Tuesday 9 September 2014

ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း(၂)


ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း(၂)
===============================

နောက်ဥပမာတစ်ခုက ဒေးဗစ်ဘင်ဂူရီယန်ဆိုရေ ဂျူးလူမျိုးခေါင်းဆောင်စွာ အခုနကပြောရေ ဒုတယကမ္ဘာစစ် မတိုင်ခင် ကာလလောက်ကပင် လက်တွိ့တွိ့မြင်နီရရေ အချက်အလက်တိကို ကြည့်ပြီးကေ လှမ်းမြင်ရေ။ ဂျာမနီမှာ ဟစ်တလာ အာဏာရကေ ဥရောပတိုက်ကို နာဇီဂျာမနီက သိမ်းဖို့ကြိုးစားဖို့ဆိုစွာကို လှမ်းမြင်ရေ၊ ယင်းဟင့်နန့် တစ်ဆက်တည်း ဥရောပမှာ ဂျူးလူမျိုးတိ သန်းချီလို့အသတ်ခံရဖို့ဗျာလ်ဆိုစွာကို လှမ်းမြင်ပါရေ။ ယင်းအချက်တိကို ဘင်ဂူရီယန်ကြိုလို့ပြောခရေ။ တင်ကြိုလို့ ရီးသားပြောဆို တပ်လှန့်ခရေ။ များမကြာခင်မှာ သူကြိုတင်စိုးရိမ်ထားရေအတိုင်းဖြစ်လာခရေ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဟစ်တလာ ဦးဆောင်သော နာဇီဂျာမနီက သတ်လို့ ဂျူးလူမျိုးပေါင်း ခြောက်သန်းလောက်သီလားခရေ။

ယင်းအခြေအနေယင်းပိုင်ဖြစ်ပျက်လာဖို့စွာကို ဘင်ဂူရီယန်ခေါင်းဆောင်သော ဂျူးလူမျိုးခေါင်းဆောင်တိက ကြိုတင်တွက်ဆမြင်ခကတ်ကေလေ့သော တားဆီးဖို့ အင်အား ယင်းပိုင်မဖြစ်လာအောင် ဟန့်တားဖို့အင်အား မရှိခ။ ယင်း အခြေအနေကြားထဲမှာ မိမိရို့လူမျိုး၏ လာဖို့အနာဂတ်မှာ အကောင်းဆုံးဖြစ်အောင်ဇာပိုင်လုပ်ဖို့လဲ ဆိုစွာကိုရာ ဘင်ဂူရီယန်ရို့လုပ်နိုင်ခကတ်တေ။ သူရို့ဇာလုပ်တေလေးဆိုကေ၊ လွန်ခရေ နှစ်ထောင်ပေါင်း များစွာက ဂျူးလူမျိုးတိ အခြီစိုက်နီထိုင်ခကတ်ပြီးကေ လွန်ခရေနှစ်ပေါင်းသုံးထောင်က သူရို့နှင်ထုတ်ခံရလို့ ထွက်လား ခရရေ ယင်းလက်ရှိအချိန်မှာ ပါလက်စတိုင်းလို့ခေါ်ရေ နယ်မြေမှာ ဂျူးလူမျိုးတိအတွက် အစ္စရေး နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ပြင်ဆင်မှုတိ လုပ်ကတ်ပါရေ။

ယင်းပိုင်လုပ်တေနီရာမှာ ဘင်ဂူရီယန်ရို့ ဂျူးခေါင်းဆောင်တိရေ အဓိကအလုပ်နှစ်ခုကို လုပ်ပါရေ။ နံပါတ်တစ်၊ ကမ္ဘာအရပ်ရပ်က ဂျူးလူငယ်လူရွယ်တိကို စုစည်းပြီးကေ ဗြိတိသျှအင်္ဂလိပ်စစ်တပ်ကို ၀င်ပြီးကေ အင်္ဂလိပ်တိဖက်က ဒုတိယ ကမ္ဘာစစ်မှာ ၀င်တိုက်ပီးကတ်ဖို့ နှိုးဆော်ရေ၊ ဆော်သြရေ၊ အင်္ဂလိပ်စစ်တပ်ကို ၀င်ပြီးကေ နာဇီဂျာမနီကို တိုက်ကတ်ဖို့ကို နှိုးဆော်လုပ်ဆောင်ကတ်တေ။

