ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။ သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလို။ "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ"

ဆရာတော် အသျှင်ဥတ္တမ ရှားပါးမှတ်တမ်းဗွီဒီယို

Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule.

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, 2 September 2015

၇၆နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ဦးဥတ္တမ ပန်းခြံတွင် ဖွင့်ပွဲအခမ်းအနားနှင့်အတူ ပထမအကြိမ်ကျင်းပမည်

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊စက်တင်ဘာ ၁။
၇၆နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ ဦးဝိစာရလမ်းရှိ ဦးဥတ္တမပန်းခြံဖွင့်ပွဲ အခမ်းအနားနှင့် အတူ ပထမဆုံး အကြိမ် ကျင်းပပြုလုပ်မည် ဖြစ်သည်။
၇၆နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရန်ကုန် ဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံ စေတီတော် အရှေ့ဖက်မုခ်အနီး အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်၂နာရီပြုလုပ်စဉ် ထိုသို့ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
“ ဆရာတော် ဦးဥတ္တမဟာ ရခိုင်လူမျိုးအတွက်သာ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး အစဉ် လေးစား ဂုဏ်ပြုသင့်တဲ့ မြန်မာ့ လွတ်လပ်ရေးမျိုးစေ့ကို ချပေးခဲ့တဲ့ အာဇာနည် တစ်ဦး ဖြစ်ပါတယ်။ ဆရာတော် ဦးဥတ္တမရဲ့ အခမ်းအနားကို ကျင်းပ ရတာက ဂုဏ်ကျေးဇူးကို အောက်မေ့ဂုဏ်ပြု ပူဇော်တာဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံး ဦးဇော်အေးမောင်က ပြောသည်။
ဆရာတော်ဦးဥတ္တမပန်းခြံ ပြန်လည်ရရှိရန်ဦးဆောင်ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သည့် ဦးကျော်စိန်မှလည်း ဆရာတော် ဦးဥတ္တမပန်းခြံကို နိုင်ငံတော် အဆင့် ဖွင့်ပွဲ ပြုလုပ်သင့်ကြောင်း နိရဉ္စရာသို့ ပြောဆိုသည်။
“ ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြုထားတဲ့ ဆရာတော် ဦးဥတ္တမပန်းခြံကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီတော့ နိုင်ငံတော် အဆင့်ဖွင့်ပွဲလုပ်ပြီး သမိုင်းမော်ကွန်း သစ်တင်သင့်ပါတယ်” ဟု ဆိုသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးဝိစာရလမ်းရှိ ဦးဥတ္တမပန်းခြံကို ၁၉၆၂ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သာသနာရေးဝန်ကြိံဌာန ၀န်ကြိံး ဦးဘစောက ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အာဏာရလာသည့် အစိုရလက်ထက်တွင် ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် အသိအမှတ် ပြုထားမှုကို ပယ်ဖျက် ပစ်ခဲ့သည်။
"အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၅၀ ကျော် မဖွင့် လှစ်နိုင်ခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံကို ပြည်ထောင်စု အစိုးရက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် နိုင်ငံရေးလိုအပ်ချက် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာဖွင့်ပွဲပြုလုပ်ပေးသင့်ပါတယ်"ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဋ္ဌဦးဖေသိန်းက နိရဉ္စရာသို့ ပြောသည်။
၂၃- ၁- ၂၀၁၅ရက်နေ့က ပြုလုပ်သည့် ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် စစ်တွေမြို့နယ် ကိုယ်စား လှယ် ဦးမောင်ညိုက ကန်တော်မင်္ဂလာ ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ပေးရန် အဆိုတင်သွင်ခဲ့ရာ ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူ မရှိ အတည်ပြုသတ်မှတ်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင် အစိုးရအဆက်ဆက်လက်ထက်တွင် ဆရာတော်ဦးဥတ္တမနေ့ကို နှစ်ပေါင်း ၅၀ကျော်ခန့် ကျင်းပခွင့်မရခဲ့သော်လည်း ထိုင်း၊မလေးရှား၊ ဘင်္ဂလားဒေရ်နှင့် ပြည်ပနိုင်ငံအချို့တွင်
ရခိုင်အမျိုးသားများက နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြသည်။
လက်ရှိ အရပ်သား တစ်ပိုင်း အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံမှာ ယခင်ကထက် ပွင့်လင်းစပြုလာပြီ ဖြစ်သဖြင့် ဆရာတော် ဦးဥတ္တမနေ့အား ပြည်တွင်းတွင် တရားဝင် ကျင်းပ ပြုလုပ်ခွင့် ရရှိလာခဲ့သည်။
___Narinjara

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ စစ်တွေတွင် စတင်ကျင်းပ

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂

၂၀၁၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင်ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့ အထက ၄ မဟာပညာကျော်ခန်းမတွင် သြဂုတ်လ ၃၁ ရက်နေ့က အထက်တန်း အဆင့် ကျောင်းပေါင်းစုံ ဟောပြောပွဲ ပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ပြုလုပ်ခဲ့သည်။

အထက်တန်းအဆင့် ဟောပြောပွဲ ပြိုင်ပွဲဝင်သူများမှာ မအေးငြိမ်းစိုး ပန်းပျိုးလက် ကိုယ်ပိုင် အထက၊ မအေးမြတ်သဇင် အလက(၇) ကျေးပင်ကြီး၊ မဖူးပွင့်ခိုင် အထက (၁) စစ်တွေ၊ မောင်စန်းရွှေ အထက (၃) စစ်တွေ၊ မခိုင်ဆုဝေ အထက (၂) စစ်တွေ၊ မောင်စိုးလင်းထွန်း ရွှေစေတီကျောင်း သာလီစွ ပညာဒါန၊ မထွန်းနုနုခိုင် အထက (၄) စစ်တွေနှင့် မစိမ်းလဲ့မေ အထက (၆) စစ်တွေ တို့မှ ပြိုင်ပွဲဝင်ခဲ့ကြသည်။

ယင်းသို့ ဟောကြားရာတွင် ပြိုင်ပွဲဝင်သူ မအေးငြိမ်းစိုးက “အင်္ဂလိပ်ခေတ်က ငွေကြေးချမ်းသာသူများသာ အစိုးရကျောင်း တက်နိုင်ကြပါတယ်။ ဆင်းရဲသားတွေက မတတ်နိုင်ကြပါဘူး။ အစိုးရကျောင်းတက်တဲ့ လူတွေပဲ အစိုးရရာထူးတွေခန့်အပ် ခံခဲ့ရပါတယ်။ အဲ့ဒါကို ဆရာတော်ဦးဥတ္တမက အိန္ဒိနိုင်ငံလိုမျိုး ဆင်းရဲသားတွေပါ တက်နိုင်တဲ့ အမျိုးသား ကျောင်းတွေကို ထူထောင်ပေးခဲ့ပါတယ်”ဟု ဟောပြောသွားသည်။

ဆာဂျီနယ်ကရက်ဒေါက်က မာကျောပြင်းထန်သည့်အုပ်ချုပ်ရေးများနှင့် အုပ်ချုပ်လာ၍ ဆရာတော်ဦးဥတ္တမက ကရက်ဒေါက် ထွက်သွားဟု ရဲရဲတောက် ပြောဆိုခဲ့သည်ဟု သူမက ဟောပြောခဲ့သည်။

နောက်တစ်ဦး မခိုင်ဆုဝေကလည်း သေသွားသူ ကြာရင်မေ့ဆိုသော်လည်း ဆရာတော်ဦးဥတ္တမသည် ရခိုင်သားတို့ ရင်ထဲတွင် ယနေ့ထက်ထိ ကိန်းအောင်းနေဆဲပြီး ဆရာတော် ဦးဥတ္တမက ပြောခဲ့သော စကားတစ်ခွန်းမှာ အများ အကျိုးအတွက် လုပ်ဆောင်မှ လူ့တန်ဘိုး ရှိပြီး၊ လူဖြစ်ရကျိုးနပ်သည်ဟု ဟောပြောခဲ့ကြာင်း သူမက ပြောဆိုသည်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီလိုမျိုးပျင်းနေကြမယ်ဆိုရင် အင်္ဂလိပ် လက်အောက်ခံမကပဲ တချိန်ချိန်မှာ ကုလားတွေရဲ့ လက်အောက်ခံ ဖြစ်လာ လိမ့်မယ်လို့ ဆရာတော်က ဟောပြောခဲ့ပါတယ်။ ဒီနေ့ ဆိုရင်လည်း မြန်မာနိုင်ငံသူ နိုင်ငံသား တွေဟာ ဒီလိုမျိုးပျင်းနေလို့ မရတော့ဘူး၊ ကြိုးစားရတော့မယ်၊ လုံ့လစိုက်ရတော့မယ်” ဟု သူမက ဟောပြောခဲ့သည်။

မူလတန်း အဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် စာရေးဆရာ စစ်တွေ ညိုသန့် ရေးသားသည့် " ကျောင်းသားလူငယ် အတုယူဖွယ် ငယ်စဉ်ဘ၀ ဦးဥတ္တမ" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြရသည်ဟု သိရသည်။

ဟောပြောပွဲပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို မွန်းတည့် ၁၂ ကျော်တွင်စတင်ပြီး၊ ၂ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနား သို့ ဆရာ ဆရာမ များနှင့် ကျောင်းသူကျောင်းသားများ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
___Narinjara

Sunday, 30 August 2015

၇၆ နှစ်မြောက် ဆရာတော်ဦဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပမည်

စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၃၀

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားများအတွက် ဟောပြောပွဲ၊ ကဗျာ ရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးသွားမည်ဟု သိရှိရသည်။

အဆိုပါပြိုင်ပွဲများကို စာပေ၀ါသနာရှင်များနှင့် ပန်းချီဝါသနာရှင်များက စုပေါင်း၍ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို သြဂုတ်လ ၂၉ ရက်နေ့က အိုးတန်း မူလတန်းကျောင်း၌ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အထက်တန်း အဆင့် ဟောပြောပွဲ ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်နေ့တွင် အထက ၄ မဟာပညာကျော် ခန်းမ၌ မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။
မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် အထက ၄ မဟာပညာကျော် ခန်းမ၌ မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။

အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများကို စက်တင်ဘာလ ၆ ရက်နေ့တွင် အိုးတန်း မူလတန်းကျောင်း၌ နံနက် ၉ နာရီတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။

____Narinjara

Saturday, 13 September 2014

သံဃာတော်များ သင်္ကန်းချွတ်ရသည်အထိ နိုင်ငံရေးလောကကြောက်စရာကောင်းကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား

သံဃာတော်များ သင်္ကန်းချွတ်ရသည်အထိ နိုင်ငံရေးလောကကြောက်စရာကောင်းကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား
=================================

သူသူထက်လွင် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၅)။
ရန်ကုန်၊ (၇၅)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနားတွင် သံဃာတော်များအတွက် သင်္ကန်းချွတ် ရသည်အထိ နိုင်ငံရေးလောက် ကြောက် စရာကောင်းကြောင်း ဆရာတော် ဦး ဝီရသူက မိန့်ကြားခဲ့သည်။

''အာဏာအားကိုးနဲ့လုပ်ရဲတာ သတ္တိလား၊ လက်နက်အားကိုးနဲ့လုပ်ရဲ တာသတ္တိလား၊ အားကိုး တစ်စုံတစ်ရာ ရှိလို့လုပ်ရဲတာ သတ္တိလား တကယ်တော့ သတ္တိဆိုတာ ခံရဲတာကို ပြောတာပါ။ အဲဒီလို တစ်ဖက်က အာဏာတွေပါဝါ တွေ၊ လက်နက်တွေနဲ့အနိုင်ကျင့်တာ တွေကို ခုခံရဲတာကိုမှ သတ္တိလို့ခေါ်တယ်။ လောကဓံကို ခံနိုင်ရဲတာလဲ သတ္တိပါပဲ။ နိုင်ငံရေးသမားဆိုတာ သူတို့အလွန်ဆုံး စွန့်လွှတ်ရ သားမယား။ ဘုန်းကြီးကျ တော့ အဲလိုမဟုတ်ဘူး။ သင်္ကန်းပါ ချွတ် ရတယ်။ နိုင်ငံရေးလောက ဘယ်လောက် ကြောက်ဖို့ကောင်းလဲ။

သူတို့လိုရင်တော့ ပြုံးတုံးပြုံးတုံး၊ မရတော့ မုန်းတုံး မုန်း တုံး၊ အသုံးချတုန်းကတော့ ဘုန်းဘုန်း ဘုန်းဘုန်းတဲ့၊ မရတော့ ခေါင်းတုံး ခေါင်း တုံးတဲ့။ အဲဒီဒဏ်ကို ဆရာတော် (ဦး ဥတ္တမ) ကြံ့ကြံ့ခံခဲ့တယ်။ နိုင်ငံရေးလုပ် မယ်ဆိုရင် သတ္တိရှိရတယ်'' ဟု ဦးဝီရ သူက မိန့်ကြားသည်။

ဆရာတော်ဦးဥတ္တမသည် လော ကဓံကိုခံနိုင်ပြီး မြန်မာ့လွတ်လပ်ရေး ဦး ဆောင်သူများကို လမ်းခင်းပေးခဲ့ကြောင်း သိရပြီး သည်းခံခြင်း နိက္ခမပါရမီကျင့် ရန် မြန်မာနိုင်ငံမှာ အကောင်းဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။

''အင်မတန်သတ္တိကောင်းတဲ့ ဆရာ တော်ပါ။ ကရက်ဒေါက်ကို ဂက်အောက် လို့လုပ်ရဲတာ ဆရာတော်တစ်ပါးပဲရှိ တယ်။ ဘာဘာညာညာ လာမပြောနဲ့ မြန်မာ့လွတ်လပ်ရေးကိုဦးဆောင်တဲ့သူ အားလုံးဟာ အဲဒီဆရာတော် တံတား ခင်းပေးတဲ့လမ်းကိုလျှောက်နေတယ် ဆို ဘာပြောမလဲ။ မြန်မာပြည်က သည်းခံ ခြင်း နိက္ခမပါရမီကျင့်ကြံဖို့ အကောင်း ဆုံးနိုင်ငံဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျေးဇူးတရားကို မသိတတ်လို့ ပါ''ဟု ဆရာတော်က ဦးဥတ္တမ၏ကျေး ဇူးဂုဏ်ကို ချီးကျူးမိန့်ကြားသည်။

ဆရာတော်ဦးဥတ္တမရုပ်တု ရေညှိ တက်သွားပေမယ့် သမိုင်းကတော့ ရေ ညှိမတက်ကြောင်း၊ ဆရာတော် ပြည်သူ တွေကိုထားရှိခဲ့သည့် နှလုံးသား လည်း ရေညှိမတက်ကြောင်း ဆရာတော်ဦးဝီ ရသူက စက်တင်ဘာ ၉ရက်က ကျင်းပ ခဲ့သည့် ဦးဥတ္တမနေ့ စိန်ရတုအခမ်းအ နားတွင် မိန့်ကြားခဲ့သည်။

ဦးဥတ္တမနေ့အခမ်းအနားသို့ ရန် ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် အတူ ရခိုင်ခေါင်းဆောင်များ၊ ဆရာ တော်၊ သံဃာတော်များ၊ တက်ရောက် ခဲ့သည်။

