Monday 8 September 2014

ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျောက်ဖြူမြို့ သာသနာ့ ဗိမ္မာန်တွင် နံနက် ၇ နာရီမှ စတင်ကျင်းပ


ယနေ့ ကျောက်ဖြူမြို့တွင် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျောက်ဖြူမြို့ သာသနာ့ ဗိမ္မာန်တွင် နံနက် ၇ နာရီမှ စတင်ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ကျောက်ဖြူမြိုနယ်မှ သံဃာတော်များ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ နိုင်ငံရေးပါတီများ ၊ ကျောက်ဖြူပညာရေးကောလိပ်မှ သင်တန်းသား သင်တန်းသူများ နှင့် အခြား စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြရာ ခန်းမတွင် လူမဆန့်တော့သည်အထိ တက်ရောက်သူများပြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဦးဥတ္တမအကြောင်းကို ဟောပြောမည် ဖြစ်ပြီး တနင်္ဂနွေနေ့က ကျင်းပခဲ့သော ဦးဥတ္တမနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများ ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ယခင် ဦးဥတ္တမပန်းခြံ ဟူ ၍ အမည်ရှိသော ယခု နဒီသောင်ယံပန်းခြံကို ဦးဥတ္တမပန်းခြံဟူ၍ ပြန်လည် အမည်ပေးရန် တောင်းဆိုရေးအတွက် လက်မှတ်များလည်း တပါတည်း ကောက်ခံခဲ့ကြရာ တက်ရောက်လာသော ကြံခိုင်ရေးပါတီဝင်အချို့သည် ပါဝင်လက်မှတ် မထိုးခဲ့ကြချေ။

အဆိုပါ အခမ်းအနားသို့ အုပ်ချုပ်ရေးပိုင်းမှ အရာရှိတစ်ဦးနှင့် ရဲဌာနမှ အရာရှိတစ်ဦးတို့ တက်ရောက်ရန်ရောက်ရှိလာခဲ့သော်လည်း အချိန်နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည့် အတွက် နေရာလွတ်မရှိတော့သဖြင့် လှည့်ပြန်သွားကြရကြောင်းသိရသည်။

အဆိုပါ အခမ်းအနားကို နံနက် ၇ နာရီမှ နေ့လည် ၁၁ နာရီအထိ ကျင်းပမည်ဖြစ်ပြီး နေ့လည် ၁ နာရီမှစတင်၍ ရခိုင်ရိုးရာကျင်ပွဲလည်းရှိကြောင်း သိရသည်။


0 comments:

Post a Comment