ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။ သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလို။ "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ"

ဆရာတော် အသျှင်ဥတ္တမ ရှားပါးမှတ်တမ်းဗွီဒီယို

Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule.

Showing posts with label အတ္ထုပ္ပတ္တိ. Show all posts
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts

Monday, 8 September 2014

ဆရာတော်အသျှင်ဥတ္တမ ထေရုပ္ပတ္တိ

ဦးဥတ္တမ

မြန်မာအမျိုးသား ၀ံသာနုများအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေး ခဲ့သော ပုဂ္ဂိုလ်ထူးကား ဆရာတော်ဦးဥတ္တမပင် ဖြစ်သည်။ ဆရာတော်သည် သူ့တစ်သက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးများကို နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားစေရန်နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှေုအောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဆောင်ရွက်ကြိုးပမ်းသွားခဲ့လေသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းကျခံရသူ နိုင်ငံရေးသမားမှာ ဦးဥတ္တမ ပင်ဖြစ်သည်။

ငယ်ဘဝ
ဆရာတော် အသျှင်ဦးဥတ္တမအား ရခိုင်ပြည်၊ စစ်တွေမြို့ ရူပရပ်တွင်၊ အဖ ဦးမြ၊ အမိ ဒေါ်အောင်ကျော်သူတို့မှ ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းများမှာ (၁) ပေါ်ထွန်းအောင်၊ (၂)ကျော်ထွန်းအောင်၊ (၃) မအိမ်စိုး တို့ဖြစ်သည်။ သားအကြီးဆုံး ပေါ်ထွန်းအောင်မှာ အသျှင်ဦးဥတ္တမ လောင်းလျာပင်ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင် သည် နောင်အခါတွင် ““ရှင်အရိယ”” ဟူသော ဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။ ပေါ်ထွန်းအောင် (၉)နှစ်အရွယ်သို့ ရောက်သောအခါ ညီဖြစ်သူ ကျော်ထွန်းအောင်မှာ (၆)နှစ်အရွယ် ရှိသည်။ ညီအစ်ကိုနှစ်ယောက် အင်္ဂလိပ်စာ သင်ကြား လို၍ မိဘများကို ပူဆာကြသည်။ မရသဖြင့် အိမ်မှ ထွက်ပြေးခဲ့ကြသည်။ မိဘများလိုက်ရှာကြရာ (၁၅)ရက်ခန့်ကြာမှ သစ်ပင်တစ်ပင်အောက်၌ ညီအစ်ကိုနှစ်ယောက်ကို ပြန်တွေ့သည်။

မိဘများက ကလေးနှစ်ယောက် ဆန္ဒပြည့်ဝအောင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ ပို့ဆောင် အပ်နှံကြသည်။ ကျောင်းအပ်သည့်အခါ ထုံးစံအတိုင်း သူငယ်တန်းတွင် ထားလေရာ ပေါ်ထွန်းအောင်က သူ့ကို တတိယတန်းတွင် ထားခွင့်ပြုရန် ပြောဆိုသည်။ ဆရာကြီးက အရည်အချင်းကို သိလို၍ တတိယတန်း ဖတ်စာကို ဖတ်ခိုင်းလေသည်။ ပေါ်ထွန်းအောင်က အထစ်အငေါ့မရှိ ဒိုးဒိုးဒေါက်ဒေါက် ဖတ်ပြလိုက်ရာ ဆရာကြီးမှာ အံ့သြသွားသည်။ ကျောင်းမနေသေးဘဲ ဖတ်ပြနိုင်ခြင်းမှာ အိမ်နီးချင်း သူငယ်ချင်းများထံမှ ကြိုတင်သင်ကြားထားခြင်း ကြောင့် ဖြစ်သည်။ ပေါ်ထွန်းအောင် ကြိုတင်သင်ကြားထားခြင်းကို သူ၏မိဘများပင် မသိဟု ဆိုသည်။ ကျောင်းအုပ် ဆရာကြီးက ပေါ်ထွန်းအောင်အား ဒုတိယတန်းတွင် နေခွင့်ပြုခဲ့သည်။ ကျောင်းနေ၍ (၂)နှစ်မျှ ကြာသောအခါ ပေါ်ထွန်းအောင် ပဉ္စမတန်းရောက်ပြီး ညီကျော်ထွန်းအောင် စတုတ္ထတန်းသို့ ရောက်သည်။ အတန်းတင်စာမေးပွဲ ပြီးဆုံးသောအခါ ပေါ်ထွန်းအောင်မှာ ဒုတိယပညာသင်ဆုကို အင်္ဂလိပ် မျက်နှာဖြူ ရခိုင်တိုင်းမင်းကြီးကိုယ်တိုင် ကြွရောက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။ ပေါ်ထွန်းအောင်မှာ ဆုကိုယူသော်လည်း ၀မ်းသာမှု မရှိခဲ့ချေ။ ညီကိုခေါ်၍ စစ်တွေမြို့ ကမ်းနားဘက်သို့ ထွက်သွားကြသည်။ ကမ်းနားသို့ရောက်သောအခါ ရရှိခဲ့သော ဆုကို ချိုးဖဲ့ဆုတ်ဖြဲပြီး ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ဤသို့ ပစ်ချပြီးသောအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား ““ဒီမှာ ငါ့ညီ၊ ဆုယူရင် ပထမဆုကိုသာယူ၊ ဒုတိယတို့၊ တတိယတို့ဆိုရင် ဘယ်တော့မှ မယူနဲ့””ဟု ဆိုလေသည်။ ပေါ်ထွန်းအောင်၏ စိတ်ထားကား တကယ်ပင် မြင့်မားလှ၏။

ပေါ်ထွန်းအောင်တို့ ညီအစ်ကိုနှစ်ယောက် အတန်းတွင် ပညာသင်ကြားနေစဉ် အင်္ဂလိပ် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးက မွေးစားလိုသော်လည်း မိဘများက မထည့်၍ ကာလကတ္တားသို့ မလိုက်ခဲ့ရပေ။ ပေါ်ထွန်းအောင်မှာ တိုင်းတစ်ပါးတွင် ပညာသင်လိုစိတ်ရှိ၏။ ထို့ကြောင့် ဖခင်ဖြစ်သူအား ““ဖေဖေ မေမေတို့ မလွှတ်ပေမယ့် တစ်နေ့ကျ ကျွန်တော် ထွက်ပြေးပြီး နိုင်ငံခြားမှာ ပညာသင်မှာပဲ””ဟု တစ်ခါက ပြောဖူးသည်။ (၁၃)နှစ်သားသို့ ရောက်လာသော အခါ ပေါ်ထွန်းအောင်သည် နိုင်ငံခြားသို့ ပညာသင်ကြားရေးကို အထူးအာရုံစိုက်လာသည်။ ငွေရှိလျှင် ပညာသွားသင် နိုင်သည်ဟု ယုံကြည်ချက်ဖြင့် မိခင်ဘက်မှ တော်စပ်သော ဦးရီး၏ ဈေးဆိုင်တွင် ကူညီလုပ်ကိုင်ရင်း ငွေများကို စုဆောင်းခဲ့သည်။

ကြံရွယ်သည့်အတိုင်း မဖြစ်ခဲ့၍ ပေါ်ထွန်းအောင်သည် ဦးရီးထံတွင်လည်း မနေ၊ မိဘများထံသို့လည်း မပြန်ဘဲ စစ်တွေမြို့၌ ပရိယတ္တိစာပေ သင်ကြားမှုတွင် ထိုအခါက အကျော်အစောဖြစ်သော ရွှေစေတီကျောင်း ဆရာတော်ထံ သွားရောက်၍ ရှေးဦးစွာ ဖိုးသူတော်အဖြစ်ဖြင့် မင်္ဂလသုတ်မှစ၊ သဒ္ဒါရှစ်စောင်နှင့် သင်္ဂြိုဟ် ကိုးပိုင်းအထိ သင်ရိုးတန်း ကုန်အောင် သင်ယူခဲ့သည်။ (၁၆)နှစ်အရွယ်ရောက်မှ မိဘများက ရှင်သာမဏေ၀တ်ပေးသဖြင့် ““ရှင်ဥတ္တမ””ဟု တွင်သည်။ ရှင်ဥတ္တမသည် နက်နဲကျယ်ပြန့်သော ပိဋကတ်တို့ကို သင်အံလေ့ကျက်ရာဖြစ်သော ပခုက္ကူစာသင်တိုက် ကြီးတွင် သွားရောက် ပညာသင်ကြားလိုသဖြင့် လူဝတ်လဲ၍ ဓားတောင်ဆရာတော် ဦးဂန္ဓာနှင့် လိုက်သွားသည်။

ရှေးဦးစွာ မအူပင်သို့ရောက်၍ မအူပင်မှ ရန်ကုန်၊ ထိုမှ တောင်ငူမြို့သို့ ရောက်သည်။ ဦးဥတ္တမသည် တောင်ငူတွင် ရှင်သာဏေ စာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရရှိခဲ့သည်။ သို့ကလို စာတော်သည့် သတင်းကြောင့် တောင်ငူမြို့ရှိ ပစ္စည်းဥစ္စာ ပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက သားအဖြစ် မွေးစားကာ ကာလာကတ္တား မြို့သို့ပို့၍ ပညာသင်ကြားစေသည်။ ကာလကတ္တားမြို့တွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀)တန်းအဆင့်ကို အောင်မြင်ခဲ့၍ မြန်မာပြည်သို့ ပြန်လာ၏။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့သွား၍ ရေစကြို တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို ရှင်ဝတ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့ သင်ကြားနေစဉ်ပင် ဦးဥတ္တမအား တွေမျိုးတော်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံ ပေးသည်။ ရဟန်းခံစဉ် ဦးဥတ္တမ၏ သက်တော်မှာ (၁၉)နှစ်နှင့် (၂)လ ရှိပြီဖြစ်သည်။

အရှင်ဥတ္တမသည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ သွားပြန်သည်။ ကာလကတ္တားမြို့သို့ ရောက်ချိန်တွင် အိန္ဒိယနိုင်ငံရေးမှာ တစ်မျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက် ထကြွနိုးကြားခိုက်နှင့် ကြုံကြိုက်နေရာ ဦးဥတ္တမလည်း နိုင်ငံရေးစွန့်စားလိုစိတ်များ ရင်တွင်း၌ တကြွကြွဖြစ်ပေါ်လာလေ၏။ အမျိုးသား စိတ်ဓာတ်လည်း အတောမသတ် ရင့်သန်ခဲ့၏။ ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ် တစ်ခုတွင် ပါဠိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ၀င်ရောက်ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရင်းဖြင့် သင်္ကရိုက်ဘာသာ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းများကို သင်ကြားပြန်သည်။ အိန္ဒိယနိုင်ငံတွင် နေစဉ် ဆရာဦးဥတ္တမအား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုအသင်း ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရဖို့ မလွယ်ပေ။ ဦးဥတ္တမသည် နာမည်ကြီး ဟိန္ဒူခေါင်းဆောင်များဖြစ်သည့် မဒရပ် ပြည်နယ်မှ နာမည်ကျော်ခေါင်းဆောင်ကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူတို့၏ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။

ဟိန္ဒူမဟာဆပ်ဗာအသင်းကြီးမှာ အိန္ဒိယပြည်၌ ကွန်ဂရက်အသင်းကြီးပြီးလျှင် ဒုတိယအင်အားအကြီးဆုံး အသင်းအဖွဲ့ကြီးဖြစ်သည်။ ကွန်ဂရက်အသင်းကြီးမှာ အိန္ဒိယလူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးအသင်းဖြစ်ပြီး ဟိန္ဒူ မဟာဆပ်ဗာအသင်းကြီးမှာမူ ဟိန္ဒူဘာသာကိုးကွယ်ကြသူများသာ ပါဝင်သည့် ဘာသာရေးအသင်းကြီး ဖြစ်သည်။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယပြည်တွင် (၈)နှစ်ကြာမျှ နေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်သွား လေသည်။ (၁၉၀၄-၀၅)၌ ဂျပန်ကဲ့သို့ နိုင်ငံငယ်လေးများက ရုရှားကဲ့သို့ နိုင်ငံကြီးတစ်နိုင်ငံကို အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်ကို အတော်အထင်ကြီးသွားသည့်အလျောက် စုဆောင်းထားသောငွေနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးရန် ၁၉၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရန်ကုန်မြို့မှ စင်ကာပူသို့ သင်္ဘောဖြင့် ထွက်ခဲ့သည်။ ထိုမှတစ်ဖန် (၁၈) ရက်နေ့တွင် ဂျပန်ပြည်သို့ စင်ကာပူမှတစ်ဆင့် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ မတ်လ (၇)ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ ရောက်သွားသည်။ ဂျပန်သို့ ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုအခါက စက်မှုလက်မှုဝန်ကြီး)၏ အထောက်အပံ့ဖြင့် ဂျပန်ဘာသာ နှင့် စကားကို နှစ်နှစ်ခန့် သင်ယူအောင်မြင်သည်။ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ နှစ်နှစ်ခန့် သင်္ကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ပြည်သို့ ရောက်ရှိစဉ်က ဦးဥတ္တမ၏ ၀ါတော်မှာ ကိုးဝါမျှရှိခဲ့ပြီဖြစ်သည်။ တတ်ကျွမ်းသော ဘာသာရပ်များမှာ မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက်္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျပန်ဘာသာ တို့ဖြစ်သည်။

ဆရာတော် ဦးဥတ္တမ ဂျပန်ပြည်ရောက်သွားချိန်၌ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကလည်း ဂျပန်ပြည်တွင် ရှိနေသည်။ တရုတ်ကျောင်းသားများလည်း ဂျပန်ပြည်တွင် အများအပြား ရောက်ရှိနေကြသည်။ တရုတ်ကျောင်းသားများသည် ဦးဥတ္တမထံလာ၍ သြ၀ါဒခံယူကြသည်။ ဦးဥတ္တမက တရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြသည်။ တရုတ်ကျောင်းသားများသည် ဦးဥတ္တမကို လေးစားကြည်ညိုသွားကြပြီးလျှင် ထိုအချိန်က တရုတ်ပြည်လွတ်မြောက်ရေးကို ဂျပန်ပြည်၌ အခြေချလျက် ကြိုးပမ်းနေသော သူတို့ခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင်အား ဦးဥတ္တမအကြောင်းကို ပြောပြလေသည်။ ဒေါက်တာဆွန်ယက်ဆင်သည် ဆရာတော် ဦးဥတ္တမအကြောင်းကို ကြားသိရသည်ဖြစ်၍ ဦးဥတ္တမထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ဦးဥတ္တမနှင့် စကားဆွေးနွေး ပြောကြည့်သောအခါ ဦးဥတ္တမအပေါ်တွင် အထူးလေးစားမှုရှိသွား သည်ဖြစ်၍ ဒေါက်တာဆွန်ယက်ဆင်က ဦးဥတ္တမအား တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်လေသည်။ ဦးဥတ္တမသည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် (၁၉၁၉) ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ရှန်ဟိုင်း၊ ရှန်ဟိုင်းမှ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည် သွားလာခဲ့လေသည်။

ထိုခေတ် ထိုအခါက မြန်မာလူမျိုးတစ်ဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွား လာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်ခြင်းများကို ပြုလုပ်နိုင်သူမှာ အံ့ချီးဖွယ်ရာပင် ဖြစ်လေသည်။ ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်မျှသာယူပြီး စေတနာ ဖြင့် ပြသခဲ့သည်။ ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ၀င်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် ၎င်းင်း၏ သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော် ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေသည်။ ထို့နောက် ဆရာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလျှင် သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက ““အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး””ဟု လျှောက်ထားရာ ဆရာတော်က ““ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ””ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။

ထို့နောက် ၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ဆိုက်ရောက်တော်မူသည်။ ဆရာတော် ဦးဥတ္တမ ပြန်၍ ကြွလာသောအခါ မြန်မာပြည်သည် ၀ိုင်အမ်ဘီအေအသင်း (ဗုဒ္ဓဘာသာ ကလျာဏယူဝအသင်း)က နိုင်ငံရေးလုပ်ငန်း များကို စတင်လုပ်ကိုင်နေပြီ ဖြစ်သဖြင့် ဦးဥတ္တမလည်း ကူညီဝင်ရောက်ကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လေ သည်။ ၀ိုင်အမ်ဘီအေ ၁ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို (၁၉၀၆) ခု၊ မေလ (၁၀) ရက်၊ ကြာသပတေး၊ မြန်မာသက်္ကရာဇ် (၁၂၆၈) ခု၊ ကဆုန်လပြည့်ကျော် (၄) ရက်တွင် မျိုးချစ်စိတ်ဓာတ် ထက်သန်ကြသော လူငယ်များ ဖြစ်ကြသည့် ဦးဘဖေ၊ အမ်အေမောင်ကြီးနှင့် ဒေါက်တာ ဦးဘရင်တို့က ရန်ကုန်မြို့ (၂၈)လမ်း၊ အိမ်အမှတ် (၆၈)၊ ကိုမောင်ကြီးအိမ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ခေတ်ပညာတတ်လူငယ်များဖြစ်သော ဦးပု၊ ဦးသိမ်းမောင်၊ ဦးစု၊ ဦးမေအောင်၊ ဦးမောင်မောင်အုန်းခိုင်၊ ဦးဘစီ၊ ဦးသင်းမောင်၊ ဦးဘလှိုင်၊ ဦးစိန်လှအောင် စသူတို့လည်း အသင်းကြီးတွင် ၀င်ရောက်ဆောင်ရွက်လာခဲ့ကြသည်။ ၂ ဦးဥတ္တမ ဂျပန်ပြည်မှ ပြန်ရောက်ချိန်တွင် ၀ိုင်အမ်ဘီအေအသင်းကြီးမှာ အတော်အသင့် ကြီးပွားတိုးတက်နေလေပြီ။ ၀ိုင်အမ်ဘီအေ အသင်းသူ အသင်းသား များကလည်း ဆရာတော်အား အထူးစိတ်ဝင်စားကြသည်။ မြန်မာထဲမှ ဘာသာစုံတတ်ကျွမ်းသော ပုဂ္ဂိုလ်ထူးဖြစ်၍လည်း အထူးကြည်ညိုကြသည်။ ဂျပန်ပြည်တွင် ပါမောက္ခလုပ်ခဲ့သူဖြစ်သောကြောင့် ပိုမိုလေးစားသည်။ ဆရာတော်ဦးဥတ္တမ၏လမ်းညွှန်မှုကြောင့် မြန်မာများ အတော်အတန် နိုင်ငံရေးမျက်စိ ပွင့်လာကြသည်။ ဤကဲ့သို့ စတင်လုပ်လျှင် လုပ်ဆောင် ခြင်းပင် အစိုးရစုံထောက်များမှာ ဆရာတော်၏နောက်သို့ တကောက်ကောက် လိုက်၍နေခြင်းကြောင့် ဆရာတော်အား ကနဦး၌ သံဃာတော်များ မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော်ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ်နှင့် ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သောကြောင့် အရဟတ်္တဓဇဂုဏ်နှင့် မညီညွတ်ဟု ဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိစတြိတ်ရှိ သမိုင်းမြို့ (ယခု မရမ်းကုန်းမြို့နယ်)ရှိ အိမ်တစ်အိမ်တွင် သီးသန့် သီတင်းသုံး၍ နေရှာသည်။ ထိုအခါ သူရိယသတင်းစာသည် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ပုံများ အထူးတလည် ထောက်ခံအားပေးသည့်အပြင် ဆရာတော်၏ အပြုအမူမှာ မှန်ကန်ကြောင်းကို နေ့စဉ်လိုလိုပင် ရေးသားခဲ့ကြသည်။ ဤသို့ တစ်စတစ်စ လူသိများ၍ ဆရာတော် တရားပွဲများသို့ သွားရောက်၍ နိုင်ငံရေးတရားများကို နာစပြုကြလေသည်။ ဆရာတော်သည် များသောအားဖြင့် သူရိယသတင်းစာတိုက်တွင်သာ သီတင်းသုံး၏။ ဦးဥတ္တမ နိုင်ငံရေးလုပ်ဆောင်ရာတွင် ထိုခေတ်အခါက ခေတ်၏ ရှေ့ပြေးဖြစ်သော ဦးဘဘေ၊ ဦးလှဘေ စသော ပုဂ္ဂိုလ်များက အားပေး၏။ ၎င်းတို့၏ လုံ့လကြောင့် သူရိယသတင်းစာ တိုက်၏ အကူအညီဖြင့် တိုင်းသူပြည်သားများ မျက်စိပွင့်လင်း၍လာလေသည်။ သို့ဖြစ်ရာ သူရိယသတင်းစာ၏ ဆောင်ရွက်ချက်များကို ကျေးဇူးတင်ထိုက်ပေသည်။