______TheYangonTimes

Thursday, 11 September 2014

ဦးဥတ္တမအခမ်းအနားသို့ ဦးဆောင်တက်ရောက်ကြသူအချို့ကို ရန်ကုန်တွင် ရဲကစစ်ဆေးမူများရှိ



( နိရဉ္စရာ- ၁၁ စက်တင်ဘာ ၂၀၁၄) / ၀ဏ္ဏခွာညို (ရန်ကုန်)
(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမ စိန်ရတုအခမ်းအနားသို့ တက်ရောက်ကြသူများအထဲမှ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာနေ ဦးဆောင်သူများ၏ မှတ်ပုံတင်နံပတ်၊ မိဘမှတ်ပုံနံပတ်၊ ဖုန်းနံပတ်များနှင့် နေရပ်လိပ်စာများကို ရဲတပ်ဖွဲ့မှ ယမန်နေ့က လာရောက် တောင်းယူသွားကြောင်း တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာလမ်းနေ ရခိုင်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုမောင်ကျော်ခိုင်မှ ပြောကြားသည်။
ယင်းသို့ လာရောက်တောင်းယူခြင်း မပြုမှီ စက်တင်ဘာလ (၉) ရက်နေ့ကလည်း ဆရာတော် ဦးဥတ္တမနေ့ စိန်ရတု အခမ်းအနားသို့ တက်ရောက်ကြမည့် မော်တော်ယာဉ်များအား ရပ်ကွက် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဟန့်တားစစ်ဆေးမူများရှိခဲ့သည်ဟု ဆိုသည်။
’’  ကျွန်တော်တို့ က ဆရာတော်ဦးဥတ္တမအခမ်းအနားကို ကျောက်မြောင်းကနေ ကားနဲ့ သွားဖို့ လုပ်နေစဉ်မှာ ကျောက်မြောင်းရပ်ကွက် ဥက္ကဌ ဦးစိုးမြင့်ရယ်၊ ဘိုးလိန်း အောင်မင်္ဂလာရပ်ကွက် ဥက္ကဌရယ်၊ ပြီးတော့လ၀ကပါတယ်။ မြိုနယ်မှူးပါတယ်၊ နယ်ထိန်းတစ်ယောက် ပါတယ်။ အကုန်(၆)ယောက်ပါတယ်။  သူတို့ က ခွင့်ပြုချက်မရဘဲ လုပ်တာဖြစ်တာကြောင်းနဲ့ မင်းတို့ ကိုဖမ်းမယ်။ ခွင့်ပြုချက်မရဘဲ ကားတွေထွက်လို့  မရဘူး။ လူစုလူဝေးနဲ့  ခွင့်ပြုချက်မရဘဲလုပ်တာဖြစ်တာကြောင်း သွားလို့ မရဘူး။ ဖမ်းခွင့်ရှိတယ်ဆိုပြီး ပြောပါတယ်”  ဟု ပြောသည်။
ယင်းဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တာမွေမြို့နယ် ကျောက်မြောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊  အောင်မင်္ဂလာလမ်းနေ ရခိုင်လူငယ်အဖွဲ့ မှ ဆရာတော် ဦးဥတ္တမအခမ်းအနားသို့ သွားရန်လုပ်နေစဉ်အချိန်တွင် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်ဥက္ကဌ ဦးပါကြီးနှင့် ကျောက်မြောင်းရပ်ကွက် ဥက္ကဌဦးစိုးမြင့်တို့ သည် ရဲများကိုခေါ်ယူလာခဲ့ကြောင်း၊ ကားနံပါတ်များအား ရေးမှတ်ခြင်း၊ မှတ်ပုံတင်နံပါတ်များကိုတောင်းခြင်း၊  ဦးဆောင်သူများ ဖုန်းနံပါတ်များ တောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအပြင် ခြိမ်း ခြောက်များပြုလုပ်ခဲ့ကြောင်း သူကဆိုသည်။
“ ဒါ့အပြင် ဆရာတော်ဦးဥတ္တမအကျီ င်္ဝတ်ထားတဲ့ သူတွေကိုဖမ်းမယ်။  ဆရာတော် ဦးဥတ္တမ အကျီင်္ဝတ်ထားသူတွေကို အကျီင်္တွေကို ချွတ်ခိုင်းတယ်။ ဒါမျိုးတွေကိုလည်း သူတို့က လုပ်ခိုင်းတယ်” ၄င်းမှ ဆက်လက်ပြောသည်။
အဆိုပါကိစ္စနဲ့  ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနမှ တာမွေမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူးမှ ယခုကဲသို့  ပြောသည်။
“ တားစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့ လူတွေက သတင်းယူပြီးတော့ သတင်းတင်ထားတာလေ။ ရခိုင်သားရေးရာ ၀န်းကြီး ကိုယ်တိုင်း ဦးစီးပြီးတော့ ဆရာတော်ဦးဥတ္တမအခမ်းအနားကို လုပ်တော့ သူတို့ အဖွဲ့ သွားနေတဲ့ အချိန်မှာ ကျွန်တော်တို့ က သတင်းတော့ သွားယူရတာပေါ့။ ဘယ်နေရာကနေ ဘယ်ကိုထွက်သွားတယ်။အဲ့သတင်းကိုအထက်ကိုတင်ပြတယ်။ ဒါပဲ ၊ ဘာကြောင်းတားရမှာလဲ၊ တားစရာ အကြောင်းမရှိဘူး။ မလိုအပ်တဲ့အကြောင်းနဲ့  မလိုအပ်တဲ့ သတင်းတွေပေါ်လာလို့ဘဲ ဒီအချိန်မှာ အဲ့လောက်ပြဿာနာတွေ တက်နေကြတာ။ ကျွန်တော်ရဲစခန်း မဟုက်ဘဲ နောက်တစ်ခြားလုပ်တဲ့အပိုင်းကျတော့ ကျွန်တော်တို့  မသိဘူး” ဟု ပြောသည်။
ဆရာတော် ဦးဥတ္တမနေ့က တက်ရောက်မည့်သူ များပြားမူကြောင့် ယင်းနေ့က ကား(၃) စီးနဲ့  မလုံးလောက်၍ နောက်ထက်ကားကြီး ( ၂) စီစဉ်နေစဉ် ရပ်ကွက်လူကြီးများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ လာရောက်စစ်ဆေးခဲ့ပြီး နောက်တစ်နေ့တွင်လည်း ဦးဆောင် စီစဉ်သူများ မှတ်ပုံတင်နံပါတ်၊ မိဘမှတ်ပုံတင်များ၊ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများကို လာရောက် တောင်းယူသွားခဲ့သည်။

___ Narinjara News 


Tuesday, 9 September 2014

(၇၅) နှစ်မြောက် ဦးဥတ္တမနေ့တွင် ရခိုင်လူထု အချက်သုံးချက်တောင်းဆို


(၇၅) နှစ်မြောက် ဆရာ တော်ဦးဥတ္တမနေ့ကို စစ်တွေနှင့် ရန်ကုန်မြို့အပါအ၀င် ရခိုင်ပြည် နယ် မြို့နယ်အားလုံးတွင် စက် တင်ဘာ ၉ ရက်က ကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ဆရာတော်အတွက် ရည်စူးကာ လွမ်းသူ့ပန်းခွေ ပူဇော်ဆပ်ကပ် ရန်လာသော ရခိုင်လူထုက စစ် တွေမြို့ ဦးဥတ္တမပန်းခြံရုပ်တု ရှေ့တွင် ‘မြန်မာသမိုင်းစာအုပ် တွင် ဆရာတော်ဦးဥတ္တမအ ကြောင်း ထည့်သွင်းရေး’၊ ‘ရန် ကုန်ကန်တော်မင်ပန်းခြံကို ဆရာ တော်ဦးဥတ္တမပန်းခြံအဖြစ် ပြန် လည်သတ်မှတ်ပေးရေး’ နှင့် ‘စက်တင်ဘာ ၉ ရက်ကို အစိုးရ ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးရေး’ တို့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

စစ်တွေမြို့ ရွှေစေတီကျောင်း တိုက်ဆရာတော်အရှင် ဦးအရိ ယာဝံသကလည်း ‘‘ဆရာတော် ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးအ တွက် နယ်ချဲ့ကို စတင်တော်လှန် ခဲ့သူပါ။ ပေးဆပ်ခဲ့သူပါ။ ဗိုလ် ချုပ်အောင်ဆန်းရဲ့ ဒိုင်ယာရီစာ အုပ်မှာတောင် ဆရာတော်ရဲ့ တော်လှန်ရေးကို အားကျလို့ သူ လည်း နယ်ချဲ့ကို တော်လှန်တယ် လို့ ရေးထားတယ်’’ ဟု မိန့်ကြား ခဲ့သည်။

အခမ်းအနားသို့ ရခိုင်ပြည် နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက် ကာ လွမ်းသူ့ပန်းခွေဆက်ကပ်ခဲ့ပြီး လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားများ၊ ကုမ္ပဏီများ၊ ရပ်ကွက်အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ရဟန်းသံဃာတော်များ၊ အမျိုးသမီးကွန်ရက်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

‘‘လွန်ခဲ့တဲ့ လေးနှစ်လောက် က ပန်းခွေလာချတဲ့ ဂျီတီစီ ကျောင်းသားလေးတွေ ကျောင်း ထုတ်အဖမ်းခံခဲ့ရတာကို အမှတ်ရ ပါသေးတယ်။ ဒီနှစ်တွေမှ အပြည့် အ၀ လုပ်ခွင့်ရတာပါ’’ ဟု ရခိုင် ကျောင်းသားသမဂ္ဂမှ ကိုမျိုးမင်း ထွန်းက ပြောသည်။

 ____ 7Days News

ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသားများတောင်းဆို




( နိရဉ္စရာ- ၁၀ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)

Photo by Rakhine Citizen Journalists
Photo by Rakhine Citizen Journalists

ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၉ ရက်က စစ်တွေမြို့ရှိ ဆရာတော်ဦးဥတ္တမပန်းခြံတွင်ပြုလုပ်သည့် ၇၅ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်စိန်ရတုအခမ်းအနားတွင် ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရေးအချက်အပါအဝင် ဆရာတော်နှင့်ပတ် သက်သည့် အခြားအချက်တစ်ချို့ကို စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက တောင်ဆိုခဲ့ကြရာ ယင်းအထဲတွင်

ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်၊ ရန်ကုန်မြို့ရှိ ကန်တော်မင်ပန်းခြံအား ဆရာတော်ဦးဥတ္တမပန်းခြံအဖြစ်ပြန်လည်သတ်မှတ်ပေးရန်နှင့် ဆရာတော် ဦးဥတ္တမ အတ္ထုပ္ပတ္တိကို ပညာရေးကျောင်းသုံးစာအုပ်များတွင် ပြန်လည်သင်ကြားခွင့်ပြုပေးရန်စသည့်အချက်များ ပါဝင်သည်။

“ဆရာတော်ဦးဥတ္တမဟာ ရခိုင်ပြည်သူတွေအတွက်တောင်မက မြန်မာတစ်နိုင်ငံလုံးအတွက် လွတ်လပ် ရေးမီးရှူးတန်ဆောင်ဖြစ်တဲ့အတွက် ဆရာတော်ဦးဥတ္တမနေ့ကို ဘယ်အချိန်ဘယ်နေရာမှာမဆို ကျွန်တော်တို့ အသက်ခန္ဓာရှိသရွေ့ ဆရာတော်ဦးဥတ္တမနေ့ကိုမမေ့ကြဖို့ ပြောချင်တယ်”ဟု စစ်တွေမြို့၊ ကွန်ပျူတာတက္က သိုလ်မှ ဒုတိယနှစ်ကျောင်းသား ကိုသန်းထွန်းစိုးက ပြောသည်။

မြန်မာနိုင်ငံ၏လွတ်လပ်ရေးကိုမျိုးစေ့ချပေးခဲ့သည့် ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်နေ့ကို လက် ရှိတွင် အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ရခိုင်ပြည်နယ်ရှိ ရခိုင် တိုင်းရင်းသားဌာန ဆိုင်ရာဝန်ထမ်းအများစု စက်တင်ဘာလ ၉ ရက်နေ့တွင် ရုံးတက်ရောက်ခြင်းမပြုခဲ့ကြပေ။

“ရုံးပိတ်ရက်မဟုတ်ပေမယ့် ဒီနေ့တော့ သွားမတက်ဘူး။ ခွင့်လည်းမတိုင်ဘဲ ဒီအခမ်းအနားကို လာ တက်တာ”ဟု စစ်တွေမြို့ရှိ အထက(၇)မှ အထက်တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။

၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်မွေးဖွားခဲ့သည့် ရခိုင်တိုင်းရင်း သားတစ်ဦးဖြစ်သူဆရာတော်ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှစတင်ကာ မြန်မာ့နိုင်ငံရေးလောကသို့ဝင်ရောက် လာခဲ့ပြီးနောက် ၁၉၂၇ ခုနှစ်တွင် ဗြိတိသျှဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်အား “ကရက်ဒေါက် – မင်း မြန်မာပြည်က ထွက်သွား”ဟူသော ရာဇသံကို သူရိယသတင်းစာမှတဆင့်ထည့်သွင်းနှင်ထုတ်ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ဖိနှိပ်အုပ်ချုပ်ခံဘဝဖြင့် မြန်မာပြည်သူတို့ နယ်ချဲ့အစိုးရကို မော်မကြည့်ဝံ့ သည့်ထိုအချိန်တွင် ဆရာတော်၏ အဆိုပါစကားတစ်ခွန်းကြောင့်ပင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ နိုင်ငံ ရေးအသိအမြင်များနိုးထခဲ့ရပြီး တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ် ကာ မြန်မာနိုင်ငံ၏လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် ဆရာတော်ဦးဥတ္တမကို မြန်မာအစိုးရက အသိအမှတ်မပြုဘဲ လျစ်လျူရှုထားခဲ့ပြီး ရန်ကုန်မြို့ရှိ ဆရာတော်ဦးဥတ္တမပန်းခြံကိုပင် ကန်တော်မင်ပန်းခြံ ဟူ၍ ပြောင်းလဲသတ်မှတ်ကာ ပန်းခြံတွင်းရှိ ဆရာတော့်ရုပ်တုကိုလည်း ဖျောက်ဖျက်ပစ်ခဲ့ကြသည်။

ယင်းအချိန်က ရခိုင်ပြည်အပါအဝင် အနယ်နယ်အရပ်ရပ်ရှိ ဆရာတော်၏ရုပ်တုများအား ရှိခိုးသူ၊ လာ ရောက်ပန်းတင်သူနှင့် ဆီးမီးထွန်းပူဇော်သူများကို ဥပဒေပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချအပြစ်ပေးခဲ့ ရာ ကျေးဇူးရှင်ကိုကျေးဇူးဆပ်ခွင့်မရခဲ့ကြသည့်အတွက် ရခိုင်တိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူများ ယူကြုံးမရဖြစ်ခဲ့ကြသည်။

သို့သော် ယခု စစ်အာဏာရှင်အစိုးရလက်ထက်မှ ဒီမိုကရေစီအစိုးရအဖြစ်ဖော်ဆောင်နေချိန်ကာလ တွင် ဆရာတော်ဦးဥတ္တမ၏ မြန်မာနိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံမှုများစသည့် ဆရာတော်၏ကျေးဇူးတ ရားများကို အစိုးရက အသိအမှတ်ပြုလာသည့်အတွက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်အခမ်းအနား များကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်တစ်ဝန်းတွင် ပွင့်လင်းမြင်သာစွာကျင်းပပြုလုပ်ခွင့်ပေးလာနေပြီဖြစ်သည်။

စစ်တွေတွင် ပြုလုပ်သည့်ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်အခမ်းအနားကိုလည်း စစ်တွေလူထု များနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း တတတ်တအား ပါဝင်ကူညီဆောင်ရွက်ပေးသည်ကိုတွေ့ရ သည်။

“ဆရာတော်ပျံလွန်တော်မူတဲ့အချိန်သာကြာခဲ့ပေမယ့် ဆရာတော်ရဲ့ကိုယ်ကျိုးစွန့်၊ ဆောင်ရွက်ချက်၊ ဟောပြောချက်တွေဟာ ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်သလို ဆရာတော်ရဲ့ကြီးမားတဲ့ဂုဏ်ကျေးဇူး တွေကိုလည်း ကျွန်တော်တို့အားလုံး ဘယ်တော့မှမမေ့နိုင်သလို မမေ့အပ်ပါဘူး”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက (၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ယခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သော ၇၅ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များတွင်လည်း စည်ကားသိုက်မြိုက် စွာပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားများတွင် ဆရာတော်၏ရုပ်တုများကို ပန်းခွေများချခြင်း၊ ဆီးမီးများထွန်းညှိပူဇော်ခြင်း၊ ဆရာတော်နှင့်ပတ်သက်သည့် ဟောပြောပွဲများပြုလုပ်ခြင်း၊ ပညာရေးကျောင်းများတွင် အခြေခံပညာ မူလ တန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသား များ၏ ဆရာတော်နှင့်ပတ်သက်သည့် ပန်းချီ ပြိုင်ပွဲများ၊ စာစီကုံးပြိုင်ပွဲများကိုလည်း ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ပုဏ္ဏားကျွန်းမှာလည်း ဆရာတော့်အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် အသက် ၂ဝ နှစ်အောက် အခြေခံပညာအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွေလုပ်ဖြစ်ပါတယ်။ ဆရာတော်ကို ဂုဏ်ပြုတဲ့ တစ်ခြား အစီအစဉ်တွေလည်းပါပါတယ်။ အားလုံး အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးခဲ့ပါတယ်”ဟု ပုဏ္ဏား ကျွန်းမြို့ခံ ဦးစံရွှေကျော်က ပြောသည်။

ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီ၊ အင်္ဂလိပ်၊ တိဘက်၊ ပြင်သစ်၊ ဂျပန်နှင့် အိန္ဒိယဘာသာစသည့် ဘာသာ စကား ၉ မျိုးကိုတတ်ကျွမ်းနားလည်သည့် ဆရာတော်ဦးဥတ္တမသည် သက်တော် ၆ဝ၊ ဝါတော် ၄ဝ သို့အ ရောက် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ညောင်တုန်း ဘုန်းတော်ကြီးကျောင်းတွင် ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

 ____ Narinjara News

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်ရှိ ဒေသအနှံ့တွင် ပြုလုပ်

ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသော ဆရာတော်ဦးဥတ္တမ (၇၅) နှစ်မြောက် အခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
စက်တင်ဘာ ၉ ရက်တွင် ကျရောက်သော ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း (၇၅)နှစ်မြောက်အခမ်းအနားအား ရန်ကုန်မြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ ဒေသအနှံ့အပြားတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 
ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသည့် ဆရာတော်ဦးဥတ္တမ၏ (၇၅) နှစ်မြောက် စိန်ရတု ဂုဏ်ပြုအခမ်းအနားအား စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခန့်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဦးဆောင်ကာ ကျင်းပခဲ့သည်။
အဆိုပါပွဲသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအဝင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဦးအေးသာအောင်၊ နိုင်ငံခြားသံရုံးအသီးသီးမှ တာဝန်ရှိသူများ၊ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ ကန်တော်မင်္ဂလာအမည်ဖြင့် ဖွင့်လှစ်ထားသောပန်းခြံအား ယခင်မူလ ဦးဥတ္တမပန်းခြံအမည်ဖြင့် ပြန်လည်ပြောင်းလဲသတ်မှတ်ပေးရန် နိုင်ငံတော်အစိုးရထံ အဆိုပြုခဲ့ကြသည်။
(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲများကို ရခိုင်ပြည်နယ်ရှိ မြို့အနှံ့အပြားတွင်ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ပူးပေါင်းပါဝင်ကျင်းပခဲ့သဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
 
 စစ်တွေမြို့တွင် စိုက်ထူထားသည့် ဆရာတော်ဦးဥတ္တမ ရုပ်တုအား တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်) 
ရခိုင်မီးရှူးတန်ဆောင်ဖြစ်သည့် ဆရာတော်ဦးဥတ္တမသည် ၁၉၃၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့ရာ ယခုအခါတွင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားခဲ့သော ဆရာတော်သည် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပြီး နယ်ချဲ့မကြောက်တရားများကိုလည်း အကြိမ်ကြိမ်ဟောကြားခဲ့သည်။ ယင်းသို့ ဟောကြားခဲ့သဖြင့်လည်း ထောင်အကြိမ်ကြိမ်ကျခဲ့ရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ဆရာတော်ဟာ လေးစားရတဲ့ပုဂ္ဂိုလ်တစ်ပါး ဖြစ်တယ်။ ဒါကြောင့် အခုလိုစည်ကားသိုက်မြိုက်စွာ ကျင်းပတာကို အားပေးတယ်” ဟုလည်း ထည့်သွင်းပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပန်းခွေဖြင့် လာရောက်ဂါရဝပြုခဲ့ပြီး ဆရာတော်နေ့အထိမ်းအမှတ် ပန်းချီပြပွဲနှင့် ကျောင်းသူကျောင်းသားများ၏ ပြိုင်ပွဲဝင်ပန်းချီများကိုလည်း လှည့်လည်ကြည့်ရှုပြီး ဆုရကျောင်းသူကျောင်းသားများကိုလည်း ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် အခြားမြို့များတွင်လည်း စည်းကားစွာ ကျင်းပခဲ့ကြောင်းနှင့် စစ်တွေမြို့တွင် ဦးဥတ္တမပန်းခြံအတွင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလည်း ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကျင်းပရေးဆပ်ကော်မတီဖွဲ့စည်းကာ စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
___ EMG 