အင်္ဂလိပ်နိုင်ပြီးကေ ဟစ်တလာစစ်ရှုံးမှရာ ဂျူးလူမျိုးတိအတွက် အခြေအနေကောင်းဖို့အတွက်ကြောင့် ဖြစ်ပါရေ။ ယပြီးကေ နံပါတ်နှစ်လုပ်စွာက ယင်းအချိန်က ပါလက်စတိုင်းကို အုပ်ချုပ်ထားရေ အင်္ဂလိပ်တိ၏ အမိန့်ကို ဆန့်ကျင်ပြီးကေ ကမ္ဘာအရပ်ရပ်က ဂျူးလူမျိုးတိကို ကုန်းတစ်သွယ် ရီတစ်ကြောင်း သင်္ဘောကြီးငယ် အသွယ်သွယ်နန့် ပါလက်စတိုင်းထဲကို ခိုးလို့သွင်းပါရေ။ နယ်မြေကိုပိုင်စိုးရေဆိုစွာ ယင်းနယ်မြေထဲမှာ လူဦးရေရှိမှ ပိုင်စိုးလို့ ရရေအတွက်နန့် ဂျူးလူမျိုးတိကို အစုလိုက်အပြုံလိုက် ခိုးသွင်းစွာဖြိုက်ပါရေ။ ယင်း ခိုးသွင်းလာရေ လူတိကို ဂျေရုဆလင်ပိုင်မြို့ကြီးတိမှာ စုလို့ထားဖို့အစား မြို့မဟုတ်တေ ကျေးလက်နယ်မြေတိ၊ သဲကန္တရတိမှာ ဖြန့်လို့ထားရေ။
ဇာဖြစ်လို့ဖြန့်လို့ထားလေး ဆိုကေ နယ်မြေပိုင်စိုးမှုကို ရည်ရွယ်လို့လုပ်စွာ ဖြစ်လို့ ဖြစ်ပါရေ။ ပါလက်စတိုင်းကို ပိုင်စိုးဖို့လိုပါရေ။
ဒေနေရာမှာ ကျွန်တော်ရို့ရယူနိုင်ရေ သင်ခန်းစာက ဇာပါလေး။ ဘင်ဂူရီယန်ရို့ရေ တစ်ဘက်က အင်္ဂလိပ် မဟာမိတ်ဘက်က ၀င်တိုက်နီစွာနန့် တစ်ပြိုင်တည်းမှာ အင်္ဂလိပ်အစိုးရ၏ အမိန့်ကို ဖီဆန်ပြီးကေ လူခိုးသွင်း ခကတ်တေ။ အင်္ဂလိပ်တိက ဇာကိုစိုးရိမ်လေးဆိုကေ၊ ဂျူးလူမျိုးလူဦးရေများပါလတ်ကေ အယင်ရှိနိန်ပြီးသား အာရပ်မူဆလင်တိနန့် ပဋိပက္ခဖြစ်ဖို့စွာကို စိုးရိမ်လို့ ဂျူးလူမျိုးတိကို မသွင်းရလို့ ကန့်သတ် အမိန့်ထုတ် ထားစွာဖြစ်ပါရေ။ ဘင်ဂူရီယန်ရို့က ယင်းအမိန့်ကို ဖီဆန်လုပ်ဆောင်ပြီးကေ ကမ္ဘာတစ်ဝှမ်းလုံးမှာ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခြင်းခံနိန်ရရေ ဂျူးလူမျိုးတိအတွက် လုံခြုံဘေးကင်းသောနိုင်ငံတစ်ခုကို တည်ထောင်နိုင် ခကတ်ပါရေ။

