(လူမျိုးတစ်မျိုးလုံးနှင့်
လူတစ်ဦး၏ ကြီးပွားတိုးတက်မှုသည်
သစ်ပင်
နှင့် သစ်ခေါက် ကဲ့သို့သာ ရှိသင့်၏ ၊ ကျောင်းသား နှင့် ကျောင်းသား အင်္ကျီကဲ့သို့ မဖြစ်အပ်၊
ဝတ်ခါစတော်ပြီး နောင်ကြီးလာသည့်အခါ အင်္ကျီကတို လူကကြီးသွားသည့် အဖြစ်မျိုး
မဖြစ်အပ်။
သစ်ပင်ကြီးရင့်သလောက်
သစ်ခေါက်ကလည်း ရင့်ရော်ထူထဲ၍ လာခြင်းသာလျှင် သဘာဝကျသော တိုးတက်ခြင်း ဖြစ်ပေမည်၊-)
(
ဆရာတော်ဦးဥတ္တမ)
ဆရာတော်ဦးဥတ္တမကို
ရခိုင်ပြည်နယ် စစ်တွေမြို့၊ရူပရပ်၌ ၁၈၇၉ ခု၊ ဒီဇင်ဘာလ ၂၇ ရက် ၊မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ်
ပြာသိုလပြည့်ကျော် (၁)ရက် တနင်္ဂနွေနေ့တွင် အဖ ဦးမြသာဦး၊ အမိ ဒေါ်အောင်ကြွဖြူ တို့မှဖွား
မြင် ခဲ့သည်။မွေးချင်းမှာ ဆရာတော် ဦးဥတ္တမလျောင်းလျာ ပေါ်ထွန်း အောင်၊ ညီငယ် ကျော်ထွန်းအောင်
(နောင်ရှင် အရိယဘွဲ့ဖြင့်ထင် ရှားခဲ့သောဆရာတော်) နှင့် ညီမ မအိမ်စိုး တို့ဖြစ်ကြ သည်။
(၁၃)
နှစ်အရွယ်တွင် စစ်တွေမြို့ရွှေစေတီကျောင်းဆရာတော်ထံ၌ ဖိုးသူတော်အဖြစ်နှင့် မင်္ဂလသုတ်
၊ သဒ္ဒါ ရှစ်စောင်၊ သဂြိုဟ်ကိုးပိုင်းအထိသင်ယူခဲ့သည်။
(၁၆)နှစ်အရွယ်တွင်ရှင်သာမဏေဝတ်ရာ“ရှင်ဥတ္တမ”ဟု
တွင်လေသည်။ ထိုမှတဖန် ပခုက္ကူစာသင်တိုက်ကြီး တွင်သွား ရောက်သင်ကြားလိုသဖြင့် လူဝတ်လဲ၍
ဓါးတောင်ဆရာတော်ဦးဂန္ဓာနှင့် လိုက်သွားခဲ့သည်။တောင် ငူတွင် ရှင်သာမဏေစာပြန်ပွဲတစ်ခု၌
ဝင်ရောက်ဖြေဆိုရာ ပထမရခဲ့သည်။ဆရာတော်၏ ပညာအရည်အချင်း ကိုသဘောကျသော တောင်ငူမြို့ရှိကြွယ်ဝချမ်းသာသောရှမ်းအ
မျိုးသမီးကြီးတစ်ဦးက သားအဖြစ်မွေးစားကာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ပညာသင်ကြားရန်ပို့ပေးခဲ့သည်။
(၃) နှစ်အကြာတွင် အင်္ဂ လိပ်-ဗမာ (၁၀) တန်းအဆင့်ကို အောင်မြင်ခဲ့ပြီးဗမာပြည်သို့ ပြန်လာခဲ့သည်။
သက်တော်(၁၉)
နှစ်နှင့် (၂) လတွင် ဆွေမျိုးနီးစပ်တော်စပ်သော ဘုံဘေဘားမား သစ်ကိုယ်စားလှယ်ဦးထွန်း
အောင်ကျော်က ရဟန်းခံပေးခဲ့သဖြင့် သာသနာဘောင်သို့ ပြန်ဝင်ခဲ့လေသည်။
ထို့နောက်
အိန္ဒိယပြည် ကာလကတ္တားမြို့သို့ပြန်ကြွ၍ အမျိုးသားကောလိပ်တစ်ခုတွင် ပါဠိနှင့်ဗုဒ္ဓဘာသာဆိုင်ရာ
ဧည့်ပါမောက္ခအဖြစ်ဆောင်ရွက်ရင်း သက္ကဋစာပေ၊ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်းဟိန္ဒီ စာပေများ
လေ့လာ သင်ကြားခဲ့သည်။ ထိုစဉ်က အိန္ဒိယကွန်ဂရက်အသင်းကြီးပြီးလျှင် ဒုတိယအင်အား အကြီးဆုံးဖြစ်သည့်
မဒရပ် ပြည်နယ်မှ နာမည်ကျော် ခေါင်းဆောင်ကြီး ပဏ္ဍိတ် ဟိန္ဒူ မဟာဆဗ္ဗအသင်းကြီး
ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင် အရွေးခံရာ ဆရာတော်ဦးဥတ္တမသည် အနိုင်ရရှိကာ ဥက္ကဋ္ဌဖြစ်ခဲ့လေသည်။့
ဆရာတော်ဦးဥတ္တမအား ခေါင်းဆောင် ကြီး အဖြစ် အသိအမှတ်ပြုထားကြောင်း ထင်းရှားပေါ်လွင်စေသည်။ ဆရာတော်သည်အိန္ဒိယ၌ရှိနေစဉ် ဗုဒ္ဓတရား နှင့်ဗုဒ္ဓစာပေ ထွန်း ကားရေး အတွက် ပါဠိ ပိဋကတ်ကို ဒေ၀နာဂရီ အက္ခရာဖြင့် အဦးဆုံးကြိုးပမ်းသူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပါသည်။
ဆရာတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ (နာဂရီ ပရကျာရိုနီဆဘာ) အမည် ရှိ စာပေ အဖွဲ့မှလည်း ဟိန္ဒူဘာသာ စွယ်စုံကျမ်းတွင် ဆရာတော်ဦးဥတ္တမအကြောင်းကို ရေးသားဖေါ်ပြထား ပါသည်။ ဆရာတော်သည်အိန္ဒိယ၌ ရှိနေစဉ် ရတနာဂီရိစံ သီပေါမင်းနှင့်လည်း လျှို့ဝှက်စွာ တွေ့ဆုံခဲ့သေးသည်။
ဆရာတော်ဦးဥတ္တမအား ခေါင်းဆောင် ကြီး အဖြစ် အသိအမှတ်ပြုထားကြောင်း ထင်းရှားပေါ်လွင်စေသည်။ ဆရာတော်သည်အိန္ဒိယ၌ရှိနေစဉ် ဗုဒ္ဓတရား နှင့်ဗုဒ္ဓစာပေ ထွန်း ကားရေး အတွက် ပါဠိ ပိဋကတ်ကို ဒေ၀နာဂရီ အက္ခရာဖြင့် အဦးဆုံးကြိုးပမ်းသူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပါသည်။
ဆရာတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ (နာဂရီ ပရကျာရိုနီဆဘာ) အမည် ရှိ စာပေ အဖွဲ့မှလည်း ဟိန္ဒူဘာသာ စွယ်စုံကျမ်းတွင် ဆရာတော်ဦးဥတ္တမအကြောင်းကို ရေးသားဖေါ်ပြထား ပါသည်။ ဆရာတော်သည်အိန္ဒိယ၌ ရှိနေစဉ် ရတနာဂီရိစံ သီပေါမင်းနှင့်လည်း လျှို့ဝှက်စွာ တွေ့ဆုံခဲ့သေးသည်။
ဆရာတော်ဦးဥတ္တမသည်အိန္ဒိယပြည်တွင်
(၈) နှစ်ကြာမျှ သီတင်းသုံးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ သွားရောက် ၍ပညာသင်ကြားခဲ့ပြန်သည်။
