Monday 8 September 2014

ဆရာတော် ဦးဥတ္တမ နေ့ ဂုဏ်ပြုလှုပ်ရှားမှု

သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
 September 10, 2009

သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့်မြန်မာပြည်တွင်း တွင် တည်ရှိသော နိုင်ငံရေးအင်အားစု (၁၄) ဖွဲ့ မှ လက်ရှိတည်ဆဲ စစ်အစိုးရအား ထိပ်တိုက် ရင်ဆိုင်ပြီး မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ် လာစေရေးအတွက် ဖွဲ့စည်းထားသော အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင်ရေးကော်မတီမှ တပ်မတော်ထဲက အရာရှိ ၊ အရာခံ ၊ အကြပ် ၊ တပ်သားအားလုံးနှင့် နအဖ စစ်အုပ် ချုပ်ရေး ယန္တရားအတွင်း ပါဝင်အမှုထမ်းနေကြသည့် အမျိုးကောင်းသား ၊ အမျိုးကောင်းသားသမီး အားလုံးထံသို့ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီးတွင် သံဃာတော်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူ/ပြည်သားများ ဘက်မှ ရပ်တည်ပေးရန် အိတ်ဖွင့် ပေးစာအား ပြည်တွင်းမှ တည်ရှိသော သံဃာအဖွဲ့ချူပ် - မြန်မာနိုင်ငံနှင့် နိုင်ငံရေးအင်အားစု (၁၄) ဖွဲ့မှ ဆရာတော် ဦးဥတ္တမနေ့ စက်တင်ဘာလ ၉ ရက်နေ့ အားဂုဏ်ပြုသော အနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၃) ခု နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ (၆၅) ခု၊ ၀န်ကြီးဌာန (၃၁) ခု နှင့် လက်အောက်ခံ ရုံးဌာန (၉၃) ခု၊ ပြည်နယ်၊ တိုင်း၊ ခရိုင် ပြည်ခိုင်းဖြိုးရုံး (၄၀၅) ရုံး ထံသို့ စာတိုက်မှ တဆင့် ယနေ့ ( ၉ . ၉ . ၀၉ ) ရက်စွဲဖြင့် ပေးပို့ပြီး မန္တလေးမြို့ ရန်ကင်းတောင်တွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ သံဃာ ( ၁၅ ) ပါးနှင့် နိုင်ငံရေးအင်အားစု (၁၄) ဖွဲ့မှ လူပုဂ္ဂိုလ် (၃၀) ဦးမှ ဆရာတော် ဦးဥတ္တမ အတွက် မေတ္တာပို့အမျှဝေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးအတွက် မောရသုတ်တော် ရွတ်ဖတ် ခြင်းများပြုလုပ်ကြသည်။

ထို့အပြင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ ဆွမ်းခံ သံဃာ (၉) ပါးမှ မန္တလေးတောင်တော် ပေါ်တွင် မိမိတို့ ဆွမ်းခံပြီးရရှိလာသော ဆွမ်းတော်များအား ဘုရားရှင်အား ရည်စူးကပ်လှူပြီး ဆရာတော် ဦးဥတ္တမ နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မေတ္တာပို့ အမျှဝေခြင်းများ ပြုလုပ်ကြပါသည်။

အရှင် ပါရမီခန္တီ
တွဲဖက်အထွေထွေအတွင်းရေးမှူး
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
sangha.burma@gmail.com
www.slm.net.tc
O.C.F.N.F.A


http://www.naytthit.com/newsphptos/september09/news_sep09.html

0 comments:

Post a Comment