ဦးဥတ္တမမှာ နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောတတ်သည့်အတိုင်း သံဃာတော် များအား ကျောင်းတွင်သာ ကျိန်း၍မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘ၀သို့ ရောက်၍နေသောအခါ တိုင်းသူ ပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များကိုးကွယ်သော ဘာသာသည်လည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင် ဖြစ်မည်။ ကျွန်ဘ၀မှ လွတ်မြောက်၍ သာသနာပြုမင်း ပေါ်ပေါက်မှသာလျှင် သာသနာတော် ကြီးပွားထွန်းကားနိုင်မည် ဖြစ်သောကြောင့် ကျောင်းတွင် ကျိန်း၍နေခြင်းငှာ မသင့်ကြောင်း၊ သံဃာ့သမဂ္ဂီများ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိ အောင် ကြိုးစားသင့်ကြောင်း စသည်ဖြင့် ဟောပြောခဲ့လေသည်။

သို့ကလို ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်အနှံ့ အတော်အသင့် နိုင်ငံရေးတရားများ ဟောပြောတော်မူ ခဲ့ပြီးနောက် (၁၉၁၂) ခုနှစ်တွင် ဂျပန်ပြည်သို့ တစ်ဖန်ပြန်ကြွသွားပြန်သည်။ နှမဖြစ်သူ ဒေါ်အိမ်စိုးနှင့် မြန်မာလူငယ် သုံးယောက်တို့ကိုပါ ခေါ်သွားကာ ပညာသင်ကြားစေသည်။ (၁၉၁၂) ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပြန်ကြွသွားပြီးနောက် (၁၉၁၂)ခု မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၁၇) ရက် နေ့စွဲပါ စာတွင်-

““ဂျပန်အိမ်တို့သည် စက္ကူအိမ်များ ဖြစ်သည့်အတွက် အမည်းနေရာ၊ အဖြူနေရာ၊ အ၀ါနေရာရှိသည်။ ထိုနေရာ တွင် မြေဖြူနှင့်ဖြစ်စေ၊ ခဲတံနှင့်ဖြစ်စေ၊ မီးသွေးနှင့်ဖြစ်စေ မရေးရ။ မြန်မာလူမျိုးတို့သည် ထိုကဲ့သို့ရေးခြင်းကို အလွန် တရာ အလေ့အထရှိကြသည်။ မြန်မာပြည်၌ အိမ်တံခါးပိတ်၍သော်လည်းကောင်း၊ ထရံ၌သော်လည်းကောင်း၊ စားပွဲခုံ၌သော်လည်းကောင်း၊ စာသင်ကျောင်း၌သော်လည်းကောင်း၊ ဘုန်းကြီးကျောင်း၌သော်လည်းကောင်း၊ မီးရထားတွဲ ပေါ်၌သော်လည်းကောင်း၊ ရေအိမ်၌သော်လည်းကောင်း၊ သာလာယံဇရပ်၌သော်လည်းကောင်း မြေဖြူနှင့်ဖြစ်စေ၊ မီးသွေးနှင့်ဖြစ်စေ မကောင်းသော အခြင်းအရာ၊ ရိုင်းပျသော စာသားများကို ရေး၍ထားတတ်ကြသည်။ ယင်းသည် မကောင်းသော အကျင့်စာရိတ္တဖြစ်ကြောင်း ဟူ၍လည်းကောင်း။

တစ်ဖန် ဂျပန်ပြည်တွင် မြူနီစီပါယ်အဖွဲ့က ဦးဆောင်၍ တိုကျိုမြို့၏ သန့်ရှင်းရေးလုပ်ဆောင်ပုံကို မေလ (၂၁) ရက် နေ့စွဲပါ စာတွင်-

မေလ (၇) ရက်နေ့ကျသောအခါ တိုကျိုမြို့ (မြူနီစီပါယ်) အစိုးရများထံမှ ဆင့်စာတွင် အိမ်ကို ကောင်းစွာ သန့်ရှင်းရမည်ဆိုသောကြောင့် အိမ်ကို ဆေးကြော၍ သန့်ရှင်းပြီးလျှင် ထားရကြောင်း။ ဤဂျပန်တစ်ပြည်လုံးတွင် နှစ်နှစ်တစ်ခါ မေလကျသောအခါ တစ်နေ့ကို လမ်းတစ်လမ်း (ျှကမေအနမ) ကွာတာတစ်ခု၊ အရပ် တစ်ရပ်ကို သန့်ရှင်း ရကြောင်း၊ ထိုသို့ သန့်ရှင်းသောအခါ ၀န်စည်စလည် ပစ်္စည်းသေတ္တာများ၊ ဖျာများ၊ အသုံးအဆောင် အစခပ်သိမ်း တို့ကို လမ်းပေါ်မှာ ထုတ်၍ထားရသည်။ ဤကဲ့သို့ ထားပြီးလျှင် ပုလိပ်အရာရှိကြီးများ၊ ပုလိပ်သားများနှင့် သန့်ရှင်းရေး ကြီးကြပ်သူများ လာပြီးလျှင် အိမ်းတွင်းကို ၀င်ပြီး အညစ်အကြေးရှိသည်၊ မရှိသည်၊ သန့်ရှင်းသည်၊ မသန့်ရှင်းသည်ကို ကြည့်ပြီးလျှင် သန့်ရှင်းသောအိမ်ဖြစ်ပါက ဤအိမ်သည် ဤနှစ်အတွက် သန့်ရှင်း၍ စစ်ဆေးပြီးကြောင်းကို အိမ်တံခါးဝ တွင် စက္ကူကလေးတစ်ခု ကပ်၍သွားကြောင်း။ ထိုကဲ့သို့ အိမ်ကို ကောင်းမွန်စွာ သန့်ရှင်းရခြင်း၏ အကြောင်းကား အညစ်အကြေး မရှိ၍ လူများ ကျန်းမာစွာရှိလေအောင် ရောဂါဆိုး၊ အနာဆိုး မဖြစ်လေအောင် ပုလိပ်ရောဂါ မဖြစ် ရအောင် ကြည့်ရှုစောင်မ စောင့်ရှောက်ရကြောင်း ဟူ၍လည်းကောင်း။

တစ်ဖန် ဂျပန်ပြည်ရှိ ကျောင်းသူကျောင်းသားတို့အကြောင်း မေလ (၂၁)ရက် နေ့စွဲပါ အခြားစာ တစ်စောင် တွင်-

““ဂျပန်ကျွန်းတွင် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ခြောက်နှစ်စေ့၍ ဏမငာမေပှခ့သသူ (မူလတန်း စာသင်ကျောင်း)မှာ သင်လျှင် ထိုလူကလေး မိန်းကလေးတို့သည် ညကို (၁၀) နာရီမှအိပ်၍ မနက် (၅) နာရီကို အိပ်ရာက ထရမည်ဟူ၍ အစိုးရမင်းများကပင် ဥပဒေပြု၍ထားသည်။ ဦးပဉ္စင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်အနေ၊ အစားအသောက်၊ အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်း မရှိသည့်အတွက်ကြောင့် ပျက်စီးခြင်းမူလ ဖြစ်ဟန်ရှိကြောင်း”” ဟူ၍ စာသုံးစောင်တွင် ဂျပန်၏ အလေ့အထ၊ သန့်ရှင်းရေး၊ စည်းကမ်းပုံတို့ကို အတိအလင်း ကိုယ်တွေ့ ရေးသားထားလေသည်။ ၄ ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်ကြွလာပြီး သူရိယသတင်းစာတိုက်တွင် သီတင်းသုံး နေထိုင်တော်မူပြီး “ဂျပန်ပြည်အကြောင်း” စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။

ဆရာတော်၏စာအုပ်၌ ဂျပန်ပြည်အကြောင်းနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားသည်။

ငါတို့ ဗုဒ္ဓဘာသာ သာသနာတော်သည် ရှေးအခါက အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတွင် အလွန်တရာကြီးပွား၍ ယခုအခါ ဘယ့်အတွက်ကြောင့် ဗုဒ္ဓဘာသာတရားကို မကိုးကွယ်ကြလေသနည်း။ မိမိတို့ ဗုဒ္ဓဘာသာတရားတော်သည် နှစ်ပေါင်း (၂၀၀၀)ကျော် ကာလက တည်ဘိသကဲ့သို့ ယခုလည်း တည်စေလိုသော ဆန္ဒဖြင့် အိန္ဒိယနိုင်ငံသို့ သွား၍ ထိုသူတို့၏ ဘာသာ၊ အယူဝါဒ၊ ထုံးစံ၊ စည်းကမ်းနည်းလမ်းတို့ကို သင်ယူပြီးလျှင် လေ့လာတတ်မြောက်၍ ရှင်တော် ဘုရား၏ တရားတော်မြတ်ကို ဟော၍နေသည့်အတွင်း တိဗက်နိုင်ငံတွင် ရဟန္တာရှိသည်ဟု ကြားရသဖြင့် ထိုနိုင်ငံသို့ သွားလိုသောဆန်္ဒဖြင့် ဟိမ၀န္တာတောင်ခြေရင်း၌ တည်ရှိသော ဒါဂျီလင်မြို့သွား၍ တိဗက်နိုင်ငံသို့ သွားရ၊ မသွားရ စုံစမ်းကြည့်ရာ တိဗက်ဘာသာစကားတတ်လျှင် သွားနိုင်သည်ဟု သိရသောကြောင့် မေလတွင် စ၍သင်သည်။ နိုဝင်ဘာလကျသောအခါ အလွန်အေးချမ်းလှသဖြင့် ကာလကတ္တား (ယခု ကိုးလ်ကတ္တား)သို့ ပြန်လာခဲ့သည်။

ဧပြီကျသော် တစ်ခါသွား၍ သင်ကြား၊ အနည်းငယ် ပြောတတ်ဆိုတတ်သောအခါ တိဗက်သို့ ဒါဂျီလင်မှ သွား၏။ နယ်ခြားသို့ ရောက်သောအခါ မ၀င်ရဆို၍ ပြန်လာပြီးလျှင် ကရိမာယာ (ကသီရ)နိုင်ငံသို့ သွားပြန်၏။ ထိုနိုင်ငံက ဆာရီနာဂရမြို့နှင့် (၁၅)ရက်ခရီးခန့် ကွာဝေးသော လဒတ်မြို့သို့ ၀င်ရအောင် သွားရောက်ပြန်သည်။ မ၀င်ရဟု တားမြစ်သည့်အတွက် စိတ်ပျက်ပြီးလျှင် အိန္ဒိယနိုင်ငံအတွင်းနှင့် ရှေးက အလွန်တရာကြီးကျယ်သော အီဂျစ်နှင့် ပြင်သစ်နိုင်ငံ ဥရောပနိုင်ငံတို့သို့ လှည့်လည်၍ သွားလာနေစဉ်အတွင်း ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးတို့ စစ်ပြိုင်၍တိုက်ကြရာ စစ်တိုက်သောနေ့ကစ၍ စစ်ပွဲပြီးသည့်တိုင်အောင် ဂျပန်လူမျိုးတို့သည် အရေးသာလျက် ရုရှား လူမျိုးတို့ကို နိုင်နင်းကြောင်းကို သတင်းစာ အစောင်စောင်တို့တွင် တွေ့မြင်ရ၍ ရှေးအခါက ရာဇ၀င်၊ မဟာဝင်တို့တွင် အပါအ၀င်မဟုတ်သော နိုင်ငံ၏ အရေအတွက်တွင် မသွင်းသော အာရှတိုက်အရှေ့ဘက်က ဆီမီးခွက်လောက် ဂျပန်က ရုရှားကိုနိုင်ကြောင်း။ ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးတို့ကို ယှဉ်၍ကြည့်လိုက်သော် ဂျပန်တို့က လူပုလူငယ်၊ ရုရှားတို့က ဂျပန်ထက် ခွန်အားဗလ ပြည့်စုံကြောင်း၊ သို့ပါလျက် ဂျပန်သည် ရုရှားလူမျိုးတို့ကို စစ်ပြိုင်တိုက်လျက် အဘယ့်ကြောင့် နိုင်သနည်းဟု အံ့သြခြင်းဖြစ်ပြီးလျှင် ယခုအခါ ငါတို့သည် သူတကာထက် အစစအရာရာတွင် အောက်ကျနေသည့် အတွက် ငါတို့ဘာသာတရားသည်လည်း ဘယ်သောအခါမှ ကြီးပွားမည်မဟုတ်။

ငါတို့နိုင်ငံ၊ ငါတို့မြန်မာလူမျိုး ကြီးပွားမှသာလျှင် ငါတို့ကိုးကွယ်သော ရှင်တော်ဘုရား၏ သာသနာတော်သည် လည်း ကြီးပွားကျော်ဇော၍ ကမ္ဘာပေါ်တွင် ပေါ်လွင်ထွန်းတောက်လာနိုင်မည်ဟု အထင်ရှိ၍ ဂျပန်လူမျိုးတို့၏ လုံ့လ၊ ၀ီရိယ၊ စည်းကမ်းနည်းလမ်း၊ ထုံးစံ ဘာသာ အယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို နည်းခံရအောင်အကြံဖြင့် ၁၉၁၇ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာ၍ ထိုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ ရန်ကုန်က စင်ကာပူမြို့သို့ သင်္ဘောစီး၍ ထွက်ခွာ၏။ ထိုမှတစ်ဖန် (၁၀) ရက်နေ့ ဂျပန်ကျွန်းကြီးသို့ သင်္ဘောစီး၍ ထွက်ခွာရာ ယိုကိုဟားမားဆိပ်ကမ်းသို့ မတ်လ (၁၇) ရက်နေ့ရောက်ကြောင်း၊ နေရထိုင်ရတာများကို စုံစမ်းလိုက်သော် မြန်မာပြည်က ရဟန်းတော်များကဲ့သို့ ဆွမ်းခံစား၍မရ၊ တခြား ဥရောပတိုက်သား တရားဟောဆရာ တို့ကဲ့သို့ ထောက်ပံ့ကြည့်ရှုသော အသင်းများလည်း မရှိ၊ သို့သော် မိမိပညာကို အားကိုး၍ အိန္ဒိယနိုင်ငံမှာပင် တစ်စုံ တစ်ယောက် ထောက်ပံ့သောသူ မရှိဘဲလျက် ရှစ်နှစ်ကျော်မျှ နေထိုင်ခဲ့သည်။

ဤ ဂျပန်ပြည်မှာလည်း နေထိုင်အောင် ကြံသည်ဟူသော ဆန္ဒဖြင့် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတော် ကြီးတွင် အကြီးဥက္ကဋ္ဌဖြစ်သော အမတ်ကြီး အိုတာမီထံ ဦးပဉ္စင်းသည် ရဟန်းဝါ (၉) ၀ါရ၍ အင်္ဂလိပ်ဘာသာနှင့်တကွ ပါဠိဘာသာ၊ သင်္ကရိုက်ဘာသာ၊ ဘင်္ဂလီ၊ နာဂရီ အားလုံး ရှစ်ဘာသာကို စာနှင့်တကွ တတ်မြောက်၍ အမတ်ကြီး၏ သိပ္ပံကျောင်းတွင် အသုံးပြုလိုပါက ဦးပဉ္စင်းကို အကြောင်းကြားပါဟု စာပေးလိုက်ရာ နှစ်ရက်နေပြီးမှ စာပြန်လေသည်။ စာနှင့် ကိုယ်တော်ကြွလာခဲ့ပါ။ ကိုယ်တော် ဂျပန်စာနှင့် စကား အယူဝါဒ၊ ဓလေ့ထုံးစံများကို သင်ပါ။ သင်နေသည့် အတွင်း စရိတ်စကကို ကျွန်တော်က ခံယူပါမည်ဟု ဆို၍ ကြွသွားသောအခါ အင်္ဂလိပ်စာတတ်သော ဂျပန်တစ်ယောက် ကို အပ်လျက် သင်ပြစေပါသည်။ တစ်နှစ်သင်ပြီးလျှင် ဂျပန်စာကို ဘာသာစကားနှင့်တကွ စာမေးပွဲဝင်၍ အောင်မြင် သည်။

ထို့နောက် တက်္ကသိုလ်တွင် ပါဠိနှင့် သင်္ကရိုက်ဘာသာ ပရော်ဖက်ဆာအဖြစ် ခန့်အပ်၍ အခြားဆရာများ နည်းတူ လခကို ပေးမည်ဟုပြော၏။ ခင်ဗျား ကျေးဇူးအလွန်ကြီးပါတယ်။ လစာ မယူပါရစေနှင့်။ ရှေးကကဲ့သို့ပင် ကြည့်ရှုထောက်ပံ့ပါ။ ဦးပဉ္စင်းသည် ထိုသိပ္ပံကျောင်းတော်တွင် (၂)နှစ်ကျော်လောက် ပြပြီးနောက် မိမိမွေးရပ်ဌာနေသို့ မရောက်သည်မှာ ကြာပြီဖြစ်၍ ပြန်ဦးမည်အကြံဖြင့် အမတ်ကြီးကိုပြောရာ စရိတ်ဘယ်လောက် အလိုရှိပါသနည်းဟု မေး၏။ ဦးပဉ္စင်းက ယခု မြန်မာပြည်သို့အပြန်တွင် ကိုရီးယား၊ မန်ချူးရီးယားပြည်၊ ရို့အာသာမြို့၊ တရုတ်ပြည်၊ အာနမ်ပြည် (ကမ္ဘောဒီးယား)၊ ထိုင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)၊ အိန္ဒိယနိုင်ငံတို့ကို လှည့်လည်၍ ပြန်လိုကြောင်း ပြောသောအခါ ဒုတိယတန်း၌ စားစရိတ်၊ ခရီးစရိတ်ကို တွက်၍ပေးလိုက်သည်။ ဂျပန်မှ (၁၉၁၀) ပြည့်နှစ်တွင် ထွက်လာကြောင်း၊ (၁၉၁၁) ခုနှစ်တွင် မြန်မာပြည်သို့ရောက်ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ဦးဥတ္တမ ရေးသားထားသော “ဂျပန်ပြည်အကြောင်း” စာအုပ်တွင် ဖော်ပြပါရှိသည့် စာပိုဒ်များကို ဖတ်ရှုခြင်းဖြင့် ဆရာတော် ဦးဥတ္တမသည် မြင့်မားသော ရည်ရွယ်ချက်ဖြင့် မည်သို့မည်ပုံ ပြည်ပနိုင်ငံများသို့ လှည့်လည် သွားလာခဲ့သည် ဆိုသည်ကို သိရှိနိုင်ပေသည်။

သူရိယသတင်းစာမှနေ၍လည်း အမျိုးကို စောင့်ရှောက်ရမည့် ၀ံသာနုရက်္ခိတ တရားများကို လှုံ့ဆော်ရေးသား ခဲ့သည်။ ယင်းနောက် ကမာရွတ်တွင် တစ်ပါးတည်း သီတင်းသုံးကာ နိုင်ငံရေးတရားများကို လှည့်လည်ဟောပြောမှု ပြုခဲ့သည်။ ထိုစဉ်က ဆရာတော်အား တရားဟောသောအခါ ကားမရှိလျှင် ထမ်းစင် (ဝေါ)ဖြင့် လူမျိုးပေါင်းစုံထမ်း၍ တရားဟောစင်မြင့်ပေါ်သို့ အရောက်ပို့ဆောင်ပေးကြသည်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်း သားများ သပိတ်စတင်မှောက်ကြသည်။ ထိုစဉ်က ဘုရင်ခံမှာ အင်္ဂလိပ်လူမျိုး ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်သည်။ ကျောင်းသားများ သပတ်မှောက်စဉ်က ဆရာတော်မှာ ကာလကတ္တားမြို့သို့ ခေတ္တကြွရောက်နေသည်။ ဆရာတော် ဦးဥတ္တမသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ကြောင်းကို ကြားသိသည်နှင့် တစ်ပြိုက်နက် မီရာ သင်္ဘောဖြင့် ကာလကတ္တားမြို့မှ ရန်ကုန်မြို့သို့ ကြွရောက်လာခဲ့လေသည်။ ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ဗမာ့ခေတ် သတင်းထောက် ဦးဘရင်သည် သူရေးသားသော “ဆရာတော်ဦးဥတ္တမ” စာအုပ် စာမျက်နှာ (၄၂)တွင် ဤသို့ ရေးသား ဖော်ပြခဲ့သည်။