ပြင်သစ်တွင် ပညာသင်ကြားနေစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉၀၄ –၀၅) ၌ ဂျပန် ကဲ့သို့ နိုင်ငံငယ်ကလေးက
ရုရှားကဲ့သို့ အင်အားကြီးနိုင်ငံတစ်ခုကို အနိုင်ရလိုက်သဖြင့် ဂျပန်နိုင်ငံကို စိတ်ဝင်စား
သွား သည်။
ထို့နောက်စုဆောင်းထားသောငွေဖြင့်
ဆရာတော်သည်ရန်ကုန်ကို ခေတ္တပြန်လာပြီး ၁၉၀၇ ခုနှစ်မှာ ဖေဖေါ်ဝါရီလ (၄)ရက်နေ့တွင်
ရန်ကုန်မှ စင်္ကာပူ ထိုမှတဆင့် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့မှာ စင်္ကာပူမှ ဂျပန်သို့ ရေကြောင်း
ခရီး ဖြင့်သွားရောက်ခဲ့သည်။ဂျပန်တွင် (၅) နှစ်ခန့် နေထိုင်ခဲ့သည်။ တိုကျိုမြို့သို့ရောက်သောအခါဗုဒ္ဓဘာသာ
သိပ္ပံ ကျောင်းကြီး၏ ဥက္ကဋ္ဌ လွှတ်တော်အမတ် အိုတာနီ(ထိုစဉ်ကစက်မှုလက်မှုဝန်ကြီး) ၏အထောက်အပံ့ဖြင့်
ဗုဒ္ဓသိပ္ပံ ကျောင်းကြီးတွင်(၂) နှစ်ခန့် ပါဠိနှင့်သက္ကတဘာသာ ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့လေသည်။
ဆရာတော်သည် ဂျပန်နိုင်ငံ၌ ဆွမ်းစရိတ်မျှသာယူ၍ စေတနာဖြင့် ဘာသာဗေဒပါမောက္ခအဖြစ်သင်ကြားခဲ့လေသည်။
ဂျပန်ပြည် သို့ရောက်ရှိစဉ်က ဆရာတော်သည် ဝါတော် (၉) ဝါ မျှရှိပြီး မြန်မာ၊ပါဠိ၊ ဟိန္ဒီ၊
သက္ကဋ၊ ဘင်္ဂလီ၊နာဂရီ၊ အင်္ဂလိပ် ၊ ပြင်သစ်နှင့် ဂျပန်ဘာသာတို့ကို ကျွမ်းကျင်စွာ တတ်မြောက်နေပြီဖြစ်သည်။
ဆရာတော်ဦးဥတ္တမဂျပန်ပြည်သို့ရောက်ရှိစဉ်အတွင်း
တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက် ဆင်ကလည်း ဂျပန်ပြည်တွင် ရောက်ရှိနေသည်။
တရုတ်ကျောင်းသား အတော်များများလည်း ဂျပန်နိုင်ငံသို့ပညာ သင်အဖြစ်ရောက်ရှိနေကြသည်။ တရုတ်ကျောင်းသားများသည်
ဆရာတော်ဦးဥတ္တမ ထံ ရောက်လာ၍သြဝါဒ ခံ ယူကြသည်။ ဆရာတော်က တရုတ်ကျောင်းသားများကို ဂျပန်ပြည်နှင့်နှိုင်းယှဉ်လျှက်
တရုတ်ပြည်လွတ်မြောက်ရေး ကို မည်သို့ မည်ပုံဆောင်ရွက်သင့်ကြောင်း သြဝါဒပေးခဲ့လေသည်။
တရုတ်ကျောင်းသားများ
ပြောပြချက်အရဒေါက်တာဆွန်ယက်သည် ဆရာဦးဥတ္တမအကြောင်းသိရှိသွားပြီး ဆရာ တော်ထံ ကိုယ်တိုင်သွားရောက်ဖူးမျှော်၍ဆွေးနွေးခဲ့သည်။
ဒေါက်တာဆွန်ယက်ဆင်သည် ဦးဥတ္တမအား အလွန် လေးစားကြည်ညိုသွားရာမှ တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန်
ပင့်ဆောင်လေသည်။ ဆရာတော်တက္ကသိုလ် မှ ခွင့်သုံးလယူပြီးလျှင် ၁၉၀၉ ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ
ဂျပန်မှကိုရီးယား၊ ကိုရီးယားမှတဆင့် ဆိုက် ပန်ကျွန်း၊ ဆိုက်ပန်ကျွန်းမှ မန်ချူးကိုး၊
ထိုမှတဆင့် ကျိဖု၊ပီကင်း၊ ဟန်ချောင်၊ နန်ကင်း၊ ရှန်ဟိုင်း၊ အမွိုင်မြို့ အသီး သီးသို့
ခရီးလှည့်လည်ခဲ့သည်။
ဂျပန်ပြည်မှအပြန်ကိုရီးယား၊
တရုတ်ပြည်မှ တဆင့် အင်ဒိုချိုင်းနားရှိဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံဟိုချီမင်မြို့တော်)
သို့ဝင်ရောက်၍ လှည့်လည်ခဲ့သေးသည်။ဆိုင်ဂုံတွင်
မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် တွေ့ဆုံခဲ့သေးသည်။ မြင်ကွန်းမင်းသားကြီးပင့်ဖိတ်ချက်အရကြွရောက်ပြီး
ဆွမ်းဘုန်းပေး ရာ မြန်မာပြည်ကိစ္စကို လည်း ဆွေးနွေးခဲ့ကြပြီးမင်းသားကြီးခမျာ မျိုးချစ်စိတ်ကြောင့်
မျက်ရည် မစဲ ကျရှာသည်ဟု သိရသည်၊ မြင်ကွန်းမင်းသားကြီးသည်၁၉၂၁ စက်တင်ဘာလ ၂၃ တွင် ဗီယက်နမ်နိုင်ငံ
ဆိုင်ဂုံမြို့၌ ကံကုန်ခဲ့ သည်။
၁၉၁၁ခုနှစ်တွင်
ဆရာတော်သည် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပြီးနောက် ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းတွင်
စိတ်အားထက်သန်စွာ ဝင်ရောက်ကူညီလုပ်ဆောင်ခဲ့ရာ အစိုးရစုံထောက်များက တကောက်ကောက်လိုက်ကြတော့သည်။
နိုင်ငံရေး ဆရာတော်ပီပီ ပြတ်ပြတ်သားသားပြောဆိုတတ်သော ဆရာ တော်ဦးဥတ္တမကို အရဟတ္တဇဂုဏ်နှင့်
မညီညွတ် ဟုဆိုကာ မည်သည့်ကျောင်းက လက်မခံသဖြင့် သမိုင်းတွင် (ယခုမရမ်းကုန်းမြို့နယ်)
ရှိ အိမ်တစ်အိမ်တွင်သီးသန့် သီတင်းသုံးခဲ့ရလေသည်။
ဆရာတော်၏နယ်ချဲ့မကြောက်တရားများမှာ
တစတစလူသိများလာပြီး တရားပွဲများလည်း စည်ကားလာခဲ့သည်။ ဆရာတော်သည် သံဃာ တော်များအား “ကျောင်းတွင်သာ ကျိန်း၍မနေကြရန်နှင့် တိုင်းပြည်သည်
ကျွန်ဘဝသို့ ရောက်နေပါက တိုင်းသူပြည်သားများသည် ကျွန်များ ဖြစ်ကြ၍ ကျွန်များကိုးကွယ်သော
ဘာသာလည်း ကျွန် ဘာ သာ၊ ကျွန်သာသနာပင်ဖြစ်မည်။ ကျွန်ဘဝမှလွတ်မြောက်၍ သာသနာပြုမင်း ပေါ်ပေါက်