သင်ခန်းစာကဇာလေးဆိုကေ မိမိရို့လူမျိုးတည်တံ့နိုင်ဖို့အတွက် မဟာဗျူဟာမြောက်အလုပ်တိကို လုပ်တေ နီရာမှာ လက်ရှိအုပ်ချုပ်သူအစိုးရက ဇာမလုပ်ရ ညာမလုပ်ရလို့ တားမြစ်ထားစွာတိကို မိမိရို့၏ ဥာဏ်နန့် ကျော်လွန် လုပ်ဆောင်နိုင်ဖို့လိုပါရေ။

ဥာဏ်နှင့်ယှဉ်သော ပြင်ဆင်လုပ်ဆောင်မှု
================================
၁၉၁၈၊ ၁၉၁၉ ပတ်ဝန်းကျင်၊ ဆရာတော်ဦးဥတ္တမက အိန္ဒိယပြည် နန့် မြန်မာပြည်ရို့ နယ်ချဲ့အင်္ဂလိပ် လက်အောက်က လွတ်မြောက်အောင်ကြိုးပမ်းကတ်ရဖို့လို့ စပြီးကေ မြန်မာပြည်အနှံ့တရားတိ လည်ဟောနိန် ရေအချိန်မှာ၊ အာရေဗီးယားကျွန်းဆွယ်မှာ တီအီးလေရင့်စ် လို့ အမည်ရရေ အင်္ဂလိပ်လူမျိုး စစ်ထောက်လှမ်းရေး အရာရှိတစ်ယောက်စွာ အစိတ်စိတ်အမွှာမွှာ တကွဲတပြားဖြစ်နိန်ကတ်တေ ကုလားအုတ်စီး အာရပ်မျိုးနွယ်စု တိကို စုစည်းခေါင်းဆောင်ပြီးကေ ဖိနှိပ်သူ တူရကီလူမျိုးတိကို ပြောက်ကျားစစ်နန့် တိုက်ပွဲဝင်ခလို့ ရှိနိန်ပါရေ။

အီဂျစ်မှာအခြေစိုက်တေ အင်္ဂလိပ်စစ်ဗိုလ်ချုပ်တိက အခုနကပြောခရေ လောရင့်စ်ကို ညွှန်ကြားပါရေ။ ညွှန်ကြား ချက်က ဇာပိုင်ဆိုလေးဆိုကေ၊ မင်းစုလို့ရထားရေ အာရပ်တိနန့် မဒီနာမြို့ကို ၀င်တိုက်ပါ လတ်။ မဒီနာဆိုစွာ မက္ကာမြို့အနားက မြို့အကြီးကြီး။

စနစ်တကျလေ့ကျင့်ထားရေ တူရကီတပ်တိ လက်နက်အပြည့်အစုံနန့်၊ ကတုတ်ကျင်းတိနန့် ဆက်သွယ်ရေးစနစ်အပြည့်အစုံနန့် မဒီနာမှာ အခြေစိုက်ထားကတ်စွာ။ ယေအခါ လောရင့်စ် က စိုင်းစားရေ။ ငါမှာရှိစွာ ကုလားအုတ်စီး အာရပ်တိစွာ ရိုင်ဖယ်ကိုတောင်ကောင်းကောင်မပစ်ဖူး။ ဗြန်းဇိကာရနန့် အမိန့်နာခံမှုလည်းအားနည်းရေ။ အမြဲတမ်းတပ်တိ ရင်ဆိုင်တိုက်တေ တိုက်ပွဲမျိုးမှာ စနစ်တကျ တိုက်နိုင်ခြေ မဟိ။ အေပိုင်အာရပ်တိကို ဦးစီးပြီးကေ မဒီနာက တူရကီတိကို လားတိုက်ကေ အားလုံး ကိုယ့်စကို သတ်သီစွာ နန့် အတူတူဗျာလ်မနားယေ။