““(၁၉၂၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလတွင် ဦးဥတ်္တမ ကာလကတ်္တားတွင် ရောက်ရှိနေ၏။ ထိုနှစ်က ဦးဥတ်္တမ၏ ဦးရီးတော်ဖြစ်သူ စစ်တွေ့မြို့မှ ဦးချစ်ခိုင်နှင့် ဇနီး မစံလှဖြူတို့သည် မျက်စိရောဂါကုသရန် ကာလကတ်္တားသို့ ခေတ်္တ သွားကြသည်။ ထိုအခါတွင် ဦးဥတ်္တမ၏ညီ ကျော်ထွန်းအောင်သည်လည်း ပါသွားလျက် ကာလကတ်္တားမြို့ ရခိုင်ပွဲစား တစ်ဦး၏အိမ်တွင် တည်းခိုနေထိုင်ကြသည်။

တစ်နေ့သောအခါ ဆရာတော် ဦးဥတ်္တမသည် ကြေးနန်းစာရွက်ကလေးတစ်ခုကို ကိုင်ပြီး ပြုံးပြုံးရယ်ရယ်နှင့် ပွဲစားအိမ်သို့ ကြွလာသည်။ ဒွေးတော်သူ မစံလှဖြူက ““အလို- ဦးပဉ်္စင်း ဒီတစ်ခါ ရယ်လို့မောလို့၊ ဘာများ သဘောကျပြီး ပြန်လာသလဲ””ဟု ဆီး၍လျှောက်ထားလေသည်။

““ဒကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုယ်ကျုပ် သေပျော်ပြီလို့ ၀မ်းသာအားရရှိတာနဲ့ ပြုံးလာတာပဲ””ဟု အမိန့် ရှိလေသည်။ ဒွေးတော်က ““ဘာများဖြစ်လာသလဲ””ဟု မေးရာ ဦးဥတ်္တမက ““ငါတို့ ဗမာလူမျိုးတွေ လူနဲ့သူနဲ့ တူလာ ကြပြီ၊ ဒီလို လူစိတ်ရှိလာလို့ ငါဝမ်းသာလာတာပဲ””ဟု ဆို၏။

““အရင်ကတော့ ဗမာတွေဟာ လူစိတ်မရှိလို့ ခွေးစိတ်ရှိနေသလား ဘုရား””

ဦးဥတ်္တမက ““လူစိတ်ရှိတယ်ဆိုတာ ဒီလိုလေ၊ လူဟာ လူ့အခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်၊ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မရ-ရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးပဉ်္စင်း ဆိုလိုတာပဲ။ ဟော- အခု ရန်ကုန်ကောလိပ်ကျောင်းသားတွေကစပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကြကုန်ပြီတဲ့။ ရန်ကုန်မြို့ကနေပြီး အဲဒီကိစ်္စကြီးမှာ ဦးပဉ်္စင်းထံ အကြံဉဏ်တွေ ယူချင်လို့ ဦးပဉ်္စင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ အခုပဲရတယ်။ ဗမာတွေ ဒီလို စိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ်္စင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးပဉ်္စင်း သေပျော်ပါပြီလို့ ပြောတာ””ဟု ရှင်းလင်းတော့မှပင် ဒွေးတော်၊ ဦးရီးနှင့် ညီဖြစ်သူတို့ နားရှင်းသွားကြလေသည်။””

ရန်ကုန်ကောလိပ် ပထမသပိတ်ကြီးမှာ (၁၉၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ (၁၂၉၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် သပိတ်မှောက်ခဲ့သည်။ ထိုသတင်းကြးနန်းကို ရလျှင်ရချင်းပင် ဆရာတော်သည် ရန်ကုန်သို့ မီရာသင်္ဘောဖြင့် ကြွလာပြီး ၀ိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးသည် ဟူသတည်း။

ရန်ကုန်ကောလိပ် သပိတ်မှောက်ပြီးနောက် နယ်ချဲ့အစိုးရသည် မျိုးချစ်စိတ်နှိုးဆွရာ လက်နက်ကောင်းတစ်ခု ဖြစ်သော သတင်းစာများကို ပိတ်ပစ်ရန် အာမခံကြေးများ တောင်းခဲ့သည်။ အင်္ဂလိပ်ငွေ (၂၀၀၀ိ)၊ (၃၀၀၀ိ)၊ (၅၀၀၀ိ) စသည်ဖြင့် အာမခံကြေးများ ပေးခဲ့ရရှာသည်။ ဂျာနယ်အချို့ကိုလည်း ပိတ်ပစ်လိုက်ရာ သူရိယ၊ မြန်မာ့အလင်း၊ ပညာ့အလင်းနှင့် ဗန္ဓုလဂျာနယ် (၄) စောင်သာ ကျန်ရစ်တော့သည်။

ထိုစဉ် ဝေလမင်းသား (နောက်နန်းစွန့် အဋ္ဌမမြောက် ဂျော့ဘုရင်) မြန်မာပြည်သို့ လာမည်ဖြစ်ရာ ၀ိုင်အမ် ဘီအေအသင်းမှ ကြီးမှူး၍ ဝေလမင်းသားကို မကြိုဆိုရန် သပိတ်မှောက်ကြသည်။ ခေါင်းဆောင်အချို့ကို ဖမ်းပြီး သပိတ်မှောက်လျှင် အပြစ်ပေးနိုင်သော ဘွိုင်ကောက် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဘုရင်ခံ တင်းတင်းမာမာ ဆောင်ရွက်လာသောအခါ မြန်မာပြည်သူများ မကျေမနပ် ဖြစ်နေကြသော် လည်း မိမိတို့၏ ဆန်္ဒကို ဖွင့်ဟထုတ်ပြခြင်း မပြုဝံ့ဖြစ်နေချိန်တွင် ဆရာတော် ဦးဥတ်္တမသည် ဘုရင်ခံထံ စာတစ်စောင် ရေးပို့လိုက်လေသည်။ ထိုစာမှာ ““ဆာရယ်ဂျီနယ်ကရက်ဒေါက်မင်း မြန်မာပြည်က ထွက်သွား”” ဟူ၍ ဖြစ်လေသည်။ အဆိုပါ နှင်စာကို သူရိယသတင်းစာက ထည့်သွင်းဖော်ပြခဲ့ရာ တစ်တိုင်းတစ်ပြည်လုံး မျက်လုံးပြူး အံ့အားသင့်ခဲ့ ကြသည်။ အကြောင်းမှာ ဘုရင်ခံကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရေးရဲသော အာဇာနည်ပုဂ်္ဂိုလ်ထူး၏ စာကြောင့်ပင် ဖြစ်သောကြောင့်တည်း။

ဤစာကြောင့် မြန်မာလူမျိုးများအတွင်း၌ မီးခဲပြာဖုံးဖြစ်နေသည့် လွတ်လပ်ရေးစိတ်၊ အမျိုးသားစိတ်ဓာတ်ကို တပ်လှန့်နှိုးဆော်ပေးလိုက်သလို ဖြစ်သွားသည်။ မြန်မာလူမျိုးများ နိုးကြားထကြွလာကြသည်။ ဇာတိသွေး ဇာတိမာန် တက်ကြွလာသည်။ ထို့ပြင် ဤကဲ့သို့ ပြောနိုင်သော အခွင့်အရေးရှိသည်ဟူသော အချက်ကို မြန်မာလူမျိုးတို့အား နိုးကြားသိမြင်လာစေခဲ့လေသည်။ ၅ ထိုအချိန်က စတင်ခဲ့သော မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသည် လွတ်လပ်ရေးရသည် အထိ တစ်စတစ်စ ရှင်သန်ကြီးထွားလာသည်။ ဆရာတော်သည် ထိုအချိန်ခန့်မှစ၍ တောရွာ၊ ကျေးလက်များသို့ ဆင်းကာ နိုင်ငံရေးတရားများ ဆက်တိုက်ဆိုသလို ဟောပြောတော်မူလေသည်။ ထိုအတွင်း ဆရာတော်သည် ရန်ကုန်နှင့် ကာလကတ္တားကို ကူးချည်သန်းချည် ပြုလုပ်လျက်ရှိသည်။

 http://wikimyanmar.co.cc/wiki/index.php?title=%E1%80%A6%E1%80%B8%E1%80%A5%E1%80%90%E1%81%B1%E1%80%99

U Ottama's Biography

 Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule. The ethnic Rakhine (Arakanese) monk was imprisoned several times by the British colonial government for his anti-colonialist political activities. He went on a hunger strike in prison, and died in September 1939.[1] He is considered one of the national heroes of modern Myanmar.

Early life 
He was born Paw Tun Aung, son of U Aung Kyaw Thu and Daw Mra, in Rupa, Sittwe District,[2] in western Burma on 28 December 1879. Paw Tun Aung assumed the religious name Ottama when he entered the Buddhist monkhood.

Education 
Ashin Ottama studied in Calcutta for three years, until he passed the vernacular. He then travelled around India, and to France and Egypt.

Anti-colonial and political activities
 Upon his return to British Burma, U Ottama started his political activities, toured the country, lecturing for YMBA (Young Men's Buddhist Association) and giving anti-colonial speeches. In 1921, he was arrested for his infamous "Craddock, Get Out!" speech against Craddock Scheme by Sir Reginald Craddock, the then Governor of British Burma.

Repeatedly imprisoned on charges of sedition, he carried on. Ottama was one of the first monk to enter political arena and the first person in British Burma to be imprisoned as a result of making a political speech, followed by a long line of nationalists such as Aung San and U Nu. According to academics; between 1921 and 1927, U Ottama spent more time in prison than outside.

Demise
In January, 1907 he went to Japan, where he taught Pali and Sanskrit at the Academy of Buddhist Science in Tokyo. He then travelled to Korea, Manchuria, Port Arthur, China, Annam, Cambodia, Thailand, Sri Lanka and India. InSaigon, he met with an exiled former Burmese prince, Myin Kun (who led a rebellion along with Prince Myin Khondaing in 1866, and assassinated the heir to the Burmese Crown, Crown Price Kanaung).

While Ashin Ottama did not hold any post in any organization, he encouraged and participated in many peaceful demonstrations and strikes against British rule. An admirer of Mahatma Gandhi, he did not advocate use of violence.

He represented the Indian National Congress at the funeral of Dr Sun Yat-Sen in June 1929. The only time he held a post was as leader of the All India Hindu Mahasabhas in 1935.

 U Ottama was imprisoned in the late 1930s for his nationalist political activities. In protest of recent political events, U Ottama went on a hunger strike, which the British colonial government ignored. Finally, he died in Yangon General Hospital, in 9 September 1939.

Legacy
U Ottama is seen as both the first true martyr of Burmese nationalism and father of the modern Arakanese nationalist movement. U Ottama is seen as the first of Myanmar's long list of political monks, who had stood up for the Burmese people in times of strife, either under colonial, democratic, socialist or military rule. His monastery in Sittwe, the Shwe Zedi Monastery, continues to be an important focal point in the Burmese political movement - the recent August-September 2007 riots were sparked when monks at the Shwe Zedi monastery began to march to the Sittwe Prison demanding the release of an activist.

http://en.wikipedia.org/wiki/U_Ottama

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာရှနေဝန်း အာဇာနည် ဆရာတော် အသျှင် ဥတ္တမ

ငယ်စဉ်အခါ
________
 ဆရာတော်အသျှင်ဥတ္တမ၏ဂုဏ်တော်၊စွမ်းရည်တို့ကိုသိလိုလွန်းသည့်အတွက်
ဗမာ့ခေတ် ဦးဘရင် ရေးသားသည့် ဆရာတော်အသျှင် ဥတ္တမ(လွတ်လပ်ရေးစိတ်
ဓာတ်မျိုးစေ့ချခဲ့သူ) စာအုပ်ကိုဖတ်ရှုမိသည်။ အခန်း ၁ တွင် ငယ်စဉ်ကာလ
ခေါင်းစဉ် ဖြင့် ဤသို့စတင်ရေးသားထားသည်......
  
(အင်္ဂလိပ်တို့က)ငွေနှင့်ကြေးနှင့်ဖျားယောင်းခြင်းအပြင်၎င်းတို့ဘာသာကို သင်
ကြားတတ်မြောက်သူတို့အားအလွန်မြင့်သောအဆင့်အတန်းဖြငအခွင့်အရေးပေး ကြရာ အင်္ဂလိပ်စာပေစကားတတ်မြောက်သူအလွန်နည်းပါေးသာခေတ်က တဦးတလေတတ်မြောက်လာခဲ့သော် ထိုသူသာလျှင် ဘုရားထူးခံမင်းယောကျာ်းဖြစ်သွားရပြန်၏။သို့အတွက်ကြောင့်အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာပေကိုဘဝရှင်မင်းတုံးမင်းကြီးလက်ထက်က နိုင်ငံခြားပညာတော်သင်ဟူ၍ မလွှတ်ရသေးမီကင် ရခိုင်ပြည်၌အင်္ဂလိပ်စာတတ် ပညာရှင်များ ပထမဦးစွာပေါ်ပေါက်ခဲ့လေသည်။ 

အင်္ဂလိပ်ပညာကိုလည်းတတ်နိုင်သော မိဘများက အိန္ဒိယပြည်၊ ကာလကတ္တားသို့ ရောက်အောင်ပင်ပို့၍ သင်ကြားကြရာ အင်္ဂလိပ်အစိုးရဌာနများတွင် ရခိုင်လူမျိုးပညာရှိများကို အထူးအခွင့်အရေးပေး၍ ခန့်ထားခဲ့လေသည်။ဦးထွန်းကြံဆိုသူယခုဗမာထဲမှပထမဆုံးအိုင်စီအက်စ်ဦးကျော်မင်း၏ဖခင်သည်ဗမာထဲမှပထမဆုံးဘီအေဘီအယ်လ်ဝတ်လုံအတတ်ကိုအောင်မြင်ခဲ့သဖြင့်ရခိုင်ပြည်၌အထူးကျော်ကြားခဲ့သည်။ရခိုင်ပြည်၊ဗမာပြည်တို့တွင်ထို့သို့အင်္ဂလိပ်ပညာတတ်များရေပန်းစားကာခေတ်ရှေ့ကသွားလျက်နေသောမြန်မာသက္ကရာဇ် ၁၂၄၁ခု နှစ် သီဘောဘုရင်မန္တလေးနေပြည်တော်၌ စိုးစံလျက်ရှိနေစဉ်အခါတွင် ဦးဥတ္တမအား ဖွားမြင်ခဲ့လေသည်။ 

ပြာသိုလပြည့်ကျော်(၁)ရက် တနင်္လာနေ့သားဖြစ်ပြီး၊အမည်မှာ ပေါ်ထွန်းအောင်ဖြစ်လေသည်။ အဖဦးမြနှင့်အမိ မိအောင်ကျော်သူ ဖြစ်သည်။ မိခင်ဖြစ်သူသည် သားကြီးကိုမမွေးဖွားမီ ညအိပ်မက်ထဲတွင် -(အမလေး ကြယ်ကြီး တစ်လုံးက လှလိုက်ပါဘိ-)လို့ ဝမ်းသာအားရပြောဆိုနေစဉ် ဦးမြ နှိုးလိုက်မှ
နိုးလာပါသည်။ လင်ယောကျာ်းဖြစ်သူကမေးမြန်းကြည့်သည့်အခါ-ဤ အိမ်မက်က
ကြီးကျယ် လိုက်တာ၊ ကျမ အိမ်နောက်ဖေးက ကြမ်းပြင်မှာ လသာနေလို့ ဗိုင်းငင်
နေစဉ် ကောင်းကင်ထက်ကအလွန်တရာကြီးမားသည့်ကြယ်ကြီး တစ်လုံးမှာတဖြည်း ဖြည်းချင့်း အောက်သို့ကြွေကျလာသည့်အခါ လူတွေအများကြီး ဝိုင်းအုံလို့ကြည့်ကြတယ်။ အုတ်အုတ်ကျွက်ကျွက် လဲဖြစ်သွားတယ်။ သူတို့နှင့်အတူ ကျမလဲကြည့်ပါ တယ်။ ယင်းကြယ်ကြီးဟာ ကျမရှေ့တည့်တည့်ကိုကျလာတဲ့အခါ ကျမကကောက်ကြည့်ပြီးတော့ လှလိုက်တာ ဟေ လို့ နှုတ်ကပြောမိ သွားတယ်-လို့ပြန်ရှင်းပြပါသည်။ ဒီလိုပြောဆိုနေကြည်ကိုတဘက်အခန်းမှာအိပ်နေတဲ့ မိအောင်ကျော်သူ၏အမေ ကကြားသွားတဲ့အတွက့်- အား-ဒီ အိပ်မက်က သာမန် အိပ်မက်မဟုတ်ပါကား၊ ငါ့သမီးမှာ အလွန်တရာမြင့်မြတ်ပြီးအကျင့်သီလရှိသော သားယောကျာ်း တစ်ယောက် မွေးဖွားမည်ဟုထင်ကြောင်း၊ ဖြူဖြူဖွေးဖွေး ကြယ်တစ်လုံးဆိုသည့်အတွက် သူတော်
သူမြတ်ရဟန်းဘဝမှာပျော်မွေ့မည့် သားမြတ်ရတနာဖြစ်လိမ့်မည် လို့နိမိတ်ဖတ်ကြ
ပါသည်။

(ယင်းအချိန်က ရခိုင်ပြည်တွင် သီတင်းကျွတ်ပွဲမှာ ဝတ်ဆင်ရန်တော်သလင်း လတွင် တစ်ကြိမ်၊ သင်္ကြန်ပွဲတော်အခါဝတ်ဆင်ရန် တပေါင်းလတွင်တစ်ကြိမ်
ခြည်ရက္ကန်းယက်သည့် ပွဲသဘင် ထုံးစံရှိသည်ဟုသိရပါသည်)။

ကြီးမားမြင့်မြတ်သည့်ဘဝ
__________________

ဆရာတော်ကြီးနှင့်ပတ်သက်ပြီး နိုင်ငံတကာမှကိုယ်တွေ့မျက်မြင်ဖူးသူတို့က အဖြစ်မှန်များအပေါ်မှာ အကျယ်တဝင့်ရေးသားထားကြပါသည်။။ ဆရာတော်ကြီး၏ အမျိုးဘာသာ သာသနာအကျိုးဆောင်ရွက်ချက်များကို အကျယ်ချဲ့တင်ပြစရာ မလို၊ လူတိုင်းအသိပင်ဖြစ်သည့်အတွက် အကြောင်းအရာတခိျု့ကိုသာ ဖော်ပြပါမည်။

လူ့အခွင့်အရေးကိုစတင်ခဲ့သူ
____________________
၁၉၂ဝ-ခုနှစ်တန်ဆောင်မုန်းလတွင်ဆရာတော်သည် ကာလကတ္တားတွင်ရှိနေ
သည်။။ ဆရာတော်၏ဦးရီးတော် ဦးချင်းခိုင်နှင့်အဒေါ် ဒေါ်စံလှဖြူတို့နှစ်ဦး မျက်စိ
ရောဂါကုသရန် ကာလကတ္တားသို့ရောက်လာပါသည်။ ကာလကတ္တားက ရခိုင်ပွဲစား ကြီးအိမ်မှာတည်းခိုကြသည်။ တစ်နေ့သောအခါ ဆရာတော်သည် ကြေးနန်းစာရွက် (၁)ရွက်ကိုင်ပြီး ရယ်လို့မြူးလို့ကြွလာပါသည်။ ထိုအခြင်းအရာကိုမြင်သော အဒေါ်ဒေါ်စံလှဖြူက-ကိုယ်တော်လေး ဒီတခါ ရယ်လို့ပြုံးလို့ပါလား၊ ဘာတွေကိုသဘော ကျလို့လာပါသလဲ-လို့ မေးလိုက်ပါသည်။ ဆရာတော်က ချက်ချင်းပင် ဖြေလိုက် တာက-ဒကာမကြီး၊ ဒီတခါတော့ ငါ့ကိုယ်ငါ သေပျော်ပါပြီလို့ ဝမ်းသာအားရနဲ့
ပြုံးလို့ရယ်လို့လာတာဖြစ်တယ်-လို့မိန့်လိုက်ပါသတဲ့။ အဒေါ်က-ဘယ်လို ဘယ်လို
ဖြစ်လာပါသလဲလို့ထပ်မံမေးမြန်းတဲ့အခါ-ငါတို့မြန်မာလူမျိုးတွေ လူနဲ့သူနဲ့တူလာပြီ
လူစိတ်ရှိလာကြပြီ၊ ဒီလို လူစိတ်ရှိလာလို့ ငါ ဝမ်းသာတာပါ-လို့မိန့်တယ်လို့ဆိုပါ
တယ်။ လူစိတ်ရှိတယ် ဆိုတာက ဒီလို လေ၊ လူတွေဟာ လူ့အခွင့်အရေးဆို တာ
ဘာလဲ ဆိုသည်ကို နားလည်လာကြတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီးတော့မရ ရအောင်ကြိုးစားလာတတ်သည်ကို ကိုယ်တော်က လူစိတ်ရှိတယ်လို့ ဆိုလိုတာ ဖြစ်တယ်။ဟော- အခု ရန်ကုန်မှာကျောင်းသားတွေကစပြီးတော့ အင်္ဂလိပ် ကျောင်း
တွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကုန်ကြပြီတဲ့။ ကိုယ်တော် ထံက အကြံဥာဏ်တွေယူချင်လို့ ကိုယ်တော်ကို ရန်ကုန်သို့ကြွလာပါလို့ ရန်ကုန်မြို့ က တကာတွေ ပင့်လျှောက်တဲ့ကြေးနန်းစာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေ ဒီလို
စိတ်ဓာတ်ဖြစ်လာဖို့မျှော်လင့်ပြီးကိုယ်တော်ကြိုးစားနေတာ ယခုတော့ ကြိုးစားရကျိုး နပ်ပြီ။ ဒါနဲ့ ကိုယ်တော်က သေပျော်ပြီလို့ပြောတာ-ဆိုတဲ့အခါမှ ဦးရီးနဲ့အဒေါ်တို့ရှင်းရှင်းလင်းလင်းသိသွားကြပါသည်။