မှသာလျှင် သာသနာ တော်လည်း ကြီးပွားထွန်းကားလာမည်” ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့ပြီး
သံဃာ့ သမဂ္ဂီများဖွဲ့စည်းကာ လွတ်လပ် ရေးရအောင် ကြိုးပမ်းသင့်ကြောင်း ဟောပြောခဲ့သည်။
မြန်မာနိုင်ငံအနှံ့ ခရီးလှည့်လည်ကာ ၀ံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်းများ
ဟောပြောကာ (၀ံသာနု )အသင်းများ တစ်တိုင်းပြည် လုံး အနှံ့ ဦးဆောင်စည်းရုံးဖွဲ့စည်းခဲ့သည်၊
၁၉၁၂
တွင်ဂျပန်သို့ပြန်ကြွ၍ ၁၉၁၉ ခုနှစ်အထိ ဂျပန်ပြည်၌သီတင်းသုံးခဲ့သည်။
ဆရာတော်ဦးဥတ္တမသည်
မြန်မာပြည်အပေါ် ထားရှိသော စေတနာ
1912 ခုနှစ် မေလတွင်
ဂျပန်ပြည်မှ မြန်မာပြည်သို့ပေးပိုသော စာသုံးစောင် မှ ကောက်နှုတ်ချက်
1912 ခုနှစ် မေလ (17) ရက်
နေ့စွဲပါ စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။
[ဂျပန်အိမ်တို့သည် စက္ကူအိမ်များဖြစ်သည့်အတွက် အမဲနေရာ၊
အဖြူနေရာ ၊အ၀ါနေရာများရှိသည်။ ထိုနေရာတွင် မြေဖြူနှင့်ဖြစ်စေ၊ ခဲတံနှင့်ဖြစ်စေ၊မီးသွေးနှင့်ဖြစ်စေ
မရေးကြ။ မြန်မာလူမျိုးတို့သည် ထိုကဲ့သို့ ရေးခြင်းကို အလွန် တရာ အလေ့အထရှိကြသည်၊ မြန်မာပြည်၌
အိမ်တံခါးပေါက်၌သော်၎င်း၊ ထရံ၌သော်၎င်း၊ စားပွဲခုံ၌သော်၎င်း၊ စာသင်ကျောင်း၌သော်၎င်း၊
ဘုန်းကြီ၊းကျောင်း၌ သော်၎င်း၊ မီးရထားတွဲပေါ်၌သော်၎င်း၊ (ရေအိမ်)အိမ်သာ၌သော် ၄င်း၊ သာလာယံဇရပ်၌သော်၎င်း
မြေဖြူ နှင့်ဖြစ်စေ၊ မီးသွေး နှင့်ဖြစ်စေ မကောင်းသောအခြင်းအရာ၊ရိုင်းပျသော စာသားများကို
ရေးဆွဲ၍ထားတတ်ကြသည်။ ယင်းသည် မြန်မာလူမျိုးတို့တွင် မကောင်းသော အကျင့်စာရိတ္တဖြစ် ကြောင်းဟူ၍
ဖေါ်ပြထားသည်။
1912 ခုနှစ် မေလ(12)ရက်
နေ့စွဲပါ စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။
ဂျပန်ပြည်၌ မေလ(7) ရက်နေ့ ကျသောအခါ တိုကျိုမြို့ (မြူနီစပါယ်)
အစိုးရများထံမှ ဆင့်စာတွင် အိမ်ကို ကောင်း စွာ သန့်ရှင်းရမည်ဆိုသောကြောင့် အိမ်ကို
ဆေးကြော၍ သန့်ရှင်းပြီးလျှင် ထားရကြောင်း၊ ဤဂျပန် တစ်ပြည်လုံး တွင် နှစ် နှစ်တစ်ခါ
မေလကျသောအခါ တစ်နေ့ကို လမ်းတစ်လမ်း ကွာတာတစ်ခု၊ အရပ်တစ်ရပ်ကို သန့်ရှင်းရ ကြောင်း၊
ထိုသို့သန့်ရှင်းသောအခါ ၀န်စည်စလည် ပစ္စည်းသေတ္တာများ၊ အသုံးအဆောင် အစခပ်သိမ်း တို့ကို
လမ်း ပေါ်မှာ ထုတ်၍ထားရသည်။ ဤကဲ့သို့ ထားပြီးလျှင် ပုလိပ်အရာရှိကြီးများ၊ ပုလိပ်သားများနှင့်
သန့် ရှင်း ရေးကြီး ကြပ်သူများ လာပြီးလျှင် အိမ်တွင်းကို ၀င်ပြီး အညစ် အကြေး ရှိသည်၊မရှိသည်၊
သန့်ရှင်းသည် မသန့်ရှင်းသည်ကို ကြည့်ပြီးလျှင် သန့်ရှင်းသောအိမ်ဖြစ်ပါက ဤအိမ်သည် ဤနှစ်
အတွက် သန့်ရှင်း၍ စစ်ဆေး ပြီး ကြောင်းကို ထို အိမ်တံခါးဝတွင် စက္ကူလေးတစ်ခု ကပ်၍သွားကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်စွာ
သန့်ရှင်း ရခြင်း၏ အကြောင်းကား အညစ်အကြေးမရှိ၍ လူများ ကျန်းမာစွာ ရှိလေအောင် ရောဂါဆိုး၊
အနာဆိုး မဖြစ် လေအောင် ပုလိပ်ရောဂါ မဖြစ်ရ လေအောင် ကြည့်ရှုစောင့်မ စောင့်ရှောက်ရကြောင်းဟူ၍
ဖေါ်ပြထားသည်။
1912 မေလ(21)ရက် နေ့စွဲပါ
စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။
ဂျပန်ကျွန်းတွင် မိန်ကလေးဖြစ်စေ ၊ယောင်္ကျားလေးဖြစ်စေ ခြောက်နှစ်စေ့၍
မူလတန်း စာသင်ကျောင်းမှာ သင် လျှင် ထိုလူကလေး မိန်းကလေးတို့သည် ညကို(10)နာရီမှအိပ်၍
မနက် (5)နာရီကို အိပ်ရာမှ ထကြ ရမည် ဟူ၍ အစိုးရမင်းများကပင် ဥပဒေပြု၍ထားသည်။ ဦးပဉ္ဖင်းတို့
မြန်မာလူမျိုးတို့ကား အအိပ်အနေ၊ အစားအ သောက်၊ အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်းမရှိသည့်အတွက်ကြောင့်
ပျက်စီးခြင်းမူလ ဖြစ်ဟန်ရှိ ကြောင်း ဟူ၍ ဦးဥတ္တမ ပေးပို့သော စာသုံးစောင်တွင် ဂျပန်တို့၏
အလေ့အထ၊ သန့်ရှင်းရေး၊ စည်းကမ်းကျနပုံ တို့ကို အတိအလင်း ကိုယ်တွေ့ရေးသားထားသည်ကို ဆရာတော်
ဦးဥတ္တမရေးသားသော ဂျပန်ပြည်အကြောင်း စာအုပ်၌ ဖေါ်ပြထားသည်။ ]
၁၉၁၉တွင်
မြန်မာပြည်သို့ ပြန်လည်ကြွရောက်လာပြီး သူရိယသတင်းစာတိုက်တွင် သီတင်းသုံးကာ “ဂျပန်ပြည်
အကြောင်း”စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ ထိုစဉ်က သူရိယသတင်းစာ၌ အမျိုးကိုစောင့်ရှောက်ရမည့်
ဝံသာနုရက္ခိတတရားများကိုလည်း လှုံ့ဆော်ရေး သားခဲ့သည်။
(၁၉၁၉
ခုနှစ် နိုဝင်ဘာလတွင်ဆရာတော်ဦးဥတ္တမသည် မော်တင်လမ်း ရှိ ဒေါ်စောခင် အိမ်သို့ကြွရောက်