ယကေ ငရို့ ကုလားအုတ်စီးအာရပ်တိ၏ အားသာချက်တိက ဇာလေး။ ဘီဒူအင်းအာရပ်တိစွာ အကြမ်းခံရေ။ သဲကန္တရထဲမှာ အမြန်ဆုံးနှုန်းနဲ့ ခရီးပြင်းနှင်နိုင်ရေ။ နွေရာသီခေါင်ခေါင်မှာတောင် သဲကန္တရထဲမှာ တစ်ရက်တည်းနန့် မိုင်တစ်ရာတစ်ဆယ် ခရီးပေါက်အောင် ခရီးပြင်းနှင်နိုင်ရေ။ ဒေသနယ်မြေ အနေအထားကို ကျွမ်းကျင်ရေ။ ယင်းအတွက်နန့် ငါရို့လူတိ၏ အားသာချက်စွာ လျင်မြန်စွာရွေ့လျားနိုင်မှုဖြစ်တေ။ ထိပ်တိုက် တိုက်ခိုက်မှု အင်အားမဟုတ်။ “Our cards were speed and time, not hitting power.” လို့ လောရင့်စ်က တွက်ဆကြည့်ရေ။ ယင်းတွက်နန့် တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကေ တိုက်ရိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ကေ တူရကီတိ အနိုင်ရဖို့လို့ လောရင့်စ်က တွက်ဆကြည့်မြင်မိရေ။

ယကေ မဒီနာမြို့ကို တိုက်ရိုက်တိုက်လို့မသိမ်းဘဲနန့်၊ မဒီနာကို ပတ်ပတ်လည်ဝိုင်းထားရေ ကျယ်ပြောရေ ကန္တရ နယ်မြေကို အုပ်စီးထားနိုင်ဖို့ဆိုကေ၊ တူရကီတိစွာ မဒီနာမြို့ထဲမှာ ခံစစ်အနေအထားခံနိန်ပြီးကေ တစ်နိန်ရာကိုလေ့ ထွက်လို့မလားနိုင်အောင်လုပ်ထားနိုင်ကေ၊ မဒီနာမြို့ကို သိမ်းနိုင်စွာနန့် ခပ်ဆင်ဆင် ဗျာလ်ယေ ဆိုပြီးကေ လောရင့်စ်သုံးသပ်မိပါရေ။

ယင်းအတွက်နန့် လောရင့်စ်ရို့စွာ ထိပ်တိုက်တိုက်ပွဲ မဆင်နွှဲဘဲနန့် မဒီနာ ပတ်ပတ်လည်က ရထားလမ်းတိကို ဖျက်ဆီးရေ။ ဖေါက်ခွဲရေ။ ၁၉၁၇-ခုနှစ် နွီရာသီ အစောပိုင်းမှာ မဒီနာပတ်ပတ်လည်က ရထားလမ်းပိုင်း (၂၅) နေရာကို မိုင်းခွဲဖျက်ဆီးပစ်နိုင်ခရေ။ ထို့နောက်မှာ ရထားတိကို အကြိမ်ကြိမ်၊ သံကြိုးလိုင်းတိကို အကြိမ်ကြိမ် ဖျက်ဆီးနိုင်ခရေ။ ထိုနည်းဗျူဟာကိုကျင့်သုံးပြီးကေ လောရင့်စ်ရို့ရေ တူရကီတိကို မဒီနာမြို့က တစ်လက်မတောင်ထွက်လို့မရအောင် လုပ်ထားနိုင်ခရေ။ သင်ခန်းစာ က မိမိ အနီနန့် ရင်ဆိုင်တိုက်ဖို့အင်အားမရှိရေ ရန်သူကို ရင်ဆိုင်မတိုက်ဖို့ ဆိုရေ သင်ခန်းစာ ဖြစ်ပါ ရေ။