(၇၅)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့

(၇၅)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့ပြီး လူဦးရေထောင်ချီတက်ရောက်၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင်လည်း ပြုလုပ်ခဲ့

ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း (၁)



ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း (၁)
-----------------------------------------------------------------------------

နိဒါန်း
=====
ဒေကနိန့် ၂၀၁၄-ခုနှစ် စက်တင်ဘာလ ကိုးရက်နိန့် ဘူးသီးတောင်မြို့ မြို့လယ်ခန်းမမှာ ကျင်းပရေ ကျေးဇူးရှင် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူလားခရေ (၇၅)နှစ်မြောက် အမှတ်တရနိန့်အထိမ်းအမှတ် ဆရာတော် ဦးဥတ္တမနိန့် အခမ်းအနားကို တက်ရောက်လာကတ်တေ ရဟန်းရှင်လူ ပြည်သူအပေါင်းရို့ကို ကျွန်တော် ကျော်ဇောဦးက “သာလီစွပါ” လို့ ရခိုင်ပိုင် နှုတ်ဆက်ပါရေ။

ဒေကနိန့် ဒေနိန်ရာ ဒေအခမ်းအနားကို ကျွန်တော်လာစွာက၊ ဒေအခမ်းအနားမှာ ကျွန်တော့်ကို တာဝန်ပီး ထားစွာက၊ ဆရာတော်ဦးဥတ္တမ အကြောင်းကို ဋီကာချဲ့ပြီး ပြောပြဖို့မဟုတ်ပါ။ ဆရာတော်၏ ကျေးဇူးတရား တိကို အောက်မိန့်သတိရရေအနီနန့် ဆရာတော်၏ နိုင်ငံရေးဘ၀ထဲက သင်ခန်းစာတချို့ကို ထုတ်နှုတ်သုံးသပ်ဖို့ နန့် ရခိုင်လူမျိုးရို့၏ လက်ရှိပစ္စက္ခကနိန် နန့် အနာဂတ်ကို ဇာပိုင်လားကတ်ဖို့လဲ ဆိုစွာကို သုံးသပ်ကြည့်ဖို့ ပြောပြဆွေးနွေးဖို့အတွက် အခမ်းအနားစီစိုင်သူတိက ကျွန်တော့်ကို တာဝန်ပီးထားပါရေ။

“ခင်ဗျားတို့ဆရာတော်ဘုရား လမ်းဘေးမှာ ဘယာကျော်လေးစားပြီး သေသွားရှာတယ်” ဆိုပြီးကေ ဆရာတော် ကို မီလိုက်တေ ခေတ်ပြိုင်နိုင်ငံရေးသမားတချို့က စိတ်မကောင်းခြင်းကြီးစွာနန့် ပြောကတ်ဆိုကတ်တေလို့ တစ်ဆင့်စကား တစ်ဆင့်နားနန့် ကျွန်တော်ကြားဖူးပါရေ။

ဒေနိန့်ဒေအချိန်မာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လို့ ကမ္ဘာမှာ ရပ်တည်နီရေနိုင်ငံ တစ်နိုင်ငံ ပေါ်ထွန်းလာဖို့ အရေးမှာ ငါရို့အခွင့်အရေးတိက ဇာချင့်တိ၊ ငါရို့တိ ဇာပိုင်တိုက်ပွဲဝင်ရဖို့ ဆိုပြီးကေ မြန်မာတစ်နိုင်ငံလုံးကို မျက်စိဖွင့်ပီးခရေ . . . မီးရှူးတန်ဆောင် ထွန်းညှိပြီး လမ်းပြခရေ . . . ဆရာတော် ဦးဥတ္တမစွာ ဘ၀နိဂုံးပိုင်းမှာ ဗမာနိုင်ငံရေးသမားတိ၏ စွန့်ပစ်ခြင်းကိုခံရပြီးကေ လမ်းဘေးမှာ အရူးတစ်ပိုင်းဘ၀နန့် ပျံလွန်တော်မူ လားခရ ပါရေ။

ဆရာတော်ကို မြန်မာလွတ်လပ်ရေး၏ မီးရှူးတန်ဆောင်လို့တောင်မက၊ အာရှတိုက်၏ မီးရှူးတန်ဆောင် လို့တောင် တင်စားခေါ်ဝေါ်ကတ်ပါရေ။ ဇာဖြစ်လို့လဲ။ ထိုအချိန်ထိုကာလက ဗြိတိသျှ အင်္ဂလိပ်တိက တစ်ဆက် တစ်စပ်တည်း အုပ်ချုပ်ထားရေ အိန္ဒိယပြည်၊ ဘင်္ဂလားပြည် နန့် မြန်မာပြည်ရို့ကို အင်္ဂလိပ်လက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရဖို့ဆိုပြီးကေ အလင်းပြဦးဆောင်ခရေ မီးရှူးတန်ဆောင်ပိုင် ပုဂ္ဂိုလ်ကြီး ဖြစ်တေ အတွက်ကြောင့် ဖြစ်ပါရေ။

ယဂေလေ့သော ယင်းပုဂ္ဂိုလ်ကြီး၏ မူလဘူတ မွေးဖွားရာ ဇာတိ ရခိုင်ပြည် နန့် ယင်းပုဂ္ဂိုလ်ကြီး၏ ဇာတိ ဆွေမျိုးညာတကာတိဖြစ်ရေ ရခိုင်အမျိုးသားရို့၏ ထွက်ရပ်လမ်းကို သီးသီးသန့်သန့် ညွှန်ပြမပီးနိုင်ခစွာကို တွေ့ရပါရေ။ ရခိုင်အမျိုးသားရို့၏ ထွက်ရပ်လမ်းကို ဆရာတော်အနီနန့် သီးသီးသန့်သန့် ယင်းပိုင်မျိုး ညွှန်ပြမပီးနိုင်ခစွာရေ၊ ဥပမာပီးရဖို့ဆိုကေ ဖယောင်းတိုင်တိရေ တစ်ခန်းလုံးကို အလင်းပီးပင် ပီးသော်ပြားလည်း ယင်းဖယောင်းတိုင်၏ ခြီရင်းမှာ အလင်းမရရေ အမှောင်ကွက်ချေတစ်ကွက်ရှိနိန်ပိုင်ရှောင် ဖြစ်ပါလိမ့်မေ။
ရခိုင်နိုင်ငံရေးသမားတစ်ယောက်အနိန်နန့် ဒေကနိန့် ကျွန်တော် ခံယူထားစွာက မြန်မာတစ်နိုင်ငံလုံးကို အလင်းပီးဖို့တာဝန်က ကျွန်တော့်ရို့တာဝန် မဟုတ်။ ဖယောင်းတိုင်ခြီရင်းမှာ ကွက်ကျန်နိန်ရေ အမှောင်ကွက် ချေကို အလင်းပီးဖို့တာဝန်ကရာ ကျွန်တော့်ရို့တာဝန်ဖြစ်တေလို့ ကျွန်တော်ခံယူပါရေ။

အသျှင်ဘုရားရေ ၁၉၁၄ လောက်မှာ “ဂျပန်ပြည်” ဆိုရေ နာမေနန့် ဂျပန်နိုင်ငံအကြောင်းကို စာအုပ်တစ်အုပ်ကို ရီးသားထုတ်ဝေရာကနိန် စပြီးကေ ဗမာပြည်မှာ လူသိလာခရေလို့ ထင်ပါရေ။ ယင်းနောက် ၁၉၁၉ လောက် ကပင် စပြီးကေ မြန်မာပြည် အနှံ့အပြားမှာ အင်္ဂလိပ်နယ်ချဲ့တွန်းလှန်ရေးတရားတိကို ဟောကြားရင်း နာမေကြီးလာပါရေ။ ထိုခေတ်ထိုကာလက အင်္ဂလိပ်တိ အုပ်ချုပ်တေ အိန္ဒိယပြည်၏ အစိတ်အပိုင်းတိဖြစ်တေ မြန်မာပြည်၊ ဘင်္ဂလားပြည်၊ (လက်ရှိ) အိန္ဒိယနိုင်ငံရို့မှာ ဗြိတိသျှရို့လက်အောက်က လွတ်မြောက်အောင် မရရသည့်နည်းဖြင့် ကြိုးပမ်းသင့်ရေလို့ ဟောပြောနှိုးဆော်ရေအချိန်မှာ ဆရာတော်ကို ဗမာလူမျိုးတိက တစ်ခဲနက် အုတ်အုတ်ကျက်ကျက် ထောက်ခံခကတ်ပါရေ။

ယကေလေးသော့၊ တွဲရေးခွဲရေး ပြဿနာမှာ ဆရာတော်ရေ မြန်မာပြည်ကို အိန္ဒိယပြည်နန့် တွဲထားရေးဘက်က ထောက်ခံရပ်တည်ရေအချိန်က စပြီးကေ၊ ဆရာတော်ကို ဗမာနိုင်ငံရေးသမားတိ၏ ဗမာလူထု၏ ထောက်ခံမှုစွာ ပြုတ်ကျဆင်းလားခစွာဖြစ်ပါရေ။

မှတ်တမ်းမှတ်ရာ အတိအကျ မဟိကေလေ့သော့၊ လက်ဆင့်ကမ်းပြောစကားတိအရ သိရစွာက၊ ဆရာတော်ကို ယင်းဗမာနိုင်ငံရေးသမားတိ၏ အဆက်အနွယ်တိက ခေါင်းကို ဒုတ်နန့်ရိုက်ပြီး သတ်တေအတွက်ကြောင့် ခေါင်း ဒဏ်ရာ ရပြီးကေ စိတ်မနှံ့ပိုင် ဖြစ်လားခရပါရေ။၊ အရူးတစ်ပိုင်းဘ၀နန့် လမ်းတကာလျှောက် ဘိုသီဘတ်သီ ညစ်တီးညစ်ပတ် သွားလာ လျှောက်လားနီခပြီးခါမှ၊ “ခင်ဗျားတို့ဆရာတော်ဘုရား လမ်းဘေးမှာ ဘယာကျော်လေး စားပြီး သေသွားရှာ တယ်” ဆိုရေအခြေအနေမျိုးမှာ ပျံလွန်တော်မူလားစွာဖြစ်ပါရေ။

အသျှင်ဦးဥတ္တမစွာ ရခိုင်ပြည်ပိုင် ရခိုင်လူမျိုးပိုင် ဒေသအငယ်ချေ နန့် လူဦးရေနည်းပါးရေ လူမျိုးထဲက ပေါ်ထွန်းလာစွာ ဖြစ်ကေလေ့၊ အသျှင်ဦးဥတ္တမ၏ အရည်အချင်းစွာ ရခိုင်အဆင့်ခေါင်းဆောင် အဆင့်မျိုးမဟုတ်၊ မြန်မာနိုင်ငံအဆင့် ခေါင်းဆောင်မျိုးတောင်မက၊ အာရှအဆင့် ခေါင်းဆောင်မျိုးဖြစ်ပါရေ။ ဘာသာစကား ရှစ်မျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တေ ပုဂ္ဂိုလ်ဖြစ်တေ။ ဂျပန်နိုင်ငံတက္ကသိုလ်တစ်ခု မှာ ပါဠိဘာသာ ပါမောက္ခ လုပ်ခရေပညာရှင်အဆင့် ပုဂ္ဂိုလ်ဖြစ်တေ။

ဗမာပြည်ထဲက လူထု ဟောပြောပွဲတစ်ခုမှာ ဆိုကေ၊ ဗမာပိုင်တစ်ခေါက်၊ ဟိန္ဒူစတန်နီဘာသာနန့် တစ်ခေါက် ကျွမ်းကျင်သွက်လက်စွာ ဟောပြောခရေလို့ မှတ်တမ်းတိမှာ တွိ့ရရေ။ အိန္ဒိယ၊ မြန်မာ၊ ဂျပန်၊ တရုတ် စရေ တိုင်းပြည်တိကို လှည့်လည် သွားလာပြီးကေ တစ်လှည့်စီ ကိုင်လှုပ်နီခရေ ပုဂ္ဂိုလ်ဖြစ်ပါရေ။
အင်္ဂလိပ်အစိုးရ၏ C.I.D စုံထောက်ဌာနက ဆရာတော်အကြောင်းစုဆောင်းရီးသွင်းထားရေ ဖိုင်တွဲအမှတ် - ၃ A-1 OF 1927) ၏ အဆုံးပိုင်းမှတ်ချက်မှာ ဒေပိုင်ရီးသွင်းထားစွာကို တွိ့ရပါရေ။ ဆရာဦးအေးသိန်း ရီးရေ စာအုပ်တစ်အုပ်မှာတွိ့စွာပါ။ အင်္ဂလိပ်ဘာသာက နိန် ဆရာဦးအေးသိန်း ဘာသာပြန်ထားစွာဖြစ်တေ လို့ ထင်ပါရေ။ ဖတ်ပြပါမေ။ “သူသည် ပြောမကုန်လောက်အောင် စိတ်ထား သန်မာခက်ထန်ပြီး အလွန်အကျွံ ခေါင်းမာသူတစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ကြိုးပမ်းရာတွင် ဖြစ်နိုင်သည့်နည်းအားလုံးဖြင့် လုပ်မည့်သူဖြစ်ပါသည်။ နိုင်ငံရေးလူထုများအတွင်း အများကြိုက် ပျိုတိုင်းကြိုက်ဖြစ်နေခြင်း၊ သင်္ကန်းဝတ်လျက် ရှိနေခြင်း၊ အလွန်အစွန်းရောက်သော အယူများရှိနေခြင်း စသည်တို့ကြောင့် သူသည် မြန်မာနိုင်ငံတွင် အန္တရာယ်အကြီးမားဆုံးသော နိုင်ငံရေး ဆူပူလှုံ့ဆော်သူ အစစ်အမှန်ပင် ဖြစ်နေပါသည်” ဆိုပြီးကေ မှတ်တမ်းရီးသွင်းထားစွာကို တွိ့ရပါရေ။

အင်္ဂလိပ်အစိုးရ၏ C.I.D စုံထောက်ဌာန မှတ်တမ်းမှာ “သူသည် မြန်မာနိုင်ငံတွင် အန္တရာယ်အကြီးမားဆုံးသော နိုင်ငံရေး ဆူပူလှုံ့ဆော်သူ အစစ်အမှန်ပင် ဖြစ်နေပါသည်” ဆိုပြီးကေ မှတ်တမ်းရီးသွင်းခြင်းခံရရေ လွတ်လပ်ရီး တိုက်ပွဲဝင် အစောဦးဆုံး တော်လှန်ခေါင်းဆောင်ဘ၀ကနိန်ပြီးကေ အေနိန့်အေအချိန်မှာ ဆရာတော်၏ ကျေးဇူးတရားအကြောင်းကို တစ်စက်ချေလေ့ လူမသိစီချင်ရေ အုပ်ချုပ်သူတိက သမိုင်းစာမျက်နှာတိကနိန် ဆရာတော်ကို ဖယ်ထုတ် ဖဲ့ထုတ်နိန်ကတ်တေအတွက်ကြောင့် ရန်ကုန်က ဦးဥတ္တမပန်းခြံလေးသော ကန်တော်မင်ပန်းခြံဖြစ်လားပြီးကေ အချေတိ၏ သမိုင်းဖတ်စာ စာအုပ်တိထဲကနိန်ပြီးကေလည်း ဆရာတော်ကို ဖယ်ထုတ်နိန်ကတ်စွာကို ခံနိန်ရပါရေ။

အဂုကတော့ခါ ဆရာတော်၏ ဇာတိဆွေမျိုး ရခိုင်အမျိုးသားရို့တိကတော့ခါ၊ ဆရာတော်က စေတနာ ထားပြီးကေ လွတ်မြောက်စီချင်ခရေ မြန်မာပြည်က ဗမာလူမျိုးတိ၏ Burmanization နန့် ဆရာတော် အနိန်နန့် လွတ်မြောက်ရေး ရစီချင်ခရေ ဘင်္ဂလားပြည်ဘက်က ဘင်္ဂလီကုလားတိဘက်ကလာရေ Islamization ရို့ကြားမှာ ညှပ်ပိတ်မိပြီးကေ အခြေအနေဆိုးဆိုးဝါးဝါးကိုရောက်နိန်ပါရေ။

ရခိုင့်တော်လှန်ရေး မပြီးသီး
=================
ပြီးခရေ သြဂုတ်လ(၁၃)ရက်နိန့် ၄၇-နှစ်မြောက် ရခိုင်ပြည်ဆန်ပြဿနာနိန့် အထိမ်းအမှတ် စစ်တွေမြို့က အခမ်းအနားတစ်ခုမှာ ကျွန်တော်ပြောခပါရေ။ ယလောက် ဆန်ရီစပါးပေါများလို့ ဓည၀တီလို့ ခေါ်တွင်ရေ ဒေသ မှာ စစ်တွေလွင်ပြင်မှာ အခြားတပါးက လာရောက်အုပ်စိုးခါမှ လူတိ ထမင်းငတ်ကတ်ရရေ။ ထမင်းငတ်လို့ ဆန်တောင်းရေလူတိကို သေနတ်နန့် ပစ်သတ်လို့ လွန်ခရေ (၄၇) နှစ်က ၁၉၆၇-ခုနှစ်မှာ လူနှစ်ရာကျော် လောက် စစ်တွေမြို့မှာ သီလားခရရေ။