လာခဲ့ သည့်အခါ ဆရာတော်နှင့်အတူ ဦဘဘေ၊ဆရာလွန်း၊(နောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း)တို့
လည်းလိုက် ပါလာ၏၊ ထိုစဉ်က ဆရာတော် ဟောပြောသည်မှာ မြန်မာပြည်မှမြန်မာမိန်းကလေးများအား ပြည်ပသို့ ဆေးလိပ် လိပ်ရန်ခေါ်သွားကြရာမှ
တိုင်းတစ်ပါးသားလူမျိုးခြားများနှင့် ညားပြီး အတိဒုက္ခ ရောက်နေခဲ့ကြကြောင်း ၊သို့ဖြစ်၍
မြန်မာမိန်းကလေးများအား ပြည်ပသွားလာခွင့်လက်မှတ် ထုတ်မပေးရန် အင်္ဂလိပ်အစိုးရကို
အရေးဆိုဖို့ လိုလာ ကြောင်း၊ယင်းကိစ္စကို လစ်လျှူရှုထားမည်ဆိုပါကမြန်မာအမျိုးသမီးများ
မျိုးပျက်ကြမည်ဖြစ်ရာ အသင်းအဖွဲ့ ဖွဲ့စည်း ပြီးမြန်မာမိန်းကလေးများအရေးကို ဆောင်ရွက်ကြရန်
အရေး တကြီး လိုအပ် နေပြီဖြစ်ကြောင်းမိန့်ဆိုခဲ့သည်။) {2.9.2013 Weekly Eleven
Page 31}
မြန်မာပြည်၏
ပထမဦးဆုံးတိုင်းပြုပြည်ပြု ပုဂ္ဂိုလ်(သို့) Statesmanတစ်ဦး၏
အမျိုးသားရေးသြ၀ါဒနှင့် အကျိုးသက်ရောက်မှု
၁၉၁၉ခုနှစ် နိုဝင်ဘာလ၌ မြန်မာ့နိုင်ငံရေး၏ မီးရှူးတန်ဆောင်ပုဂ္ဂိုလ် ဆရာတော်ဦးဥတ္တမသည် မော်တင်လမ်း(ယခုလှည်းတန်းလမ်း)ထောင့်ရှိ ဒေါ်စောခင်၏နေအိမ်သို့ ကြွရောက်လာခဲ့သည်။ ဆရာတော်နှင့်အတူ ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဦးဘဘေနှင့်ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)တို့လည်း လိုက်ပါလာခဲ့ကြသည်။ ဆရာတော် ဦးဥတ္တမက..
"မြန်မာပြည်က မြန်မာမိန်းခလေးတွေကို ဆေးလိပ်လိပ်ဖို့ ခေါ်သွားခဲ့တာ တိုင်းတပါးမှာလူမျိုးခြားတွေနဲ့ရပြီး အတိဒုက္ခရောက်နေခဲ့ကြတယ်။
ဒါကြောင့် မြန်မာမိန်းခလေးများကို ပြည်ပသွားလာခွင့်လက်မှတ်ထုတ်မပေးဖို့ အင်္ဂလိပ်အစိုးရကို အရေးဆိုဖို့ လိုလာပြီ။ ဒီလိုသာ လျှစ်လျှူရှုနေခဲ့ရင် မြန်မာအမျိုးသမီးတွေ မျိုးပျက်ကြလိမ့်မယ်။ မြန်မာမိန်းမတွေစုစည်းပြီး အသင့်အဖွဲ့ဖွဲ့လို့ မြန်မာမိန်းမများ အခွင့်အရေးအတွက် ဆောင်ရွက်ကြဖို့ အရေးတကြီးလိုအပ်နေပြီ" ဟူ၍ မိန့်ကြားခဲ့ပါသည်။
အဆိုပါသြ၀ါဒသည် ယခုခေတ် မြန်မာနိုင်ငံရှိ အမျိုးသမီးအသင်းအဖွဲ့များ၏ ရှေ့ဆောင်လမ်းပြဖြစ်သည့် ပထမဦးဆုံးသော မြန်မာအမျိုးသမီး အစည်းအရုံးကြီး (၀ါ) မြန်မာမိန်းမများအသင်းအား အုတ်မြစ်ချပေးလိုက်သည့် သြ၀ါဒပင်ဖြစ်သည်။ ဆရာတော်၏ လမ်းညွှန်ချက်အရ မြန်မာမိန်းမများအသင်းအား ဖွဲ့စည်းရန် သတင်းစာမှနေ၍ မြန်မာအမျိုးသမီးများအား ဖိတ်ခေါ်ခဲ့သည်။ စတင်ဖွဲ့စည်းထူထောင်ခဲ့သည့်နေရာမှာ မော်တင်လမ်း ဒေါ်စောခင်၏ ခင်ပွန်းဦးကြူပိုင်ဆိုင်သော ၀က်စ်တန်စတိုး ရှူးဖိနပ်ဆိုင်အပေါ်ထပ်တွင် ဖြစ်သည်။ မြန်မာအမျိုးသမီးများအား လက်ဖက်ရည်သောက် ဖိတ်ကြားရင်း ၁၉၁၉ခုနှစ် နိုဝင်ဘာလ ၆ရက် နေ့တွင် ပထမဦးဆုံး မြန်မာမိန်းမများအသင်းကို စတင်ဖွဲ့စည်း ထူထောင်ခဲ့ကြသည်။ ပထမဦးဆုံး ဥက္ကဌမှာ ဒေါ်စုဖြစ်သည်။
မြန်မာမိန်းမများအသင်းသည် ပွဲစားကိုပြူးဆိုသူ ခေါ်ဆောင်သွား၍ ပီနန်ကျွန်းတွင် သောင်တင်ကာအတိဒုက္ခရောက်နေသော ဆေးပေါ့လိပ်လိပ်သူ မြန်မာအမျိုးသမီးများအား ဗြိတိသျှတို့စရိတ်ဖြင့် မြန်မာပြည်သို့ ပြန်လည်ခေါ်ဆောင်ကာ ကယ်တင်နိုင်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဓာတ်ရထားများတွင် အမျိုးသမီးများ သီးသန့်စီးခွင့်ရရှိရန် ရထားဖက်ဆိုင်ရာလူကြီးများထံ မေတ္တာရပ်ခံခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ ထို့ပြင် ၁၉၂၀ကျောင်းသားသပိတ်တွင် သပိတ်မှောက်ကျောင်းသားများအတွက် တစ်ကျောင်းလျှင် စားစရိတ်၁၅ကျပ်စီဖြင့် ကျောင်း၇ကျောင်းစီအတွက် အထောက်အပံ့ပေးနိုင်ခဲ့သည်။ ထိုမှတဆင့် မြန်မာအမျိုးသမီးသမ၀ါယမအသင်းကို တည်ထောင်ပြီး မြန်မာအမျိုးသမီးများ၏ ဘ၀မြင့်မားရေးအတွက် အထောက်အပံ့ပေးနိုင်ခဲ့သည်။
(တင်နိုင်တိုး၏ ကိုလိုနီခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ စာအုပ်မှ ကောက်နုတ်ချက်)ဘွရှင် page Facbook.
၁၉၁၉ခုနှစ် နိုဝင်ဘာလ၌ မြန်မာ့နိုင်ငံရေး၏ မီးရှူးတန်ဆောင်ပုဂ္ဂိုလ် ဆရာတော်ဦးဥတ္တမသည် မော်တင်လမ်း(ယခုလှည်းတန်းလမ်း)ထောင့်ရှိ ဒေါ်စောခင်၏နေအိမ်သို့ ကြွရောက်လာခဲ့သည်။ ဆရာတော်နှင့်အတူ ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဦးဘဘေနှင့်ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)တို့လည်း လိုက်ပါလာခဲ့ကြသည်။ ဆရာတော် ဦးဥတ္တမက..