ယင်းအတွက်နန့် ဆိုပါဖိ . . . စိုင်းစားပြပါမေ။ ရခိုင်ပြည်တွင်း အနိန်အထားကို ပြောစွာပါ၊ ရခိုင်ပြည်ပ အနိန်အထားတိကို ဆိုလိုစွာ မဟုတ်ပါ။ အေနိန့်အေအချိန်မှာ ကျွန်တော်လည်း ကိုယ့်စကို တောင်မင်းကျော်ထွီး ၏ အဆက်အနွယ် ရခိုင်သူပုန်ဆိုပြီး ရခိုင်တပ်ကိုထောင်၊ အမြဲတမ်းတပ်မတော်ပုံစံနန့် တပ်ကိုထောင်၊ စီတန်း လမ်းလျှောက်လုပ်၊ မြန်မာတပ်မတော်နန့် ရင်ဆိုင်တိုက်ပွဲတိုက်ခိုင်းကြည့်။ အားလုံးကိုယ့်လူတိကို စု,စုပြီးကေ သီခိုင်းစွာနန့် အတူတူ ဗျာယ်ယေ။
အမြဲတမ်းတပ်မဟုတ်ကေ၊ ပြောက်ကျားတပ်နန့်ပျင်မေဝေ၊ ဆိုပြီးပြောက်ကျားတပ်လုပ်ကေလည်း ပြောက်ကျား တိကို ဖြတ်လေးဖြတ်နန့် ဇာပိုင်ချေမှုန်းရဖို့လေး ဆိုစွာကို မြန်မာ့တပ်မတော်က ကျွမ်းကျင်ပြီးသား၊ အများကြီး လုပ်ဖူးပြီးသား။

အချိန်နန့်် နီရာ၊ ကာလဒေသ မဆီလျော်ရေ ရင်ဆိုင်တိုက်ပွဲတိကိုလုပ်ကေ၊ ဆရာစံရို့ ဂဠုန်သူပုန်ပိုင် အင်္ဂလိပ်တိဘားမှာ အချေမှုန်းခံရလိမ့်မေ။ ဗိုလ်အောင်ဆန်းပိုင် ကာလဒေသဆီလျော်ကေတော့ခါ ဘီအိုင်အေ ပိုင် တပ်မျိုးကို ထောင်နိုင်၊ လွတ်လပ်ရေးတိုက်ပွဲဝင်နိုင်ပါလိမ့်မေ။

အေး ဟုတ်ဗျာလ်၊ အမြဲတမ်းတပ်လေးမထောင်နိုင်၊ ပြောက်ကျားတပ်လေး အလုပ်မဖြစ်နိုင် ဆိုကေ ဇာလုပ် ကတ်ဖို့တောင်။ လုံးဝ အပျော့ထည်အဆင့်ကို လျှော့ချပြီးကေ အလုပ်လုပ်ကတ်ရဖို့ဖြစ်ပါရေ။ ကျွန်တော်ရို့ကို ဖမ်းဆီးလို့မရအောင် ဖမ်းဆီးနိုင်ခွင့်မရှိအောင် လက်နက်မကိုင်ဂဲ့၊ အစိုးရကတားမြစ်ထားသော မတရားအသင်းဆိုစွာကိုလည်းမထောင်ဂဲ့၊ ယင်းမရားအသင်း ဆိုစွာတိနန့်လည်း အဆက်အသွယ်မလုပ်ဘဲ နန့် ရခိုင်ပြည်တွင်းမှာ နိန်၊ ရခိုင်ပြည်သူလူထုနန့်ထိတွေ့၊ ရခိုင်လူမျိုးရို့၏ ပြဿနာတိကို ၀ိုင်းဝန်းကူညီဖြေရှင်းပီး၊ တရားဝင်နိုင်ငံရေးအာဏာကို ရခိုင်တိအတွက် တိုးတက်ရရှိနိုင်အောင်ကြိုးပမ်း၊ တိကျရှင်းလင်းပြတ်သားရေ နိုင်ငံရေးလမ်းကြောင်းကို ရခိုင်လူထု သိမြင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင်ဖန်တီး၊. . . ယင်းပိုင် ယင်းပိုင် လုံးဝ အပျော့ထည်လိုင်းကနိန် ဆင်းလို့လုပ်၊ ယင်းကနိန် တဖြည်းဖြည်း တစ်ဆင့်ပြီးတစ်ဆင့် ပိုမို အားကောင်းခိုင်ခံ့အားကောင်းသော နိုင်ငံရေးအင်အားတိကိုပါ ဖန်တီးတည်ဆောက်လားနိုင်ဖို့ ဆိုရေ နည်းလမ်းရေ ကျွန်တော်ရို့ လက်ရှိပြည်တွင်းထဲမှာ လားနီရေလမ်းကြောင်းဖြစ်ပါရေ။

