ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။ သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလို။ "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ"

ဆရာတော် အသျှင်ဥတ္တမ ရှားပါးမှတ်တမ်းဗွီဒီယို

Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule.

Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Tuesday, 9 September 2014

75th Anniversary of U Ottama Day in Yangon


မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ ရန်ကုန်မြို့မှာ အောက်မေ့ဘွယ်အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ဦးဥတ္တမအကြောင်းကို ကျောင်းသင်ရိုးမှာ ထည့်ဖို့ တောင်းဆို



ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၇၅နှစ်ပြည့်စိန်ရတု အခမ်းအနားကို ရန်ကုန်မြို့ MCC ခန်းမှာ စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်လှလှဝင်းပေးပို့ထားပါတယ်။ DVB TV - 09.09.2014

Monday, 8 September 2014

ဆရာတော်ဦးဥတ္တမ၏ မူရင်းလက်မှတ်နှင့် ဆောင်းပါးတစ်ပုဒ်

ရှားပါးသည့် ဆရာတော်ဦးဥတ္တမ၏ မူရင်းလက်မှတ်နှင့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုလေ့လာကြည့်ပါ


ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမလမ်း၊ ဦးဥတ္တမကျောက်တိုင် အကြောင်း

1969 ခုနှစ် စက်တင်ဘာလထုတ် ရှုဒေါင့်ဂျာနယ်ပါ မောင်ရွှေရည် ရေးသားသည့် ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမလမ်း၊ ဦးဥတ္တမကျောက်တိုင် အကြောင်း

First U Ottama Statue in Sittway

မြန်မာ့လွတ်လပ်ရေး လမ်းပြမီးရှုးတန်ဆောင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမအထိမ်းအမှတ် ပြတိုက်ကို ဆရာတော် သီတင်းသုံးခဲ့တဲ့ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှာ မကြာခင် ဆောက်လုပ်သွားမယ် လို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။

U Ottama memorial day held in Yangon

စက်တင်ဘာလ ၉ ရက်၊ ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား တွေ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ် အနှံ့အပြားမှာ ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက စုစည်း တင်ပြထားပါတယ်။

U Ottama feature

U Ottama- Sun of Asia

Rakhine Supports Call for Name Change Cantonment Park to U Ottama Park in Rangoon

ကန်တော်မင်ကို ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းရန် တောင်းဆိုမှု ရခိုင်လူထု ထောက်ခံ ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်က ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံလို့ ပြောင်းလဲဂုဏ်ပြုခေါ်ဆိုဖို့ အစိုးရအဖွဲ့ကို တောင်းဆိုသွားမယ်လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဦးဥတ္တမနေ့ စက်တင်ဘာ ၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

74th anniversary U Ottama Day in Bangkok

Sunday, 7 September 2014

ဖိုင်တွဲအမှတ် - ၃ A – 1 OF 1927



ဘုန်းကြီးဦးဥတ္တ (ခေါ် ) ဆရာတော်ဦးဥတ္တမ (ခေါ် ) ဘိက္ခုဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင်(ဖိုင်တွဲအမှတ် - ၃ A – 1 OF 1927 )

အဖအမည် - ဦးမြသာဦး။
မွေးရပ် - စစ်တွေမြို့ ။
မွေးသက္ကရာဇ် - ခရစ်နှစ် ၁၈၈၀- ခု။
လက်ရှိနေရပ် - ကလကတ္တားမြို့  ၄ အေ၊ ကောလိပ်စကွဲ
(College Square ) - မဟာဗောဓိအသင်း(Maha Bodhi Society)။
အလုပ်အကိုင် - ဘုန်းကြီး - ၀ါဒဖြန့်ချီရေးသမား။
ပုံသဏ္ဌာန်
အရပ်အမြင့် - ၅ ပေ ၄ လက်မ။
ကိုယ်လုံးကိုယ်တည် - တောင့်တင်းသည်။
ဆံပင် - ပြောင်အောင်ရိတ်ထားသည်။
မျက်ခုံးများ - ပါး၍ကောက်ကွေးသည်။
နဖူး - ကျယ်၍မြင့်သည်။
မျက်လုံးများ - နက်ပြောင်သည်။
မျက်စိအမြင် - မျက်မှန်တပ်ရသည်။
နှာခေါင်း - ကြီးသည်။
ပါးစပ် - စိစိပိတ်သည်။
လက်ချောင်းများ - တို၍ တုတ်သည်။်
နားရွက်များ - အနေတော်။ ဦးခေါင်းနှင့် ကပ်နေသည်။နားဖောက်ထားသည်။
မျက်နှာ - ၀ိုင်းသည်။
အသားရောင် - အ၀ါရောင်ဖျော့ဖျော့။
မှတ်ဆိတ်မွှေး - မရှိ။
နှုတ်ခမ်းမွှေး - မရှိ။
အမှတ်အသား - အပေါ်နှုတ်ခမ်းလက်ဝဲဘက်တွင်စောင်းစောင်း
ဓါးပြတ်ရာတစ်ခုရှိသည်။ ဂုတ်တွင် မှည့်တစ်လုံးရှိသည်။ နဖူး၏ လက်ျာဘက်၌ အမာရွတ်တစ်ခုရှိသည်။

ထူးခြားချက်များ - မတ်မတ်လမ်းလျှေက်သည်။ စကားကို ကျယ်ကျယ်နှင့်မြန်မြန် ရခိုင်သံဝဲ၍ပြောသည်။ အိန္ဒိယ အမျိုးသားတစ်ဦးကဲ့သို့ ပြုံး
ရွှင်သော အမူအရာရှိသည်။ စကားပြောရာ၌ ပွဲကျအောင်ပြောသည်။

ဝတ်ဆင်နေကျ - ပင်နီိပိတ်ဖြင့် လုပ်ထားသော သင်္ကန်းအ၀ါရောင်။

မြင်လျှင်မှတ်မိသောအရာရှိများ
မြန်မာနိုင်ငံ မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန ( C. I .D Burma) ရှိထောက်လှမ်းရေးဌာနမှ မြန်မာအရာရှိအားလုံး။

ဆွေမျိုးများ
မအောင်ကျော်ဖြူ (မိခင်) မောင်ကျော်ထွန်းအောင် (ခေါ် ) ရှင်အရိယ(ညီ )။
ကြည့်မြင်တိုင် လင်းလွန်းကွက်သစ်နေ မအိမ်စိုးမေ (နှစ်မ)။

မိတ်ဆွေမျး
တစ်ပြည်လုံးရှိထင်ရှားသော နိုင်ငံရေးသမားများအားလုံး။