"မြန်မာပြည်က မြန်မာမိန်းခလေးတွေကို ဆေးလိပ်လိပ်ဖို့ ခေါ်သွားခဲ့တာ တိုင်းတပါးမှာလူမျိုးခြားတွေနဲ့ရပြီး အတိဒုက္ခရောက်နေခဲ့ကြတယ်။
ဒါကြောင့် မြန်မာမိန်းခလေးများကို ပြည်ပသွားလာခွင့်လက်မှတ်ထုတ်မပေးဖို့ အင်္ဂလိပ်အစိုးရကို အရေးဆိုဖို့ လိုလာပြီ။ ဒီလိုသာ လျှစ်လျှူရှုနေခဲ့ရင် မြန်မာအမျိုးသမီးတွေ မျိုးပျက်ကြလိမ့်မယ်။ မြန်မာမိန်းမတွေစုစည်းပြီး အသင့်အဖွဲ့ဖွဲ့လို့ မြန်မာမိန်းမများ အခွင့်အရေးအတွက် ဆောင်ရွက်ကြဖို့ အရေးတကြီးလိုအပ်နေပြီ" ဟူ၍ မိန့်ကြားခဲ့ပါသည်။
အဆိုပါသြ၀ါဒသည် ယခုခေတ် မြန်မာနိုင်ငံရှိ အမျိုးသမီးအသင်းအဖွဲ့များ၏ ရှေ့ဆောင်လမ်းပြဖြစ်သည့် ပထမဦးဆုံးသော မြန်မာအမျိုးသမီး အစည်းအရုံးကြီး (၀ါ) မြန်မာမိန်းမများအသင်းအား အုတ်မြစ်ချပေးလိုက်သည့် သြ၀ါဒပင်ဖြစ်သည်။ ဆရာတော်၏ လမ်းညွှန်ချက်အရ မြန်မာမိန်းမများအသင်းအား ဖွဲ့စည်းရန် သတင်းစာမှနေ၍ မြန်မာအမျိုးသမီးများအား ဖိတ်ခေါ်ခဲ့သည်။ စတင်ဖွဲ့စည်းထူထောင်ခဲ့သည့်နေရာမှာ မော်တင်လမ်း ဒေါ်စောခင်၏ ခင်ပွန်းဦးကြူပိုင်ဆိုင်သော ၀က်စ်တန်စတိုး ရှူးဖိနပ်ဆိုင်အပေါ်ထပ်တွင် ဖြစ်သည်။ မြန်မာအမျိုးသမီးများအား လက်ဖက်ရည်သောက် ဖိတ်ကြားရင်း ၁၉၁၉ခုနှစ် နိုဝင်ဘာလ ၆ရက် နေ့တွင် ပထမဦးဆုံး မြန်မာမိန်းမများအသင်းကို စတင်ဖွဲ့စည်း ထူထောင်ခဲ့ကြသည်။ ပထမဦးဆုံး ဥက္ကဌမှာ ဒေါ်စုဖြစ်သည်။
မြန်မာမိန်းမများအသင်းသည် ပွဲစားကိုပြူးဆိုသူ ခေါ်ဆောင်သွား၍ ပီနန်ကျွန်းတွင် သောင်တင်ကာအတိဒုက္ခရောက်နေသော ဆေးပေါ့လိပ်လိပ်သူ မြန်မာအမျိုးသမီးများအား ဗြိတိသျှတို့စရိတ်ဖြင့် မြန်မာပြည်သို့ ပြန်လည်ခေါ်ဆောင်ကာ ကယ်တင်နိုင်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဓာတ်ရထားများတွင် အမျိုးသမီးများ သီးသန့်စီးခွင့်ရရှိရန် ရထားဖက်ဆိုင်ရာလူကြီးများထံ မေတ္တာရပ်ခံခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ ထို့ပြင် ၁၉၂၀ကျောင်းသားသပိတ်တွင် သပိတ်မှောက်ကျောင်းသားများအတွက် တစ်ကျောင်းလျှင် စားစရိတ်၁၅ကျပ်စီဖြင့် ကျောင်း၇ကျောင်းစီအတွက် အထောက်အပံ့ပေးနိုင်ခဲ့သည်။ ထိုမှတဆင့် မြန်မာအမျိုးသမီးသမ၀ါယမအသင်းကို တည်ထောင်ပြီး မြန်မာအမျိုးသမီးများ၏ ဘ၀မြင့်မားရေးအတွက် အထောက်အပံ့ပေးနိုင်ခဲ့သည်။
(တင်နိုင်တိုး၏ ကိုလိုနီခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ စာအုပ်မှ ကောက်နုတ်ချက်)ဘွရှင် page Facbook.
၁၉၂၀ပြည့်နှစ်
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားများ ပထမသပိတ် စတင်မှောက်ခဲ့ရာ
ဆရာတော်က ကျေုာင်းသားများသပိတ်ကို အောက်ပါမှတ်ချက်စကားဖြင့် အားပေးထောက်ခံခဲ့သည်။ ဆရာတော်ဦးဥတ္တမ
မှတ်ချက်စကား က
(လူဆိုတာ
ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီး မရ ရအောင် ကြိုးစားတတ်ရင် ဒါကို လူစိတ်ရှိတယ်လို့ဆိုတယ်၊
)
၁၉၂၁
ဒီဇင်ဘာလတွင် ဗြိတိသျှအိမ်ရှေ့စံဝေလမင်းသားကို သပိတ်မှောက်မှုဖြင့် ဂျီစီဘီအေ ခေါင်း
ဆောင် (၉) ဦးကိုဖမ်းဆီးရန် နယ်နှင်ဒဏ်ပေးခဲ့သောကြောင့်ဆရာတော်သည် သူရိယသတင်းစာမှ
“ဆာရယ်ဂျီနယ် ကရက် ဒေါက် မင်းဗမာပြည်ကထွက်သွား” ဟူ၍ကြေညာပြီး နယ်ချဲ့အင်္ဂလိပ်အစိုးရ
ကိုစိန်ခေါ်ခဲ့ရာ တပြည်လုံးက ဆရာ တော်သတ္တိနှင့် ဝံသာနုစိတ်ဓါတ်ကို ချီးကျူးခဲ့သည်။
၁၉၂၁ဖေဖေါ်ဝါရီ
၃ တွင် ဆရာတော်ဦးဥတ္တမသည် ဒေးဒရဲမြို့ဆုကလပ်ကျေးရွာတွင်လည်းကောင်း၊
ဖေဖေါ်ဝါရီ (၅)ရက်နေ့ တွင် ဒေးဒရဲမြို့ တမာတောကျေးရွာတွင်လည်း အမျိုးသားရေးတရား
ဟောပြောခဲ့သည်။ ဆရာတော်အား 1921 ခုနှစ် မတ်လ(31)ရက်နေ့တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၊ ဆုကလပ် ကျေးရွာ၌ ဟောပြောခဲ့ သည့် ကိစ္စကို အစိုးရအား အကြည်အညိုပျက်အောင် ဟောပြော သည်ဟု ဆိုကာ ကျောင်းကုန်းမြို့၌ တရားဟော နေစဉ် ဖမ်းဆီးခံခဲ့ရသည်၊ ဇူလိုင်လ ၄ရက် တွင် မအူပင်အရေးပိုင်ရုံးမှ အိန္ဒိယ ရာဇ သတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၄ (က) နှင့် ၁၅၃(က)အရ အပြစ်ရှိကြောင်းတွေ့ရှိရသည်ဟုဆိုကာ ထောင်ဒဏ် ၁ နှစ် ၈ လ ချမှတ်ခဲ့သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ပေးခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ(သမ္မတ ဒေါက်တာဘမော် ၏ဖခင်) ဖြစ်သည်။ 1922 ခုနှစ် ဇွန်လ (26)ရက်နေ့တွင် မအူပင်ထောင်မှ ပြည်လည်လွတ် မြောက်သည်။
ဖေဖေါ်ဝါရီ (၅)ရက်နေ့ တွင် ဒေးဒရဲမြို့ တမာတောကျေးရွာတွင်လည်း အမျိုးသားရေးတရား
