ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။ သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလို။ "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ"

ဆရာတော် အသျှင်ဥတ္တမ ရှားပါးမှတ်တမ်းဗွီဒီယို

Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule.

Showing posts with label ကဗျာ(မြန်မာ). Show all posts
Showing posts with label ကဗျာ(မြန်မာ). Show all posts

Tuesday, 9 September 2014

လွတ်လပ်ရေးဖခင် ဥတ္တမအသျှင်


မျိုးမြတ်ဇာနည် ဘာမထီသား
ရက္ခမြေဖွား နေဝန်းတစ်ဆူ
ထွန်းတောက်လာသူ ငယ်အမည်ခေါ်
"ပေါ်ထွန်းအောင်" တည်း ။ ။
 
နယ်ချဲ့လက်အောက် ကျွန်ဘဝရောက်
ဘိုးဘွားပိုင်မြေ ဒို့မြန်မာပြည်
လွတ်လပ်ရေးလမ်း ပြုံးပန်းပွင့်ဖို့
မကြောက်မရွံ့ မားမားရပ်တည်
ဘွဲ့မည်နာမ သျှင်ဥတ္တမ ။ ။
 
ပြည်သူအများ စိတ်ထွေပြားကို
နိုင်ငံရေးသိ မျက်စိပွင့်အောင်
ရာဇဝင်လှစ် သမိုင်းသစ်ဖွင့်
တည်ကြည်ရဲရင့် ခရီးလွှင့်သည်
ဇွဲနှင့်လမ်းပြ ဦးဥတ္တမ ။ ။
 
ကုလားဖြူစုတ် လူယုတ်မာတွေ
ထောင်ဒဏ်ကြိမ်ကြိမ်
ဖမ်းဆီးချုပ်နှောင် ခါခါဆောင်လည်း
"ဟေ့ ဂရက်ဒေါက်
ထွက်လော့"ဟောက်ရင်း
ရက္ခသတ္တိ ကမ္ဘာသိဖို့
ပြည်လုံးလွတ်လမ်း သူကြိုးပမ်းသည်
လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်။
------------------
" မေပိုးဏီဏီ "

* ( ၉. ၃. ၂၀၁၄) အသျှင်ဦးဥတ္တမနေ့ အမှတ်တရ ကဗျာပန်းဖူးဖြင့် မေကိုယ်တိုင် ရေးသားပူဇော်ပါ၏


စက်တင်ဘာ ၉ မှာဥတ္တမသွေးနဲ့ ခရီးဆက်စို့


စက်တင်ဘာ ၉ မှာဥတ္တမသွေးနဲ့ ခရီးဆက်စို့
-------------*----------------
စက်တင်ဘာ ၉့ 
ဟုတ်တယ်
၁၉၃၉ စက်တင်ဘာ ၉
ဆရာသျှင်ဦးဥတ္တမ
ပျံလွန်တော်မူခဲ့တာ
ဒီနေ့မှာ ၇၅ နှစ်မြောက် ။

အဖေကဦးမြသာအောင်
အမေကဒေါ်အောင်ကြွသူ
လူနာမယ်က ပေါ်ထွန်းအောင်
ရဟန်းမည်နာမ ဥတ္တမ
မြို့စစ်တွေသား ရက္ခိုင်ဖွား။

စက်တင်ဘာ ၉့ 
ဒီနေ့ဟာ ဆရာတောဦးဥတ္တမနေ့
ဒီလိုအခမ်းနားမျိုး
အောက်မေ့တမ်းတ
ဂုဏ်ပြုတဲ့ ဥတ္တမနေ့မှာ
အတိတ်ကိုမြေလှန်
သမိုင်းကိုပြန်မဆွချင်ဘူး
ချောင်ထိုးခံထားရတဲ့
ကျုပ်တို့ သာကီမျိုးနွယ်ဥတ္တမအရှင်။
သမိုင်းကိုဖျောက်
ဂုဏ်မမြှောက်ကြပေမဲ့
မင်းလည်းသိ ငါလည်းသိ
မြန်မာတင်မက ကမ္ဘကလည်းသိသူ
အာရှတိုက်လုံးရဲ့ နေဝန်းအသျှင်။