အေနီရာမှာ မေးခွန်းတစ်ခုကို ဖြေကြည့်ဖို့လိုလာပါရေ။ ဇာပိုင် ဇာအခြေအနေမျိုးမှာ အုပ်ချုပ်သူတိရေ အုပ်ချုပ်ခံရရေလူတိ အငတ်ဘေးဆိုက်တေ အခြေအနေကို ရောက်စီတတ်လေ။ ဇာပိုင် ဇာအခြေအနေမျိုးမှာ အုပ်ချုပ်သူတိရေ အုပ်ချုပ်ခံရရေလူတိ ထမင်းငတ်လို့ စားစရာတောင်းကေ ပစ်သတ်တတ်ပါလေး။ အဖြေဟိ ပါရေ။ အဖြေကတော့ခါ အုပ်ချုပ်တေလူတိစွာ တိုင်းတပါးသားဖြစ်နိန်ပြီးကေ အုပ်ချုပ်ခံရရေလူတိကို ကျွန်လူမျိုး လို့ သဘောထားရေအခါ ယင်းပိုင် အငတ်ဘေးဆိုက်စွာ ပစ်သတ်ခံရစွာတိဖြစ်တတ်ကတ်ပါရေ။ ဥပမာအားဖြင့် အိုင်ယာလန်ပြည်ကို ဗြိတိသျှအင်္ဂလိပ်တိ အုပ်ချုပ်ထားခရေကာလမှာ တစ်နိုင်ငံလုံးက အာလူးစိုက်ခင်းတိမှာ potato blight လို့ခေါ်ရေ မှိုရောဂါစွဲလို့ အာလူစိုက်ခင်းတိအားလုံးပျက်စီးလားလို့ အိုင်းရစ်လူမျိုးတိ ငတ်ပြတ် နိန်ချိန်မှာ ဗြိတိသျှ အုပ်ချုပ်သူတိက လူမျိုးတုံးလောက်အောင် နှိပ်ကွပ်စွာမျိုး။ ဥပမာနောက်တစ်ခုက ဘင်္ဂလားပြည်ကို အင်္ဂလိပ်တိ အုပ်ချုပ်နိန်စဉ်မှာ ဘင်္ဂလားအငတ်ဘေး (Bengal Famine) ဖြစ်ပြီးကေ လူ သိန်းချီလို့ သီကတ်ရစွာမျိုးဖြစ်ပါရေ။

ယလောက်ဆန်ရီစပါးပေါများရေ ရခိုင်ပြည်ကို ဓါးမိုးအုပ်ချုပ်ပြီးကေ ရခိုင်သားတိကို ငတ်အောင်လုပ်၊ ငတ်လို့ဆန်တောင်းကေ လူရာနန့်ချီအောင်ပစ်သတ်၊ ၁၉၆၇-ခုနှစ် ရခိုင်ပြည်မာ အုပ်ချုပ်သူတိက ယင်းပိုင်မျိုး လုပ်လိုက်စွာရေ အုပ်ချုပ်သူငါရို့ရေ တိုင်းတပါးသားအုပ်ချုပ်သူတိဖြစ်ပြီးကေ မင်းရို့တိစွာ အအုပ်ချုပ်ခံ ကျွန်လူမျိုး ဖြစ်တေလို့ ပြောလိုက်စွာပင်ဖြစ်တေ။ ကျွန်တော်ရို့က သတ်မှတ်စွာမဟုတ်။ သူရို့လုပ်ရပ်က သူရို့ ဇာတိကို ဖော်ထုတ်ပြလိုက်စွာ ဖြစ်တေ။

အေး . . . ၊ ပြောလိုက်မေ။ ဒေကနိန့် ရခိုင်ပြည်ကို အုပ်ချုပ်နိန်ရေ အုပ်ချုပ်သူတိရေ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စိတ်ဓါတ်နန့် အုပ်ချုပ်စွာမျိုးမဟုတ်ဘဲ၊ မင်းရို့ကကျွန် ငရို့ကသခင် ဆိုရေ ပုံစံမျိုးနန့် အုပ်ချုပ်နိန်ရေ ဆိုကေတော့ခါ၊ ပြောလိုက်ရပါလိမ့်မေ။ သက္ကရာဇ် ၁၁၄၆-ခုနှစ် နတ်တော်လဆန်း ကိုးရက် စနီနိန့်က စတင်ပြီးကေ၊ တောင်ကုတ်နယ် တန်းလွဲချောင်းက ကျားရီဝတ် တောင်မင်းကျော်ထွီး စတင်ဆင်နွှဲခရေ တော်လှန်ရေးရေ မပြီးဆုံးသိလို့ ပြောရပါလိမ့်မေ။ ယပြီးကေ ကျွန်တော်ရို့၊ ကျွန်တော်အပါအ၀င် ရဲဘော်ရဲဘက်များအားလုံးရို့ရေ တောင်မင်းကျော်ထွီး၏ နေရာကို ဆက်ခံ တာဝန်ယူကတ်တေ တောင်မင်းကျော်ထွီး၏ အဆက်အနွယ်များအဖြစ် မိမိကိုယ်ကို ခံယူကတ်တေ လို့ ပြောရပါလိမ့်မေ။ နောက်ပြီးကေတစ်ခါ ရခိုင်ပြည်ကို အဆက်ဆက် အုပ်ချုပ်ခရေ အုပ်ချုပ်သူတိအဆက်ဆက်၊ စစ်တိုင်းမှူးအဆက်ဆက် ယခု လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းအထိ အုပ်ချုပ်သူ အဆက်ဆက် တိကိုလည်း ရခိုင်မြို့ဝန်နန္ဒပကျန်၏ အဆက်အနွယ်တိရာဖြစ်တေလို့ရာ ယူဆရပါလိမ့်မေ။ ဘိုးတော် ဗဒုံမင်း၏ တပ်တိ သိမ်းပိုက်အုပ်ချုပ်ပြီး နောက်ပိုင်း မြောက်ဦးကနိန် ရခိုင်တစ်ပြည်လုံးကို စတင်အုပ်ချုပ်တေ ရခိုင်မြို့ဝန် နန္ဒပကျန်၏ အဆက်အနွယ်တိဖြစ်တေ လို့ရာ ယူဆရပါလိမ့်မေ။

မီးဝသင်္ဘောဖြစ်ရပ် သင်ခန်းစာ
========================
နောက်တစ်ခု ဒေနိန့် ဒေနိန်ရာမှာ တစ်ခုတ်တရပြောချင်စွာ တစ်ခုက ဇာလေးဆိုကေ၊ ဘူးသီးတောင် ဒေသသူ ဒေသသားတိ ဘူးသီးတောင်နယ်ကို ဦးစီးဦးရွက်ပြုနိန်ရေလူတိအပါအ၀င် ရခိုင်လူမျိုး တစ်မျိုးလုံးကို ဦးဆောင်နိန် ကတ်ရရေလူတိ ခေါင်းထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားသင့်ရေ အဖြစ်အပျက်က မီးဝသင်္ဘောမြုပ်တေ ဖြစ်ရပ် ဖြစ်ပါရေ။

မီးဝသင်္ဘောမြုပ်တေဖြစ်ရပ်ကို မမိန့်ရုံမျှမက၊ ယင်းဖြစ်ရပ်နောက်ကွယ်က အဖြစ်အပျက်တိကိုပါ ခြုံငုံ သုံးသပ် ပြီးကေ လက်ရှိပစ္စက္ခနန့် အနာဂတ်အတွက် အသုံးဝင်ရေ သင်ခန်းစာတိကို ဆွဲထုတ်လေ့လာ အသုံးချရဖို့ ဖြစ်ပါရေ။

လွန်ခရေ (၇၂) နှစ်ကျော်ကာလ ၁၉၄၂-ခုနှစ် သြဂုတ်လ (၂၆) ရက်နိန့်မှာ ဘူးသီးတောင်မြို့ဆိပ်ကမ်းနန့် ကောင်းကောင်းမ၀ီးရေ ကုလားပန်းဇင်းချောင်းတစ်နေရာမှာ မီးဝသင်္ဘာမြုပ်ပြီးကေ ရခိုင်သူရခိုင်သား လေးရာ လောက် အသက်ဆုံးရှုံးခကတ်ရရေ။ ယင်းနိန့်ညဇာသား ဆယ်နာရီလောက်မှာ မြို့ကိုဝိုင်းတိုက်တေ ကုလားတိ လက်ချက်ကြောင့် သိခဂတ်ရရေ ရခိုင်သားတိ အရေအတွက်က ရီတွက်လို့မရနိုင်။

၁၉၄၂-ခုနှစ်မှာ မြေပုံမြို့က စဖြစ်တေ ကုလား-ရခိုင် အရေးအခင်းစွာ ဘူးသီးတောင်နယ်ကို ကူးစက်လာပါရေ။ ဖုံညိုလိပ်ရွာက ရခိုင်တိအားလုံးလိုလို ကုလားတိဘားမှာ အသတ်ခံရပြီးကေ မဆိုစယောက်အရေအတွက်ရာ ထွက်ပြီးလို့ လွတ်မြောက် လားခရေ။

အရေးပိုင်ဦးကျော်ခိုင်ကို ကုလားတိသတ်လို့သီလားပြီးရေ နောက်ပိုင်းမှာ ဘူးသီးတောင်မှာရှိရေ ကရင်တပ်စု၊ ဘားမားဗော်လံတီယာတပ်သားတိနန့် ရဲတပ်ဖွဲ့ဝင်တိစွာ မြို့ထက်က ရခိုင်လူငယ်တိနန့် ပူးပေါင်းပြီးကေ မြို့စောင့်ကာကွယ်ရေးတပ်ဖွဲ့ပြီးကေ၊ လေးဘက်လေးတန်က တိုက်ခိုက်နိန်ကတ်တေ ကုလားတိကို နိန့်ပါ ညဥ့်ပါ ခုခံကာကွယ်နိန်ခကတ်ပါရေ။

ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်တောင်ပိုင်းကနိန်တက်လာရေ ဘီအိုင်အေတပ်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် ဦးဆောင်ရေတပ်စွာ ဘူးသီးတောင်ကို တက်လာရေ။

ဗိုလ်ရန်အောင်တပ် ရောက်ရောက်ချင်းမှာ ဒေသငြိမ်ဝပ်ပိပြားရေးကို အကြောင်းပြပြီးကေ စစ်အမိန့်တစ်ခု ထုတ်ပြန်ရေ။ “လက်နက်ဆိုလို့ ဓါးတို တစ်ချောင်းတောင် ကိုင်ဆောင်ထားခြင်းမရှိစေရ” ဆိုပြီးကေ အမိန့်ထုတ်ပြန်ရေ။ ယပြီးကေ ဘူးသီးတောင် မြို့ကို ကုလားရန်ကနိန် ခုခံကာကွယ်နိန်ကတ်တေ ရဲတပ်ဖွဲ့ဝင်ဟောင်းတိနန့် ရခိုင်အရပ်သားတိဘားက လက်နက်တိအားလုံးကို သိမ်းယူရေ။ ယေအခါ ရခိုင်တိမှာ လက်နက်မဲ့ ဖြစ်လားခပါရေ။ ယဂေလေ့သော ကုလားတိလက်ထဲမာကျခါ ဂျပန်တိကို ခံတိုက်ဖို့အတွက်ဆိုပြီးကေ ဗြိတိသျှက ထုတ်ပီးထားခရေ လက်နက်တိ ရှိနိန်ပါရေ။

ယင်းပိုင်လက်နက်သိမ်းပြီးများမကြာခင်မှာ ဗိုလ်ရန်အောင်တပ်ရေ မပြောမဆို ဆိုင်းမဆင့်ဗုံမဆင့်နန့် မြို့လူထု ကို တစ်ခုလေ့ မပြောဘဲနန့် ဘူးသီးတောင်ကနိန် ဆုတ်ခွာပြီး အောက်ဖက်ကို စစ်တွေဖက်ကို ပြန်ဆင်းပါရေ။

ယင်းနိန့် ဘူးသီးတောင်ဆိပ်ကမ်းမှာ သင်္ဘောနှစ်စီးကပ်လို့ ဟိနိန်ပါရေ။ တစ်စီးနာမေက Progress ။ နောက် တစ်စီး နာမေက မီးဝ။ ယင်းနှစ်စီးမှာ အင်ဂျင်ပါရေ Progress သင်္ဘောထက်ကို ဘီအိုင်အေ တပ်သားတိ တက် ကတ်တေ။ နောက်ကလိုက်တက်ဖို့ကြိုးစားရေ အရပ်သားတိကို ဘီအိုင်အေတပ်သားတိက သေနတ်နန့် ပစ်တေ။ သီတော့မသီ၊ နည်းနည်းပါးပါး ဒဏ်ရာရစွာလောက်ရာရှိရေ။ အင်ဂျင်မပါရေ သင်္ဘော မီးဝသင်္ဘောကို ကြိုးနန့်ချိုင်ပြီးကေ ရှိ့က Progress သင်္ဘောက ကြိုးနန့် ဆွဲထားရေ။ ယင်းမီးဝသင်္ဘောထက်ကို အရပ်သားတိ အလုအယက်တက်ကတ်တေ။ သင်္ဘောဝမ်းခေါင်းမကျန် လူအပြည့်။ ကံဆိုးချင်စွာက ယင်းမီးဝသင်္ဘော ၀မ်းခေါင်းမှာ အပေါက်တိဟိနိန်လီရေ။ ယင်းအပေါက်တိက ရီဝင်လို့ သင်္ဘော စမြုပ်တေ ဆိုစွာနန့် ရှိ့က Progress က ကြိုးကိုဖြတ်ချပလိုက်တေ။

လူလေးရာလောက်ရီမြုပ်လို့သီပါရေ။ ဆရာတော်ဦးပညာသီဟ အပါအ၀င် လူငါးဆယ်လောက်ကိုရာ အသက်ကယ်လို့ ရလိုက်တေ။ ယင်းနိန့်ညဇာသား ဆယ်နာရီမှာ လက်နက်ကိုင်ထားရေ ကုလားတိ ၀င်တိုက် တေ။ ရခိုင်သားတိ အတုံးအရုံးသီရေ။ ဘူးသီးတောင်-မောင်တောစွာ ကုလားလက်ထဲကို လုံးဝကျလားခရေ။

ဒေ မီးဝသင်္ဘောဖြစ်ရပ်မှာ ထုတ်နှုတ်ယူရဖို့ သင်ခန်းစာတစ်ခုကို ပြောပြချင်ပါရေ။ ယင်းသင်ခန်းစာကို ရခိုင် ဆိုရိုးစကားချေတစ်ခု နန့် ပြောပြချင်ပါရေ။ ကိုယ့်မှာမဟိကေ ပြည်မှာမဟိ လတ်။ ဖေ့သာကိစ္စကို ပြောကတ် တေအခါ ကိုယ့်မှာမဟိကေ ပြည်မှာမဟိ လို့ ဆိုတတ်ကတ်တေ။ ကိုယ့်မှာဟိမှ ပြည်မှာဟိရေလတ်။ ပြည်မှာဟိစွာကို အားမကိုးခင် ကိုယ့်မှာဟိအောင် အရင်ကြိုးစားဖို့လိုပါရေ။

ဒေဆိုရိုးစကား “ကိုယ်မှာမဟိကေ ပြည်မှာမဟိ” ဆိုစွာရေ ဖေ့သာကိစ္စတစ်ခုတည်းမှာရာမဟုတ်၊ မိမိကိုယ်ကို ကာကွယ်ဖို့ လက်နက် ကိစ္စမှာလည်း အတူတူဗျာလ်ဖြစ်တေလို့ ကျွန်တော် ပြောချင်ပါရေ။
နောက်ထပ်နှိုင်းယှဉ် သင်ခန်းစာယူစရာဖြစ်ရပ်တစ်ခုကတော့ခါ ၂၀၁၂ ဇွန်လအတွင်းမှာ ဘင်္ဂါလီတိက ဘူးသီးတောင်-မောင်တောမှာ တိုင်းရင်းသားမျိုးနွယ်စုတိကို လူမျိုးတုံးသတ်ဖြတ်ဖို့ကြံစည်မှုဖြစ်ပွားခရာမှာ၊ မောင်တောမြို့နယ်မှာကျခါ ရခိုင်တိုင်းရင်းသား မဟုတ်တေ နစက ကွပ်ကဲရေးမှူးတိ၏အားနည်းချက်ကြောင့် ထိထိရောက်ရောက် လျင်လျင်မြန်မြန် တုံ့ပြန်မှုမလုပ်နိုင်ခရေအတွက်ကြောင့်၊ တိုင်းရင်းသားအချို့ အသက် ဆုံးရှုံး ခကတ်ရရေ။ ယကေလေ့သော ယင်းအချိန်က ဘူးသီးတောင်မှာ ရခိုင်တိုင်းရင်းသား ရဲတပ်ဖွဲ့ဝင်တိက ထိထိရောက်ရောက်ကြိုတင်ပြင်ဆင် တားဆီးနိုင်ခလို့ ဘင်္ဂလီတိဆူပူသောင်းကျန်းပြီးကေ တိုင်းရင်းသားတိကို အသက်အန္တရာယ်ရန်ရှာစွာ မဖြစ်ရအောင် ကြိုတင်တားဆီးနိုင်ခရေ။

ယင်းအတွက်နန့် နောက်နောင်မှာလည်း ၁၉၄၂ မီးဝသင်္ဘောဖြစ်ရပ် ဖြစ်ပြီးကေ ရခိုင်သားတိ ဇာဖြစ်လို့ အသက် ဆုံးရှုံးခရလေဆိုစွာ နန့် နောင်နှစ်ပေါင်း ၇၀အကြာ ၂၀၁၂ ဘူးသီးတောင်မှာ ရခိုင့်အသက်တိကို ကုလား သတ်ဖို့ ဒဏ်ကနိန်ဇာပိုင် ကာကွယ်နိုင်ခလေးဆိုစွာ ဒေဖြစ်ရပ်နှစ်ခုထဲက သင်ခန်းစာတိကို သုံးသပ်ရယူပြီးကေ မိမိရို့ရခိုင်လူ့အသိုက်အ၀န်းရေ စဉ်ဆက်မပြတ် တည်တံ့နိုင်အောင် ကြိုးပမ်းကြံစည်ကတ်ဖို့စွာကို ဘူးသီးတောင်သူ ဘူးသီးတောင်သားများအား ကျွန်တော် တိုက်တွန်းလိုပါရေ။

ငှက်တို့မည်သည် ပျံရင်းသေ
==================
ဘူးသီးတောင်-မောင်တောဒေသက ရခိုင်အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စု အားလုံးရို့၏ အသက်ရှင် ရပ်တည် ရေး၊ အသက်အိုးအိမ်စည်းစိမ် တည်မြဲရေးဆိုစွာရေ အမှားအယွင်းအဖြစ် လုံးဝမခံနိုင်ရေ အနီအထားမှာ ဟိပါ ရေ။