ဥပဒေပြုလွှတ်တော်အမတ်တို့ထောက်ခံ
___________________________
၁၉၃၉ခု စက်တင်ဘာလ(၁)ရက်နေ့ကျင်းပသည့်ဗမာပြည်ဥပဒေပြုလွှတ်တော်
မှာမန္တလေးမြို့အိန္ဒိယအမျိုးသားရို့၏ကိုယ်စားလှယ်အမတ်မစ္စတာဂန်ဂါဆင်းက ဆရာ တော်နှင့် ပတ်သက်ပြီး တင်ပြ တင်ပြချက်ကို အမတ်အားလုံးကပင် သဘောတူထောက်ခံ ခဲ့ကြသည်ဟုသိရပါသည်-----
“ဆရာတော်ဦးဥတ္တမသည် ဤနိုင်ငံတွင် အကြီးဆုံးသောနိုင်ငံရေးခေါင်းဆောင်ကြီး
ဖြစ်တယ်လို့ ကျွန်ုပ်ပြောခဲ့သောထိုစကားရပ်သည် အပိုမပါသည့်စကားဖြစ်ပါသည်။
သူသည် မြန်မာပြည်နိုင်ငံရေးကို အစပြုလာသောပုဂ္ဂိုလ်ဖြစ်ပြီး၊မြန်မာနိုင်ငံတိုးတက်
မှုဟူမျှသည်လည်း သူ့ကိုအကြောင်းပြုပြီးမှ ပေါ်လာတာဖြစ်တယ် လို့ ကျွန်ုပ်က
ထပ်မံပြောကြားပါရစေ။”

မြန်မာအမျိုးသမီးများအတွက်ဝံသာနုရက္ခိတတရား
___________________________________

မြန်မာအချင်းချင်းကူညီကြရန် ဝံသာနုရက္ခိတတရား နှင့်ပတ်သက်၍ လည်း
ဟောကြားတော်မူခဲ့ပါသည်----
“မိန်းကလးများသည်မင်းကတော်စိုးကတော်ဖြစ်ဖို့ရန်ကိုသာရည်မှန်းပြီးဂုဏ်ပြိုင်နေကြတယ်။ ဒီလို မိန်းမတွေ စည်းမစောင့်နိုင်ကြလို့ မြန်မာတွေ ကျွန်သက်ရှည် နေ
တာ။ဘုန်းကြီးတွေကလဲ ဆွမ်းခံတော့မြန်မာအိမ်မှာခံတယ်၊ပစ္စည်းဝယ်တဲ့ခါ ရိုးကုန်တိုက်မှာ သွားဝယ်ကြတယ်။ ငါ မအူပင်မှာ ထောင်ကျတာ(၏)ဆိုတဲ့ စကား
တစ်လုံးပါမသွားလို့ ကျတာ ဖြစ်တယ်။ငါက ပြောတယ်၊မြန်မာတွေဟာ အရေးပိုင်
ဆိုရင် တော်တော်ကိုကြောက်ကြတယ်။ဝန်ထောက်၊မြို့အုပ်ဆိုရင်လဲ ကြောက်နေကြတယ်၊ ကိုယ်တို့က မဟုတ်မမှန်တာကို မလုပ်ဘဲနဲ့ပြန်မပြော ဝံ့ကြ။ ခွေးလောက်တောင် မလိမ္မာကြ။ မင်းတို့အိမ်မှာမွေးထားတဲ့
ခွေးဝင်စားပင်ဖြစ်ဖြစ်၊ အရေးပိုင် ခွေးနဲ့တွေ့ရင် ခံလို့တော့ ကိုက်ရမှာပေါ့-လို့ ငါကပြောတယ်။အဲဒီလို ပြောတာကို အရေးပိုင်က သူ့ကို ခွေးလို့ပြောရမလားဆိုပြီးတရားစွဲတာဖြစ်တယ်။အရေးပိုင်၏ခွေး
လို့ ပြောရမှာကို ငါက အရေးပိုင် ခွေး လို့ပြောလိုက်မိတာ မဟုတ်လား။”

CIDအစီရင်ခံစာ
_____________

ရန်ကုန်မြို့၊အင်းစိန် ထောက်လှမ်းရေးဌာန(CID., Burma) အစီရင်ခံစာမှာ
ဤသို့ မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုရမိပါသည်----
“ဦးဥတ္တမသည်ထက်မြက်သောဥာဏ်စွမ်းရှိရုံမျှသာမကအင်အားကြီးမားပြီးတွန်းအားလည်း ကြီးမားလှသောပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် ပြောမကုန်နိုင်
လောက်အောင်စိတ်အားခိုင်မာခက်ထန်ပြီး အလွန်အကျွံခေါင်းမာသူ တဦးဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရန်ကြိုးပမ်းရာတွင် ဖြစ်နိုင်သည့်နည်းလမ်းအားလုံးဖြင့် လုပ်မည့်သူဖြစ်သည်။ နိုင်ငံရေး လူထုများအတွင်း အများကြိုက်၊ ပျိုတိုင်းကြိုက် ဖြစ်နေခြင်း၊သင်္ကန်းဝတ်လျက်နေခြင်း၊ အလွန်အစွန်းရောက်သော အယူများရှိနေခြင်းစသည်တို့
ကြောင့်သူသည်မြန်မာနိုင်ငံတွင်အန္တရာယ်အကြီးမားဆုံးသောနိုင်ငံရေးဆူပူလှုံ့ဆော်သူ အစစ်အမှန်ပင်ဖြစ်နေပါသည်။”

ဆရာကြီးဂိုအင်ကာ
______________

ဆရာကြီးဂိုအင်ကာ ငယ်စဉ်ကကျောင်းမှာပညာသင်ကြားနေစဉ်အခါ ဆရာ
တော်အကြောင်းကို ဖတ်ရပါသည်။ သူ့ကိုသင်ပြသည့် ကျောင်းဆရာက ဦးဥတ္တမ
အကြောင်းကို ကဗျာတပုဒ်ရေးသားသီဖွဲ့ပေးဖူးပါသည်။ ယင်းကဗျာကို ဆရာကြီး
ဂိုအင်ကာ အမြဲတန်းမှတ်မိနေပါသည်။ကဗျာပါအတိုင်းဆရာတော်ကို ကျောင်းသား
အားလုံး လေးလေး စားစား ဂုဏ်ယူကြပါသည်အသင်သည် ---

“ထူးကဲသော ဥတ္တမ
ထိုနည်းတူ ကျွန်ုပ်တို့လည်း ဥတ္တမ ဖြစ်ပါစေ”

ဂျပန်နိုင်ငံ၏ထာဝရသမိုင်းမှတ်တမ်း
__________________________

ဆရာတော် ဦးဥတ္တမဟာ ကျိုတိုမြို့ (Kyoto)京都 တွင်ရှိသော ရိယုခိုခု တက္ကသိုလ် (Ryukoku University)龍谷 大学 တွင် ၁၉၀၆ ခုနှစ်မှ ၁၉၁၀ ခုနှစ်ထိ ဂျပန်ဘာသာကို သင်ယူရင်း၊ အင်္ဂလိပ်ဘာသာနှင့် ဟိန္ဒူဘာသာကို သင်ကြားပို့ချပေးခဲ့ပါတယ်။ (အဲ့ဒီအချိန်က တက္ကသိုလ်ရဲ့ နာမည်မှာ ဗုဒ္ဓဘာသာတက္ကသိုလ် (Bukkyo University)仏教大学 ဖြစ်တယ်ပါတယ်။)

တိုကျိုတေးခိုခုတက္ကသိုလ် (Tokyo Teikoku University) 東京帝国大学 တွင်လည်း ပါဠိဘာသာကိုသင်ကြားပို့ချပေးခဲ့ပါတယ်။

愛知県, 名古屋市千種区, 法王町2丁目5番地21. 揚輝荘
Aichi-ken, Nagoya-shi, Chitane-ku, Hōō-chō 2-5-21, Yōkisō.
Tel ; 0527594450

၁၉၁၃ ခုနှစ်တွင် ဆရာတော်ဦးဥတ္တမဟာ ညီမဖြစ်သူ မမေအိမ်စိုး အပါအဝင် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသား ၆ ယောက်ကို ဂျပန်တွင် ပညာသင်ကြားရန် စေလွှတ်ခဲ့ပါတယ်။

ပျံလွန်တော်မူပုံ
___________
အရှင်ခေမာစာရ၊ ရဟန်းပျိုသမဂ္ဂက ၆-၉-၂ဝဝ၂ နေ့ထုတ်ဝေသည့် ရခိုင်
သတင်းစဉ် အတွဲ(၁)တွင်ဆရာတော်ကြီးပျံလွန်တော်မူရခြင်းနှင့်ပတ်သက်၍ ဆရာ တော်ကိုယ်နှိုက်ကကံဆိုးသည် လားမပြောတတ်၊ ပျံလွန်တော်မမူခင်ကဆရာတော် ကို မည်သူကမျှစောင့်ရှောက်မည့်သူမရှိပါ။ သတင်းစာတိုက်ကအပြန် သိမ်ဖြူ လမ်း ဘေးမှာ လဲနေလို့ သခင်လွင်က တွေ့သည်နှင့် သူ့ ကားဖြင့်ပင် ပင့်ယူလာပြီး
ညောင်တုန်းကျောင်းတိုက်သို့ပို့ပေးခဲ့ရသည်ဟု သခင်လွင်ကိုယ်တိုင်
ပြောဖူးကြောင်း ရေးသားထားပါသည်။ သခင်လွင်၏ ဦးဥတ္တမ မိန့်ခွန်းများနိဒါန်းတွင် သေသေ ချာချာရေးသားထားသည်ဟုဆိုပါသည်။

သမိုင်းမှတ်တမ်းများ
______________

အသျှင်ခေမာစာရ၏အတွေ့အကြုံ။ ။ ဆရာတော်ကြီးကိုဂုဏ်ပြုထားတဲ့ ဦးဥတ္တမပန်းခြံဆိုတာကိုလည်း ရောက်ဖြစ်ခဲ့တယ်။အဲဒီမှာဝမ်းနည်းစရာတခုက တော့ ဆရာတော်ရဲ့ကြေးရုပ်၊ကျောက်တိုင် တခုခုပေါ့၊အဲဒါတွေ ဘာမှမရှိဘူး။ဒါဟာနိုင်ငံတော်နဲ့ ဆိုင် သလား၊အမျိုးသားရေး၊ လူမျိုးရေးနဲ့ဆိုင်သလား ဆိုပြီး၊နည်းနည်းကလေး စပ်စု ခဲ့ပါသေးတယ်။တိတိကျကျတော့မသိရပါဘူး။ အဲဒါနဲ့ပတ်သက်လို့သိရတာကတော့ လုပ်ခွင့်မရလို့ မလုပ်တာ-ဆိုပြီး မထင်မရှားသိခဲ့ရတယ်။ပိုပြီးဆိုးတာက (၁၉၇၄) ခုမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ဈာပန အရေးတော်ပုံဖြစ်တော့၊ နိုင်ငံတော်အစိုးရက(အာဏာသိမ်းစစ်အစိုးရ)ရေဒီယိုကနေပြီး (ကန်တော်မင်ပန်းခြံမှာဦးသန့်ရဲ့ဂူဗိမာန် ဆောက်လုပ်ခွင့်ပြုလိုက်ကြောင်း)ကြေညာချက်ပါပဲ။ နိုင်ငံတော် အစိုးရဆိုတဲ့ အာဏာသိမ်းစစ်အုပ်စုအစိုးရက ယခင်က သမိုင်းဝင်-ဦးဥတ္တမပန်းခြံ-လို့
သုံးစွဲနေတာ ဒီနေ့ ဒီအချိန်ကျမှ- ကန်တော်မင်ပန်းခြံ-လို့ ထ ကြေညာလိုက်တာ
ဟာဘာကြောင့်လဲဆိုတဲ့အဖြေဂဃနဏမသိရဘူး။နောက်ပြီးအခြေအတင် ဆွေးနွေးစရာမလိုဘဲ ဆန္ဒခံယူမှုမလုပ်ဘဲ ဖျက်သိမ်းခံလိုက်ရတာဟာ နိုင်ငံတော် သိက္ခာနှင့်နိုင်ငံတော်တခုတည်တံ့ဖို့အတွက် အင်မတန် စိုးရိမ်စရာကောင်းပါတယ်။ ပြီးတော့နိုင်ငံတော်အတွင်း သမိုင်းဝင်တာကို သမိုင်းမဝင်၊ သမိုင်း မဝင်တာကို သမိုင်းဝင်ကပြောင်းကပြန်ဖြစ်အောင် အာဏာသိမ်းစစ်အုပ်စုတစုမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး၊
အဲဒီတုန်းက လှေနံဓားထစ် မှတ်ထားဟန်လဲရှိတယ်ထင်တယ်။ 

ချုပ်ပြောရရင်တော့ဒါဟာဦးဥတ္တမဆိုတာမရှိဘူး၊ဂုဏ်ပြုစရာလည်းမလိုဘူး၊နိုင်ငံတော်အဆင့် ဂုဏ်ပြုခံမဟုတ်ဘူးဆိုတဲ့သဘော သက်ရောက်သွားပါတယ်။ အဲဒီတုန်းက အရေးတော်ပုံခေါင်းဆောင်နေကြတဲ့ ကျောင်းသားတွေက ချက်ချင်းဆိုသလို- မြန်မာနိုင်ငံမှာကန်တော်မင်ပန်းခြံဆိုတာမရှိဘူး၊ ဦးဥတ္တမပန်းခြံဆိုတာဘဲရှိပါတယ် ဆိုပြီး၊တန်ပြန်
ကြေညာချက်ထုတ်တာကိုကြားလိုက်ရပါတယ်။ ဒီတော့ မဆလစစ်အုပ်စုကကြေညာ ထားတာ အတည်ဖြစ်သွားသလား၊ ကျောင်းသားတွေကြေညာတာ အတည်ဖြစ်သွား
သလား၊ဒီနေ့အထိ စာရေးသူ မသိဘူး။ဆရာတော်ကိုယ်နှိုက်က ကံဆိုးလေသလား မပြောတတ်ဘူး။ပျံလွန်တော်မမူခင် ဘယ်သူမှပြုစုစောင့်ရှောက်မဲ့သူမရှိဘူး။ ပျံလွန် တော်မူပြီးနောက်၊ အထိမ်းအမှတ်ပန်းခြံ၊ ကြေးရုပ်တု၊ကျောက်ရုပ်တု၊ ကျောက်တိုင်၊
လမ်း စတာတွေကို နိုင်ငံတော်က ပြုလုပ်ဂုဏ်ပြုထားတာမရှိဘူး။ ဒေသခံတွေ
အပြောအရ၊အဲဒီလိုဂုဏ်ပြုကြေးရုပ်တု၊ ကျောက် ရုပ်တု၊ကျောက်တိုင်တွေပြုလုပ်ဖို့
ကြိုးစားတာတောင် ပိတ်ပင်တာတို့၊ ခြိမ်းခြောက်တာတို့ ခံခဲ့ရတယ် ဆိုတယ်၊
အဲသလို ကံဆိုးတယ်။.......။

စစ်အာဏာသိမ်း ကန်တော်မင်ပန်းခြံ
_________________________
ဖဆပလအစိုးရ လက်ထက်က ကန်တော်မင်ပန်းခြံကို မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာရှနေဝန်းအသျှင် ဥတ္တမပန်းခြံအဖြစ် တရားဝင်သတ်မှတ်ပေးခဲ့သည်။တည်ဆောက်မည့် ကျောက်တိုင်ပုံစံကိုဦးဥတ္တမကျောက်တိုင်အဖွဲ့ကသတ်မှတ်ထားပြီးလျှင် ပန်းပုဆရာကြီး ဦးဟန်တင်ကိုယ်တိုင် အသျှင်ဥတ္တမရုပ်တုတော် ကိုထုဆစ်ထားပြီးဖြစ်သည်။ ဤသို့လုပ်တောင်ထားသည်ကို ဗိုလ်နေဝင်းကစစ်အာဏာ ဖြင့် ဖျက်ဆီးလိုက်သည့်အတွက် ထုလုပ်ထားပြီးသည့်ရုပ်တုတော်ကိုပင် ဝှက်ထားရ သည့်အခြေအနေသို့ရောက်သွားခဲ့သည်။ ယခုအခါ ဆရာတော်ဘုရားမှာဝှက်ထား ခံနေရသည့် ဝါးရမ်းပြေးဘဝသို့ ပျံလွန်တော်မူပြီးမှ ရောက်ရှိသွားခဲ့ရသည်။

ရခိုင်ပြည်ကကြေးရုပ်တုနှင့်ပန်းခြံ
_______________________
ရခိုင်ပြည်မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင်အသျှင်ဥတ္တမကြေးရုပ်နှင့် ပန်းခြံ
ရှိပါသည်။ ယင်းပန်းခြံကို ဦးခေမာစာရ က ပုံဖော်ထားပုံကိုကြည့်ပါ----
“ဒီလောက်တောထူတဲ့ နေရာမှာ ကျားအဆွဲမခံရတာကို အင်မတန်ကံကောင်းတဲ့
မုဆိုးလို့တွေးမိခဲ့လို့ပါ။ဆရာတော် ဦးဥတ္တမဟာ နယ်နယ်ရရပုဂ္ဂိုလ် မဟုတ်ပါဘူး၊
တကယ့် ကျားကျားယားယားရှိတဲ့ပုဂ္ဂိုလ်မြတ်ပါ။ ယနေ့ကာလမှာတော့ ကဇာတ်ရုံ
ခန်းမတစ်ခုတည်းမဟုတ်ပါ။နေ့ကလေးထိန်းကျောင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးရုံး၊ ယင်းရုံးကငှားစားထားသည့် ဓာတ်ပုံဆိုင် ကိုလည်းတွေ့နိုင်ပါသေးသည်။ဆရာတော်ဦးခေမာစာရက-အသက် ၁၉/၂ဝ ပတ်ဝန်းကျင်မှာ ဆရာတော်ဦးဥတ္တမဆိုတာကို ပိုပြီးအသိအမှတ်ပြုလာခဲ့မိတယ်။ ဟိုတုန်းကမူလတန်းစာအုပ်ကလေးမှာဖော်ပြထားတာဖတ်ပြီး၊ ဆရာတော်ဦးဥတ္တမရဲ့ စိတ်ဓာတ်သန္ဓေတည်ခဲ့ရသလို......လို့ ရေးထားပါသည်။ စတုတ္တတန်းမြန်မာ့သမိုင်းမှာနှစ်ပေါင်းများစွာပြဌာန်း ခဲ့သော်လည်းယခု မပါရှိတော့ပါ။