စက်တင်ဘာ ၉့ 
သေသောသူ ကြာရင်မမေ့ဘဲ
ဥတ္တမမည်နာမ ဘွဲ့မည်လှနဲ့
ကျုပ်တို့သွေးထဲ တဖန်နိုးထ
အမျိုးသားအရေးအတွက်ခရီးဆက်ဖို့
တပ်လှန့်ကာ ပြန်သွေးဆက်လာသူ။
ဆရာတော်ကျေးဇူး
ဆရာတော့ဂုဏ်
ဖေါ်ကျူးလို့လည်း ကုန်နိုင်မည်မဟုတ။်
ဗိုလ်ချုပ်က မြန်မာ့လွတ်လပ်ရေးအတွက်
ဖခင်ကြီးဖြစ်နေလျှင်
ကျုပ်တို့ရဲ့နေဝန်းအသျှင်က
အဦးဆုံးမျိုးစေ့ချသူမို့
ဒီနေရာက ကျုပ်ကြွေးကြော်မယ်
ဆရာတော်ဦးဥတ္တမဟာ
မြန်မာ့လွတ်လပ်ရေး
ဗိသုကါ အဖိုးရှင်။

စက်တင်ဘာ ၉့ 
ဆရာတော်ဦးဥတ္တမဆိုတာ
လွတ်လပ်ရေးကို မီးမောင်းထိုးပြ
တော်လှန်ရေးအတွက် မျိုးစေ့ချ
ကျွန်ဇတ်သွင်းခံရတဲ့
နယ်ချဲ့သပေါက်
အနိဌာရုံ အမှောင်တိုက်က
အာရှတတိုက်လုံးကို
သူမတူတဲ့ အတွေးရဲအကြံရဲနဲ့
မတစ်ထောင်မှာ တစ်ကေါင်မဖွါးနိုင်တဲ့
ကြောက်မွှေးကဗလာ
ထောင်နန်းကို အခါခါစံပြီ့း
အာဂ ရှားပါးတဲ့
အာဇာနည်သူမြတ်အသျှင်။

စက်တင်ဘာ ၉့ 
ဒီနေရာမာကျုပ်ထည့်ပြောမယ်
ဆရာတော်ကျေးဇူးကျုပ်တို့သိပြီ
ဆရာတော်စွမ်းရည်ကျုပ်တို့မြင်ပြီ
ဆရာတော့ဆန္ဒကျုပ်တို့ခံစားရပြ။ီ
ကဲ ဒါဆိုရှေ့ဆက်ပြောမယ်
ဆရာတော်ဦးဥတ္တမနေ့မှာ
လွမ်းသူ့ပန်းခွေ တင်ရုံနဲ့မပြီး
ဆရာတော်သမိုင်အာဂုံဆောင်ရုံနဲ့မပြီး
ဆရာတော်ကျေးဇူးကြွေးကြော်ရုံနဲ့မပြီး။
ရဲလျှင်ကြံ ကြောက်လျှင်ပြန် တဲ့
အာဂသတ္တိရှင် သူ့စကါး
ကရက်တောက် Get out လို့
ခွေးမောင်းသလိုမောင်း
ရဲရင့်စွာ နှင်ထုတ်ခဲ့တယ်။
အားမတန်လို့မာန်မလျှော့
ကမ္ဘာပတ်ပြီးသူ့အမြင် သူ့အကြံ
သူ့ဘဝ သူ့ဇတ်ခုံ
ကကြိုးစုံ သူစတေး
ဘာသာအစုံ ၉ မျိုးထိတတ်ပြီး
ပေးဆပ်ရင်း လမ်းပြခဲ့သူ။

