပေမယ့် အာရှတိုက်တစ်တိုက်လုံးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးမှာ နေရာပေးမခံခဲ့ရပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ ပီနန်ကျွန်းကို ပို့ခံထားရတဲ့ မြန်မာဆေးလိပ်လိပ်သမတွေ အရေးနဲ့ပတ်သက်ပြီး ဆရာတော်ရဲ့လမ်းညွှန်ချက်ကြောင့် မြန်မာမိန်းမများအသင်းဆိုတာ ၁၉၁၉ခုနှစ်မှာ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ ကြိုးပမ်းမှုကနေ စတင်ပြီး မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးမှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။ တို့ဗမာအစည်းအရုံးမှာ သခင်များနဲ့တန်းတူ သခင်မတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီလို မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ နေရာရလာခြင်းဟာ အိမ်နီးချင်းနိုင်ငံတွေကို ရိုက်ခတ်သွားပြီး အမျိုးသမီးတွေကို နေရာပေးရကောင်းမှန်း သိလာတဲ့အတွက် နောက်ပိုင်းမှာ အာရှနိုင်ငံတွေမှာ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဥပမာ အိန္ဒိယရဲ့ အင်ဒီယာဂန္ဒီ၊ ဖိလစ်ပိုင်ရဲ့ အကွီနိုတို့လို နိုင်ငံ့ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဖက်ခေတ်မှာ ကွယ်လွန်သွားတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ဘနာဇီယာဘူတို၊ အိန္ဒိယကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်၊ အင်ဒိုနီးရှားသမ္မတဟောင်း မီဂါဝတီဆူကာနိုပိုထြီ၊ ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုစတဲ့ ပုဂ္ဂိုလ်တွေအပြင် လက်ရှိတောင်ကိုရီးယား သမ္မတ ပတ်(ခ)ဂွန်ဟေးနဲ့ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်စတဲ့ အမျိုးသမီးတွေ ပေါ်ထွက်လာခဲ့ပါတယ်။

မဟာဖိုဝါဒကြီးစိုးတဲ့ အာရှတိုက်လို နေရာမျိုးမှာ အဲဒီခေတ်အခါကတည်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို စတင်လမ်းစဖွင့်ပေးခဲ့တဲ့ ဆရာတော်ရဲ့ အမြော်အမြင်ကြီးမားမှုကို မျက်မှောက်ခေတ် အမျိုးသမီးခေါင်းဆောင်တွေက သက်သေခံနေပါတယ်။ ဒါပေမယ့် ဆရာတော်ဟာ သူနဲ့ထိုက်တန်တဲ့ ဂုဏ်ပြုမှုကို ခုချိန်ထိ ပြည့်ပြည့်၀၀ မရရှိသေးပါဘူး။

အဲဒီအချိန်မှာ ဆရာတော်ထက် အများကြီး နောက်ကျပြီးမှ ထိုင်းနိုင်ငံမှာ နိုင်ငံရေးသမား ဖြစ်လာတဲ့ ၀န်ကြီးချုပ်ပရီဒီကတော့ ထိုင်းနိုင်ငံရဲ့ သူရဲကောင်း တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုခံနေရပါတယ်။ နိုင်ငံကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးပြီး တိုင်းတပါးမှာ ခေါင်းချခဲ့ရပေမယ့် သူ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ထိုင်းနိုင်ငံကို ကိုလိုနီလက်အောက် မရောက်အောင် ကြိုးပမ်းနိုင်ခဲ့တာတွေကြောင့် သူကွယ်လွန်ပြီးနောက်ပိုင်းမှာ ထိုင်းပြည်သူတွေက သူ့ရဲ့ဆောင်ရွက်ချက်တွေကို ကမ္ဘာကသိအောင် ဂုဏ်ပြုနိုင်ခဲ့တဲ့အတွက် သူဟာ ယူနက်စကိုအဖွဲ့ကြီးရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ထည့်သွင်းဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံတစ်ခုက သူ့တိုင်းပြည်ကို တည်ဆောက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကမ္ဘာသိအောင် ဂုဏ်ပြုနေတဲ့အချိန်မှာ မြန်မာနိုင်ငံကတော့ နိုင်ငံ့ကျေးဇူးရှင်တွေရဲ့ ပုံရိပ်ကို နိုင်ငံရေးအမြတ်ထုတ်ဖို့သက်သက် အသုံးချရုံကလွဲပြီး ကျေးဇူးဆပ်ရကောင်းမှန်းမသိတာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ကိုယ်ကိုယ်တိုင်က ကျေးဇူးတရားကို မေ့လျော့ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ဂုဏ်ကို မမြှင့်ရင် တခြားနိုင်ငံတွေက အသိအမှတ်မပြုတာ မဆန်းပါဘူး။ ဆင်ခြင်နိုင်ကြပါစေ။


_____ Won Thar Nu

Friday 3 October 2014

Sayadaw U Ottama : A model of Scholar


As Myanmar saying goes “bright, but too late”, some feeling is striking me like what I am going to say about our national Hero is late. Presumably, the lateness can be assumed; nonetheless, not that much due to just today is his day, our National Hero Saydaw U Ottama’s day.

One of sophisticated modern techniques, web-based-networking, does really well in this time. Via it, all kinds of memorial activities dedicated to Sayadaw U Ottama have been flying throughout the world. Some produce flyers, some photos, some poems, some pieces of notes and so on. Is there a brilliant wonder such as to do fire-work for Sayadaw? RIGHT! We really wanted to but no chance! Anyway, the bird on the hand is definitely worthier: that is – Sangha Dana by serving with our hardly-head-up Rakhine noodle to the entire Sangha in the temple and our friendly, warmly, knowledgably meeting colored with Saydaw’s memorials.

In the wider sense, Sayadaw is widely regarded as a freedom-starter, as a national leader, as one who pushed back invaders to go home and grew No-Fear spirit to people against any Governance body.  More, throughout political history, he was the one who first was put in jail as a Buddhist monk for political speech against British Hegemony. So, was he a politician or a nationalist?

Personally for me, neither of them is he but a scholar. I am not going to utilize here some diacritical, academic precise jargon term to describe him. By myself, I feel the term scholar totally enough to refer to him with Buddhistic, Humanistic, nationalistic view. Of course, the term scholar is no more needed to modify, due to having done well before and very easily get in it, but for some reasons with more precise and more penetration into his activities, to re-define that term again will be very fitting, I assume.            

A scholar or Buddhist scholar for him as I found his life-long activities is someone who can adjust to balance between Government and Civil society.  No necessarily thoroughly looking but from a certain distance, even observing it, well-balance between them will be hardly found out. In the middle of them, nevertheless, honoured scholars in wide range have been always trying to customize fair-balanced-system throughout the history all around the world.

We can proudly say one of them who trying to sort things out in the messy world was Sayadaw, who definitely saw it that throughout the Asia continent, at the time, almost 80% such huge land was governed by invaders: From Europe, predominately British: From Asia, Japanese. Sayadaw’s dislike would be definitely British Hegemony overwhelming to our nation, Myanmar, a Buddhist land with such Buddhist icons: Shwetigone and Mahamuni. Situation would be very serious with long nightmare of fear against British. National characteristic Buddhism or Buddhist education was deteriorating but colony-based- education was growing. Such un-balanced condition couldn’t make such Buddhist scholar, Sayadaw U Ottama, tolerance more. Thus, he started to break out nation-wide-fear against British, by saying this: "Craddock, Get Out!"      


Credit: Sayadaw U Ottama : A model of Scholar