ဆရာအသျှင် ကံကောင်းလာပြီ
______________________
စစ်တွေမြို့အပါအဝင်အနယ်နယ်အရပ်ရပ်နှင့်ပြည်ပနိုင်ငံအခိျု့တွင်စက်တင်ဘာ
လ ၉ ရက်နေ့ ရောက်တိုင်း ဆရာတော် အသျှင်ဥတ္တမနေ့အခမ်းအနားကို မပျက်
မကွက်ကျင်းပလာခဲ့ကြသည်ကိုတွေ့ရသည်။ ၂ဝ၁၃ခုနှစ်ဇွန်လက ဂျပန်-မြန်မာချစ်
ကြည်ရေး အသင်းကဦးဆောင်ပြီးနိုင်ငံတကာသံအမတ်ကြီးများကိုပါဖိတ်ကြားကာ
နှစ်(၁ဝဝ)ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြောင်းတွေ့ရပြီး၊ ၂ဝ၁၃ခု စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး စိန်ရတုအကြို (၇၄)နှစ်မြောက် ဦးဥတ္တမနေ့အခမ်းအနားကို ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ MCC ခန်းမ ကြီးတွင်စည်ကားသိုက်မြိုက်စွာကျင်း ပခဲ့ကြောင်း တွေ့ရသည်။အဆိုပါအခမ်း အနားမှ ရွှေတိဂုံစေတီတော်မြတ် တောင်ဘက်ခြမ်းရှိ ဦးဥတ္တမပန်းခြံအား ကန်တော်မင်္ဂလာ ပန်းခြံအဖြစ်အမည်ပြောင်းထားသည်ကို ဦးဥတ္တမပန်းခြံအဖြစ်ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုသည့် အဆိုတစ်ရပ်ကိုဆုံးဖြတ်ခဲ့ကြသည်။ ယနေ့ကာလမှာဒီမိုကရေစီ
နိုင်ငံတော်အဖြစ်ပုံဖော်နေသည့်ကာလဖြစ်ရာ နိုင်ငံတော်ကလည်း ဆရာတော်အပေါ်ပြန်လည်ကျေးဇူးဆပ်မည့်အရိပ်လက္ခဏာများတွေ့မြင်နေရသည်ဟု နိုင်ငံတော်ပိုင်းနှင့်နီးစပ်သူတစ်ခိျု့ကပြောပြ၍ ဝမ်းသာစရာဖြစ်သည်။

နောက်တစ်ခုမှာ ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့တွင်ဆရာတော်၏
ကြေးရုပ်သွန်းလောင်းပြီးစီးကြောင်းသတင်းဖြစ်သည်။ ဆရာတော်၏ရုပ်တုနှင့်ပန်းခြံ များသည် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်(၅)ခုတွင်ဖြစ်ပေါ်လာမည် ဆိုပါကလည်း ဆရာတော်သည် ကံကောင်းလာပြီဟု ကမ္ဗည်းတင်ရမည်ဖြစ်သကဲ့သို့၊မြန်မာပြည်သူ
ပြည်သားများသည်လည်း ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင် တတ်ကြလေပြီဟု
ဝမ်းသာအားရ ချီးမွှမ်းထောပနာပြုကြရမည်ဖြစ်ပါသည်။ မည်သို့ဆိုစေ ရခိုင်ပြည်
နယ်ရှိ(၁၇)မြို့နယ်နှင့်မြို့အားလုံးတွင်ရုပ်တုနှင့်ပန်းခြံများမဖြစ်ပေါ်လာသေးသည့် တိုင်ခရိုင်မြို့(၅)ခုတွင်ဖြစ်ပေါ်လာနိုင်ပါစေ၊(၇၅)နှစ်မြောက်စိန်ရတု အခမ်းအနားကိုမြို့နယ်တိုင်း၊မြို့တိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ကြပါစေ လို့ဆုတောင်း ယင်း(၇၅)နှစ်မြောက်
မြန်မာ့လွတ်လပ်ရေးမီးရှုးတန်ဆောင် အာရှနေဝန်းဆရာတော်
ဦးဥတ္တမနေ့ကိုကြိုဆိုဂုဏ်ပြုလျှက် တင်ပြလိုက်ရပါသည်။

ခိုင်ခိုင်ကျော်
၁၇-၈-၂ဝ၁၄။

___ Narinjara News

ဆရာတာ် ဦးဥတ္တမအကြောင်း

ဆရာတာ် ဦးဥတ္တမအကြောင်း
--------------------------
[[[[[ ၇၅ နှစ်ပြည့် ဆရာတော် ဦးဥတ္တမနေ့မှာ စစ်တွေမြို့ ၊ ဆရာတော်ဦးဥတ္တမပန်းခြံရှေ့တွင် ဝေငှမည့် စာအုပ်ငယ်ထဲမှာ ထည့်သွင်းရေးသားထားသည့် ဆရာတော် ထေရုပတ္တိအကြောင်းပါ။ တခြားအွင်းလိုင်းမိတ်ဆွေများလည်း ပြန်လည်သုံးစွဲ ဝေငှခွင့်ရအောင် ပြန်ရှယ်လိုက်ပါတယ်။]]]]]]

အဖအမည် - ဦးမြသာဦး
အမိအမည် - ဒေါ်အောင်ကြွသူ
မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့
လူနာမည် - ပေါ်ထွန်းအောင်
အခြားအမည် - ဆံကောက်ချေ
ရဟန်းနာမည် - ဦးဥတ္တမ
မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)
တတ်ကျွမ်းသည့် ဘာသာစကား - မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျပန်ဘာသာ (ဘာသာစကား -၉မျိုး)
ရေးသားခဲ့သည် စာပေများ - ရခိုင်ပြည်တမ်းတဖွဲ့၊ ဂျပန်ပြည် အတ္ထုပတ္တိ၊ ‘ဒိန်ဒလိန်းဝတ္ထု၊ ဘုရားသခင်နှင့် စစ်သူကြီး (အခြားဆောင်းပါးများ)
ပျံလွန်တော်မူသည့် ခုနှစ် - ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်
မွေးရာဇာတိ - စစ်တွေမြို့ ၊ ရူပမြောက်ရပ်ကွက်။

ငယ်စဉ်က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းတွင် ပညာသင်ယူခဲ့သည်။ ကျောင်းအပ်သည့်အခါ ထုံးစံအတိုင်း သူငယ်တန်းတွင် ထားလေရာ ပေါ်ထွန်းအောင်က သူ့ကို တတိယတန်းတွင် ထားခွင့်ပြုရန် ပြောဆိုသည်။ ဆရာကြီးက အရည်အချင်းကို သိလို၍ တတိယတန်း ဖတ်စာကို ဖတ်ခိုင်းလေသည်။ ပေါ်ထွန်းအောင်က အထစ်အငေါ့မရှိ ဒိုးဒိုးဒေါက်ဒေါက် ဖတ်ပြလိုက်ရာ ဆရာကြီးမှာ အံ့သြသွားသည်။ ကျောင်းမနေသေးဘဲ ဖတ်ပြနိုင်ခြင်းမှာ အိမ်နီးချင်း သူငယ်ချင်းများထံမှ ကြိုတင်သင်ကြားထားခြင်း ကြောင့် ဖြစ်သည်။ ပေါ်ထွန်းအောင် ကြိုတင်သင်ကြားထားခြင်းကို သူ၏မိဘများပင် မသိဟု ဆိုသည်။ ကျောင်းအုပ် ဆရာကြီးက ပေါ်ထွန်းအောင်အား ဒုတိယတန်းတွင် နေခွင့်ပြုခဲ့သည်။ ကျောင်းနေ၍ (၂)နှစ်မျှ ကြာသောအခါ ပေါ်ထွန်းအောင် ပဉ္စမတန်းရောက်ပြီး ညီကျော်ထွန်းအောင် စတုတ္ထတန်းသို့ ရောက်သည်။ အတန်းတင်စာမေးပွဲ ပြီးဆုံးသောအခါ ပေါ်ထွန်းအောင်မှာ ဒုတိယပညာသင်ဆုကို အင်္ဂလိပ် မျက်နှာဖြူ ရခိုင်တိုင်းမင်းကြီး ကိုယ်တိုင် ကြွရောက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။

ပေါ်ထွန်းအောင်မှာ ဆုကိုယူသော်လည်း ဝမ်းသာမှု မရှိခဲ့ချေ။ ညီကိုခေါ်၍ စစ်တွေမြို့ ကမ်းနားဘက်သို့ ထွက်သွားကြသည်။ ကမ်းနားသို့ရောက်သောအခါ ရရှိခဲ့သော ဆုကို ချိုးဖဲ့ဆုတ်ဖြဲပြီး ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ဤသို့ ပစ်ချပြီးသောအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား ''ဒီမှာ ငါ့ညီ၊ ဆုယူရင် ပထမဆုကိုသာယူ၊ ဒုတိယတို့၊ တတိယတို့ဆိုရင် ဘယ်တော့မှ မယူနဲ့''ဟု ဆိုလေသည်။ ပေါ်ထွန်းအောင်၏ စိတ်ထားကား တကယ်ပင် မြင့်မားလှ၏။

ပေါ်ထွန်းအောင်တို့ ညီအစ်ကိုနှစ်ယောက် အတန်းတွင် ပညာသင်ကြားနေစဉ် အင်္ဂလိပ် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးက မွေးစားလိုသော်လည်း မိဘများက မထည့်၍ ကာလကတ္တားသို့ မလိုက်ခဲ့ရပေ။ ပေါ်ထွန်းအောင်မှာ တိုင်းတစ်ပါးတွင် ပညာသင်လိုစိတ်ရှိ၏။ ထို့ကြောင့် ဖခင်ဖြစ်သူအား ''ဖေဖေ မေမေတို့ မလွှတ်ပေမယ့် တစ်နေ့ကျ ကျွန်တော် ထွက်ပြေးပြီး နိုင်ငံခြားမှာ ပညာသင်မှာပဲ''ဟု တစ်ခါက ပြောဖူးသည်။ (၁၃)နှစ်သားသို့ ရောက်လာသော အခါ ပေါ်ထွန်းအောင်သည် နိုင်ငံခြားသို့ ပညာသင်ကြားရေးကို အထူးအာရုံစိုက်လာသည်။ ငွေရှိလျှင် ပညာသွားသင် နိုင်သည်ဟု ယုံကြည်ချက်ဖြင့် မိခင်ဘက်မှ တော်စပ်သော ဦးရီး၏ ဈေးဆိုင်တွင် ကူညီလုပ်ကိုင်ရင်း ငွေများကို စုဆောင်းခဲ့သည်။

ဦးရီးဆီမှာ အလုပ်လုပ်ပြီး ငွေစုနေစဉ် ငွေများကို ဦးရီးက ဖမ်းဆီးမိပြီး ပြန်သိမ်းသွားခဲ့သည်။ ကြံရွယ်သည့်အတိုင်း မဖြစ်ခဲ့၍ ပေါ်ထွန်းအောင်သည် ဦးရီးထံတွင်လည်း မနေ၊ မိဘများထံသို့လည်း မပြန်ဘဲ စစ်တွေမြို့၌ ပရိယတ္တိစာပေ သင်ကြားမှုတွင် ထိုအခါက အကျော်အစောဖြစ်သော ရွှေစေတီကျောင်း ဆရာတော်ထံ သွားရောက်၍ ရှေးဦးစွာ ဖိုးသူတော်အဖြစ်ဖြင့် မင်္ဂလသုတ်မှစ၊ သဒ္ဒါရှစ်စောင်နှင့် သင်္ဂြိုဟ် ကိုးပိုင်းအထိ သင်ရိုးတန်း ကုန်အောင် သင်ယူခဲ့သည်။ (၁၆)နှစ်အရွယ်ရောက်မှ မိဘများက ရှင်သာမဏေဝတ်ပေးသဖြင့် ''ရှင်ဥတ္တမ''ဟု တွင်သည်။ ရှင်ဥတ္တမသည် နက်နဲကျယ်ပြန့်သော ပိဋကတ်တို့ကို သင်အံလေ့ကျက်ရာဖြစ်သော ပခုက္ကူစာသင်တိုက် ကြီးတွင် သွားရောက် ပညာသင်ကြားလိုသဖြင့် လူဝတ်လဲ၍ ဓားတောင်ဆရာတော် ဦးဂန္ဓာနှင့် လိုက်သွားသည်။

ရှေးဦးစွာ မအူပင်သို့ရောက်၍ မအူပင်မှ ရန်ကုန်၊ ထိုမှ တောင်ငူမြို့သို့ ရောက်သည်။ ဦးဥတ္တမသည် တောင်ငူတွင် ရှင်သာဏေ စာပြန်ပွဲတစ်ခုကို ဝင်ရောက်ဖြေဆိုရာ ပထမရရှိခဲ့သည်။ သို့ကလို စာတော်သည့် သတင်းကြောင့် တောင်ငူမြို့ရှိ ပစ္စည်းဥစ္စာ ပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက သားအဖြစ် မွေးစားကာ ကာလာကတ္တား မြို့သို့ပို့၍ ပညာသင်ကြားစေသည်။

ကာလကတ္တားမြို့တွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁ဝ)တန်းအဆင့်ကို အောင်မြင်ခဲ့၍ မြန်မာပြည်သို့ ပြန်လာ၏။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့သွား၍ ရေစကြို တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို ရှင်ဝတ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့ သင်ကြားနေစဉ်ပင် ဦးဥတ္တမအား ဆွေမျိုးတော်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံ ပေးသည်။ ရဟန်းခံစဉ် ဦးဥတ္တမ၏ သက်တော်မှာ (၁၉)နှစ်နှင့် (၂)လ ရှိပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် နေစဉ် ဆရာဦးဥတ္တမအား ဟိန္ဒူမဟာဆပ်ဗာ အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုအသင်း ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရဖို့ မလွယ်ပေ။ ဦးဥတ္တမသည် နာမည်ကြီး ဟိန္ဒူခေါင်းဆောင်များဖြစ်သည့် မဒရပ် ပြည်နယ်မှ နာမည်ကျော်ခေါင်းဆောင်ကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူတို့၏ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။

(၁၉ဝ၄-ဝ၅)၌ ဆီးမီးခွပ်သာသာလောက်ရှိသည် ဂျပန်ကဲ့သို့ နိုင်ငံငယ်လေးများက ရုရှားကဲ့သို့ နိုင်ငံကြီးတစ်နိုင်ငံကို အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်ကို အတော်အထင်ကြီးသွားသည့် အလျောက် စုဆောင်းထားသော ငွေနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးရန် ၁၉ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရန်ကုန်မြို့မှ စင်ကာပူသို့ သင်္ဘောဖြင့် ထွက်ခဲ့သည်။ ထိုမှတစ်ဖန် (၁၈) ရက်နေ့တွင် ဂျပန်ပြည်သို့ စင်ကာပူမှတစ်ဆင့် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ မတ်လ (၇)ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ ရောက်သွားသည်။ ဂျပန်သို့ ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုအခါက စက်မှုလက်မှုဝန်ကြီး)၏ အထောက်အပံ့ဖြင့် ဂျပန်ဘာသာ နှင့် စကားကို နှစ်နှစ်ခန့် သင်ယူအောင်မြင်သည်။ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ နှစ်နှစ်ခန့် သင်္ကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ပြည်သို့ ရောက်ရှိစဉ်က ဦးဥတ္တမ၏ ဝါတော်မှာ ကိုးဝါမျှရှိခဲ့ပြီဖြစ်သည်။

ဆရာတော် ဦးဥတ္တမ ဂျပန်ပြည်ရောက်သွားချိန်၌ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကလည်း ဂျပန်ပြည်တွင် ရှိနေသည်။ ဒေါက်တာဆွန်ယက်ဆင်သည် ဆရာတော် ဦးဥတ္တမအကြောင်းကို ကြားသိရသည်ရသဖြင့် ဦးဥတ္တမထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ဦးဥတ္တမနှင့် စကားဆွေးနွေး ပြောကြည့်သောအခါ ဦးဥတ္တမအပေါ်တွင် အထူးလေးစားမှုရှိသွား သည်ဖြစ်၍ ဒေါက်တာဆွန်ယက်ဆင်က ဦးဥတ္တမအား တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်လေသည်။ ဦးဥတ္တမသည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် (၁၉၁၉) ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ရှန်ဟိုင်း၊ ရှန်ဟိုင်းမှ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည် သွားလာခဲ့လေသည်။

ဂျပန်ပြည်မှအပြန် မြန်မာနိုင်ငံသို့ ပြန်လာသည့်အခါ ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ဝင်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော်ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေ သည်။ ထို့နောက် ဆရာတော်ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလျှင်သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက ''အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး''ဟု လျှောက်ထားရာ ဆရာတော်က ''ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ''ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။

သို့ကလို ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်အနှံ့ အတော်အသင့် နိုင်ငံရေးတရားများ ဟောပြောတော်မူ ခဲ့ပြီးနောက် (၁၉၁၂) ခုနှစ်တွင် ဂျပန်ပြည်သို့ တစ်ဖန်ပြန်ကြွသွားပြန်သည်။ နှမဖြစ်သူ ဒေါ်အိမ်စိုးနှင့် မြန်မာလူငယ် သုံးယောက်တို့ကိုပါ ခေါ်သွားကာ ပညာသင်ကြားစေသည်။ (၁၉၁၂) ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပြန်ကြွသွားပြီးနောက် (၁၉၁၂)ခု မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၁၇) ရက် နေ့စွဲပါ စာတွင် ဂျပန်ပြည်နှင့် ပတ်သတ်ပြီး 'ဂျပန်ပြည် အတ္တုပတ္တိ'ဆိုပြီး စာအုပ် ရေးသား ထုတ်ဝေခဲ့သည်။ ဂျပန်များ၏ လူနေမှုစနစ်၊ စည်းကမ်းသေဝတ်မှု များကို ရေးသားခဲ့သည်။

ယခုအခါ ငါတို့သည် သူတကာထက် အစစအရာရာတွင် အောက်ကျနေသည့် အတွက် ငါတို့ဘာသာတရားသည်လည်း ဘယ်သောအခါမှ ကြီးပွားမည်မဟုတ်။ ထိုအတွက် ကျွန်ဘဝမှ လွတ်မြောက်မှာသာ ဘာသာတရားကြီးပွါးတိုးတက်လိမ့်မည်ဟု ခံယူခဲ့သည်။

၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်း သားများ သပိတ်စတင်မှောက်ကြသည်။ ထိုစဉ်က ဘုရင်ခံမှာ အင်္ဂလိပ်လူမျိုး ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်သည်။ ကျောင်းသားများ သပတ်မှောက်စဉ်က ဆရာတော်မှာ ကာလကတ္တားမြို့သို့ ခေတ္တကြွရောက်နေသည်။ ဆရာတော် ဦးဥတ္တမသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက် ကြောင်းကို ကြားသိသည်နှင့် တစ်ပြိုက်နက် မီရာသင်္ဘောဖြင့် ကာလကတ္တားမြို့မှ ရန်ကုန်မြို့သို့ ကြွရောက်လာခဲ့လေသည်။

တစ်နေ့သောအခါ ဆရာတော် ဦးဥတ္တမသည် ကြေးနန်းစာရွက်ကလေးတစ်ခုကို ကိုင်ပြီး ပြုံးပြုံးရယ်ရယ်နှင့် ပွဲစားအိမ်သို့ ကြွလာသည်။ ဒွေးတော်သူ မစံလှဖြူက ''အလို- ဦးပဉ္စင်း ဒီတစ်ခါ ရယ်လို့မောလို့၊ ဘာများ သဘောကျပြီး ပြန်လာသလဲ''ဟု ဆီး၍လျှောက်ထားလေသည်။

''ဒကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုယ်ကျုပ် သေပျော်ပြီလို့ ဝမ်းသာအားရရှိတာနဲ့ ပြုံးလာတာပဲ''ဟု အမိန့် ရှိလေသည်။ ဒွေးတော်က ''ဘာများဖြစ်လာသလဲ''ဟု မေးရာ ဦးဥတ္တမက ''ငါတို့ ဗမာလူမျိုးတွေ လူနဲ့သူနဲ့ တူလာ ကြပြီ၊ ဒီလို လူစိတ်ရှိလာလို့ ငါဝမ်းသာလာတာပဲ''ဟု ဆို၏။
''အရင်ကတော့ ဗမာတွေဟာ လူစိတ်မရှိလို့ ခွေးစိတ်ရှိနေသလား ဘုရား'' ဆရာတော်က ''လူစိတ်ရှိတယ်ဆိုတာ ဒီလိုလေ၊ လူဟာ လူ့အခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်၊ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မရ-ရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးပဉ္စင်း ဆိုလိုတာပဲ။ ဟော- အခု ရန်ကုန်ကောလိပ်ကျောင်းသားတွေကစပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကြကုန်ပြီတဲ့။

ရန်ကုန်မြို့ကနေပြီး အဲဒီကိစ္စကြီးမှာ ဦးပဉ္စင်းထံ အကြံဉာဏ်တွေ ယူချင်လို့ ဦးပဉ္စင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ အခုပဲရတယ်။ ဗမာတွေ ဒီလို စိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ္စင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးပဉ္စင်း သေပျော်ပါပြီလို့ ပြောတာ''ဟု ရှင်းလင်းတော့မှပင် ဒွေးတော်၊ ဦးရီးနှင့် ညီဖြစ်သူတို့ နားရှင်းသွားကြလေသည်။