စက်တင်ဘာ ၉့ 
ဒါကိုကျုပ်တို့သိရင်
ဒါကိုကျုပ်တို့မြင်ရင်
တန်ဖိုးထားလို့ အသိမှတ်ပြုရင်
နှလုံးသွင်းပြီး စံ ထားတတ်ရင်
ကဲ ဆရာတော်စကါး အားလုံးနားထောင်
မျိုးချစ်နေရုံနဲ့မပြီး ချစ်တတ်ဖို့လည်းလိုတယ်
ရဲရင့်ရမယ် ပြတ်သားရမယ်
ညီညွတ်ရမယ် စည်းလုံးရမယ်
ဟုတ်တယ်
ပူနွေးတဲ့မျက်ရည်စက်
နီရဲတဲ့သွေးစက်နဲ့
ခါးသီးတဲ့ တောက်ခတ်သံတွေကြား
ဆရာတော်ချပေးခဲ့တဲ့
လွတ်လပ်ရေးမျိုးစေ့မှာ
ကျုပ်တို့တွေ လွတ်လပ်ပြီလား
ကျုပ်တို့တွေ သမိုင်းကြွေးတင်နေလား
တကယ်တော့ကျုပ်တို့တွေဟာ
ရဲရင့်တဲ့ ဥတ္တမမျိုးဆက်ပါ။

စက်တင်ဘာ ၉့ 
ရက္ခိုင်ပြည်ဖွါး ညီနောင်ရင်းတွေ
ဥတ္တမသွေး သာကီသွေးနဲ့
အမျိုးသီလ ၂ ဌာနကို
စောင့်လေမျိုးနွယ် ကာလရှည်ဖို့
ကျုပ်တို့ဘာကြောင့်
ခရီးမဆက်နိုင်ရမှာလဲ
ဟုတ်တယ်
ကျုပ်တို့ဘာကြောင့်
ခရီးမဆက်နိုင်ရမှာလဲ ။
-------*------
နွယ်သာကီ (သံတွဲ)

စက်တင်ဘာ ၉ ဆရာသျှင်ဦးဥတ္တမနေ့အား ဤကဗျာဖြင့် ကျွနုပ်ပူဇော် ဂုဏ်ပြုပါ၏

Monday, 8 September 2014

အလင်းရောင်ပေးသူ

အလင်းရောင်ပေးသူ
--------------------
မှောင်လည်းမှောင်စွ၊ ည၏အမြင်၊ အသွင်အသိ၊
ဘယ်မရှိ၊ တွေဝေငိုက်မည်း ခရီးဘယ်မှာ မသိပါ၊
ရှေ့လှမ်းနိုင်၊ ပန်းတိုင်ဘယ်မှာ မသိပါ၊ စမ်းတဝါးဝါး၊
ရွေ့လျားဟိုသည် ချာချာလည်။

ထိုစဉ်ခိုက်မှာ၊ ရောင်နီဖြာခဲ့၊ အလင်းရောင်ပေးသူမှာ၊
သံဃာတော်တစ်ပါး၊ ဘုရားသားတော်၊ နိုင်ငံကျေ် ဦးဥတ္တမ။

မြန်မာနိုင်ငံ တနံတလျား ခရီးသွား၍၊ ဟောကြားသည်တရား၊
ကြိုးစားကြပါ၊ နိုးကြားကြပါ၊ လွတ်လပ်ရေးရကြမှဟု
တဖွဖွမြွက်ကြား။

ထောင်တန်းမှာ၊ ချုပ်ကာထားလည်း၊ လားလားမျှမမှု၊
ပြည်သူ့အရေး ကိုယ့်အရေးဟု၊ အလေးအမြတ် ထားခဲ့သည်။

“ကရက်ဒေါက် ထွက်သွား”
ဓားသွားပမာ၊ စကားစာနှင့်၊ သေလျှင်မြေကြီး၊ ရှင်ရွှေထီးဟု၊
ရဲရဲကြီးမိန့်မှာ၊ တက်တက်ကြွကြွ၊ နိုးနိုးကြားကြား၊
ထင်ရှားသည်လုပ်ရပ်များ။

မိန့်ကြားသည့်ဆရာတော်စကား၊ ပြည်သူတွေ ကြားရတော့
တွေဝေရာမှ သတိရ၍၊ ငိုက်မြည်းရာမှ၊ လူးလွန့်ထပြီး
တက်ကြွနိုးကြားခဲ့ပါသည်။

နိုင်ငံအရေး၊ ကိုယ့်အရေးဟု၊ ချင့်တွေးမျှော်ရှုတတ်ပါပြီ။
လွတ်လပ်လိုလျှင် တိုက်ပွဲဝင်ဖို့၊ အစဉ်သတိရှိပါပြီ။
-----------------------------------------------------