ဒေပိုင်အနီအထားမှာဟိရေ လူ့အသိုက်အ၀န်းကို ဦးဆောင်ဖို့ဆိုစွာ ရွီးကောက်ပွဲတစ်ပွဲကိုနိုင်ရုံသက်သက် ရည်မှန်းသော ယင်းရွီးကောက်ပွဲမှာနိုင်ပြီးကေ ဆောက်လုပ်ရေးကန်ထရိုက်တိလုပ်ပြီးကေ ချမ်းသာရုံ သက်သက်ကို ရည်မှန်းသော နိုင်ငံရေသမားတိ လက်ထဲကို ၀ကွက်အပ်ပလိုက်ဖို့ လုံးဝမဖြစ်နိုင်ပါ။

ထိုနည်းတူစွာ ရခိုင်လူမျိုးတစ်မျိုးလုံး၏ ကံကြမ္မာစွာလည်း ဘူးသီးတောင်မောင်တောက ရခိုင်သားတိ ရပ်တည်နိန်ရရေ အနိန်အထားပိုင်ရှောင် လုံးဝ အမှားအယွင်းမခံနိုင်ရေအနီအထားဖြစ်ပါရေ။ တစ်ပွဲတိုး နိုင်ငံရေးသမားတိ လက်ထဲကို ၀ကွက်အပ်လို့ လုံးဝမရရေ အနီအထားဖြစ်ပါရေ။

ဆိုရိုးစကားတစ်ခွန်းဟိပါရေ။ “ငှက်တို့သည် ပျံရင်း သေ၏။ လူတို့သည် ကြံရင်းသေ၏” လို့ဆိုပါရေ။ လူရို့၏ လူ့ဘောင်လောကမှာ အကြံကြီးကြီးကြံပြီး ဖြစ်မြောက်အောင် လုပ်နိုင်ရေလူတိက လောကကို စိုးမိုးထားစွာ ဖြစ်ပါရေ။ လူသတ္တ၀ါရေ ဆင်ထက် အကြံကြီးဥာဏ်ကြီးရေအတွက်ကြောင့် ဆင်ထက်ကတက်စီးပြီးကေ ဆင်ကို ခိုင်းနိုင်စွာဖြိုက်တေ။ အမေရိကန်စွာ ကမ္ဘာမှာ အကြံဥာဏ်အကြီးဆုံးဖြစ်လို့ ကမ္ဘာဇာတ်ခုံမှာ အေနိန့် ထက်ထိ အင်အားအကြီးဆုံး ဇာတ်ကောင်အနိန်နန့် ရပ်တည်နိုင်စွာဖြစ်ပါရေ။

လူ့ဘုံခန်းဝါမှာ အကြံအစည်အမျိုးမျိုး ဥာဏ်အမျိုးမျိုးဟိကတ်တေအနက် အသက်ရှင်ရပ်တည်မှုအတွက် တိုးတက်ကြီးပွားမှုအတွက် အရေးအကြီးဆုံးဥာဏ်ကတော့ခါ မဟာဗျုဟာမြောက်ကြိုတင်မြော်မြင် လှမ်း ကြည့်ပြီးကေ ပြင်ဆင်လုပ်ကိုင်နိုင်ရေ ဥာဏ်ဖြစ်ပါရေ။ strategic-minded လို့ အင်္ဂလိပ်ပိုင် ပြောကေ ရဖို့ လား မပြောတတ်ဗျာလ်။

ယင်းအချက် အရေးကြီးရေဆိုစွာကို ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်က ပြောဖူးပါရေ။ “ရိုးရိုးနိုင်ငံရေးသမား (politician) ဆိုစွာ လာဖို့ ရွီးကောက်ပွဲ လောက်ကိုလှမ်းမျှော်ကြည့်ရေ။ နိုင်ငံပြုသုခမိန် (statesman) ဆိုစွာ နောက်လာဖို့ မျိုးဆက်တစ်ဆက်အထိ လှမ်းမျှော်လို့ ကြည့်ရေ” လို့ဆိုပါရေ။

အနာဂတ်ကို လှမ်းမျှော်ကြည့်လို့မြင်နိုင်ဖို့အတွက်က ဒိဗ္ဗစက္ကုဥာဏ်မလိုပါ၊ နတ်မျက်စိ မလိုပါ။ မိမိရို့လူမျိုး၏ အ၀ီးအတိတ် နန့် အနီးကပ်အတိတ်က ဖြစ်ပျက်ခစွာတိကို ကုံကုံလုံလုံ ထဲထဲဝင်ဝင် သိရှိနားလည်ပြီးကေ၊ လက်ရှိမှာ ရှိနိန်ရေ မြေပြင်အခင်းအကျင်း လက်တွိ့အချက်အလက်တိနန့် သုံးသပ်ကြည့်ပြီးကေ အနာဂတ်ကို လှမ်းမြော်မြင်နိုင်ခရေ ခေါင်းဆောင်မှုတိကို သမိုင်းမှာကြည့်ကေ တွိ့နိုင်ပါရေ။

ဥပမာ - ရဲဘော်သုံးကျိပ်ပေါ်လာရေ ကိစ္စ၊ ဥပမာ - အစ္စရေးက ဘင်ဂူရီယန် ဂျူးတိ အသတ်ခံရဖို့စွာကို ကြိုသိနီရေ ကိစ္စရို့ကို နမူနာအဖြစ်ကြည့်နိုင်ပါရေ။

ကမ္ဘာမှာ ပထမကမ္ဘာစစ်ဖြစ်ပြီးကေ ဒုတိယကမ္ဘာစစ်ဘက်ကို ဦးတည်လားနိန်ရေအချိန် ၁၉၃၀ ကျော်နှောင်းပိုင်း ၁၉၄၀ လောက်မှာ မြန်မာနိုင်ငံထဲမှာ ဗမာလူမျိုးလက်နက်ကိုင်တပ်လို့ လုံးဝမရှိသိ။ အင်္ဂလိပ်တိကို သစ္စာဟိရေ တောင်ပေါ် တိုင်းရင်းသားတိကိုရာ အင်္ဂလိပ်တိက လက်နက်တပ်ဆင်ပီးထားရေ။ ကချင်လက်နက်ကိုင် တပ်ရင်းတိ ဟိရေ။ ကရင်လက်နက်ကိုင်တပ်ရင်းတိ ဟိရေ။ ဗမာတိလက်ထဲမှာ လက်နက်လုံးဝမရှိ။ ဆိုရေအခါ . . . ယင်းအချိန် ယင်းကာလက ဗမာလူမျိုးကို ဦးဆောင်နိန်ရေမျိုးဆက် သခင်ကိုယ်တော်မှိုင်းရို့ ဒီးဒုတ်ဦးဘချို သခင်မြရို့ အစရှိရေ သခင်အောင်ဆန်းရှိက မျိုးဆက်က အနာဂတ်ကို လှမ်းမျှော်ကြည့်ရေအခါ၊ ကမ္ဘာမှာ ဖြစ်ပေါ်နိန်ရေ အနေအထားအခင်းအကျင်းအရ လာဖို့ လေးငါးနှစ်ကာလမှာ အပြောင်းအလဲအကြီးကြီး ဖြစ်လာဖို့စွာကို လှမ်းမြင်ရေ။ ယင်းပိုင်အပြောင်းအလဲအကြီးကြီးဖြစ်လာရေအခါ ဗမာတိ လက်ထဲမှာ လက်နက်ရှိနိန်ဖို့လိုရေ။ ယင်းပိုင်မြော်မြင်တွက်ဆချက်နန့် သခင်အောင်ဆန်းရို့ပိုင် လူငယ်တိပါဝင်ရေ ရဲဘော်သုံးကျိပ်ကို စစ်ပညာသင်ဖို့စေလွှတ်ပြီးကေ ဘီအိုင်အေတပ်ကို ထူထောင်စွာဖြစ်ပါရေ။ ဘီအိုင်အေတပ်စွာ ဗမာတပ်ဖြစ်ပါရေ။

တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော် အနိန်နန့် ထူထောင်ခစွာ မဟုတ်။ ဗမာလူမျိုးတပ်မတော် အနိန်နန့် ထူထောင်ခစွာဖြစ်ပါရေ။ ဘီအိုင်အေ၏ အမြူတေဖြစ်သော ရဲဘော်သုံးကျိပ်ကိုကြည့်လိုက် . . . ။ အားလုံးဗမာတိ ဂျေးယာ။ ယင်းပိုင် ဗမာလူမျိုး အခြေခံရေ တပ်မတော်ကို ထူထောင်ပြီးကေ နိုင်ငံရေးအရ ဗမာဦးစီးသော လွတ်မြောက်တေ နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ထူထောင်ဖို့လမ်းကို ခင်းနိုင်ခကတ်တေ။ ယင်းအတွက်နန့်ပင် အဂု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိမှာ ပြောကတ်စွာကိုကြားရရေ၊ လက်ရှိတပ်မတော်ကို ပြည်ထောင်စုတပ်မတော် ဖြစ်အောင် အသွင်ပြောင်းဖို့ လိုရေ လို့ ပြောကတ် ဆိုကတ်စွာတိကို ကြားရစွာဖြစ်ပါရေ။

_____Coral Arakan News

ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း(၂)


ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း(၂)
===============================

နောက်ဥပမာတစ်ခုက ဒေးဗစ်ဘင်ဂူရီယန်ဆိုရေ ဂျူးလူမျိုးခေါင်းဆောင်စွာ အခုနကပြောရေ ဒုတယကမ္ဘာစစ် မတိုင်ခင် ကာလလောက်ကပင် လက်တွိ့တွိ့မြင်နီရရေ အချက်အလက်တိကို ကြည့်ပြီးကေ လှမ်းမြင်ရေ။ ဂျာမနီမှာ ဟစ်တလာ အာဏာရကေ ဥရောပတိုက်ကို နာဇီဂျာမနီက သိမ်းဖို့ကြိုးစားဖို့ဆိုစွာကို လှမ်းမြင်ရေ၊ ယင်းဟင့်နန့် တစ်ဆက်တည်း ဥရောပမှာ ဂျူးလူမျိုးတိ သန်းချီလို့အသတ်ခံရဖို့ဗျာလ်ဆိုစွာကို လှမ်းမြင်ပါရေ။ ယင်းအချက်တိကို ဘင်ဂူရီယန်ကြိုလို့ပြောခရေ။ တင်ကြိုလို့ ရီးသားပြောဆို တပ်လှန့်ခရေ။ များမကြာခင်မှာ သူကြိုတင်စိုးရိမ်ထားရေအတိုင်းဖြစ်လာခရေ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဟစ်တလာ ဦးဆောင်သော နာဇီဂျာမနီက သတ်လို့ ဂျူးလူမျိုးပေါင်း ခြောက်သန်းလောက်သီလားခရေ။

ယင်းအခြေအနေယင်းပိုင်ဖြစ်ပျက်လာဖို့စွာကို ဘင်ဂူရီယန်ခေါင်းဆောင်သော ဂျူးလူမျိုးခေါင်းဆောင်တိက ကြိုတင်တွက်ဆမြင်ခကတ်ကေလေ့သော တားဆီးဖို့ အင်အား ယင်းပိုင်မဖြစ်လာအောင် ဟန့်တားဖို့အင်အား မရှိခ။ ယင်း အခြေအနေကြားထဲမှာ မိမိရို့လူမျိုး၏ လာဖို့အနာဂတ်မှာ အကောင်းဆုံးဖြစ်အောင်ဇာပိုင်လုပ်ဖို့လဲ ဆိုစွာကိုရာ ဘင်ဂူရီယန်ရို့လုပ်နိုင်ခကတ်တေ။ သူရို့ဇာလုပ်တေလေးဆိုကေ၊ လွန်ခရေ နှစ်ထောင်ပေါင်း များစွာက ဂျူးလူမျိုးတိ အခြီစိုက်နီထိုင်ခကတ်ပြီးကေ လွန်ခရေနှစ်ပေါင်းသုံးထောင်က သူရို့နှင်ထုတ်ခံရလို့ ထွက်လား ခရရေ ယင်းလက်ရှိအချိန်မှာ ပါလက်စတိုင်းလို့ခေါ်ရေ နယ်မြေမှာ ဂျူးလူမျိုးတိအတွက် အစ္စရေး နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ပြင်ဆင်မှုတိ လုပ်ကတ်ပါရေ။

ယင်းပိုင်လုပ်တေနီရာမှာ ဘင်ဂူရီယန်ရို့ ဂျူးခေါင်းဆောင်တိရေ အဓိကအလုပ်နှစ်ခုကို လုပ်ပါရေ။ နံပါတ်တစ်၊ ကမ္ဘာအရပ်ရပ်က ဂျူးလူငယ်လူရွယ်တိကို စုစည်းပြီးကေ ဗြိတိသျှအင်္ဂလိပ်စစ်တပ်ကို ၀င်ပြီးကေ အင်္ဂလိပ်တိဖက်က ဒုတိယ ကမ္ဘာစစ်မှာ ၀င်တိုက်ပီးကတ်ဖို့ နှိုးဆော်ရေ၊ ဆော်သြရေ၊ အင်္ဂလိပ်စစ်တပ်ကို ၀င်ပြီးကေ နာဇီဂျာမနီကို တိုက်ကတ်ဖို့ကို နှိုးဆော်လုပ်ဆောင်ကတ်တေ။

အင်္ဂလိပ်နိုင်ပြီးကေ ဟစ်တလာစစ်ရှုံးမှရာ ဂျူးလူမျိုးတိအတွက် အခြေအနေကောင်းဖို့အတွက်ကြောင့် ဖြစ်ပါရေ။ ယပြီးကေ နံပါတ်နှစ်လုပ်စွာက ယင်းအချိန်က ပါလက်စတိုင်းကို အုပ်ချုပ်ထားရေ အင်္ဂလိပ်တိ၏ အမိန့်ကို ဆန့်ကျင်ပြီးကေ ကမ္ဘာအရပ်ရပ်က ဂျူးလူမျိုးတိကို ကုန်းတစ်သွယ် ရီတစ်ကြောင်း သင်္ဘောကြီးငယ် အသွယ်သွယ်နန့် ပါလက်စတိုင်းထဲကို ခိုးလို့သွင်းပါရေ။ နယ်မြေကိုပိုင်စိုးရေဆိုစွာ ယင်းနယ်မြေထဲမှာ လူဦးရေရှိမှ ပိုင်စိုးလို့ ရရေအတွက်နန့် ဂျူးလူမျိုးတိကို အစုလိုက်အပြုံလိုက် ခိုးသွင်းစွာဖြိုက်ပါရေ။ ယင်း ခိုးသွင်းလာရေ လူတိကို ဂျေရုဆလင်ပိုင်မြို့ကြီးတိမှာ စုလို့ထားဖို့အစား မြို့မဟုတ်တေ ကျေးလက်နယ်မြေတိ၊ သဲကန္တရတိမှာ ဖြန့်လို့ထားရေ။
ဇာဖြစ်လို့ဖြန့်လို့ထားလေး ဆိုကေ နယ်မြေပိုင်စိုးမှုကို ရည်ရွယ်လို့လုပ်စွာ ဖြစ်လို့ ဖြစ်ပါရေ။ ပါလက်စတိုင်းကို ပိုင်စိုးဖို့လိုပါရေ။
ဒေနေရာမှာ ကျွန်တော်ရို့ရယူနိုင်ရေ သင်ခန်းစာက ဇာပါလေး။ ဘင်ဂူရီယန်ရို့ရေ တစ်ဘက်က အင်္ဂလိပ် မဟာမိတ်ဘက်က ၀င်တိုက်နီစွာနန့် တစ်ပြိုင်တည်းမှာ အင်္ဂလိပ်အစိုးရ၏ အမိန့်ကို ဖီဆန်ပြီးကေ လူခိုးသွင်း ခကတ်တေ။ အင်္ဂလိပ်တိက ဇာကိုစိုးရိမ်လေးဆိုကေ၊ ဂျူးလူမျိုးလူဦးရေများပါလတ်ကေ အယင်ရှိနိန်ပြီးသား အာရပ်မူဆလင်တိနန့် ပဋိပက္ခဖြစ်ဖို့စွာကို စိုးရိမ်လို့ ဂျူးလူမျိုးတိကို မသွင်းရလို့ ကန့်သတ် အမိန့်ထုတ် ထားစွာဖြစ်ပါရေ။ ဘင်ဂူရီယန်ရို့က ယင်းအမိန့်ကို ဖီဆန်လုပ်ဆောင်ပြီးကေ ကမ္ဘာတစ်ဝှမ်းလုံးမှာ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခြင်းခံနိန်ရရေ ဂျူးလူမျိုးတိအတွက် လုံခြုံဘေးကင်းသောနိုင်ငံတစ်ခုကို တည်ထောင်နိုင် ခကတ်ပါရေ။

သင်ခန်းစာကဇာလေးဆိုကေ မိမိရို့လူမျိုးတည်တံ့နိုင်ဖို့အတွက် မဟာဗျူဟာမြောက်အလုပ်တိကို လုပ်တေ နီရာမှာ လက်ရှိအုပ်ချုပ်သူအစိုးရက ဇာမလုပ်ရ ညာမလုပ်ရလို့ တားမြစ်ထားစွာတိကို မိမိရို့၏ ဥာဏ်နန့် ကျော်လွန် လုပ်ဆောင်နိုင်ဖို့လိုပါရေ။

ဥာဏ်နှင့်ယှဉ်သော ပြင်ဆင်လုပ်ဆောင်မှု
================================
၁၉၁၈၊ ၁၉၁၉ ပတ်ဝန်းကျင်၊ ဆရာတော်ဦးဥတ္တမက အိန္ဒိယပြည် နန့် မြန်မာပြည်ရို့ နယ်ချဲ့အင်္ဂလိပ် လက်အောက်က လွတ်မြောက်အောင်ကြိုးပမ်းကတ်ရဖို့လို့ စပြီးကေ မြန်မာပြည်အနှံ့တရားတိ လည်ဟောနိန် ရေအချိန်မှာ၊ အာရေဗီးယားကျွန်းဆွယ်မှာ တီအီးလေရင့်စ် လို့ အမည်ရရေ အင်္ဂလိပ်လူမျိုး စစ်ထောက်လှမ်းရေး အရာရှိတစ်ယောက်စွာ အစိတ်စိတ်အမွှာမွှာ တကွဲတပြားဖြစ်နိန်ကတ်တေ ကုလားအုတ်စီး အာရပ်မျိုးနွယ်စု တိကို စုစည်းခေါင်းဆောင်ပြီးကေ ဖိနှိပ်သူ တူရကီလူမျိုးတိကို ပြောက်ကျားစစ်နန့် တိုက်ပွဲဝင်ခလို့ ရှိနိန်ပါရေ။