ရန်ကုန်ကောလိပ် ပထမသပိတ်ကြီးမှာ (၁၉၂ဝ) ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ (၁၂၉ဝ) ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့တွင် သပိတ်မှောက်ခဲ့သည်။ ထိုသတင်းကြးနန်းကို ရလျှင်ရချင်းပင် ဆရာတော်သည် ရန်ကုန်သို့ မီရာသင်္ဘောဖြင့် ကြွလာပြီး ဝိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးသည် ဟူသတည်း။

ထိုစဉ် ဝေလမင်းသား (နောက်နန်းစွန့် အဋ္ဌမမြောက် ဂျော့ဘုရင်) မြန်မာပြည်သို့ လာမည်ဖြစ်ရာ ဝိုင်အမ် ဘီအေအသင်းမှ ကြီးမှူး၍ ဝေလမင်းသားကို မကြိုဆိုရန် သပိတ်မှောက်ကြသည်။ ခေါင်းဆောင်အချို့ကို ဖမ်းပြီး သပိတ်မှောက်လျှင် အပြစ်ပေးနိုင်သော ဘွိုင်ကောက် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဘုရင်ခံ တင်းတင်းမာမာ ဆောင်ရွက်လာသော အခါ မြန်မာပြည်သူများ မကျေမနပ် ဖြစ်နေကြသော် လည်း မိမိတို့၏ ဆန္ဒကို ဖွင့်ဟထုတ်ပြခြင်း မပြုဝံ့ဖြစ်နေချိန်တွင် ဆရာတော် ဦးဥတ္တမသည် ဘုရင်ခံထံ စာတစ်စောင် ရေးပို့လိုက်လေသည်။ သူရိယသတင်းစာတွင် ''ဆာရယ် ဂျီနယ်ကရက်ဒေါက် ၊ မင်း ဗမာပြည်က ထွက်သွား''ဟု ခေါင်းစီးစာလုံးဖြင့် နှင်ထုတ်ခဲ့သည်။

ထိုစကားလုံးကို သုံးသည့်အတွက် အဖမ်းခံရမည်ကို ဆရာတော်သည် သိခဲ့သည်။ သို့သော်လည်း တို့ဗမာလူမျိုးတွေမှာ ဒီလိုပြောနိုင်တဲ့ အခွင့်အရေးရှိနေတယ်ဆိုပြီး သင်ပေးလိုက်ခြင်းဖြစ်သည်။ နောက်တစ်ခုက အစိုးရအရာရှိဆိုသော စကားမှာ အင်္ဂလိပ်ဘာသာတွင် ''ပြည်သူ့ဝန်ထမ်း''ဟူ၍ ဆိုသည့်အတိုင်း အရာရှိမဟုတ်။ ပြည်သူ့ အစေခံတွေသာဖြစ်၍ သူတို့ကို ဘာမှ ကြောက်စရာမလိုဟု လှုံ့ဆော် ရေးသားခဲ့ခြင်းလည်းဖြစ်သည်။

ဤစကားသည်ပင် ဆရာတော်၏ ရဲရဲတောက်စကားအဖြစ် ယနေ့အချိန်ထိ သမိုင်းဝင်ခဲ့သည်။ အကြောင်းမှာ ဘုရင်ခံကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရေးရဲသော အာဇာနည်ပုဂ္ဂိုလ်ထူး၏ စာကြောင့်ပင် ဖြစ်သောကြောင့်တည်း။
၁၂၈၃ ခု၊ မအူပင်ထောင်၌ ထောင်(၄)နှစ်ကျခံခဲ့ရသည်။

ထောင်စည်းကမ်းဥပဒေအရ စည်းကမ်းလိုက်နာသည်ဟု သတ်မှတ်ကာ (၃)နှစ်ကျော်သာ ခံခဲ့ရသည်။ ထောင်မှလွတ်သော အခါ ရန်ကုန်သို့ ကောင်းစွာ ပို့ပေးခဲ့သည်။ ရန်ကုန်တွင် ဆရာဦးဥတ္တမ တရားဟောသည့် နေရာတိုင်းတွင် ရဟန်း ရှင်လူပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်းကားခဲ့သည်။
တစ်ခါကလည်း ဗိုလ်တစ်ထောင် တရားပွဲတစ်ခုတွင် သင်္ကန်ဝတ်ကို ချွတ်ပြီး ထောင်ဝတ်တန်ဆာများဝတ်ပြကား တရားဟောခဲ့သည်။ အင်္ဂလိပ်အစိုးရ၏ ကျွန်ဇာတ်ခင်းမှုကို ကွက်ကွက်ကွင်းကွင်းသရုပ်ပြခဲ့သည်။

ဗမာအချင်းချင်းရိုင်းပင် ဝံသာနုရက္ခတစိတ်များ မွေးဖွားရန် ဗမာအမျိုးသမီးများကို
''မိန်းမတွေဟာ မင်းကတော် စိုးကတော်ဖြစ်ဖို့ လောက်ကိုပဲမှန်းဖို့ ဂုဏ်ပြိုင်နေကြတယ်။ ဒီလို မိန်းမတွေ စည်းမစောင့်လို့ ဗမာတွေ ကျွန်သက်ရှည်နေတာ။ ဘုန်းကြီးတွေကကော ဆွမ်းခံရင် ဗမာအိမ်မှာ ခံတယ်။ ဝယ်တော့ ရိုးတိုက်မှာ သွားဝယ်တယ်။ ငါမအူပင်မှာ ထောင်ကျတာဟာ '၏'ဆိုတဲ့ စကားကလေး တစ်လုံး ပါမသွားလို့ ထောင်ကျတာပဲ။ ငါကပြောတယ်။ ဗမာတွေဟာ အရေးပိုင်ဆိုရင် သိပ်ကြောက်၊ ဝန်ထောက်၊ မြို့အုပ်ဆိုလည်း ကြောက်နေကြတာပဲ။ ဘာတစ်ခုမှ မဟုတ်တာ မမှန်တာ လုပ်နေလို့ ပြန်မပြောဝံ့ကြဘူးနော်။ ခွေးလောက်မှ မလိမ္မာဘူး။ မင်းတို့အိမ်မှာ မွေးထားတဲ့ ခွေးဝင်စားပဲဖြစ်ဖြစ်၊ အရေးပိုင်ခွေးနဲ့ တွေ့ရင် ခံတော့ ကိုက်အုံ့မှာပဲလို့ ငါက ပြောတယ်။ ဒါကို အရေးပိုင်က သူ့ကို ခွေးလို့ ပြောရမလားဆိုပြီး တရားစွဲတာပဲ။ အရေးပိုင်၏ ခွေးလို့ ပြောရမယ်ဟာ ငါက အရေးပိုင်ခွေးလို့ ပြောလိုက်မိတာကို''ဟု ပြောဆို ဆုံးမခဲ့သည်။

ညီဖြစ်သော ကိုယ်တော်အရိယာဝံသကို ဆုံးမရာတွင်
''သင်ဖြစ်ရသော လူဘဝသည် အများ၏ အကျိုးစီးပွါးသည် ဆောင်ရွက်နိုင်မှု မရှိလျှင် သင့်၏ ဘဝတန်ဖိုးသည် ဘာမျှမရှိ။ ၄င်းဘဝတန်ဖိုးကို တိုးမြှင့်လိုလျှင် သင်သည် သူတပါး၏ အကျိုးစီးပွါးကို အများဆုံး ဆောင်ရွက်ရမည်သာ ဖြစ်သည်။ သင်၏ လုပ်ငန်းနှင့် ကျင့်ဝတ်ဟူသမျှကို သင်နေ့တိုင်း စစ်ဆေးရမည်မှာ ထိုလုပ်ငန်းနှင့် ကျင့်ဝတ်တို့သည် အများ၏ အကျိုးစီးပွါးနှင့် သက်ဆိုင်သလော၊ သို့မဟုတ် ငါတစ်ယောက်တည်း၏ အကျိုးလော''
''သူတစ်ပါး၏ ရှုံးပါးမှုနှင့် အရှုက်တစ်ခုခုကို မူတည်လျက် မိမိအဖို့ အမြတ်ကို မရှာဖွေနှင့်။ သို့မှသာ စင်ကြယ်မှုသည်ဖြစ်မည်'' ဟု သွန်သင်ဟောပြတော်မူသည်။ ဆရာတော်ကိုယ်တိုင်းလည်း ဤမူအတိုင်း ကျင့်ကြံခဲ့သည်။

ဆရာတော်ကို အင်္ဂလိပ်အစိုးရက တရားဟောခွင့် ပိတ်ပင်ခြင်း၊ စည်းကမ်းချက်များသတ်မှတ်ခြင်းတို့ ပြုလုပ်သည့်ကြားမှ ''လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတို့၌ အစိုးရ လုပ်ပုံမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ရှိသော်လည်း ငါတို့ကတော့ အစိုးရလုပ်တာ မကောင်းလျှင် ခေါင်းငုံ့ခံရမလား။ မခံဘူး၊ မခံကြနဲ့္ဒဟု စည်းရုံးလှုံ့ဆော် ဟောပြောခဲ့သည်။ ဒီမိုကရေစီစနစ်ကို အကွက်ကျကျ ထောက်ပြ ဟောပြခဲ့သည်။ ထိုအချက်နဲ့ပင် ဆရာတော်သည် ဒုတိယအကြိမ်အဖမ်းခံရလေသည်။ ဆရာတော် အဖမ်းခံရမှုနဲ့အတူ ပြည်သူတို့ စိတ်ဓာတ် တက်ကြွလာပြီး ဆူလေဘုရားအဝိုင်းတွင် လူစုလူဝေးဖြင့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ရလေ သည်။ ဆရာတော်အား အလုပ်ကြမ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

ဆရာတော်ကို တစ်ချို့ ရဟန်းတု ရဟန်းယောင်ဟု စွပ်စွဲခဲ့ကြသည်။ သို့ရာတွင် ကျန်းဂန်လာသည့်အတိုင်း ''အာဂါရာ အနာဂါရာစ၊ ဥဘော၊ အညောညနဿိတ၊ အရန္ဒယန္တိ သဒ္ဒမ္မံ၊ ယောဂက္ခေမံမနုတ္တရံ္ဒဟူ၍ ပါဋိတော်တွင် ဆိုထားသည်။ အနက်ကား လူတို့သည်လည်းကောင်း၊ ရဟန်းတို့သည်လည်းကောင်း နှစ်ဦးသော ပုဂ္ဂိုလ်တို့သည် အချင်းချင်း တစ်ဦးနှင့် တစ်ဦး အမှီသဟဲပြုလျက် နေကြကုန်၏။ ကိလေသာတို့ ကုန်ရာဖြစ်သော မြတ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ သူတောင်ကောင်းတရားကို ပူတွဲ၍သာ အားထုတ်ကြရာ၏။ ထို့ကြောင့် ဆရာတော်သည် ဤပါဋိအပုဒ်ကို နှလုံးမူလျှက် နိဗ္ဗာန်လမ်းကိုရောက်ဖို့ မြန်မာပြည်သူတို့ ကျွန်ဘဝမှ လွတ်မြောက်မှာ အထမြောက်မည်ဟု ခံယူလျှက် နိုင်ငံရေးကို ဝင်ပါခဲ့ရခြင်းဖြစ်သည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက် (၁၃ဝ၁ ခုနှစ် ဝါခေါင်လဆုပ် ၁၁)ရက်နေ့တွင် ဆရာတော် ဦးဥတ္တမသည် ရန်ကုန်ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူရာ ၊ ပျံတော်မူ၍ ၂ ရက်ကြာပြီးနောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပသော ဗမာပြည်အောက်လွတ်တော် အစည်းအဝေး၌ အမတ်များအားလုံး ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် ၅ မိနစ်ရပ်နားပြီး အရိုအသေပြုကြသည်။ သက်ဆိုင်ရာ ဆွေမျိုးများသို့ လွတ်တော်မှတ်တမ်းအရ ဝမ်နည်းကြောင့် သဝဏ်လွှာပေးပို့ကြသည်။ လွတ်တော်အမတ်များ အကျယ်တဝင့် ချီးကျူးကြ၏။

''ဆရာတော်ဦးဥတ္တမသည် ဤနိုင်ငံတွင် အကြီးဆုံးသော နိုင်ငံရေးခေါင်းဆောင်ကြီးဖြစ်တယ်လို့ ကျွန်ုပ်ပြောခဲ့သော ထိုစကားဟာ အပိုမပါသော စကားဖြစ်ပါတယ်။ သူဟာ ဗမာပြည်နိုင်ငံရေးကို အစပြုလာသော ပုဂ္ဂိုလ်ဖြစ်ပြီး ဗမာ့တိုးတက်မူဟူသမျှဟာလည်း သူ့ကို အကြောင်းပြုပြီးမှ ပေါ်လာတာပဲဟု ကျွန်ုပ်က ထပ်မံပြီး ပြောလိုပါတယ်''ဟု မစ္စတာဘန်ဂါဆင်းက ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ကျင်းပသော ဗမာပြည် ဥပဒေပြုလွတ်တော်၌ မန္တလေးမြို့၊ အိန္ဒိယအမျိုးသားများ၏ ကိုယ်စားလှယ်အမတ် အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသည်ကို အမတ်အားလုံးကပင် သဘောကျခဲ့ကြ သည်။

ဆရာတော် မျိုးစေ့ချပေးခဲ့သော စိတ်ကြာင့်ပင် သခင်တပ်ဖွဲ့များပေါ်ပေါက်လာပြီး ဒို့ဗမာသီချင်းများ ပျံလွင့်လာခဲ့သည်။ ထိုမှ စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်ဦးဆောင် ရဲဘော်သုံးကျိပ်တို့ ပေါ်ပေါက်လာပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရခြင်းမှာ ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကြောင့်ဖြစ်လေသည်။ ဆရာတော်ဦးဥတ္တမသည် မြန်မာတင်မက အာရှတိုက်ကိုပါ မျက်စိအလင်းဖွင့်ပေးခဲ့သော ကြောင့် အာရှနေဝန်းအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ထိုင်းနိုင်ငံ၏ ပြဌာန်းချက် စာအုပ် ၆ တန်းတွင် ထည့်သွင်း ပြသလျှက်ရှိလေသည်။

ဝေဟင်အောင်
၅၊ ၉၊၂၀၁၄။
ကိုးကား
-သန်းဝင်းလှိုင်၏ ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ
-အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတာနားများ
-ဗမာ့ခေတ် ဦးဘရင်၏ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ ဆရာတော်ဦးဥတ္တမ
-သခင်လွင်၏ ဗမာ့လွတ်လပ်ရေး မီးရှူးတန်တောင် ဆရာတော်

____Wai Hun Aung

ဦးဥတ္တမ

မြန်မာအမျိုးသား ၀ံသာနုများအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေး ခဲ့သော ပုဂ္ဂိုလ်ထူးကား ဆရာတော်ဦးဥတ္တမပင် ဖြစ်သည်။ ဆရာတော်သည် သူ့တစ်သက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးများကို နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားစေရန်နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှေုအောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဆောင်ရွက်ကြိုးပမ်းသွားခဲ့လေသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းကျခံရသူ နိုင်ငံရေးသမားမှာ ဦးဥတ္တမ ပင်ဖြစ်သည်။

ငယ်ဘဝ
ဆရာတော် အသျှင်ဦးဥတ္တမအား ရခိုင်ပြည်၊ စစ်တွေမြို့ ရူပရပ်တွင်၊ အဖ ဦးမြ၊ အမိ ဒေါ်အောင်ကျော်သူတို့မှ ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းများမှာ (၁) ပေါ်ထွန်းအောင်၊ (၂)ကျော်ထွန်းအောင်၊ (၃) မအိမ်စိုး တို့ဖြစ်သည်။ သားအကြီးဆုံး ပေါ်ထွန်းအောင်မှာ အသျှင်ဦးဥတ္တမ လောင်းလျာပင်ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင် သည် နောင်အခါတွင် ““ရှင်အရိယ”” ဟူသော ဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။ ပေါ်ထွန်းအောင် (၉)နှစ်အရွယ်သို့ ရောက်သောအခါ ညီဖြစ်သူ ကျော်ထွန်းအောင်မှာ (၆)နှစ်အရွယ် ရှိသည်။ ညီအစ်ကိုနှစ်ယောက် အင်္ဂလိပ်စာ သင်ကြား လို၍ မိဘများကို ပူဆာကြသည်။ မရသဖြင့် အိမ်မှ ထွက်ပြေးခဲ့ကြသည်။ မိဘများလိုက်ရှာကြရာ (၁၅)ရက်ခန့်ကြာမှ သစ်ပင်တစ်ပင်အောက်၌ ညီအစ်ကိုနှစ်ယောက်ကို ပြန်တွေ့သည်။

မိဘများက ကလေးနှစ်ယောက် ဆန္ဒပြည့်ဝအောင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ ပို့ဆောင် အပ်နှံကြသည်။ ကျောင်းအပ်သည့်အခါ ထုံးစံအတိုင်း သူငယ်တန်းတွင် ထားလေရာ ပေါ်ထွန်းအောင်က သူ့ကို တတိယတန်းတွင် ထားခွင့်ပြုရန် ပြောဆိုသည်။ ဆရာကြီးက အရည်အချင်းကို သိလို၍ တတိယတန်း ဖတ်စာကို ဖတ်ခိုင်းလေသည်။ ပေါ်ထွန်းအောင်က အထစ်အငေါ့မရှိ ဒိုးဒိုးဒေါက်ဒေါက် ဖတ်ပြလိုက်ရာ ဆရာကြီးမှာ အံ့သြသွားသည်။ ကျောင်းမနေသေးဘဲ ဖတ်ပြနိုင်ခြင်းမှာ အိမ်နီးချင်း သူငယ်ချင်းများထံမှ ကြိုတင်သင်ကြားထားခြင်း ကြောင့် ဖြစ်သည်။ ပေါ်ထွန်းအောင် ကြိုတင်သင်ကြားထားခြင်းကို သူ၏မိဘများပင် မသိဟု ဆိုသည်။ ကျောင်းအုပ် ဆရာကြီးက ပေါ်ထွန်းအောင်အား ဒုတိယတန်းတွင် နေခွင့်ပြုခဲ့သည်။ ကျောင်းနေ၍ (၂)နှစ်မျှ ကြာသောအခါ ပေါ်ထွန်းအောင် ပဉ္စမတန်းရောက်ပြီး ညီကျော်ထွန်းအောင် စတုတ္ထတန်းသို့ ရောက်သည်။ အတန်းတင်စာမေးပွဲ ပြီးဆုံးသောအခါ ပေါ်ထွန်းအောင်မှာ ဒုတိယပညာသင်ဆုကို အင်္ဂလိပ် မျက်နှာဖြူ ရခိုင်တိုင်းမင်းကြီးကိုယ်တိုင် ကြွရောက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။ ပေါ်ထွန်းအောင်မှာ ဆုကိုယူသော်လည်း ၀မ်းသာမှု မရှိခဲ့ချေ။ ညီကိုခေါ်၍ စစ်တွေမြို့ ကမ်းနားဘက်သို့ ထွက်သွားကြသည်။ ကမ်းနားသို့ရောက်သောအခါ ရရှိခဲ့သော ဆုကို ချိုးဖဲ့ဆုတ်ဖြဲပြီး ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ဤသို့ ပစ်ချပြီးသောအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား ““ဒီမှာ ငါ့ညီ၊ ဆုယူရင် ပထမဆုကိုသာယူ၊ ဒုတိယတို့၊ တတိယတို့ဆိုရင် ဘယ်တော့မှ မယူနဲ့””ဟု ဆိုလေသည်။ ပေါ်ထွန်းအောင်၏ စိတ်ထားကား တကယ်ပင် မြင့်မားလှ၏။

ပေါ်ထွန်းအောင်တို့ ညီအစ်ကိုနှစ်ယောက် အတန်းတွင် ပညာသင်ကြားနေစဉ် အင်္ဂလိပ် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးက မွေးစားလိုသော်လည်း မိဘများက မထည့်၍ ကာလကတ္တားသို့ မလိုက်ခဲ့ရပေ။ ပေါ်ထွန်းအောင်မှာ တိုင်းတစ်ပါးတွင် ပညာသင်လိုစိတ်ရှိ၏။ ထို့ကြောင့် ဖခင်ဖြစ်သူအား ““ဖေဖေ မေမေတို့ မလွှတ်ပေမယ့် တစ်နေ့ကျ ကျွန်တော် ထွက်ပြေးပြီး နိုင်ငံခြားမှာ ပညာသင်မှာပဲ””ဟု တစ်ခါက ပြောဖူးသည်။ (၁၃)နှစ်သားသို့ ရောက်လာသော အခါ ပေါ်ထွန်းအောင်သည် နိုင်ငံခြားသို့ ပညာသင်ကြားရေးကို အထူးအာရုံစိုက်လာသည်။ ငွေရှိလျှင် ပညာသွားသင် နိုင်သည်ဟု ယုံကြည်ချက်ဖြင့် မိခင်ဘက်မှ တော်စပ်သော ဦးရီး၏ ဈေးဆိုင်တွင် ကူညီလုပ်ကိုင်ရင်း ငွေများကို စုဆောင်းခဲ့သည်။