မိမိကိုယ်ကိုသိ ရန်သူအကြောင်းကိုသိ
=========================
ဒေကနိန့် ဟောပြောချက်မှာ နိုင်ငံရေးပိုင်းအသေးစိတ် ဆွေးနွေးချက်ထက် သဘောတရာရေးပိုင်းက ယေဘုယျ သဘောတိကို ဆွေးနွေးလားဖို့ ရည်မှန်းထားပါရေ။ လက်ရှိနိုင်ငံရေး ရပ်တည်ချက်ကို နောက်ပိုင်းကျမှ တစိချေလောက် ပြောခပါမေ။
ကမ္ဘာမှာ နာမည်အကြီးဆုံး စစ်ရေး မဟာဗျူဟာ ပညာရှင် ဆွန်ဇူး၏ နာမေကြီး စကားတစ်ခွန်းဟိပါရေ။ “If you know the enemy and know yourself, you need not fear the result of a hundred battles.” မိမိအကြောင်းကိုလည်း ကောင်းစွာသိ၊ ရန်သူ့အကြောင်းကိုလေး ကောင်းစွာသိကေ၊ တိုက်ပွဲပေါင်း တစ်ရာ တိုက်လို့ တစ်ပွဲရှုံးဖို့လောက်ကိုတောင် ကြောက်နိန်စရာမလို ဆိုရေ သဘောကို ဆွန်ဇူးကပြောစွာဖြစ်ပါရေ။

ရန်သူအကြောင်းကို ကိုယ်မသိခင်မှာ ကိုယ့်အကြောင်းကိုကိုယ် ကောင်းကောင်းကြီး နားလည်ထား သဘောပေါက်ထားဖို့လိုပါရေ။ ကိုယ်မှာ အားမရှိကေ ကိုယ့်မာအားမရှိကြောင်းကို သိနိန်ရပါဖို့။ ကိုယ်အားနည်း ကေ ကိုယ်ဇာလောက်အထိအားနည်းရေ ဆိုစွာကို သိနိန်ရပါဖို့။
ပြီးခရေ တစ်လနှစ်လလောက်က မြန်မာ-ဘင်္ဂလာနယ်စပ်မှာ ထိတွေ့ပွတ်တိုက်မှု စိတ်ကေလောက် ဖြစ်တေ အချိန်မှာ ဖေ့စ်ဘုတ်မှာ တိုက်ပလိုက် တိုက်ပလိုက် ဆိုပြီးကေ လီထဲက ကြုံးဝါးစွာတိ၊ အင်တာနက်ထက်မှာ စစ်တိုက်စွာတွိ့လိုက်ရပါရေ။

အချက်အလက်နန့် ဒေတာနန့် စနစ်တကျသုံးသပ်မှုတိမလုပ်ဘဲနန့် စိတ်လိုက် မန်ပါ ပြောကတ်တေ အပြောတိစွာ မှန်ကန်ရေ ဆုံးဖြတ်ချက်တိကို ချမှတ်စွာမှာ အထောက်အကူမဖြိုက်စီနိုင်ပါ။