အီဂျစ်မှာအခြေစိုက်တေ အင်္ဂလိပ်စစ်ဗိုလ်ချုပ်တိက အခုနကပြောခရေ လောရင့်စ်ကို ညွှန်ကြားပါရေ။ ညွှန်ကြား ချက်က ဇာပိုင်ဆိုလေးဆိုကေ၊ မင်းစုလို့ရထားရေ အာရပ်တိနန့် မဒီနာမြို့ကို ၀င်တိုက်ပါ လတ်။ မဒီနာဆိုစွာ မက္ကာမြို့အနားက မြို့အကြီးကြီး။

စနစ်တကျလေ့ကျင့်ထားရေ တူရကီတပ်တိ လက်နက်အပြည့်အစုံနန့်၊ ကတုတ်ကျင်းတိနန့် ဆက်သွယ်ရေးစနစ်အပြည့်အစုံနန့် မဒီနာမှာ အခြေစိုက်ထားကတ်စွာ။ ယေအခါ လောရင့်စ် က စိုင်းစားရေ။ ငါမှာရှိစွာ ကုလားအုတ်စီး အာရပ်တိစွာ ရိုင်ဖယ်ကိုတောင်ကောင်းကောင်မပစ်ဖူး။ ဗြန်းဇိကာရနန့် အမိန့်နာခံမှုလည်းအားနည်းရေ။ အမြဲတမ်းတပ်တိ ရင်ဆိုင်တိုက်တေ တိုက်ပွဲမျိုးမှာ စနစ်တကျ တိုက်နိုင်ခြေ မဟိ။ အေပိုင်အာရပ်တိကို ဦးစီးပြီးကေ မဒီနာက တူရကီတိကို လားတိုက်ကေ အားလုံး ကိုယ့်စကို သတ်သီစွာ နန့် အတူတူဗျာလ်မနားယေ။

ယကေ ငရို့ ကုလားအုတ်စီးအာရပ်တိ၏ အားသာချက်တိက ဇာလေး။ ဘီဒူအင်းအာရပ်တိစွာ အကြမ်းခံရေ။ သဲကန္တရထဲမှာ အမြန်ဆုံးနှုန်းနဲ့ ခရီးပြင်းနှင်နိုင်ရေ။ နွေရာသီခေါင်ခေါင်မှာတောင် သဲကန္တရထဲမှာ တစ်ရက်တည်းနန့် မိုင်တစ်ရာတစ်ဆယ် ခရီးပေါက်အောင် ခရီးပြင်းနှင်နိုင်ရေ။ ဒေသနယ်မြေ အနေအထားကို ကျွမ်းကျင်ရေ။ ယင်းအတွက်နန့် ငါရို့လူတိ၏ အားသာချက်စွာ လျင်မြန်စွာရွေ့လျားနိုင်မှုဖြစ်တေ။ ထိပ်တိုက် တိုက်ခိုက်မှု အင်အားမဟုတ်။ “Our cards were speed and time, not hitting power.” လို့ လောရင့်စ်က တွက်ဆကြည့်ရေ။ ယင်းတွက်နန့် တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကေ တိုက်ရိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ကေ တူရကီတိ အနိုင်ရဖို့လို့ လောရင့်စ်က တွက်ဆကြည့်မြင်မိရေ။

ယကေ မဒီနာမြို့ကို တိုက်ရိုက်တိုက်လို့မသိမ်းဘဲနန့်၊ မဒီနာကို ပတ်ပတ်လည်ဝိုင်းထားရေ ကျယ်ပြောရေ ကန္တရ နယ်မြေကို အုပ်စီးထားနိုင်ဖို့ဆိုကေ၊ တူရကီတိစွာ မဒီနာမြို့ထဲမှာ ခံစစ်အနေအထားခံနိန်ပြီးကေ တစ်နိန်ရာကိုလေ့ ထွက်လို့မလားနိုင်အောင်လုပ်ထားနိုင်ကေ၊ မဒီနာမြို့ကို သိမ်းနိုင်စွာနန့် ခပ်ဆင်ဆင် ဗျာလ်ယေ ဆိုပြီးကေ လောရင့်စ်သုံးသပ်မိပါရေ။

ယင်းအတွက်နန့် လောရင့်စ်ရို့စွာ ထိပ်တိုက်တိုက်ပွဲ မဆင်နွှဲဘဲနန့် မဒီနာ ပတ်ပတ်လည်က ရထားလမ်းတိကို ဖျက်ဆီးရေ။ ဖေါက်ခွဲရေ။ ၁၉၁၇-ခုနှစ် နွီရာသီ အစောပိုင်းမှာ မဒီနာပတ်ပတ်လည်က ရထားလမ်းပိုင်း (၂၅) နေရာကို မိုင်းခွဲဖျက်ဆီးပစ်နိုင်ခရေ။ ထို့နောက်မှာ ရထားတိကို အကြိမ်ကြိမ်၊ သံကြိုးလိုင်းတိကို အကြိမ်ကြိမ် ဖျက်ဆီးနိုင်ခရေ။ ထိုနည်းဗျူဟာကိုကျင့်သုံးပြီးကေ လောရင့်စ်ရို့ရေ တူရကီတိကို မဒီနာမြို့က တစ်လက်မတောင်ထွက်လို့မရအောင် လုပ်ထားနိုင်ခရေ။ သင်ခန်းစာ က မိမိ အနီနန့် ရင်ဆိုင်တိုက်ဖို့အင်အားမရှိရေ ရန်သူကို ရင်ဆိုင်မတိုက်ဖို့ ဆိုရေ သင်ခန်းစာ ဖြစ်ပါ ရေ။

ယင်းအတွက်နန့် ဆိုပါဖိ . . . စိုင်းစားပြပါမေ။ ရခိုင်ပြည်တွင်း အနိန်အထားကို ပြောစွာပါ၊ ရခိုင်ပြည်ပ အနိန်အထားတိကို ဆိုလိုစွာ မဟုတ်ပါ။ အေနိန့်အေအချိန်မှာ ကျွန်တော်လည်း ကိုယ့်စကို တောင်မင်းကျော်ထွီး ၏ အဆက်အနွယ် ရခိုင်သူပုန်ဆိုပြီး ရခိုင်တပ်ကိုထောင်၊ အမြဲတမ်းတပ်မတော်ပုံစံနန့် တပ်ကိုထောင်၊ စီတန်း လမ်းလျှောက်လုပ်၊ မြန်မာတပ်မတော်နန့် ရင်ဆိုင်တိုက်ပွဲတိုက်ခိုင်းကြည့်။ အားလုံးကိုယ့်လူတိကို စု,စုပြီးကေ သီခိုင်းစွာနန့် အတူတူ ဗျာယ်ယေ။
အမြဲတမ်းတပ်မဟုတ်ကေ၊ ပြောက်ကျားတပ်နန့်ပျင်မေဝေ၊ ဆိုပြီးပြောက်ကျားတပ်လုပ်ကေလည်း ပြောက်ကျား တိကို ဖြတ်လေးဖြတ်နန့် ဇာပိုင်ချေမှုန်းရဖို့လေး ဆိုစွာကို မြန်မာ့တပ်မတော်က ကျွမ်းကျင်ပြီးသား၊ အများကြီး လုပ်ဖူးပြီးသား။

အချိန်နန့်် နီရာ၊ ကာလဒေသ မဆီလျော်ရေ ရင်ဆိုင်တိုက်ပွဲတိကိုလုပ်ကေ၊ ဆရာစံရို့ ဂဠုန်သူပုန်ပိုင် အင်္ဂလိပ်တိဘားမှာ အချေမှုန်းခံရလိမ့်မေ။ ဗိုလ်အောင်ဆန်းပိုင် ကာလဒေသဆီလျော်ကေတော့ခါ ဘီအိုင်အေ ပိုင် တပ်မျိုးကို ထောင်နိုင်၊ လွတ်လပ်ရေးတိုက်ပွဲဝင်နိုင်ပါလိမ့်မေ။

အေး ဟုတ်ဗျာလ်၊ အမြဲတမ်းတပ်လေးမထောင်နိုင်၊ ပြောက်ကျားတပ်လေး အလုပ်မဖြစ်နိုင် ဆိုကေ ဇာလုပ် ကတ်ဖို့တောင်။ လုံးဝ အပျော့ထည်အဆင့်ကို လျှော့ချပြီးကေ အလုပ်လုပ်ကတ်ရဖို့ဖြစ်ပါရေ။ ကျွန်တော်ရို့ကို ဖမ်းဆီးလို့မရအောင် ဖမ်းဆီးနိုင်ခွင့်မရှိအောင် လက်နက်မကိုင်ဂဲ့၊ အစိုးရကတားမြစ်ထားသော မတရားအသင်းဆိုစွာကိုလည်းမထောင်ဂဲ့၊ ယင်းမရားအသင်း ဆိုစွာတိနန့်လည်း အဆက်အသွယ်မလုပ်ဘဲ နန့် ရခိုင်ပြည်တွင်းမှာ နိန်၊ ရခိုင်ပြည်သူလူထုနန့်ထိတွေ့၊ ရခိုင်လူမျိုးရို့၏ ပြဿနာတိကို ၀ိုင်းဝန်းကူညီဖြေရှင်းပီး၊ တရားဝင်နိုင်ငံရေးအာဏာကို ရခိုင်တိအတွက် တိုးတက်ရရှိနိုင်အောင်ကြိုးပမ်း၊ တိကျရှင်းလင်းပြတ်သားရေ နိုင်ငံရေးလမ်းကြောင်းကို ရခိုင်လူထု သိမြင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင်ဖန်တီး၊. . . ယင်းပိုင် ယင်းပိုင် လုံးဝ အပျော့ထည်လိုင်းကနိန် ဆင်းလို့လုပ်၊ ယင်းကနိန် တဖြည်းဖြည်း တစ်ဆင့်ပြီးတစ်ဆင့် ပိုမို အားကောင်းခိုင်ခံ့အားကောင်းသော နိုင်ငံရေးအင်အားတိကိုပါ ဖန်တီးတည်ဆောက်လားနိုင်ဖို့ ဆိုရေ နည်းလမ်းရေ ကျွန်တော်ရို့ လက်ရှိပြည်တွင်းထဲမှာ လားနီရေလမ်းကြောင်းဖြစ်ပါရေ။

မိမိကိုယ်ကိုသိ ရန်သူအကြောင်းကိုသိ
=========================
ဒေကနိန့် ဟောပြောချက်မှာ နိုင်ငံရေးပိုင်းအသေးစိတ် ဆွေးနွေးချက်ထက် သဘောတရာရေးပိုင်းက ယေဘုယျ သဘောတိကို ဆွေးနွေးလားဖို့ ရည်မှန်းထားပါရေ။ လက်ရှိနိုင်ငံရေး ရပ်တည်ချက်ကို နောက်ပိုင်းကျမှ တစိချေလောက် ပြောခပါမေ။
ကမ္ဘာမှာ နာမည်အကြီးဆုံး စစ်ရေး မဟာဗျူဟာ ပညာရှင် ဆွန်ဇူး၏ နာမေကြီး စကားတစ်ခွန်းဟိပါရေ။ “If you know the enemy and know yourself, you need not fear the result of a hundred battles.” မိမိအကြောင်းကိုလည်း ကောင်းစွာသိ၊ ရန်သူ့အကြောင်းကိုလေး ကောင်းစွာသိကေ၊ တိုက်ပွဲပေါင်း တစ်ရာ တိုက်လို့ တစ်ပွဲရှုံးဖို့လောက်ကိုတောင် ကြောက်နိန်စရာမလို ဆိုရေ သဘောကို ဆွန်ဇူးကပြောစွာဖြစ်ပါရေ။

ရန်သူအကြောင်းကို ကိုယ်မသိခင်မှာ ကိုယ့်အကြောင်းကိုကိုယ် ကောင်းကောင်းကြီး နားလည်ထား သဘောပေါက်ထားဖို့လိုပါရေ။ ကိုယ်မှာ အားမရှိကေ ကိုယ့်မာအားမရှိကြောင်းကို သိနိန်ရပါဖို့။ ကိုယ်အားနည်း ကေ ကိုယ်ဇာလောက်အထိအားနည်းရေ ဆိုစွာကို သိနိန်ရပါဖို့။
ပြီးခရေ တစ်လနှစ်လလောက်က မြန်မာ-ဘင်္ဂလာနယ်စပ်မှာ ထိတွေ့ပွတ်တိုက်မှု စိတ်ကေလောက် ဖြစ်တေ အချိန်မှာ ဖေ့စ်ဘုတ်မှာ တိုက်ပလိုက် တိုက်ပလိုက် ဆိုပြီးကေ လီထဲက ကြုံးဝါးစွာတိ၊ အင်တာနက်ထက်မှာ စစ်တိုက်စွာတွိ့လိုက်ရပါရေ။

အချက်အလက်နန့် ဒေတာနန့် စနစ်တကျသုံးသပ်မှုတိမလုပ်ဘဲနန့် စိတ်လိုက် မန်ပါ ပြောကတ်တေ အပြောတိစွာ မှန်ကန်ရေ ဆုံးဖြတ်ချက်တိကို ချမှတ်စွာမှာ အထောက်အကူမဖြိုက်စီနိုင်ပါ။

ဘင်္ဂလာဒေ့ရှ်၏ စစ်အင်အားကို အတိအကျခန့်မှန်းနိုင်လောက်တေ အချက်အလက်တိ ကျွန်တော် မရနိုင်ကေလေ့ ယင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ နန့် ရခိုင်ပြည်နယ်ရို့၏ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်မှု ပမာဏကို ယင်းအချိန်က ကျွန်တော် နှိုင်းယှဉ်ကြည့်မိပါရေ။ Installed Power Capacity လို့ခေါ်ရေ အဆင်သင့်တပ်ဆင်ပြီးသား သုံးစွဲရန်အသင့် လျှပ်စစ်ဓါတ်အားပမာဏကို ယင်းအချိန်က ကျွန်တော် နှိုင်းယှဉ် ကြည့်ရေအခါ၊ ရခိုင်ပြည်နယ်မှာ Installed Power Capacity က (၂၀) မက်ဂါဝပ်ရှိပါရေ။ မြန်မာတစ်နိုင်ငံလုံး၏ Installed Power Capacity က (၁၈၀၀) မက်ဂါဝပ်လောက်ရှိပါရေ။ ဘင်္ဂလာဒေ့ရှ်တစ်နိုင်ငံလုံး၏ Installed Power Capacity စွာ ယင်းအချိန်က တစ်သောင်းနှစ်ရာ မက်ဂါဝပ်လောက်ဟိပါရေ။ ယင်းအချက်အလက်တိကို ကြည့်ခြင်းအားဖြင့် ထိုနယ်မြေဒေသတိ၏ လတ်တလော ဓနအင်အား နန့် စီးပွားအဆောက်အအုံကို အကြမ်းဖျင်း ခန်းမှန်းလို့ရပါရေ။

ဓည၀တီရေတပ်စခန်း နန့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရို့ရေ စစ်တွေမြို့ကနိန်ပြီးကေ ဇာဖြစ်လို့ ကျောက်ဖြူ နန့် အမ်းကို ပြောင်းလားခလေ။ ကျွန်တော်တော့ အတိအကျမသိ။ ပြောကတ်စွာကတော့ခါ ဘင်္ဂလာဖက်က ဒုံးကျည်ပစ်ခတ်နိုင်သော အကွာအဝေး (missile range) ထဲမှာ စစ်တွေမြို့ရောက်နိန်လို့ ပြောင်းလာခကတ်စွာ ပြောကတ်ပါရေ။

ရန်သူ့အခြေအနေ နန့် မိမိအခြေအနေတိကို အရှိကိုအရှိအတိုင်း တိတိကျကျသိမှသာလျှင် လာဖို့တိုက်ပွဲကို ဇာပုံဇာနည်းနန့် တိုက်ခိုက်ရဖို့လေး ဆိုစွာကို သိနိုင်ဖို့ ဖြစ်ပါရေ။ ယေမှသာလျှင် နပန်းလုံးလို့တိုက်ရဖို့လား၊ လောက်လေးဂွနန့်ပစ်ပြီးဂေ ထွက်ပြီးရဖို့ အခြေအနေမျိုးလား၊ ယာယီအရှုံးပီးပြီးကေ အားပြန်မွီးရဖို့လား ဆိုစွာကို ဆုံးဖြတ်နိုင်ဖို့ဖြစ်ပါရေ။

လွန်ခရေနှစ်ပေါင်းနှစ်ရာကျော်က ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်း၏တပ်တိ သိမ်းပိုက်ပြီးကေ ထထွတ် ညညက်ကြီအောင် လုပ်ပခရေအချိန်က စလို့ ရခိုင်လူ့အဖွဲ့အစည်းစွာရေ အစိတ်စိတ် အမွှာမွှာနန့် ကွဲပြား ပြန့်ကြဲနိန်သော လူ့အဖွဲ့အစည်း (fragamented society) ဖြစ်လားခစွာရေ ဒေကနိန့်အချိန်အထိပင် ဖြစ်ပါရေ။ ယကေလေးသော စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအင်အားကို နလံပြန်ထအောင် မလုပ်နိုင်သိကေလေ့၊ ဒေကနိန့် ရခိုင်ပြည်၏ တောင်ပိုင်းမြောက်ပိုင်း စည်းလုံးညီညွတ်မှုစွာ ယခင်နန့်မတူ ထူးကဲစွာ တည်ဆောက်နိုင်ပြီး ညီညွတ်တေကာလကို ရောက်နိန်စွာကိုတော့ခါ တွိ့ရပါရေ။

နိုင်ငံရေး ဆွေးနွေးချက်အချို့
========================
သဘောတရားရေးရာပိုင်း ယေဘုယျအခင်းကျင်းအပိုင်းကို အလေးကဲရေ ဆွေးနွေးချက်တိကို တော်တော် များများ ပြောလားပြီးရေ နောက်ပိုင်းမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ရပ်တည်နိန်ရရေ အနိန်အထား တချို့ကို လေးငါးချက်လောက် ပြောလားပါမေ။