ကြံရွယ်သည့်အတိုင်း မဖြစ်ခဲ့၍ ပေါ်ထွန်းအောင်သည် ဦးရီးထံတွင်လည်း မနေ၊ မိဘများထံသို့လည်း မပြန်ဘဲ စစ်တွေမြို့၌ ပရိယတ္တိစာပေ သင်ကြားမှုတွင် ထိုအခါက အကျော်အစောဖြစ်သော ရွှေစေတီကျောင်း ဆရာတော်ထံ သွားရောက်၍ ရှေးဦးစွာ ဖိုးသူတော်အဖြစ်ဖြင့် မင်္ဂလသုတ်မှစ၊ သဒ္ဒါရှစ်စောင်နှင့် သင်္ဂြိုဟ် ကိုးပိုင်းအထိ သင်ရိုးတန်း ကုန်အောင် သင်ယူခဲ့သည်။ (၁၆)နှစ်အရွယ်ရောက်မှ မိဘများက ရှင်သာမဏေ၀တ်ပေးသဖြင့် ““ရှင်ဥတ္တမ””ဟု တွင်သည်။ ရှင်ဥတ္တမသည် နက်နဲကျယ်ပြန့်သော ပိဋကတ်တို့ကို သင်အံလေ့ကျက်ရာဖြစ်သော ပခုက္ကူစာသင်တိုက် ကြီးတွင် သွားရောက် ပညာသင်ကြားလိုသဖြင့် လူဝတ်လဲ၍ ဓားတောင်ဆရာတော် ဦးဂန္ဓာနှင့် လိုက်သွားသည်။

ရှေးဦးစွာ မအူပင်သို့ရောက်၍ မအူပင်မှ ရန်ကုန်၊ ထိုမှ တောင်ငူမြို့သို့ ရောက်သည်။ ဦးဥတ္တမသည် တောင်ငူတွင် ရှင်သာဏေ စာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရရှိခဲ့သည်။ သို့ကလို စာတော်သည့် သတင်းကြောင့် တောင်ငူမြို့ရှိ ပစ္စည်းဥစ္စာ ပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက သားအဖြစ် မွေးစားကာ ကာလာကတ္တား မြို့သို့ပို့၍ ပညာသင်ကြားစေသည်။ ကာလကတ္တားမြို့တွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀)တန်းအဆင့်ကို အောင်မြင်ခဲ့၍ မြန်မာပြည်သို့ ပြန်လာ၏။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့သွား၍ ရေစကြို တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို ရှင်ဝတ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့ သင်ကြားနေစဉ်ပင် ဦးဥတ္တမအား တွေမျိုးတော်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံ ပေးသည်။ ရဟန်းခံစဉ် ဦးဥတ္တမ၏ သက်တော်မှာ (၁၉)နှစ်နှင့် (၂)လ ရှိပြီဖြစ်သည်။

အရှင်ဥတ္တမသည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ သွားပြန်သည်။ ကာလကတ္တားမြို့သို့ ရောက်ချိန်တွင် အိန္ဒိယနိုင်ငံရေးမှာ တစ်မျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက် ထကြွနိုးကြားခိုက်နှင့် ကြုံကြိုက်နေရာ ဦးဥတ္တမလည်း နိုင်ငံရေးစွန့်စားလိုစိတ်များ ရင်တွင်း၌ တကြွကြွဖြစ်ပေါ်လာလေ၏။ အမျိုးသား စိတ်ဓာတ်လည်း အတောမသတ် ရင့်သန်ခဲ့၏။ ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ် တစ်ခုတွင် ပါဠိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ၀င်ရောက်ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရင်းဖြင့် သင်္ကရိုက်ဘာသာ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းများကို သင်ကြားပြန်သည်။ အိန္ဒိယနိုင်ငံတွင် နေစဉ် ဆရာဦးဥတ္တမအား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုအသင်း ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရဖို့ မလွယ်ပေ။ ဦးဥတ္တမသည် နာမည်ကြီး ဟိန္ဒူခေါင်းဆောင်များဖြစ်သည့် မဒရပ် ပြည်နယ်မှ နာမည်ကျော်ခေါင်းဆောင်ကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူတို့၏ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။

ဟိန္ဒူမဟာဆပ်ဗာအသင်းကြီးမှာ အိန္ဒိယပြည်၌ ကွန်ဂရက်အသင်းကြီးပြီးလျှင် ဒုတိယအင်အားအကြီးဆုံး အသင်းအဖွဲ့ကြီးဖြစ်သည်။ ကွန်ဂရက်အသင်းကြီးမှာ အိန္ဒိယလူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးအသင်းဖြစ်ပြီး ဟိန္ဒူ မဟာဆပ်ဗာအသင်းကြီးမှာမူ ဟိန္ဒူဘာသာကိုးကွယ်ကြသူများသာ ပါဝင်သည့် ဘာသာရေးအသင်းကြီး ဖြစ်သည်။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယပြည်တွင် (၈)နှစ်ကြာမျှ နေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်သွား လေသည်။ (၁၉၀၄-၀၅)၌ ဂျပန်ကဲ့သို့ နိုင်ငံငယ်လေးများက ရုရှားကဲ့သို့ နိုင်ငံကြီးတစ်နိုင်ငံကို အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်ကို အတော်အထင်ကြီးသွားသည့်အလျောက် စုဆောင်းထားသောငွေနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးရန် ၁၉၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရန်ကုန်မြို့မှ စင်ကာပူသို့ သင်္ဘောဖြင့် ထွက်ခဲ့သည်။ ထိုမှတစ်ဖန် (၁၈) ရက်နေ့တွင် ဂျပန်ပြည်သို့ စင်ကာပူမှတစ်ဆင့် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ မတ်လ (၇)ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ ရောက်သွားသည်။ ဂျပန်သို့ ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုအခါက စက်မှုလက်မှုဝန်ကြီး)၏ အထောက်အပံ့ဖြင့် ဂျပန်ဘာသာ နှင့် စကားကို နှစ်နှစ်ခန့် သင်ယူအောင်မြင်သည်။ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ နှစ်နှစ်ခန့် သင်္ကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ပြည်သို့ ရောက်ရှိစဉ်က ဦးဥတ္တမ၏ ၀ါတော်မှာ ကိုးဝါမျှရှိခဲ့ပြီဖြစ်သည်။ တတ်ကျွမ်းသော ဘာသာရပ်များမှာ မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက်္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျပန်ဘာသာ တို့ဖြစ်သည်။

ဆရာတော် ဦးဥတ္တမ ဂျပန်ပြည်ရောက်သွားချိန်၌ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကလည်း ဂျပန်ပြည်တွင် ရှိနေသည်။ တရုတ်ကျောင်းသားများလည်း ဂျပန်ပြည်တွင် အများအပြား ရောက်ရှိနေကြသည်။ တရုတ်ကျောင်းသားများသည် ဦးဥတ္တမထံလာ၍ သြ၀ါဒခံယူကြသည်။ ဦးဥတ္တမက တရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြသည်။ တရုတ်ကျောင်းသားများသည် ဦးဥတ္တမကို လေးစားကြည်ညိုသွားကြပြီးလျှင် ထိုအချိန်က တရုတ်ပြည်လွတ်မြောက်ရေးကို ဂျပန်ပြည်၌ အခြေချလျက် ကြိုးပမ်းနေသော သူတို့ခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင်အား ဦးဥတ္တမအကြောင်းကို ပြောပြလေသည်။ ဒေါက်တာဆွန်ယက်ဆင်သည် ဆရာတော် ဦးဥတ္တမအကြောင်းကို ကြားသိရသည်ဖြစ်၍ ဦးဥတ္တမထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ဦးဥတ္တမနှင့် စကားဆွေးနွေး ပြောကြည့်သောအခါ ဦးဥတ္တမအပေါ်တွင် အထူးလေးစားမှုရှိသွား သည်ဖြစ်၍ ဒေါက်တာဆွန်ယက်ဆင်က ဦးဥတ္တမအား တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်လေသည်။ ဦးဥတ္တမသည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် (၁၉၁၉) ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ရှန်ဟိုင်း၊ ရှန်ဟိုင်းမှ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည် သွားလာခဲ့လေသည်။

ထိုခေတ် ထိုအခါက မြန်မာလူမျိုးတစ်ဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွား လာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်ခြင်းများကို ပြုလုပ်နိုင်သူမှာ အံ့ချီးဖွယ်ရာပင် ဖြစ်လေသည်။ ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်မျှသာယူပြီး စေတနာ ဖြင့် ပြသခဲ့သည်။ ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ၀င်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် ၎င်းင်း၏ သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော် ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေသည်။ ထို့နောက် ဆရာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလျှင် သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက ““အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး””ဟု လျှောက်ထားရာ ဆရာတော်က ““ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ””ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။

ထို့နောက် ၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ဆိုက်ရောက်တော်မူသည်။ ဆရာတော် ဦးဥတ္တမ ပြန်၍ ကြွလာသောအခါ မြန်မာပြည်သည် ၀ိုင်အမ်ဘီအေအသင်း (ဗုဒ္ဓဘာသာ ကလျာဏယူဝအသင်း)က နိုင်ငံရေးလုပ်ငန်း များကို စတင်လုပ်ကိုင်နေပြီ ဖြစ်သဖြင့် ဦးဥတ္တမလည်း ကူညီဝင်ရောက်ကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လေ သည်။ ၀ိုင်အမ်ဘီအေ ၁ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို (၁၉၀၆) ခု၊ မေလ (၁၀) ရက်၊ ကြာသပတေး၊ မြန်မာသက်္ကရာဇ် (၁၂၆၈) ခု၊ ကဆုန်လပြည့်ကျော် (၄) ရက်တွင် မျိုးချစ်စိတ်ဓာတ် ထက်သန်ကြသော လူငယ်များ ဖြစ်ကြသည့် ဦးဘဖေ၊ အမ်အေမောင်ကြီးနှင့် ဒေါက်တာ ဦးဘရင်တို့က ရန်ကုန်မြို့ (၂၈)လမ်း၊ အိမ်အမှတ် (၆၈)၊ ကိုမောင်ကြီးအိမ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ခေတ်ပညာတတ်လူငယ်များဖြစ်သော ဦးပု၊ ဦးသိမ်းမောင်၊ ဦးစု၊ ဦးမေအောင်၊ ဦးမောင်မောင်အုန်းခိုင်၊ ဦးဘစီ၊ ဦးသင်းမောင်၊ ဦးဘလှိုင်၊ ဦးစိန်လှအောင် စသူတို့လည်း အသင်းကြီးတွင် ၀င်ရောက်ဆောင်ရွက်လာခဲ့ကြသည်။ ၂ ဦးဥတ္တမ ဂျပန်ပြည်မှ ပြန်ရောက်ချိန်တွင် ၀ိုင်အမ်ဘီအေအသင်းကြီးမှာ အတော်အသင့် ကြီးပွားတိုးတက်နေလေပြီ။ ၀ိုင်အမ်ဘီအေ အသင်းသူ အသင်းသား များကလည်း ဆရာတော်အား အထူးစိတ်ဝင်စားကြသည်။ မြန်မာထဲမှ ဘာသာစုံတတ်ကျွမ်းသော ပုဂ္ဂိုလ်ထူးဖြစ်၍လည်း အထူးကြည်ညိုကြသည်။ ဂျပန်ပြည်တွင် ပါမောက္ခလုပ်ခဲ့သူဖြစ်သောကြောင့် ပိုမိုလေးစားသည်။ ဆရာတော်ဦးဥတ္တမ၏လမ်းညွှန်မှုကြောင့် မြန်မာများ အတော်အတန် နိုင်ငံရေးမျက်စိ ပွင့်လာကြသည်။ ဤကဲ့သို့ စတင်လုပ်လျှင် လုပ်ဆောင် ခြင်းပင် အစိုးရစုံထောက်များမှာ ဆရာတော်၏နောက်သို့ တကောက်ကောက် လိုက်၍နေခြင်းကြောင့် ဆရာတော်အား ကနဦး၌ သံဃာတော်များ မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော်ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ်နှင့် ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သောကြောင့် အရဟတ်္တဓဇဂုဏ်နှင့် မညီညွတ်ဟု ဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိစတြိတ်ရှိ သမိုင်းမြို့ (ယခု မရမ်းကုန်းမြို့နယ်)ရှိ အိမ်တစ်အိမ်တွင် သီးသန့် သီတင်းသုံး၍ နေရှာသည်။ ထိုအခါ သူရိယသတင်းစာသည် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ပုံများ အထူးတလည် ထောက်ခံအားပေးသည့်အပြင် ဆရာတော်၏ အပြုအမူမှာ မှန်ကန်ကြောင်းကို နေ့စဉ်လိုလိုပင် ရေးသားခဲ့ကြသည်။ ဤသို့ တစ်စတစ်စ လူသိများ၍ ဆရာတော် တရားပွဲများသို့ သွားရောက်၍ နိုင်ငံရေးတရားများကို နာစပြုကြလေသည်။ ဆရာတော်သည် များသောအားဖြင့် သူရိယသတင်းစာတိုက်တွင်သာ သီတင်းသုံး၏။ ဦးဥတ္တမ နိုင်ငံရေးလုပ်ဆောင်ရာတွင် ထိုခေတ်အခါက ခေတ်၏ ရှေ့ပြေးဖြစ်သော ဦးဘဘေ၊ ဦးလှဘေ စသော ပုဂ္ဂိုလ်များက အားပေး၏။ ၎င်းတို့၏ လုံ့လကြောင့် သူရိယသတင်းစာ တိုက်၏ အကူအညီဖြင့် တိုင်းသူပြည်သားများ မျက်စိပွင့်လင်း၍လာလေသည်။ သို့ဖြစ်ရာ သူရိယသတင်းစာ၏ ဆောင်ရွက်ချက်များကို ကျေးဇူးတင်ထိုက်ပေသည်။

ဦးဥတ္တမမှာ နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောတတ်သည့်အတိုင်း သံဃာတော် များအား ကျောင်းတွင်သာ ကျိန်း၍မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘ၀သို့ ရောက်၍နေသောအခါ တိုင်းသူ ပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များကိုးကွယ်သော ဘာသာသည်လည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင် ဖြစ်မည်။ ကျွန်ဘ၀မှ လွတ်မြောက်၍ သာသနာပြုမင်း ပေါ်ပေါက်မှသာလျှင် သာသနာတော် ကြီးပွားထွန်းကားနိုင်မည် ဖြစ်သောကြောင့် ကျောင်းတွင် ကျိန်း၍နေခြင်းငှာ မသင့်ကြောင်း၊ သံဃာ့သမဂ္ဂီများ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိ အောင် ကြိုးစားသင့်ကြောင်း စသည်ဖြင့် ဟောပြောခဲ့လေသည်။

သို့ကလို ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်အနှံ့ အတော်အသင့် နိုင်ငံရေးတရားများ ဟောပြောတော်မူ ခဲ့ပြီးနောက် (၁၉၁၂) ခုနှစ်တွင် ဂျပန်ပြည်သို့ တစ်ဖန်ပြန်ကြွသွားပြန်သည်။ နှမဖြစ်သူ ဒေါ်အိမ်စိုးနှင့် မြန်မာလူငယ် သုံးယောက်တို့ကိုပါ ခေါ်သွားကာ ပညာသင်ကြားစေသည်။ (၁၉၁၂) ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပြန်ကြွသွားပြီးနောက် (၁၉၁၂)ခု မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၁၇) ရက် နေ့စွဲပါ စာတွင်-
““ဂျပန်အိမ်တို့သည် စက္ကူအိမ်များ ဖြစ်သည့်အတွက် အမည်းနေရာ၊ အဖြူနေရာ၊ အ၀ါနေရာရှိသည်။ ထိုနေရာ တွင် မြေဖြူနှင့်ဖြစ်စေ၊ ခဲတံနှင့်ဖြစ်စေ၊ မီးသွေးနှင့်ဖြစ်စေ မရေးရ။ မြန်မာလူမျိုးတို့သည် ထိုကဲ့သို့ရေးခြင်းကို အလွန် တရာ အလေ့အထရှိကြသည်။ မြန်မာပြည်၌ အိမ်တံခါးပိတ်၍သော်လည်းကောင်း၊ ထရံ၌သော်လည်းကောင်း၊ စားပွဲခုံ၌သော်လည်းကောင်း၊ စာသင်ကျောင်း၌သော်လည်းကောင်း၊ ဘုန်းကြီးကျောင်း၌သော်လည်းကောင်း၊ မီးရထားတွဲ ပေါ်၌သော်လည်းကောင်း၊ ရေအိမ်၌သော်လည်းကောင်း၊ သာလာယံဇရပ်၌သော်လည်းကောင်း မြေဖြူနှင့်ဖြစ်စေ၊ မီးသွေးနှင့်ဖြစ်စေ မကောင်းသော အခြင်းအရာ၊ ရိုင်းပျသော စာသားများကို ရေး၍ထားတတ်ကြသည်။ ယင်းသည် မကောင်းသော အကျင့်စာရိတ္တဖြစ်ကြောင်း ဟူ၍လည်းကောင်း။

တစ်ဖန် ဂျပန်ပြည်တွင် မြူနီစီပါယ်အဖွဲ့က ဦးဆောင်၍ တိုကျိုမြို့၏ သန့်ရှင်းရေးလုပ်ဆောင်ပုံကို မေလ (၂၁) ရက် နေ့စွဲပါ စာတွင်-
မေလ (၇) ရက်နေ့ကျသောအခါ တိုကျိုမြို့ (မြူနီစီပါယ်) အစိုးရများထံမှ ဆင့်စာတွင် အိမ်ကို ကောင်းစွာ သန့်ရှင်းရမည်ဆိုသောကြောင့် အိမ်ကို ဆေးကြော၍ သန့်ရှင်းပြီးလျှင် ထားရကြောင်း။ ဤဂျပန်တစ်ပြည်လုံးတွင် နှစ်နှစ်တစ်ခါ မေလကျသောအခါ တစ်နေ့ကို လမ်းတစ်လမ်း (ျှကမေအနမ) ကွာတာတစ်ခု၊ အရပ် တစ်ရပ်ကို သန့်ရှင်း ရကြောင်း၊ ထိုသို့ သန့်ရှင်းသောအခါ ၀န်စည်စလည် ပစ်္စည်းသေတ္တာများ၊ ဖျာများ၊ အသုံးအဆောင် အစခပ်သိမ်း တို့ကို လမ်းပေါ်မှာ ထုတ်၍ထားရသည်။ ဤကဲ့သို့ ထားပြီးလျှင် ပုလိပ်အရာရှိကြီးများ၊ ပုလိပ်သားများနှင့် သန့်ရှင်းရေး ကြီးကြပ်သူများ လာပြီးလျှင် အိမ်းတွင်းကို ၀င်ပြီး အညစ်အကြေးရှိသည်၊ မရှိသည်၊ သန့်ရှင်းသည်၊ မသန့်ရှင်းသည်ကို ကြည့်ပြီးလျှင် သန့်ရှင်းသောအိမ်ဖြစ်ပါက ဤအိမ်သည် ဤနှစ်အတွက် သန့်ရှင်း၍ စစ်ဆေးပြီးကြောင်းကို အိမ်တံခါးဝ တွင် စက္ကူကလေးတစ်ခု ကပ်၍သွားကြောင်း။ ထိုကဲ့သို့ အိမ်ကို ကောင်းမွန်စွာ သန့်ရှင်းရခြင်း၏ အကြောင်းကား အညစ်အကြေး မရှိ၍ လူများ ကျန်းမာစွာရှိလေအောင် ရောဂါဆိုး၊ အနာဆိုး မဖြစ်လေအောင် ပုလိပ်ရောဂါ မဖြစ် ရအောင် ကြည့်ရှုစောင်မ စောင့်ရှောက်ရကြောင်း ဟူ၍လည်းကောင်း။