ဟောပြောခဲ့သည်။ ဆရာတော်အား 1921 ခုနှစ် မတ်လ(31)ရက်နေ့တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၊ ဆုကလပ် ကျေးရွာ၌ ဟောပြောခဲ့ သည့် ကိစ္စကို အစိုးရအား အကြည်အညိုပျက်အောင် ဟောပြော သည်ဟု ဆိုကာ ကျောင်းကုန်းမြို့၌ တရားဟော နေစဉ် ဖမ်းဆီးခံခဲ့ရသည်၊ ဇူလိုင်လ ၄ရက် တွင် မအူပင်အရေးပိုင်ရုံးမှ အိန္ဒိယ ရာဇ သတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၄ (က) နှင့် ၁၅၃(က)အရ အပြစ်ရှိကြောင်းတွေ့ရှိရသည်ဟုဆိုကာ ထောင်ဒဏ် ၁ နှစ် ၈ လ ချမှတ်ခဲ့သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ပေးခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ(သမ္မတ ဒေါက်တာဘမော် ၏ဖခင်) ဖြစ်သည်။ 1922 ခုနှစ် ဇွန်လ (26)ရက်နေ့တွင် မအူပင်ထောင်မှ ပြည်လည်လွတ် မြောက်သည်။
၁၉၂၂နိုဝင်ဘာလ
(၉) ရက် မှ( ၁၀)ရက် ထိ သရက်မြို့တွင် လှိုင်ပုကျော် ဂျီစီဘီအေ (ဝံသာနု ဂျီစီဘီအေ) နိုင်ငံ
လုံးဆိုင်ရာ ဒဿမ
အကြိမ် နှစ်ပတ်လည်ညီလာခံ ကျင်းပရာ ဆရာတော်ဦးဥတ္တမက ဒိုင်အာခီ အုပ်ချုပ်ရေး အရ ကျင်းပမည့်
ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တရားဟောပြောခဲ့သည်။
[
ဆရာတော်ဦးဥတ္တမသည် သံဃာ့သမဂ္ဂီအဖွဲ့ကြီးတွင် လုပ်ငန်းတာဝန်များကို ထက်သန်တက်ကြွစွာ ပါဝင်ဆောင်
ရွက်နေသော သွက်လက်ချက်ချာသော ဥပတိရုပ်အားဖြင့်လည်းကောင်း
ဆွဲဆောင်မှုရှိသော၊ ထက်မြက်သော စိတ်ဓါတ်ရှိသော၊ အပြောအဟောကောင်းသော ဦးဝိစာရ ကိုတော်
များစွာနှစ်သက်တော်မူသဖြင့် နီးနီးကပ်ကပ် နိုင်ငံရေး အသိပညာပေး၍ လေ့ကျင့်ပျိုးထောင်ရန်
အာသီသရှိတော်မူသည်။ ထိုကြောင့် ဆရာတော်ဦးဥတ္တမသည် ဦးဝိစာရ ကို ခေါ်ယူ၍ ခရစ်နှစ် ၁၉၂၂ ခုနှစ် တွင် အိန္ဒိယပြည် ဂါယာမြို့၌ကျင်းပသော
ပြည်လုံးကျွတ် ကွန်ဂရက် အသင်းကြီး၏ ညီလာခံသို့ တက်ရောက်စေခဲ့သည်။ ထိုမှတဆင့် ကာလကတ္တားသို့
ကြွရောက်သီတင်းသုံးပြီး ပါဠိ ၊သက္ကဋ၊ ဟိန္ဒီ စာပေများကိုလေ့လာ လိုက်စားစေခဲ့သည်။ ခရစ်နှစ်
၁၉၂၃ ၊မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်နောက် တွင် ဆရာတော်ဦးဥတ္တမသည် ဦးဝိစာရကိုခေါ်၍ ကျိုက္ခမီ ရေး ၊မြိတ်၊
ထားဝယ်၊ တနင်္သာရီမြို့များသို့ ဆားချက် ခွန် မတရားစီးကြပ် ကောက်ခံနေမှုအတွက် ၀ံသာနုတရားများ
လှည့်လည်ဟောကြားရန် အတူတကွ ပထဆုံး အ ကြိမ် ကြွရောက်တော်မူလေသည်၊ ယင်းနောက်ပိုင်းတွင် ဦးဝိစာရအား လက်ရုံးသဖွယ် အားထားတော်မူ သည့် အလျောက်
အတူတကွ တွဲဖက်၍ ဟောပြောရန် ခေါ်ဆောင်သွားလေ့ရှိသည်။
(သန်းဝင်းလှိုင်ရေးသားသော ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများမှ)]
(သန်းဝင်းလှိုင်ရေးသားသော ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများမှ)]
၁၉၂၄သြဂုတ်
၁၆ တွင် မန္တလေးမြို့မှ ဦးချစ်လှိုင် ဂျီစီဘီအေဝံသာနုများက ဆရာတော်ဦးဥတ္တမအားတရားဟော
ပြောရန်ဖိတ်ကြားထားသည့် အတွက် မန္တလေးသို့ကြွသွားရာ ရှမ်းစုဘူတာမှ ဓါတ်ရထား လမ်းတလျှောက်ပင့်
ဆောင်နေစဉ် (၈၄) လမ်း နှင်(့ ၃၁) လမ်း အရောက်တွင် ဒိစတြိတ်ရာဇဝတ်ဝန် ခေါင်းဆောင်သော
ပုလိပ် အဖွဲ့ နှင့် လူထုအဓိကဂုဏ်းဖြစ်ပွားရာ ဆရာတော်ဦးစန္ဒိမာ သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ရသည်။
ဆရာတော်ဦးဥတ္တမ
နှင့် ဦးဉာဏုတ္တရ၊ ဦးကေတုတို့အားလည်း ပုဒ်မ ၁၄၄ အရ မန္တလေးမှ ချက်ချင်းထွက်ခွာရန် အမိန့်ထုတ်ခဲ့သည်။
၁၉၂၄စက်တင်ဘာ
၂၁ရက်နေ့ တွင် ဆရာတော်ဦးဥတ္တမသည် မန္တလေးအဓိကရုဏ်းကြောင့် တပည့်ဒါယကာများ နှင့် သံဃာတော်များ
အဖမ်းခံရ ကြောင်းသိရသောအခါ မိမိလည်း ထောင်ကျခံရန်ဆုံးဖြတ်ပြီး ရန်ကုန်မြို့လမ်းမ တော်ရပ်
ဘုန်ကြီးလမ်းနှင့် ကျုံးကြီးလမ်းထောင့်ရှိ ရာဖီ ရုပ်ရှင် နန်းတော်ရုံ၌ ကျင်းပသည့် မြို့လုံးကျွတ် အစည်း အဝေး၌ မကြောက်တရား
များဟောပြောရာ အစိုးရအပေါ် အကြည်အညိုပျက်အောင် လှုံ့ဆော်ဟောပြောမှုဖြင့် 1924 ခုနှစ် အောက်တိုဘာလတွင်
ရာဇသတ်ပုဒ်မ ၁၂၄ (က)ဖြင့် ဒုတိယအကြိမ် အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၃)နှစ် ဒုတိယအကြိမ်
အပြစ်ပေး အကျဉ်းကျခံရသည်။ ဒီဇင်ဘာလ (၂၂) ရက်တွင် ဆရာတော်၏ အယူခံလွှာ တင်သွင်းမှုကို
တရားရုံးချုပ်မှ ပယ်ချ၍ စီရင်ချက်ကို အတည်ပြုခဲ့သည်။ 1927 ခုနှစ် ဖေဖေါ်ဝါရီလ တွင် ထောင် မှပြန်လည်လွတ်မြောက်သည်။
ဆရာတော်ဦးဥတ္တမအား
အမျိုးသားနိုင်ငံရေးလုပ်၍ အလဇ္ဖီရဟန်းသာဖြစ်ကြောင်း နှိမ့်ချပြောဆိုသော ဆာ ဂျေ အေမောင်ကြီး