(တစ်အချက်) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရေ ရခိုင်အပါအ၀င်တိုင်းရင်းသားတိအတွက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ပီးမထား။ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အ၀ကို ပီးမထား။ ယကေလေ့သော ယင်းဖွဲ့စည်းပုံကိုလက်ခံပြီးကေ နိုင်ငံရေးပါတီထောင်ပြီးကေ လုပ်လာခရပါရေ။ ဇာဖြစ်လို့လေး ဆိုကေ လုပ်ပိုင်ခွင့် မရနိုင်သိကေလေ့ ပြောပိုင်ဆိုပိုင်ခွင့်ရအောင်လို့၊ အသံတစ်သံထွက်ခွင့်ရအောင်လို့၊ ဒေဖွဲ့စည်းပုံကို တဖြည်းဖြည်း ပြောင်းလဲနိုင်အောင်လို့ ဖြစ်ပါရေ။

(နှစ်အချက်) အခုကျွန်တော်ရို့ရထားရေ ပြည်ထောင်စုဆိုစွာ၊ ရခိုင်ပြည်နယ်ဆိုစွာ၊ ပြည်နယ်လွှတ်တော်ဆိုစွာ၊ ပြည်နယ်အစိုးရဆိုစွာတိအားလုံးရေ အနှစ်မပါ အခွံသက်သက်တိဖြစ်နိန်ရေဆိုစွာကို သိရပါဖို့။ ယကေ လေ့သော ယင်းအခွံတိကို ဝေးမပစ်ဘဲ ယင်းအခွံတိမှာ အသားဖြည့်နိုင်အောင်ကြိုးစား ကတ်ရပါဖို့။

(သုံးအချက်) ဗမာလူမျိုးစွာ ကျွန်တော်ရို့ ရခိုင်နွယ်ဖွားတိုင်းရင်းသားများ၏ မဟာမိတ်လူမျိုးဖြစ်တေလို့ ကျွန်တော် သဘောရပါရေ။ ပထမဦးဆုံးတော့ခါ ယာယီမဟာမိတ်၊ နောက် ရေရှည်မဟာမိတ်၊ ထိုကတစ်ဆင့် ထာဝရ မဟာမိတ်တိဖြစ်နိုင်အောင် ကြိုးစားတည်ဆောက်လားကတ်ရဖို့လို့မြင်မိရေ။ ယင်းပိုင်တည်ဆောက်တေ ဖြစ်စဉ်၏ အဆုံးမှာ ဗဟိုအစိုးရဆိုစွာ ဗမာအစိုးရ မဟုတ်ဘဲနန့် စစ်မှန်သော ပြည်ထောင်စု အစိုးရ၊ တိုင်းရင်းသားအားလုံး၏အစိုးရ ဖြစ်လာနိုင်အောင် ကြိုးစားကတ်ရဖို့လို့ ကျွန်တော်မြင်မိပါရေ။ (ယင်းယာယီ မဟာမိတ်၏ သံသယဖြစ်ဖွယ် အနီအထားတိကိုလည်း စိုင်ဆက်မပြတ် စောင့်ကြည့်လားဖို့ လိုပါရေ။)

(လေးအချက်) ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်လာဖို့အရေးကို ဦးတည်ပြီးကေ ဖွဲ့စည်းပုံကို ပြင်လားဖို့ ဆိုကေ၊ ပြင်ဆင်ရဖို့အချက်တိထဲက အဓိကအချက်တစ်ချက်က လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်စနစ်ကို ဖျက်သိမ်းပြီးကေ အမျိုးသားလွှတ်တော်ကို အာဏာပိုပီးထားရေ စနစ်မျိုးနန့်လားရပါဖို့။ ဘက်ဂျက်ကို ဗဟိုအစိုးရက တာဝန်ယူရေးဆွဲပြဌာန်းနိုင်ရေ ဆိုရေအချက်ကို ပြင်ပလိုက်ရပါဖို့။

(ငါးအချက်) ကျုးကျော်ဘင်္ဂလီတိပြဿနာကို ဖြရှင်းဖို့တစ်ခုတည်းသော နည်းလမ်းက ယင်းသူရို့ကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ နန့် စစ်ဆေးပြီးကေ၊ နိုင်ငံသားဖြစ်ခွင့်ရှိလူတိကို မြန်မာတစ်နိုင်ငံလုံး လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုဖို့၊ နိုင်ငံသားဖြစ်ခွင့်မရှိရေလူတိကို ဥပဒေနန့်အညီ အရေးယူဖို့ဆိုစွာကို တစ်ခုတည်းသော နည်းလမ်းအဖြစ် မြင်မိပါရေ။ နိုင်ငံသားဖြစ်ခွင့်ရလာရေ ဘင်္ဂါလီတိကို မြန်မာပြည်မထဲကို အခြေစိုက် နီထိုင်ခွင့်ပီးရဖို့ စိုးလို့ ဗဟိုအစိုးရကိုယ်တိုင်က ဘင်္ဂလီတိကို စစ်ဆေးမှုလုပ်စွာကို တမင်တကာ ကြန့်ကြာ အောင် လုပ်နိန်ရေလို့ ခန့်မှန်းပြောဆိုကတ်စွာ တိရှိနိန်ပါရေ။

(ခြောက်အချက်) ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ပိုမိုရရှိရေးအတွက် အရေးကြီးရေအချက်တိထဲမှာ တစ်ချက်က ပြည်နယ်တိမှာ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ်နိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်က ရွေးချယ်ခန့်အပ်နိုင်ဖို့စွာ အရေးကြီးပါရေ။ မြို့နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်တေစနစ်အစား မြို့တော်ဝန်တိ မြို့ကောင်စီတိရွေးချယ်တင်မြှောက်တေစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်အောင် ဥပဒေကို ပြင်ရ ပါဖို့။ ပြင်နိုင်အောင်ကြိုးစားရပါဖို့။

(ခုနစ်အချက်) ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို တဖြည်းဖြည်းတိုးချဲ့ရယူဖို့ ကြိုးစားနီစိုင်မှာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဖြစ်လာကတ်တေ ရခိုင်နိုင်ငံရေး အရာရှိတိအနီနန့် နဂိုရှိပြီးသား ဗျူရိုကရေစီစနစ်ကို အထက်မြက်ဆုံး အထိရောက်ဆုံးကိုင်တွယ်နိုင်အောင် အားလုံးက ၀န်းရံပီးကတ်ဖို့ လိုအပ်တေလို့ မြင်မိပါရေ။ ရခိုင်ပြည်နယ်ထဲမှာ အလုပ်လုပ်နီရေ အစိုးရဦးစီးဌာန (၈၀) ကျော်ကို ကိုင်တွယ်ခွင့် ရသလောက်ကိုင်တွယ်ပြီး အများပြည်သူအကျိုးဖြစ်ထွန်းနိုင်အောင် အားထုတ်ရဖို့လို့မြင်မိရေ။

ဥပမာအားဖြင့် ဘူးသီးတောင်မြို့နယ်မှာ လွန်ခရေလေးငါးခြောက်နှစ်က အရံသစ်တောကြိုးဝိုင်းဆိုပြီး သတ်မှတ်ရာမှာ ရခိုင်လူဦးရေအများဆုံးရှိရေ ကျေးရွာအုပ်စုပေါင်းလေးအုပ်စုကိုလည်း ယင်းအရံသစ်တောကြိုးဝိုင်းဆိုပြီး သတ်မှတ်ရာမှာ ပါလားခရေ။ ယင်းဟင့်တိရေ ဌာနဆိုင်ရာမြို့နယ်အဆင့်တိက လွဲမှားစွာ စီမံခန့်ခွဲမှု (သို့မဟုတ်) လုပ်ပိုင်ခွင့်အလွဲသုံးစားမှုတိလုပ်လို့ အများပြည်သူနစ်နာမှု ဖြစ်လားရရေ အခြေအနေဖြစ်ပါရေ။ ယင်းပိုင်မျိုး မဖြစ်စီရအောင်၊ နောက်တစ်ချက်က လုပ်ပိုင်ခွင့်ဘောင်ထဲကနိန် ဌာနဆိုင်ရာယန္တရားကို အပြည့်အ၀အသုံးချခြင်းအားဖြင့် ပြည်နယ်အစိုးရ၏ စွမ်းပကားကို တိုးတက်အောင် ကြိုးစားလားဖို့လိုရေ လို့ ကျွန်တော်မြင်မိပါရေ။

(ရှစ်အချက်) အသစ်ထောင်လိုက်တေ ပလက်ဝအခြီစိုက် ခမီးပါတီတစ်ခု၏ ရည်ရွယ်ချက်တိထဲမှာ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး ဆိုရေအချက်တစ်ချက်ပါဝင်ရေ။ ယင်းအချက်ကို ရခိုင်လူမျိုးတိ အနီဖြင့် ကြိုဆိုထောက်ခံသင့်ရေ လို့မြင်မိပါရေ။ ပလက်ဝမြို့နယ်အတွင်းမှာ ယှဉ်တွဲနီထိုင်ကတ်တေ ရခိုင်လူမျိုးနှင့် ခမီးလူမျိုးရို့၏ ချစ်ကြည်မှုကို အရင်ကထက်ပိုမိုကောင်းမွန်လာအောင် တည်ဆောက်သင့်ရေ လို့ မြင်မိရေ။ ရခိုင်အမျိုးသားပါတီမှာဆိုကေလည်း ခမီးအမျိုးသား ကိုယ်စားလှယ်တစ်ယောက်အတွက် ဗဟိုကော်မီတီဝင် တစ်နီရာ ဝေပုံကျ သတ်မှတ်ပီးထားသင့်ရေလို့ ထင်မြင်မိပါရေ။

_____Coral Arakan News

ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း(၃)




ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း(၃)
===============================
ခေါင်းဆောင်မှုတိုက်ပွဲ
=============
အဂုရခိုင်နှစ်ပါတီ ပေါင်းစည်းရေးကာလမှာ နိုင်ငံရေးအသိုင်းအ၀ိုင်းကမဟုတ်တေ သာမန်ပြည်သူတိဘားက အားမလိုအားမရ အသံတချို့ထွက်လာစွာကိုကြားရရေ။ ရခိုင်နိုင်ငံရေးသမားတိ ကုလားထိုင် လုနိန်ကတ် ပါရေ လတ်။ နေရာလုနိန်ကတ်ပါရေ လတ်။ အာဏာလုနိန်ကတ်ပါရေ လတ်။
ကျွန်တော်ကတော့ခါ ကုလားထိုင်လုနိန်ကတ်တေလို့ မမြင်။ လောကသဘာဝ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက်တိ ဖြစ်ပျက်နိန်စွာရာလို့ ကျွန်တော်မြင်ပါရေ။

ညံ့ဖျင်းသော အစုအဖွဲ့တိမှာ အမြဲတမ်းလိုလို ငြိမ်သက်သိမ်မွေ့ညီညွတ်နီကတ်လေ့ရှိပြီးကေ၊ တိုက်ရည် ခိုက်ရည်ပြည့်ဝရေ အစုအဖွဲ့တိမှာကျခါ ခေါင်းဆောင်မှုနီရာကို ယှဉ်ပြိုင်တိုက်ခိုက်လို့ ယူကတ်ရစွာ သဘာဝရာ ဖြစ်ပါရေ။ သိုးအုပ်တိကို ကြည့်လိုက်ပါ။ ပဋိပက္ခရယ်လို့မရှိ၊ တစ်စုတစ်ဝေးတည်း သွားလာပြီးကေ အီးချမ်း ညီညွတ်နီစွာကို တွိ့ရပါလိမ့်မေ။ ညီတော့ညီညွတ်ယင့် ပြင်ပရန်တစ်ခုခုက တိုက်ခိုက်လာကေ ခုခံနိုင်ဖို့ စွမ်းပကားမရှိ။

ဝံပုလွေအုပ်တိကိုကြည့်ပါ။ တောကောင်ကြီးတိကိုတောင်မှ ၀ိုင်းဝန်းတိုက်ခိုက်စားသောက်နိုင်ရေ ၀ံပုလွေအုပ် တိမှာ သာမညောင်သာမည ၀ံပုလွေကို ခေါင်းဆောင်ဝံပုလွေ (Alpha male) အဖြစ် အခြားဝံပုလွေတိက အသာတကြည်နန့် နီရာတင်ပီးလိုက်စွာမဟုတ်။ ယင်းနီရာကို ယှဉ်ပြိုင်တိုက်ခိုက်ရယူပြီး ထိပ်ကို တက်လာစွာ ဖြစ်တေ။ အေး . . . ခေါင်းဆောင်ဝံပုလွေ ရှိလာဗျာလ်ဆိုစွာနန့် တိုက်ပွဲမှာ ခေါင်းဆောင်မှုကို ခံယူလို့ ကျရာ တာဝန်ထမ်းဆောင်လို့ ၀ံပုလွေအုပ်တစ်အုပ်လုံးအကျိုးအတွက် ၀ိုင်းဝန်းပါဝင် ထမ်းဆောင်ကတ်တေ။ ရန်ကို ၀ိုင်းဝန်းခုခံတိုက်ခိုက်တေ။ သားကောင်ကို ၀ိုင်းဝန်းဖမ်းဆီးရေ။

ဝံပုလွေအုပ်တစ်မျိုးတည်းမှာရာမဟုတ်။ မျောက်ဝံအုပ်၊ လူဝံအုပ်၊ ဂေါ်ရီလာအုပ်စု တိမှာလေး ယင်းအတိုင်း ပင်ဖြစ်တေ။ အေပိုင်ယှဉ်ပြိုင်အနိုင်ယူပြီးခါမှ ခေါင်းဆောင်မှုကို ပီးစွာရေ၊ လူ့သဘာဝ၊ သတ္တလောက သဘာဝ၊ လောက၏ သဘာဝပင်ဖြစ်ပါရေ။
အေပိုင်ရာ လောက၏ အကွေ့အကောက် မာယာပရိယာယ်တိကို ဖြတ်သန်းကျော်လွှား ယှဉ်ပြိုင်မှုနန့် အနိုင်ယူ ပနာ ထိပ်ကိုရောက်လာရေ ခေါင်းဆောင်မှသာလျှင် ကျွန်တော်ရို့ကို ခေါင်းဆောင်ဖို့ ထိုက်တန်ပါလိမ့်မေ။

ယင်းပိုင်မဟုတ်ဘဲ လေဆန်ရီဆန်ကို မတက်နိုင်ရေလူတိ ခေါင်ဆောင်ဖြစ်လာကေ ပေါတိပေါတာနန့်၊ ရခိုင် ပြည်သူလူထုက လွတ်လပ်ရေးတောင်းဖို့လွှတ်လိုက်စွာ ဝေး . . . ဗမာဝေး . . . ငရို့အတွက် လွတ်လပ်ရေး တချက်ချေ တောင်းယူခဖိ . . . လို့ လွတ်လပ်ရေးကို ဆောင်းပါးတောင်းခိုင်လူတိဖြစ်နီဖို့စွာ ကိုလည်း စိုးရိမ်ရ ပါရေ။
အချုပ်ဆိုရကေ သဘောတရာရေးတိုက်ပွဲ၊ ပါတီတွင်းတိုက်ပွဲ၊ ခေါင်းဆောင်မှုတိုက်ပွဲတိဆိုစွာရေ ကျန်းမာသော နိုင်ငံရေးစနစ်တစ်ရပ်မှာ ရှိနိန်ရဖို့ ကြန်အင်လက္ခဏာတိရာ ဖြစ်ကြောင်းကို တင်ပြလိုပါရေ။

နိဂုံး
====
နိဂုံးချုပ်အနိန်နန့် ပြောရဖို့ဆိုကေ လွန်ခရေနှစ်ပေါင်း (၉၅)နှစ်လောက်က မြန်မာတစ်ပြည်လုံးမှာ ဂျော့ဘုရင် ဘုန်းတော်ဘွဲ့ကို တေးခြင်းဆိုပြီးကေ တစ်တိုင်းပြည်လုံးကျွန်စိတ်ပေါက်နိန်ရေအချိန်မှာ လွတ်လပ်ရီးအတွက် တိုက်ပွဲဝင်ရဖို့လို့ မျက်လုံးဖွင့်ပီးခသော ကျွန်တော်ရို့ရခိုင်အမျိုးသား ဆရာတော်ဦးဥတ္တမရေ အင်္ဂလိပ် လက်ထောက်ဘုရင်ခံ ကိုတောင်မှ ကရက်ဒေါက် ထွက်လားလီ (Craddock! Get out!) ဆိုပြီးကေ နှင်ထုတ် ခရေ ပုဂ္ဂိုလ်ဖြစ်ပါရေ။

နိုင်ငံရေးနယ်ပယ်ထဲကို စ၀င်ပြီးနောက် အနှစ်နှစ်ဆယ်လောက်အကြာမှာ ဆရာတော်သီလွန်ပါရေ။ ဆရာတော် သီလွန်ပြီး (၇၅)နှစ်အကြာမှာ ဒေကနိန့်ဒေအချိန်မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်း ရောက်လာရေအခါ နှင်ထုတ်တေ ပြည်သူကနှင်ထုတ်၊ တိန်းနီရေလူကတိန်းနီ၊ တစ်ပတ်မှာ တစ်ခါလားတွိ့ ပြီးကေ ပြုံးပြရေလူကပြုံးပြ ဖြစ်နီကတ်စွာကို တွိ့ရရေအခါ၊ ဆရာတော်ကို ပြန်ပြောင်း အမှတ်ရစရာ ဖြစ်မိပါရေ။

ဒေကနိန့် ကျွန်တော်ပြောခရေ စကားတိကို အချုပ်ဆိုရကေတော့ခါ . . . ရခိုင်လူမျိုးရေ ကိုယ့်ကိုယ်ကို အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရသင့်ရထိုက်တေလူမျိုးဖြစ်တေ၊ ရနိုင်ဖို့လည်း အလားအလာဟိရေ၊ အခွင့်အလမ်းတိနန့် စိန်ခေါ်မှုတိကြားမှာ မိတ်ဆွေရန်သူခွဲခြားပြီး မိမိကိုယ်ကို ကောင်းစွာတည်ဆောက်ပြီးကေ အခါအခွင့်ကောင်းကို စောင့်ဆိုင်းရဖို့ကာလဖြစ်တေ၊ ယင်းပိုင်ရာ မဟာဗျူဟာကျကျ တွေးခေါ်မြော်မြင်ပြီး corunching tiger, hidden dragon ၀ပ်နေသောကျား ပုန်းနေသောနဂါး ဆိုရေပိုင် အခါအခွင့်ကောင်းကို စောင့်ဆိုင်းနိုင်ကေ၊ မလွတ်စတမ်း အောင်မြင်ကြီးပွားနိုင်ကတ်ဖို့ဖြစ်ပါရေ။