ဘင်္ဂလာဒေ့ရှ်၏ စစ်အင်အားကို အတိအကျခန့်မှန်းနိုင်လောက်တေ အချက်အလက်တိ ကျွန်တော် မရနိုင်ကေလေ့ ယင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ နန့် ရခိုင်ပြည်နယ်ရို့၏ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်မှု ပမာဏကို ယင်းအချိန်က ကျွန်တော် နှိုင်းယှဉ်ကြည့်မိပါရေ။ Installed Power Capacity လို့ခေါ်ရေ အဆင်သင့်တပ်ဆင်ပြီးသား သုံးစွဲရန်အသင့် လျှပ်စစ်ဓါတ်အားပမာဏကို ယင်းအချိန်က ကျွန်တော် နှိုင်းယှဉ် ကြည့်ရေအခါ၊ ရခိုင်ပြည်နယ်မှာ Installed Power Capacity က (၂၀) မက်ဂါဝပ်ရှိပါရေ။ မြန်မာတစ်နိုင်ငံလုံး၏ Installed Power Capacity က (၁၈၀၀) မက်ဂါဝပ်လောက်ရှိပါရေ။ ဘင်္ဂလာဒေ့ရှ်တစ်နိုင်ငံလုံး၏ Installed Power Capacity စွာ ယင်းအချိန်က တစ်သောင်းနှစ်ရာ မက်ဂါဝပ်လောက်ဟိပါရေ။ ယင်းအချက်အလက်တိကို ကြည့်ခြင်းအားဖြင့် ထိုနယ်မြေဒေသတိ၏ လတ်တလော ဓနအင်အား နန့် စီးပွားအဆောက်အအုံကို အကြမ်းဖျင်း ခန်းမှန်းလို့ရပါရေ။

ဓည၀တီရေတပ်စခန်း နန့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရို့ရေ စစ်တွေမြို့ကနိန်ပြီးကေ ဇာဖြစ်လို့ ကျောက်ဖြူ နန့် အမ်းကို ပြောင်းလားခလေ။ ကျွန်တော်တော့ အတိအကျမသိ။ ပြောကတ်စွာကတော့ခါ ဘင်္ဂလာဖက်က ဒုံးကျည်ပစ်ခတ်နိုင်သော အကွာအဝေး (missile range) ထဲမှာ စစ်တွေမြို့ရောက်နိန်လို့ ပြောင်းလာခကတ်စွာ ပြောကတ်ပါရေ။

ရန်သူ့အခြေအနေ နန့် မိမိအခြေအနေတိကို အရှိကိုအရှိအတိုင်း တိတိကျကျသိမှသာလျှင် လာဖို့တိုက်ပွဲကို ဇာပုံဇာနည်းနန့် တိုက်ခိုက်ရဖို့လေး ဆိုစွာကို သိနိုင်ဖို့ ဖြစ်ပါရေ။ ယေမှသာလျှင် နပန်းလုံးလို့တိုက်ရဖို့လား၊ လောက်လေးဂွနန့်ပစ်ပြီးဂေ ထွက်ပြီးရဖို့ အခြေအနေမျိုးလား၊ ယာယီအရှုံးပီးပြီးကေ အားပြန်မွီးရဖို့လား ဆိုစွာကို ဆုံးဖြတ်နိုင်ဖို့ဖြစ်ပါရေ။