စကားကြောင့် ရှုတ်ချ ကန့်ကွက်ဆန္ဒပြပွဲ များ အနက်မှ 1927 ခုနှစ် ဖေဖေါ်ရီလ(၂၀) ရက်တွင်
ရွှေတိဂုံကုန်းတော်ပေါ်၌ ကျင်းပသော လူထုအစည်းအဝေးကြီးသည် ကြီးကျယ်စွာ ရှုတ်ချ ကန့်ကွက်
ဆန္ဒပြပွဲ ဖြစ်သည်၊ ထိုစဉ်က လူထုပရိတ်သတ် သုံးသောင်းကျော် တက်ရောက်ကြသည်၊ အစည်းအဝေး၏
သမာပတိမှာ ထိုစဉ်က အမျိုးသားကောလိပ် ပရော်ဖက်ဆာ
ဆရာလွန်း (ဆရာကြီး သခင်ကိုယ်တော်မှိုင်းဖြစ်သည်)။
ထောင်မှပြန်လွတ်ပြီးနောက်
ပဲခူးမြို့ တွင် ၁၉၂၇ မတ်လ(၁၉)ရက် မှ (၂၂)ရက် ထိကျင်းပသော ဦးစိုးသိမ်း ဂျီစီ ဘီအေ၏
၁၄ ကြိမ်မြောက် ညီလာခံတွင် ဆရာတော် ဦးဥတ္တမမှ တရားဟောစင်မြင့်၌ သင်္ကန်းရုံကိုလှန်ကာ
အကျဉ်းသားဝတ်စုံဖြင့် အကျဉ်းသားဘဝက နေထိုင်ခဲ့ရပုံကို တကာ တကာမ ပရိသတ်များအားပြသခဲ့သည်။
ဆရာတော်ဦးဥတ္တမသည်
အမြို့မြို့အနယ်နယ်သို့လှည့်လည်၍ ဝံသာနုတရားများ ဟောပြောရာ ၁၉၂၈ တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။
ထောင်မှပြန်လည်လွတ်မြောက်ပြီးနောက်အိန္ဒိယပြည်
နှင့် မြန်မာပြည်သို့ ကူးချည်သွားချည်လုပ်နေရင်း“တရုတ် နှင့် ဂျပန်နိုင်ငံအကြောင်း”
စာအုပ်နှစ်အုပ်ကို ဓါတ်ပုံများဖြင့် ဝေဝေဆာဆာထုတ်ဝေခဲ့သည်။
၁၉၃၅
စက်တင်ဘာလ(၉)ရက်နေ့ တွင် အိန္ဒိယအစိုးရ အက်ဥပဒေအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ပြည်နယ်
တခု မဟုတ်တော့ဘဲ ဗြိတိသျှအင်ပါယာအတွင်း သီးခြားနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။
၁၉၃၅
နိုဝင်ဘာလ( ၁၁)ရက် တွင် ရန်ကုန်မြို့ဂျူဗလီဟော၌ ပြည်လုံးကျွတ်အစည်းအဝေးကျင်းပရာ ဆရာတော်
ဦးဥတ္တမ က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ တရားဟောပြောခဲ့သည်။
ထိုအစည်းအဝေးမှ အောက်ပါ
ဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ခဲ့သည်။
(၁)
မြန်မာပြည်ပျက်စီးရာပျက်စီးကြောင်းဖြစ်သော ဂိုဏ်းဂဏကွဲပြား၍ သြဇာများနေမှုကို လုံးဝရပ်စေလျက်
အင်အားအကြီးဆုံးဖြစ်သော မြန်မာပြည်လွတ်လပ်ရေး ညီညွတ်ရေးအဖွဲ့ချုပ်တစ်ခု တည်ထောင်ရန်။
(၂)
ဦးကွာဝိန္ဒာဓိပတိ၊ ဦးညေယျ၊ဦးဝါသဝနှင့် ဦးဥတ္တမကိုယ်တော်တို့အား ညီညွတ်ရေးကို ကြိုးပမ်းဆောင်
ရွက်ရန်အတွက်
လုံးဝတာဝန်လွှဲ အပ်ရန် ဆုံးဖြတ်ချက်နှစ်ရပ် ချမှတ်ခဲ့သည်။
၁၉၃၆
နိုဝင်ဘာလ( ၁၀)ရက် မှ( ၁၄)ရက် ထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး)
အရ ပထမဆုံး အောက်လွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ရာ ငါးပွင့်ဆိုင်ပါတီမှ နှစ်ဦး အနိုင်ရရှိခဲ့သည်။
ဆရာတော် ဦး ဥတ္တမ အား ငါးပွင့်ဆိုင်ပါတီ၏ပင့်ဖိတ်ချက်အရ အမြို့မြို့အနယ်နယ်တွင် လှည့်လည်၍
တရားဟောပြောခဲ့သည်။
မြန်မာနိုင်ငံကို
လုံးဝလွတ်လပ်သော အချုပ်အချာအာဏာပိုင်ဆိုင်သော ဆရာတော်၏ ရည်မှန်းချက်သည် တစ်စ တစ်စ ပီပြင်လာသောအခါ အာဏာပါဝါ လိုချင်သူများသည်(ဟုမ်းရူး
နှင့် ဒိုင်အာခီ) သူ့ဖက်ကိုယ်ဖက် နိုင်ငံရေး လွန်ဆွဲ အားပြိုင်မှုတွင် မလိုသူကတစ်မျိုး
လိုသူကတစ်ဖုံ အမျိုးမျိုးအဖုံဖုံ ဖြစ်လာသောကြောင့် ဆရာတော်သည် ကြီးစွာ စိတ်မကောင်းဖြစ်ကာ
စိတ်ထောင်း ကိုယ်ကြေ မကျန်းမမာဖြစ်လာသည်။
ဆရာတော်၏ ဘ၀နိဂုံး
ဆရာတော်သည်ပုဇွန်တောင်မြို့နယ်
ညောင်တုန်းကျောင်း၌သီတင်းသုံး၍ ဆင်းဆင်းရဲရဲ ချို့တဲ့စွာ ဖြစ်သလိုနေ၊ ဖြစ်သလို ဆွမ်းဘုန်းပေးကာ
လှည့်လည်သွားလာရင်း ၁၉၃၉ သြဂုတ်တွင် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်း ထောင့်၌ မိုးသဲသဲရွာနေစဉ်အတွင်း
သတိမေ့လဲကျနေသည်ကို သခင်လွင်ကတွေ့ရှိ၍ တိုးတက်ရေး သတင်း စာတိုက်မှ အ လုပ်သမားများနှင့်အတူ
ဆရာတော်အား ညောင်တုန်းကျောင်းတိုက်သို့ လန်ခြားဖြင့် ပင့်ဆောင် ပို့ခဲ့ရသည်။
ထိုအချိန်မှစ၍ဆရာတော်သည် ကျန်းမာရေးပြန်လည် နာလန်မထူနိုင်တော့ဘဲရန်ကုန်ဆေးရုံကြီးသို့
ပို့ဆောင် ကု သခဲ့ရသည်။ ဆရာတော်သည် မြန်မာသက္ကရာဇ်
၁၃၀၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် (၁၁)ရက် 1939 ခုနှစ် စက် တင်္ဘာ လ(9) ရက် နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်
ပျံလွန်တော်မူသည်၊ ဆရာတော်ရုပ်ကလပ်ကို ဆေးရုံ၌ မပုပ်မသိုးအောင် ဆေးစိမ်ကာ မှန်ခေါင်းသွင်း၍
ဆရာတော်ပျံလွန်တော်မူပြီး (၃)ရက်မြောက် စက်တင်္ဘာ(၁၁)ရက် နေ့တွင် ရန်ကုန်မြို့တော်ဝန်
ဦးဘ၀င်း ဦးစီး၍ ပုဇွန်တောင် ညောင်တုန်း ကျောင်း၌ ဆရာတော်၏ အန္တိမဈာပန ကို စည်ကားသိုက်မြိုက်စွာ
ကျင်းပပြု လုပ်ခဲ့ကြသည်၊ ပျံလွန်တော်မူစဉ်
