Tuesday 9 September 2014

(၇၅)ကြိမ်မြောက်ဆရာတော်ဥူးဥတ္တမနေ့သို့ပေးပို့သော သဝဏ်လွှာ

(၇၅)ကြိမ်မြောက်ဆရာတော်ဥူးဥတ္တမနေ့သို့ပေးပို့သော သဝဏ်လွှာ
**********************************************

ရက်စွဲ။ ။၂၀၁၄ ခုနှစ်၊စက်တင်ဘာလ(၉)ရက်
စာအမှတ်။ ။၁/၂၀၁၄


(၉-၉-၂၀၁၄)ရက်အင်္ဂါနေ့တွင်ကျရောက်သော(၇၅)ကြိမ် မြောက်ဆရာတော်ဥူးဥတ္တမနေ့ကို ကျွန်ုပ်တို့ရခိုင်အမျိုးသား ကွန်ရက်(ANN)မှတိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ
အထူးဂုဏ်ယူဝမ်းကြိုဆိုပါသည်။

အာရှနေဝန်းဆရာတော်အသျှင်ဥူးဥတ္တမ၏နင်းခြေလွှင့်ပစ်ခံခဲ့ရသောဖြစ်တည်မှုနှင့်ဂုဏ်သိက္ခာကိုပြန်လည်ရယူမြှင့်တင်ခြင်းသည်ဆရာတော်၏ကျေးဇူးတရားကိုပြန်လည်သတိရအောက်မေ့ခြင်းဖြစ်သလို ကမ္ဘာ့နိုင်ငံများအလည်၌ကျွန်ုပ်တို့၏ပျောက်ဆုံးခဲ့တာကြာပြီဖြစ်သောယုံကြည်မှု၊ဂုဏ်သိက္ခာနှင့်အပြည်ပြည်ဆိုင်ရာစံတန်ဖိုးများကိုပြန်လည်ရယူခြင်းပင်ဖြစ်သည်ဟုကျွန်ုပ်တို့အနေဖြင့်ယုံကြည်ပါသည်။

သို့ဖြစ်၍(၇၅)ကြိမ်မြောက်ဆရာတော်ဥူးဥတ္တမနေ့မှသည် ကျွန်ုပ်တို့အနေဖြင့်တိုင်းပြည်၏ အဓိက လိုအပ်ချက်ဖြစ်သောအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီး
ခွင့်အတွက်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ယင်းဤ သဝဏ်လွှာကိုပေးပို့လိုက်သည်။ ။


ရခိုင်အမျိုးသားကွန်ရက်(ANN)

0 comments:

Post a Comment