ရခိုင်ရို့၏ အမျိုးသားအရောင်များဖြစ်ကြသော အနီရောင်၏ ရဲရင့်ခြင်း နှင့် ရုပ်ဝတ္တုပိုင်းဆိုင်ရာ ကြံ့ခိုင် အားကောင်းခြင်း ကိုသာမက၊ အဖြူရောင်က ကိုယ်စားပြုရေ ဖြူစင်ခြင်းနန့် ဥာဏ်ပညာဖြင့် ယှဉ်တွဲလုပ်ဆောင်ခြင်း ကိုပါ ကိုယ်နှင့်မကွာ ကျင့်သုံးကာ၊ သာယာဝပြောချမ်းသာသော ရခိုင်ပြည်ကြီးကို တည်ဆောက်နိုင်ကတ်ပါဇီလို့ ဆန္ဒပြုရင်း ကျွန်တော်၏ ဟောပြောချက်ကို နိဂုံးချုပ်လိုက်ပါရေ။

ကျော်ဇောဦး
၀၉ စက်တင်ဘာ ၂၀၁၄
ဘူးသီးတောင်မြို့

___ Coral Arakan News

ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၇၅ နှစ်မြောက် အခမ်းအနားတွေ ကျင်းပ


ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဆရာတော် အရှင် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်နေရာအနှံ့မှာ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပတဲ့ အခမ်းအနား နဲ့ပတ်သက်ပြီး ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ ဦးဖေသိန်းက အခုလိုပြောပါတယ်။

"အဓိက ဒီပွဲကဘာလဲဆိုတော့ ၇၅ နှစ်မြောက် ဦးဥတ္တမနေ့ကို ဆရာတော်တော်ဘုရားကြီး ရဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ကမ္ဘာ့ လွတ်လပ်ရေး အာရှနေဝန်းအဆင့်အထိ ဆောင် ရွက်ခဲ့တာလေးတွေကို ဒီဂုဏ်ကျေးဇူးတွေကို ပိုပြီးတော့ တန်ဖိုးထားပြီးတော့ပေါ့နော်၊ လူကြီးတွေပါ သတိအမှတ်တရ ရအောင်ရယ် ကိစ္စတွေပါတယ်"

အရင်က ဆရာတော်အရှင်ဦးဥတ္တမ ရုပ်တုတည်ထားခဲ့တဲ့ ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံကို ဆရာတော် အရှင်ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းလဲပေးဖို့အတွက် ဒီကနေ့ ရန်ကုန်မြို့က အခမ်းအနားမှာ ပွဲကျင်းပရေးကော်မတီက တောင်းဆိုခဲ့ပါတယ်။

ဆရာတော် အရှင်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်ပွဲတွေကို ရခိုင်ပြည်နယ် နေရာအနှံ့မှာ  နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေဦးဆောင်ပြီး လွမ်းသူ့ ပန်းခွေချတာတွေ ၊ ဟောပြောပွဲတွေ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး RFA သတင်းထောက် မစန်းမော်အောင် တင်ပြပေးပါမယ်။

အသံဖိုင် နားထောင်ရန်နဲ့ ရယူရန်>>>>

____ RFA  

75th Anniversary of Late Sayadaw U Ottama


မနက်ဖြန် စက်တင်ဘာလ ၉ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ဆရာတော် ဦးဥတ္တမရဲ့ နိုင်ငံရေး ကြိုးပမ်းမှုတချို့နဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေရဲ့အမြင်ကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။


75th Anniversary of U Ottama Day in Yangon


မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ ရန်ကုန်မြို့မှာ အောက်မေ့ဘွယ်အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ဦးဥတ္တမအကြောင်းကို ကျောင်းသင်ရိုးမှာ ထည့်ဖို့ တောင်းဆို



ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၇၅နှစ်ပြည့်စိန်ရတု အခမ်းအနားကို ရန်ကုန်မြို့ MCC ခန်းမှာ စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်လှလှဝင်းပေးပို့ထားပါတယ်။ DVB TV - 09.09.2014

ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားများ ကျင်းပ


ခင်ဦးသာ

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု၌ ဦးဆောင် ပါဝင်ခဲ့သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားကို ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့နှင့် ပြည်ပ နိုင်ငံတချို့တွင် ကျင်းပကြကြောင်း သိရသည်။

စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ ယနေ့ နံနက် ၅ နာရီတွင် ပြည်နယ် အစိုးရ အဖွဲ့မှ ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး စစ်တွေမြို့ ပန်းချီ ပညာရှင်များ အသင်းမှ ကြီးမှူး၍ ဦးဥတ္တမ ပုံတူ ပန်းချီပြိုင်ပွဲ၌ ဆုရသူများအား ချီမြှင့်ခြင်း၊ ကဗျာရွတ်ခြင်းတို့ကို ကျင်းပခဲ့ကြောင်း စစ်တွေ ရပ်မိရဖ တဦး ဖြစ်သူ ဦးသန်းထွန်း က ဧရာဝတီ ကို ပြောသည်။
ထို့အတူ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော်၏ ရုပ်တုအား လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ မြို့ခံများ၊ ကျောင်းသား လူငယ်များ စသည့် ဒေသခံများက သွားရောက် ဂါရ၀ပြုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ MCC ခန်းမတွင်လည်း ဆရာတော် ကွယ်လွန်ခြင်း ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားကို ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ ရခိုင်လူမျိုးများ၊ ဆရာတော်အား ကြည်ညိုလေးစားသူများ စသည်ဖြင့် လူထောင်ချီ၍ တက်ရောက်ကြောင်း အခမ်း အနား ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦး က ပြောသည်။

ရန်ကုန်မြို့၌ အခမ်းအနား ကျင်းပရခြင်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထိပ်တန်းမှ ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ မှေးမှိန်နေသည့် သမိုင်းအား ဖော်ထုတ်ရေး၊ ဆရာတော်၏ မျိုးချစ် စိတ်ဓာတ်၊ စွမ်းရည်သတ္တိနှင့်ဂုဏ် အရည်အချင်းတို့အား မျိုးဆက်သစ်များ သိရှိ အတုယူစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် အမျိုးသား ခေါင်းဆောင်ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ထိုက်တန်စွာ ဂုဏ်ပြုပေးရန် လိုအပ် ကြောင်း အစိုးရကို တိုက်တွန်းသွားမည်ဟုလည်း အထက်ပါ အခမ်းအနားဖြစ်မြောက်ရေး အဖွဲ့ဝင်က ပြောသည်။

အလားတူ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ကျောက်တော်၊ ရမ်းဗြဲ၊ သံတွဲ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့များတွင်လည်း စည်ကားစွာ ကျင်းပကြကြောင်း ဒေသခံများ က ပြောသည်။

ကျောက်ဖြူမြို့ ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ မြို့ခံများ၊ ကျောင်းသား လူငယ်များတက်ရောက်ခဲ့ပြီး လွမ်းသု ပန်းခွေချခြင်း၊ ကဗျာရွတ်ခြင်း၊ ဆရာတော်၏ ကိုယ်ရေး အကျဉ်း ဖတ်ကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပကြကြောင်း ကျောက်ဖြူမြို့ခံ ဦးဖိုးစံ က ပြောပြသည်။

ထို့အပြင် ဆရာတော် ကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် နိုင်ငံ များတွင်လည်း ကျင်းပကြသည်ဟု ဆိုသည်။

ရခိုင် တိုင်းရင်းသား ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။

ထိုခေတ် ပါလီမန်က စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

____ ဧရာဝတီ 

Monday, 8 September 2014

မြောက်ဦးမြို့တွင် ကျောင်းသူ ကျောင်းသားများအား ဦးဥတ္တမနေ့ အထိမ်းအမှတ် ရခိုင်ဝေါဟာရနှင့် သမိုင်းကြောင်းဆိုင်ရာ စာမေးပွဲစစ်ဆေး


စက်တင်ဘာ ၈

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဆရာတော်ဦးဥတ္တမနေ့ (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ် ရခိုင်သမိုင်းကြောင်း ဆိုင်ရာ စာမေးပွဲနှင့် ရခိုင်ဝေါဟာရ စာမေးပွဲကို စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ စတင်စစ်ဆေး လျှက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ရခိုင်လူမှုကွန်ရက် (မြောက်ဦး) မှ ပြုလုပ်ကျင်းပခြင်းဖြစ်ကာ ရခိုင်ပြည်တွင်စတင်ပြုလုပ်သည့် စာမေးပွဲ လည်းဖြစ်ကာ ယင်းစားမေးပွဲအား ယခုကဲ့သို့ပြုလုပ်ရခြင်းမှာ ကလေးသူငယ်များ၊ ကျောင်းသူ/သားများအား ဗဟုသုတ ရရှိစေရန်နှင့် ရခိုင်သမိုင်းကြောင်းဆိုင်ရာများကို စိတ်ပါဝင်စားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ၈ ရက်နေ့ တွင် ဝေါဟာရ စာမေးပွဲကို ဆက်တိုက် စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“အထွေထွေ ဗဟုသုတ စာမေးပွဲကို စစ်ရခြင်းကတော့ သမိုင်းဆိုတာဟာ ကလေးတွေနဲ့ လက်လှမ်းဝေးတဲ့ ဘာသာရပ် တစ်ခု ဖြစ်ပါတယ်။ စာကြီးပေကြီး ဖြစ်နေတာက တစ်ကြောင်း၊ ကလေးတွေကလည်း မအားလပ်တာက တစ်ကြောင်း၊ ကလေးတွေ သင်ကြားနေရတဲ့ ပြဌာန်းစာအုပ်တွေမှာ ရခိုင်သမိုင်းနဲ့ ပါတ်သက်ပြီး မပါတာ တစ်ကြောင်း ဒီအကြောင်းအရာ သုံးခုကြောင့် ကလေးတွေနဲ့ ရခိုင်သမိုင်းနဲ့ တော်တော်လေးကို အလှမ်းဝေးနေပါတယ်။ ရခိုင်သမိုင်းမှာရှိတဲ့ အကြောင်းအရာတွေ၊ ဘုရင်တွေကိုတောင် မသိဖြစ်နေကြတယ်။ ဒါကိုကလေးတွေ တစွန်းတစ သိရှိသွားရအောင် ရည်ရွယ်ပြီးပြုလုပ်တာပါ။ လူကြီးတွေ အနေနဲ့လည်း ဒါတွေကိုသိပြီး ပြောပြနိုင်အောင်အတွက် အခုလိုမျိုး ပြုလုပ်ရတာဖြစ်ပါတယ်”ဟု ဦးမောင်ကျော်ဇော ကပြောသည်။

ဝေါဟာရစာမေးပွဲကို စစ်ဆေးရဖြင်းမှာလည်း ရခိုင်တိုင်းရင်းသားများသည် ယနေ့အချိန်တွင် ပြောင်းလဲမှုများ နောက်သို့ လိုက်ပါလာကြသည့်အတွက် ယဉ်ကျေးမှု အသစ်များ၏ လွှမ်းမိုးမှုများကို ခံစားလာရကာ မိမိတို့၏ ဘာသာ၊ အပြောအဆို၊ ဝေါဟာရများကို မသိသလောက် ဖြစ်လာနေသည့်အတွက် ဘာသာစကားများအား မပျောက်ပျက်အောင် ထိန်းသိမ်းသည့် သဘောဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ရခိုင်မှာ ဘာသာစကား သတ်သတ် မှတ်မှတ်ရှိတာကို အားလုံးသိကြပါတယ်။ ကျွန်တော်တို့ ဘာသာစကားဟာ မြန်မာ ဘာသာစကားနန့် အနီးစပ်ဆုံး တူနေတဲ့အတွက် ရေဒီယို၊ ဒီဗီ၊ ဗီဒီယို စတဲ့မီဒီယာ အမျိုးမျိုးက လွှမ်းမိုးမှုကို ခံရတဲ့ အတွက် ကျွန်တော်တို့ ရခိုင်လူငယ်တွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဝေါဟာတွေကို တဖြေးဖြေးမေ့ပျောက်ပြီး မြန်မာဝေါဟာတွေပဲ သုံးလာတဲ့အဆင့်ကို ရောက်လာနေပါတယ်။ ဒါကြောင့် ဒီဝေါဟာရတွေ မပျောက်သွားရအောင်။ ကလေးတွေ အနေနဲ့လည်း မျိုးချစ်စိတ်ဓါတ်ကို နည်းနည်းလောက် သဘောပေါက်လာဖို့အတွက် ဒီဝေါဟာရစာမေးပွဲကို လုပ်ရတာ ဖြစ်ပါတယ်။”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

___ Development News Journal

ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျောက်ဖြူမြို့ သာသနာ့ ဗိမ္မာန်တွင် နံနက် ၇ နာရီမှ စတင်ကျင်းပ


ယနေ့ ကျောက်ဖြူမြို့တွင် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျောက်ဖြူမြို့ သာသနာ့ ဗိမ္မာန်တွင် နံနက် ၇ နာရီမှ စတင်ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ကျောက်ဖြူမြိုနယ်မှ သံဃာတော်များ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ နိုင်ငံရေးပါတီများ ၊ ကျောက်ဖြူပညာရေးကောလိပ်မှ သင်တန်းသား သင်တန်းသူများ နှင့် အခြား စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြရာ ခန်းမတွင် လူမဆန့်တော့သည်အထိ တက်ရောက်သူများပြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဦးဥတ္တမအကြောင်းကို ဟောပြောမည် ဖြစ်ပြီး တနင်္ဂနွေနေ့က ကျင်းပခဲ့သော ဦးဥတ္တမနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများ ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ယခင် ဦးဥတ္တမပန်းခြံ ဟူ ၍ အမည်ရှိသော ယခု နဒီသောင်ယံပန်းခြံကို ဦးဥတ္တမပန်းခြံဟူ၍ ပြန်လည် အမည်ပေးရန် တောင်းဆိုရေးအတွက် လက်မှတ်များလည်း တပါတည်း ကောက်ခံခဲ့ကြရာ တက်ရောက်လာသော ကြံခိုင်ရေးပါတီဝင်အချို့သည် ပါဝင်လက်မှတ် မထိုးခဲ့ကြချေ။

အဆိုပါ အခမ်းအနားသို့ အုပ်ချုပ်ရေးပိုင်းမှ အရာရှိတစ်ဦးနှင့် ရဲဌာနမှ အရာရှိတစ်ဦးတို့ တက်ရောက်ရန်ရောက်ရှိလာခဲ့သော်လည်း အချိန်နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည့် အတွက် နေရာလွတ်မရှိတော့သဖြင့် လှည့်ပြန်သွားကြရကြောင်းသိရသည်။

အဆိုပါ အခမ်းအနားကို နံနက် ၇ နာရီမှ နေ့လည် ၁၁ နာရီအထိ ကျင်းပမည်ဖြစ်ပြီး နေ့လည် ၁ နာရီမှစတင်၍ ရခိုင်ရိုးရာကျင်ပွဲလည်းရှိကြောင်း သိရသည်။


ဆရာတော်ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနား ရခိုင်ပြည်နယ်အစိုးရ ဦးဆောင်ကျင်းပမည်


ဆရာတော်ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနား ရခိုင်ပြည်နယ်အစိုးရ ဦးဆောင်ကျင်းပမည်
(နိရဉ္စရာ- ၈ စက်တင်ဘာ ၂၀၁၄)
DSC-0147
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အာရှလွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ (၇၅) နှစ်မြောက်နေ့ စိန်ရတု အခမ်းအနားအား ရခိုင်ပြည်နယ် အစိုးရမှ ဦးဆောင်ကျင်းပမည်ဟု သတင်း ရရှိသည်။

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမ စိန်ရတုနေ့ အခမ်းအနားကျင်းပရေးအတွက် ရခိုင်ပြည်နယ် အစိုးရမှ ဦးစီးကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းထားရာ ယင်းဦးစီးကော်မတီ၏ ဥက္ကဌအဖြစ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဟု သိရသည်။
ယင်းအပြင် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများကိုလည်း အသီးသီး ဖွဲ့စည်းထားသည်ဟု သိရသည်။

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားတွင် ဆရာတော်၏ အောက်မေ့ဖွယ် ပုံရိပ်များ၊ ဂုဏ်ပြု တေးသီချင်းများနှင့် ရခိုင်ပြည်နယ်၏ သဘာဝအလှ ရှုခင်းများကို Power Point Slide Show ဖြင့် ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်ဟုလည်း သိရသည်။
အခမ်းအနားအား စစ်တွေမြို့ ဆရာတော် ဦးဥတ္တမ ခန်းမတွင် ကျင်းပသွားမည် ဖြစ်ပြီး ပန်းခြံအတွင်းရှိ ဆရာတော် ရုပ်ထုအား အများပြည်သူများ လာရောက် ကြည်ညို ဂါရ၀ပြုရန် စနစ်တကျ စီမံဆောင်ရွက်ထားသည်ဟု သိရသည်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားအား အစိုးရမှ ကော်မီတီများ ဖွဲ့စည်းပြီး ဦးဆောင်ကျင်းပရန် စီစဉ်ခြင်းမှာ ယခင်က မရှိခဲ့ဘူးကြောင်း၊ ယခုကျင်းပရန် စီစဉ်လာခြင်းမှာ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဆရာတော် ဦးဥတ္တမ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရုံသာမက ဆရာတော်ဦးဥတ္တမ၏ အခန်းကဏ္ဍအား မေ့ပျောက် ပစ်ပယ်ထားသော အစိုးရအပေါ် ရခိုင်ပြည်သူများ၏ မကျေနပ်မူကို လျော့ကျသွားစေရန် ရည်ရွယ်ပုံရကြောင်း ရခိုင်နိုင်ငံရေး လေ့လာအကဲခတ်သူ တစ်ဦးက ပြောကြားသည်။

အလားတူ (၇၅) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ ကြီးမှူးပြီး ရန်ကုန်တွင်ကျင်းပသွားမည် ဖြစ်သလို မြောက်ဦးမြို့ အပါအ၀င် တခြားရခိုင်ပြည်နယ် မြို့ရွာအနှံ့တွင်လည်း အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

____ Narinjara News