မြန်မာနိုင်ငံအတွက် အလင်းရောင်ပေးသူ ကျေးဇူးရှင် ဆရာတော်ဘုရားကို လေးစားဂုဏ်ပြုလိုက်ပါသည်။

(တင်အောင်စိုး)

၃၀-၀၉-၁၉၆၉ ခုနှစ်ထုတ် “ရှုဒေါင့်ဂျာနယ်”မှ ကူးယူဖော်ပြပါသည်။

ဥတ္တမ


ခြောက်လည်း မကြောက်
လှန့်လည်း မလန့်
အခက်ချိုး ခံရလည်း အညွန့်တလူလူနဲ့
အမျိုးသားရေးရွှေရင်အေး တိုက်ကျွေးခဲ့သူ။

ဒေသိယလေသံနဲ့ ရင်ဘတ်များကို
လွှတ်လပ်ရေးမြှား ထိအောင်ပစ်ခတ်ခဲ့သူ။

ထောင်ကို ကျောင်းသင်္ခန်းလုပ်ရင်း
မကြောက်စိတ် အမြုတေနဲ့ မတုန်မလှုပ်
မြန်မာ့လွတ်လပ်ရေးကို သပိတ်ပိုက်ပြီး အလှူခံခဲ့သူ။

ကမ္ဘာကိုပတ် လမ်းစရှာရင်း
ကန်းနေတဲ့ မြန်မာ့လွတ်လပ်ရေး
မျက်စဉ်း ခပ်ပေးခဲ့သူ ။

သူဟာ-သမိုင်းမှာ
ဖုံးရင်းဖုံးရင်းပေါ်လာတဲ့
ရတနာ……. ။ ။
------------------
နေဇော်ထွန်း(ရမ္မာဝတီ) Tue,9.9.2014,AD .
ဆရာတော် ဦးဥတ္တမနေ့ ၇၅.နှစ်ပြည့် စိန်ရတု ဂုဏ်ပြုအထိမ်းအမှတ်

____Nayzaw Tun

ဦးဥတ္တမ နားထောင်နေတယ်


ဦးဥတ္တမ နားထောင်နေတယ်
==============
ရခိုင်မြေက ဦးဥတ္တမပန်းခြံ
အပန်းဖြေရန် အမှောင်ခွင်းí
ရအလင်းဆောင်သူ တဆူဆရာတော်
ဇာတိကျော်က မျက်စိချထားနေ
နားထောင်နေတယ်။

ရခိုင်သားတို့
အနားယူရန် လေညှင်းခံဖို့
လာလို့ရောက်လာ၊ငါနားထောင်နေတယ်
ဘာတွေပြောလဲ ဘာစကားလဲ။

ကိုယ့်လူမျိုးအတွက် တိုးတက်ကြီးပွါး
စကားမျိုးလား၊ကိုယ့်အမျိုးသားတို့၏
အသိမြင့်မား နိုးကြားတက်ကြွ
ဝေါဟာရမျိုးလား၊နားထောင်ဂရုစိုက်နေတယ်။

မဟုတ်ပဲနဲ့
သွေးကွဲပြားစွာ၊မညီညာ
ယုတ်မာစိတ်ထားပျက်ပြားဖောက်ပြန်
အမှန်မလုပ်သိမ်နုတ်စကား
ပြောခြင်းလားလို့၊ နားစွင့်ဂရုစိုက်နေတယ်။

ဒီလိုမှမဟုတ်၊စိတ်မယုတ်ဘဲ
ဒဟိုလဲမကျ၊ဒီလဲမကျ
ဘ၀မသိ၊သတိမရ
ရခိုင်စိတ်မ၀င်၊ကြင်ဖော်မဖြစ်
အိပ်ငိုက်နေစွလား။
အရှင်နားထောင်နေတယ်၊ကြည့်နေတယ်။

အရှင်ကြားလို၊မြင်ရလိုသော
စိုပြီသာယာ၊ငါတို့ရခိုင်မြေ
ဖြစ်ရပါစေ------ အဆွေတို့။
================== 
မူရင်းစာဆို သန္တာမောင်မောင် (ရခိုင်ပြည်)
ဓာတ်ပုံ။ ။ AYO