ဆရာတော်၏ သက်တော် မှာ (၆၀) နှစ် ၀ါတော်မှာ (၄၁) ရှိပြီး ငယ်ဖြူရဟန်းတော်တစ်ပါးဖြစ်သည်။
ဆရာတော်ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာသော် ဆရာတော် မျှော်မှန်းခဲ့သော မြန်မာ့လွတ်လပ်ရေးပန်းတိုင်းကို
မြန်မာတို့ အရောက်ချီတက် နိုင် ခဲ့ကြလေသည်။
ဂုဏ်ပြုခံမှုများ
ဆရာတော်ပျံလွန်တော်မူပြီး
၂ ရက်အကြာ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ကျင်းပသော မြန်မာပြည် အောက် လွှတ်တော် အစည်းအဝေး၌
လွှတ်တော်အမတ်များ အားလုံး ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် ငါးမိနစ်ခန့် မတ် တတ်ရပ်၍ ဆရာတော်ဦးဥတ္တမအား
အရိုအသေ ဂါရ၀ ပြုခဲ့ကြသည်။ ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်း
မောင်က တင်သွင်းပြီး လွှတ်တော် တက်ရောက်သူ မင်းတိုင်ပင်အမတ် အားလုံးက တညီတညွှတ် တည်း
အတည်ပြု ကြသည်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၊ပညာရေးဝန်ကြီးဌာန၊
အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ထုတ်ဝေခဲ့သည့်
စတုတ္ထတန်းတွင် 1988-89 ပညာသင် နှစ်အထိ မြန်မာ့သမိုင်းစာအုပ်တွင် ဆရာတော်၏ အတ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းဖေါ်ပြ သင်ကြားစေခဲ့သည်။
ရန်ကုန်မြို့တွင်လည်း ကိုလိုနီခေတ်ကပင် ရွှေတိဂုံ ဘုရား တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို
ဆရာ တော်အား ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု ပြောင်းလဲ မှည့်ခေါ်စေခဲ့ပြီး ကဗ္ဗည်းသစ် ရေးထိုးခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချခဲ့သော ကျေးဇူးရှင်
အာဇာနည်ဆရာတော်ဦးဥတ္တမ အား နောင် လာ နောက်သားတွေအားလုံးအမြဲတစေသတိရကြစေရန်အတွက် စစ်တွေမြို့
သမဂ္ဂအဖွဲ့က ဦးစီးကာ 1947 ခုနှစ် စက်တင်္ဘာလ(9)ရက်နေ့တွင် အခမ်းအနားတစ်ရပ်ကို ရွှေတိဂုံခြေရင်းရှိ
ပုလိပ်သမဂ္ဂ အဆောက်အဦး၌ ကျင်းပခဲ့ သည်၊ ထိုနေ့ကိုပင် ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်းကျင်းပလာကြသည်။
စစ်တွေမြို့တွင် ဦးဥတ္တမ အသင်းနှင့် ဦးဥတ္တမပန်းခြံတို့ကို တည်ဆောက်ဖွဲ့စည်းခဲ့ကြသည်၊
စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် ရှိသော ဦးဥတ္တမ ကြေးရုပ်ကို 1963 ခုနှစ် ဇန်န၀ါရီလ(10)
ရက် ကြာသပတေးနေ့တွင် အခမ်းအနားဖြင့် သွန်းလုပ်စိုက်ထူ ဖွင့်လှစ် ခဲ့ကြသည်။
ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို မှတ်တမ်းတင်သောအားဖြင့်
အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရ ကျာရ် နီဆဗ္ဗ အမည်ရှိသော စာပေအဖွဲ့အစည်းက
ထုတ်ဝေသည့် ဟိန္ဒူဘာသာစွယ်စုံကျမ်းတွင် မြန်မာ့ လွတ် လပ်ရေး တိုက်ပွဲခေါင်းဆောင် ဆရာတော်ဦးဥတ္တမအကြောင်းကို
အကျယ်တ၀င့် တခမ်းတနား ရေးသားဖေါ်ပြ ဂုဏ်ပြု ထားလေသည်။
ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘာသာဖြင့် ဆရာတော်ဦးဥတ္တမအကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်၊ တော်လှန်ရေးကောင်စီလက်ထက်မှယနေ့တိုင်ဦးဥတ္တမပန်းခြံကို
ကန်တော်မင်္ဂလာပန်းခြံဟု အမည် ပြောင်းလဲ ၍ ဦးတ္တမနေ့ကျင်းပပြုလုပ်ခြင်းကိုလည်း လုံးဝဖျက်သိမ်းလိုက်လေသည်။အမျိုး
ဘာသာ သာသနာ စည်ပင်ဝပြော အောင်နှင့် မြန်မာနိုင်ငံ
လွတ်လပ်ရေးအတွက် ရှေ့ဆောင်တိုက်ပွဲဝင်ခဲ့သော ရဟန်းသံဃာတော်များ၌ ထင်ရှားခဲ့ သော
ဆရာတော်မှာ အသျှင် ဦးဥတ္တမဖြစ်သည်ကို ငြင်းပယ်ရမည်မဟုတ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြန်မာ
နိုင်ငံ တွင် အမျိုး သားနိုင်ငံရေးလုပ်၍ ပထမဆုံး ထောင်ချခံရသော ပုဂ္ဂိုလ်မှာလည်း ဆရာတော်
ဦးဥတ္တမပင် ဖြစ်ပေသည်။
စာကိုး
(၁)
မြန်မာ့စွယ်စုံကျမ်းအတွဲ (၈) ရန်ကုန်၊ စာပေဗိမာန် ၁၉၇၅။
(၂)
ဦးဘရင်(ဗမာ့ခေတ်)၊ ဆရာတော်ဦးဥတ္တမ၊ ရန်ကုန်၊ သမမိတ္တစာပေ ပ- ကြိမ် ၁၉၅၅။
(၃)
သခင်လွင်၊ဦးဥတ္တမလက်ရွေးစင်၊ ရန်ကုနု မြစိန်စာပေ ပ- ကြိမ် ၁၉၆၇။
(၄)
သန်းဝင်းလှိုင်၊ရုပ်ထုမှပြောသောမြန်မာ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးများ ဒုတိယအကြိမ် ကံ့ကော်ဝတ်ရည်
စာပေတိုက်၂၀၀၇။
(၅) ဦး ဇ၀န ရေး ဆောင်းပါး(အင်တာနက်)
(၆)
ဒေါ်ဧဧဇံ လက်ရေးမူ(ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့)
(၇)
မြန်မာဝီကီပီးဒီးယား အခမဲ့လွတ်လပ်စွယ်စုံကျမ်း (အွန်လိုင်း)
မောင်ဖြူ(ကြွီတဲကျွန်း)
(2013)
http://www.uottamafoundation.blogspot.com/2014/08/blog-post_76.html#more
0 comments:
Post a Comment