တစ်ဖန် ဂျပန်ပြည်ရှိ ကျောင်းသူကျောင်းသားတို့အကြောင်း မေလ (၂၁)ရက် နေ့စွဲပါ အခြားစာ တစ်စောင် တွင်-
““ဂျပန်ကျွန်းတွင် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ခြောက်နှစ်စေ့၍ ဏမငာမေပှခ့သသူ (မူလတန်း စာသင်ကျောင်း)မှာ သင်လျှင် ထိုလူကလေး မိန်းကလေးတို့သည် ညကို (၁၀) နာရီမှအိပ်၍ မနက် (၅) နာရီကို အိပ်ရာက ထရမည်ဟူ၍ အစိုးရမင်းများကပင် ဥပဒေပြု၍ထားသည်။ ဦးပဉ္စင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်အနေ၊ အစားအသောက်၊ အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်း မရှိသည့်အတွက်ကြောင့် ပျက်စီးခြင်းမူလ ဖြစ်ဟန်ရှိကြောင်း”” ဟူ၍ စာသုံးစောင်တွင် ဂျပန်၏ အလေ့အထ၊ သန့်ရှင်းရေး၊ စည်းကမ်းပုံတို့ကို အတိအလင်း ကိုယ်တွေ့ ရေးသားထားလေသည်။ ၄ ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်ကြွလာပြီး သူရိယသတင်းစာတိုက်တွင် သီတင်းသုံး နေထိုင်တော်မူပြီး “ဂျပန်ပြည်အကြောင်း” စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။
ဆရာတော်၏စာအုပ်၌ ဂျပန်ပြည်အကြောင်းနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားသည်။

ငါတို့ ဗုဒ္ဓဘာသာ သာသနာတော်သည် ရှေးအခါက အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတွင် အလွန်တရာကြီးပွား၍ ယခုအခါ ဘယ့်အတွက်ကြောင့် ဗုဒ္ဓဘာသာတရားကို မကိုးကွယ်ကြလေသနည်း။ မိမိတို့ ဗုဒ္ဓဘာသာတရားတော်သည် နှစ်ပေါင်း (၂၀၀၀)ကျော် ကာလက တည်ဘိသကဲ့သို့ ယခုလည်း တည်စေလိုသော ဆန္ဒဖြင့် အိန္ဒိယနိုင်ငံသို့ သွား၍ ထိုသူတို့၏ ဘာသာ၊ အယူဝါဒ၊ ထုံးစံ၊ စည်းကမ်းနည်းလမ်းတို့ကို သင်ယူပြီးလျှင် လေ့လာတတ်မြောက်၍ ရှင်တော် ဘုရား၏ တရားတော်မြတ်ကို ဟော၍နေသည့်အတွင်း တိဗက်နိုင်ငံတွင် ရဟန္တာရှိသည်ဟု ကြားရသဖြင့် ထိုနိုင်ငံသို့ သွားလိုသောဆန်္ဒဖြင့် ဟိမ၀န္တာတောင်ခြေရင်း၌ တည်ရှိသော ဒါဂျီလင်မြို့သွား၍ တိဗက်နိုင်ငံသို့ သွားရ၊ မသွားရ စုံစမ်းကြည့်ရာ တိဗက်ဘာသာစကားတတ်လျှင် သွားနိုင်သည်ဟု သိရသောကြောင့် မေလတွင် စ၍သင်သည်။ နိုဝင်ဘာလကျသောအခါ အလွန်အေးချမ်းလှသဖြင့် ကာလကတ္တား (ယခု ကိုးလ်ကတ္တား)သို့ ပြန်လာခဲ့သည်။

ဧပြီကျသော် တစ်ခါသွား၍ သင်ကြား၊ အနည်းငယ် ပြောတတ်ဆိုတတ်သောအခါ တိဗက်သို့ ဒါဂျီလင်မှ သွား၏။ နယ်ခြားသို့ ရောက်သောအခါ မ၀င်ရဆို၍ ပြန်လာပြီးလျှင် ကရိမာယာ (ကသီရ)နိုင်ငံသို့ သွားပြန်၏။ ထိုနိုင်ငံက ဆာရီနာဂရမြို့နှင့် (၁၅)ရက်ခရီးခန့် ကွာဝေးသော လဒတ်မြို့သို့ ၀င်ရအောင် သွားရောက်ပြန်သည်။ မ၀င်ရဟု တားမြစ်သည့်အတွက် စိတ်ပျက်ပြီးလျှင် အိန္ဒိယနိုင်ငံအတွင်းနှင့် ရှေးက အလွန်တရာကြီးကျယ်သော အီဂျစ်နှင့် ပြင်သစ်နိုင်ငံ ဥရောပနိုင်ငံတို့သို့ လှည့်လည်၍ သွားလာနေစဉ်အတွင်း ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးတို့ စစ်ပြိုင်၍တိုက်ကြရာ စစ်တိုက်သောနေ့ကစ၍ စစ်ပွဲပြီးသည့်တိုင်အောင် ဂျပန်လူမျိုးတို့သည် အရေးသာလျက် ရုရှား လူမျိုးတို့ကို နိုင်နင်းကြောင်းကို သတင်းစာ အစောင်စောင်တို့တွင် တွေ့မြင်ရ၍ ရှေးအခါက ရာဇ၀င်၊ မဟာဝင်တို့တွင် အပါအ၀င်မဟုတ်သော နိုင်ငံ၏ အရေအတွက်တွင် မသွင်းသော အာရှတိုက်အရှေ့ဘက်က ဆီမီးခွက်လောက် ဂျပန်က ရုရှားကိုနိုင်ကြောင်း။ ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးတို့ကို ယှဉ်၍ကြည့်လိုက်သော် ဂျပန်တို့က လူပုလူငယ်၊ ရုရှားတို့က ဂျပန်ထက် ခွန်အားဗလ ပြည့်စုံကြောင်း၊ သို့ပါလျက် ဂျပန်သည် ရုရှားလူမျိုးတို့ကို စစ်ပြိုင်တိုက်လျက် အဘယ့်ကြောင့် နိုင်သနည်းဟု အံ့သြခြင်းဖြစ်ပြီးလျှင် ယခုအခါ ငါတို့သည် သူတကာထက် အစစအရာရာတွင် အောက်ကျနေသည့် အတွက် ငါတို့ဘာသာတရားသည်လည်း ဘယ်သောအခါမှ ကြီးပွားမည်မဟုတ်။

ငါတို့နိုင်ငံ၊ ငါတို့မြန်မာလူမျိုး ကြီးပွားမှသာလျှင် ငါတို့ကိုးကွယ်သော ရှင်တော်ဘုရား၏ သာသနာတော်သည် လည်း ကြီးပွားကျော်ဇော၍ ကမ္ဘာပေါ်တွင် ပေါ်လွင်ထွန်းတောက်လာနိုင်မည်ဟု အထင်ရှိ၍ ဂျပန်လူမျိုးတို့၏ လုံ့လ၊ ၀ီရိယ၊ စည်းကမ်းနည်းလမ်း၊ ထုံးစံ ဘာသာ အယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို နည်းခံရအောင်အကြံဖြင့် ၁၉၁၇ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာ၍ ထိုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ ရန်ကုန်က စင်ကာပူမြို့သို့ သင်္ဘောစီး၍ ထွက်ခွာ၏။ ထိုမှတစ်ဖန် (၁၀) ရက်နေ့ ဂျပန်ကျွန်းကြီးသို့ သင်္ဘောစီး၍ ထွက်ခွာရာ ယိုကိုဟားမားဆိပ်ကမ်းသို့ မတ်လ (၁၇) ရက်နေ့ရောက်ကြောင်း၊ နေရထိုင်ရတာများကို စုံစမ်းလိုက်သော် မြန်မာပြည်က ရဟန်းတော်များကဲ့သို့ ဆွမ်းခံစား၍မရ၊ တခြား ဥရောပတိုက်သား တရားဟောဆရာ တို့ကဲ့သို့  ထောက်ပံ့ကြည့်ရှုသော အသင်းများလည်း မရှိ၊ သို့သော် မိမိပညာကို အားကိုး၍ အိန္ဒိယနိုင်ငံမှာပင် တစ်စုံ တစ်ယောက် ထောက်ပံ့သောသူ မရှိဘဲလျက် ရှစ်နှစ်ကျော်မျှ နေထိုင်ခဲ့သည်။

ဤ ဂျပန်ပြည်မှာလည်း နေထိုင်အောင် ကြံသည်ဟူသော ဆန္ဒဖြင့် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတော် ကြီးတွင် အကြီးဥက္ကဋ္ဌဖြစ်သော အမတ်ကြီး အိုတာမီထံ ဦးပဉ္စင်းသည် ရဟန်းဝါ (၉) ၀ါရ၍ အင်္ဂလိပ်ဘာသာနှင့်တကွ ပါဠိဘာသာ၊ သင်္ကရိုက်ဘာသာ၊ ဘင်္ဂလီ၊ နာဂရီ အားလုံး ရှစ်ဘာသာကို စာနှင့်တကွ တတ်မြောက်၍ အမတ်ကြီး၏  သိပ္ပံကျောင်းတွင် အသုံးပြုလိုပါက ဦးပဉ္စင်းကို အကြောင်းကြားပါဟု စာပေးလိုက်ရာ နှစ်ရက်နေပြီးမှ စာပြန်လေသည်။ စာနှင့် ကိုယ်တော်ကြွလာခဲ့ပါ။ ကိုယ်တော် ဂျပန်စာနှင့် စကား အယူဝါဒ၊ ဓလေ့ထုံးစံများကို သင်ပါ။ သင်နေသည့် အတွင်း စရိတ်စကကို ကျွန်တော်က ခံယူပါမည်ဟု ဆို၍ ကြွသွားသောအခါ အင်္ဂလိပ်စာတတ်သော ဂျပန်တစ်ယောက် ကို အပ်လျက် သင်ပြစေပါသည်။ တစ်နှစ်သင်ပြီးလျှင် ဂျပန်စာကို ဘာသာစကားနှင့်တကွ စာမေးပွဲဝင်၍ အောင်မြင် သည်။

ထို့နောက် တက်္ကသိုလ်တွင် ပါဠိနှင့် သင်္ကရိုက်ဘာသာ ပရော်ဖက်ဆာအဖြစ် ခန့်အပ်၍ အခြားဆရာများ နည်းတူ လခကို ပေးမည်ဟုပြော၏။ ခင်ဗျား ကျေးဇူးအလွန်ကြီးပါတယ်။ လစာ မယူပါရစေနှင့်။ ရှေးကကဲ့သို့ပင် ကြည့်ရှုထောက်ပံ့ပါ။ ဦးပဉ္စင်းသည် ထိုသိပ္ပံကျောင်းတော်တွင် (၂)နှစ်ကျော်လောက် ပြပြီးနောက် မိမိမွေးရပ်ဌာနေသို့ မရောက်သည်မှာ ကြာပြီဖြစ်၍ ပြန်ဦးမည်အကြံဖြင့် အမတ်ကြီးကိုပြောရာ စရိတ်ဘယ်လောက် အလိုရှိပါသနည်းဟု မေး၏။ ဦးပဉ္စင်းက ယခု မြန်မာပြည်သို့အပြန်တွင် ကိုရီးယား၊ မန်ချူးရီးယားပြည်၊ ရို့အာသာမြို့၊ တရုတ်ပြည်၊ အာနမ်ပြည် (ကမ္ဘောဒီးယား)၊ ထိုင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)၊ အိန္ဒိယနိုင်ငံတို့ကို လှည့်လည်၍ ပြန်လိုကြောင်း ပြောသောအခါ ဒုတိယတန်း၌ စားစရိတ်၊ ခရီးစရိတ်ကို တွက်၍ပေးလိုက်သည်။ ဂျပန်မှ (၁၉၁၀) ပြည့်နှစ်တွင် ထွက်လာကြောင်း၊ (၁၉၁၁) ခုနှစ်တွင် မြန်မာပြည်သို့ရောက်ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ဦးဥတ္တမ ရေးသားထားသော “ဂျပန်ပြည်အကြောင်း” စာအုပ်တွင် ဖော်ပြပါရှိသည့် စာပိုဒ်များကို ဖတ်ရှုခြင်းဖြင့် ဆရာတော် ဦးဥတ္တမသည် မြင့်မားသော ရည်ရွယ်ချက်ဖြင့် မည်သို့မည်ပုံ ပြည်ပနိုင်ငံများသို့ လှည့်လည် သွားလာခဲ့သည် ဆိုသည်ကို သိရှိနိုင်ပေသည်။

သူရိယသတင်းစာမှနေ၍လည်း အမျိုးကို စောင့်ရှောက်ရမည့် ၀ံသာနုရက်္ခိတ တရားများကို လှုံ့ဆော်ရေးသား ခဲ့သည်။ ယင်းနောက် ကမာရွတ်တွင် တစ်ပါးတည်း သီတင်းသုံးကာ နိုင်ငံရေးတရားများကို လှည့်လည်ဟောပြောမှု ပြုခဲ့သည်။ ထိုစဉ်က ဆရာတော်အား တရားဟောသောအခါ ကားမရှိလျှင် ထမ်းစင် (ဝေါ)ဖြင့် လူမျိုးပေါင်းစုံထမ်း၍ တရားဟောစင်မြင့်ပေါ်သို့ အရောက်ပို့ဆောင်ပေးကြသည်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်း သားများ သပိတ်စတင်မှောက်ကြသည်။ ထိုစဉ်က ဘုရင်ခံမှာ အင်္ဂလိပ်လူမျိုး ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်သည်။ ကျောင်းသားများ သပတ်မှောက်စဉ်က ဆရာတော်မှာ ကာလကတ္တားမြို့သို့ ခေတ္တကြွရောက်နေသည်။ ဆရာတော် ဦးဥတ္တမသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ကြောင်းကို ကြားသိသည်နှင့် တစ်ပြိုက်နက် မီရာ သင်္ဘောဖြင့် ကာလကတ္တားမြို့မှ ရန်ကုန်မြို့သို့ ကြွရောက်လာခဲ့လေသည်။ ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ဗမာ့ခေတ် သတင်းထောက် ဦးဘရင်သည် သူရေးသားသော “ဆရာတော်ဦးဥတ္တမ” စာအုပ် စာမျက်နှာ (၄၂)တွင် ဤသို့ ရေးသား ဖော်ပြခဲ့သည်။

““(၁၉၂၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလတွင် ဦးဥတ်္တမ ကာလကတ်္တားတွင် ရောက်ရှိနေ၏။ ထိုနှစ်က ဦးဥတ်္တမ၏ ဦးရီးတော်ဖြစ်သူ စစ်တွေ့မြို့မှ ဦးချစ်ခိုင်နှင့် ဇနီး မစံလှဖြူတို့သည် မျက်စိရောဂါကုသရန် ကာလကတ်္တားသို့ ခေတ်္တ သွားကြသည်။ ထိုအခါတွင် ဦးဥတ်္တမ၏ညီ ကျော်ထွန်းအောင်သည်လည်း ပါသွားလျက် ကာလကတ်္တားမြို့ ရခိုင်ပွဲစား တစ်ဦး၏အိမ်တွင် တည်းခိုနေထိုင်ကြသည်။

တစ်နေ့သောအခါ ဆရာတော် ဦးဥတ်္တမသည် ကြေးနန်းစာရွက်ကလေးတစ်ခုကို ကိုင်ပြီး ပြုံးပြုံးရယ်ရယ်နှင့် ပွဲစားအိမ်သို့ ကြွလာသည်။ ဒွေးတော်သူ မစံလှဖြူက ““အလို- ဦးပဉ်္စင်း ဒီတစ်ခါ ရယ်လို့မောလို့၊ ဘာများ သဘောကျပြီး ပြန်လာသလဲ””ဟု ဆီး၍လျှောက်ထားလေသည်။

““ဒကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုယ်ကျုပ် သေပျော်ပြီလို့ ၀မ်းသာအားရရှိတာနဲ့ ပြုံးလာတာပဲ””ဟု အမိန့် ရှိလေသည်။ ဒွေးတော်က ““ဘာများဖြစ်လာသလဲ””ဟု မေးရာ ဦးဥတ်္တမက ““ငါတို့ ဗမာလူမျိုးတွေ လူနဲ့သူနဲ့ တူလာ ကြပြီ၊ ဒီလို လူစိတ်ရှိလာလို့ ငါဝမ်းသာလာတာပဲ””ဟု ဆို၏။

““အရင်ကတော့ ဗမာတွေဟာ လူစိတ်မရှိလို့ ခွေးစိတ်ရှိနေသလား ဘုရား””

ဦးဥတ်္တမက ““လူစိတ်ရှိတယ်ဆိုတာ ဒီလိုလေ၊ လူဟာ လူ့အခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်၊ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မရ-ရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးပဉ်္စင်း ဆိုလိုတာပဲ။ ဟော- အခု ရန်ကုန်ကောလိပ်ကျောင်းသားတွေကစပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကြကုန်ပြီတဲ့။ ရန်ကုန်မြို့ကနေပြီး အဲဒီကိစ်္စကြီးမှာ ဦးပဉ်္စင်းထံ အကြံဉဏ်တွေ ယူချင်လို့ ဦးပဉ်္စင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ အခုပဲရတယ်။ ဗမာတွေ ဒီလို စိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ်္စင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးပဉ်္စင်း သေပျော်ပါပြီလို့ ပြောတာ””ဟု ရှင်းလင်းတော့မှပင် ဒွေးတော်၊ ဦးရီးနှင့် ညီဖြစ်သူတို့ နားရှင်းသွားကြလေသည်။””

ရန်ကုန်ကောလိပ် ပထမသပိတ်ကြီးမှာ (၁၉၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ (၁၂၉၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် သပိတ်မှောက်ခဲ့သည်။ ထိုသတင်းကြးနန်းကို ရလျှင်ရချင်းပင် ဆရာတော်သည် ရန်ကုန်သို့ မီရာသင်္ဘောဖြင့် ကြွလာပြီး ၀ိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးသည် ဟူသတည်း။
ရန်ကုန်ကောလိပ် သပိတ်မှောက်ပြီးနောက် နယ်ချဲ့အစိုးရသည် မျိုးချစ်စိတ်နှိုးဆွရာ လက်နက်ကောင်းတစ်ခု ဖြစ်သော သတင်းစာများကို ပိတ်ပစ်ရန် အာမခံကြေးများ တောင်းခဲ့သည်။ အင်္ဂလိပ်ငွေ (၂၀၀၀ိ)၊ (၃၀၀၀ိ)၊ (၅၀၀၀ိ) စသည်ဖြင့် အာမခံကြေးများ ပေးခဲ့ရရှာသည်။ ဂျာနယ်အချို့ကိုလည်း ပိတ်ပစ်လိုက်ရာ သူရိယ၊ မြန်မာ့အလင်း၊ ပညာ့အလင်းနှင့် ဗန္ဓုလဂျာနယ် (၄) စောင်သာ ကျန်ရစ်တော့သည်။

ထိုစဉ် ဝေလမင်းသား (နောက်နန်းစွန့် အဋ္ဌမမြောက် ဂျော့ဘုရင်) မြန်မာပြည်သို့ လာမည်ဖြစ်ရာ ၀ိုင်အမ် ဘီအေအသင်းမှ ကြီးမှူး၍ ဝေလမင်းသားကို မကြိုဆိုရန် သပိတ်မှောက်ကြသည်။ ခေါင်းဆောင်အချို့ကို ဖမ်းပြီး သပိတ်မှောက်လျှင် အပြစ်ပေးနိုင်သော ဘွိုင်ကောက် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဘုရင်ခံ တင်းတင်းမာမာ ဆောင်ရွက်လာသောအခါ မြန်မာပြည်သူများ မကျေမနပ် ဖြစ်နေကြသော် လည်း မိမိတို့၏ ဆန်္ဒကို ဖွင့်ဟထုတ်ပြခြင်း မပြုဝံ့ဖြစ်နေချိန်တွင် ဆရာတော် ဦးဥတ်္တမသည် ဘုရင်ခံထံ စာတစ်စောင် ရေးပို့လိုက်လေသည်။ ထိုစာမှာ ““ဆာရယ်ဂျီနယ်ကရက်ဒေါက်မင်း မြန်မာပြည်က ထွက်သွား”” ဟူ၍ ဖြစ်လေသည်။ အဆိုပါ နှင်စာကို သူရိယသတင်းစာက ထည့်သွင်းဖော်ပြခဲ့ရာ တစ်တိုင်းတစ်ပြည်လုံး မျက်လုံးပြူး အံ့အားသင့်ခဲ့ ကြသည်။ အကြောင်းမှာ ဘုရင်ခံကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရေးရဲသော အာဇာနည်ပုဂ်္ဂိုလ်ထူး၏ စာကြောင့်ပင် ဖြစ်သောကြောင့်တည်း။

ဤစာကြောင့် မြန်မာလူမျိုးများအတွင်း၌ မီးခဲပြာဖုံးဖြစ်နေသည့် လွတ်လပ်ရေးစိတ်