လွန်ခရေနှစ်ပေါင်းနှစ်ရာကျော်က ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်း၏တပ်တိ သိမ်းပိုက်ပြီးကေ ထထွတ် ညညက်ကြီအောင် လုပ်ပခရေအချိန်က စလို့ ရခိုင်လူ့အဖွဲ့အစည်းစွာရေ အစိတ်စိတ် အမွှာမွှာနန့် ကွဲပြား ပြန့်ကြဲနိန်သော လူ့အဖွဲ့အစည်း (fragamented society) ဖြစ်လားခစွာရေ ဒေကနိန့်အချိန်အထိပင် ဖြစ်ပါရေ။ ယကေလေးသော စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအင်အားကို နလံပြန်ထအောင် မလုပ်နိုင်သိကေလေ့၊ ဒေကနိန့် ရခိုင်ပြည်၏ တောင်ပိုင်းမြောက်ပိုင်း စည်းလုံးညီညွတ်မှုစွာ ယခင်နန့်မတူ ထူးကဲစွာ တည်ဆောက်နိုင်ပြီး ညီညွတ်တေကာလကို ရောက်နိန်စွာကိုတော့ခါ တွိ့ရပါရေ။

နိုင်ငံရေး ဆွေးနွေးချက်အချို့
========================
သဘောတရားရေးရာပိုင်း ယေဘုယျအခင်းကျင်းအပိုင်းကို အလေးကဲရေ ဆွေးနွေးချက်တိကို တော်တော် များများ ပြောလားပြီးရေ နောက်ပိုင်းမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ရပ်တည်နိန်ရရေ အနိန်အထား တချို့ကို လေးငါးချက်လောက် ပြောလားပါမေ။

(တစ်အချက်) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရေ ရခိုင်အပါအ၀င်တိုင်းရင်းသားတိအတွက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ပီးမထား။ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အ၀ကို ပီးမထား။ ယကေလေ့သော ယင်းဖွဲ့စည်းပုံကိုလက်ခံပြီးကေ နိုင်ငံရေးပါတီထောင်ပြီးကေ လုပ်လာခရပါရေ။ ဇာဖြစ်လို့လေး ဆိုကေ လုပ်ပိုင်ခွင့် မရနိုင်သိကေလေ့ ပြောပိုင်ဆိုပိုင်ခွင့်ရအောင်လို့၊ အသံတစ်သံထွက်ခွင့်ရအောင်လို့၊ ဒေဖွဲ့စည်းပုံကို တဖြည်းဖြည်း ပြောင်းလဲနိုင်အောင်လို့ ဖြစ်ပါရေ။

(နှစ်အချက်) အခုကျွန်တော်ရို့ရထားရေ ပြည်ထောင်စုဆိုစွာ၊ ရခိုင်ပြည်နယ်ဆိုစွာ၊ ပြည်နယ်လွှတ်တော်ဆိုစွာ၊ ပြည်နယ်အစိုးရဆိုစွာတိအားလုံးရေ အနှစ်မပါ အခွံသက်သက်တိဖြစ်နိန်ရေဆိုစွာကို သိရပါဖို့။ ယကေ လေ့သော ယင်းအခွံတိကို ဝေးမပစ်ဘဲ ယင်းအခွံတိမှာ အသားဖြည့်နိုင်အောင်ကြိုးစား ကတ်ရပါဖို့။

(သုံးအချက်) ဗမာလူမျိုးစွာ ကျွန်တော်ရို့ ရခိုင်နွယ်ဖွားတိုင်းရင်းသားများ၏ မဟာမိတ်လူမျိုးဖြစ်တေလို့ ကျွန်တော် သဘောရပါရေ။ ပထမဦးဆုံးတော့ခါ ယာယီမဟာမိတ်၊ နောက် ရေရှည်မဟာမိတ်၊ ထိုကတစ်ဆင့် ထာဝရ မဟာမိတ်တိဖြစ်နိုင်အောင် ကြိုးစားတည်ဆောက်လားကတ်ရဖို့လို့မြင်မိရေ။ ယင်းပိုင်တည်ဆောက်တေ ဖြစ်စဉ်၏ အဆုံးမှာ ဗဟိုအစိုးရဆိုစွာ ဗမာအစိုးရ မဟုတ်ဘဲနန့် စစ်မှန်သော ပြည်ထောင်စု အစိုးရ၊ တိုင်းရင်းသားအားလုံး၏အစိုးရ ဖြစ်လာနိုင်အောင် ကြိုးစားကတ်ရဖို့လို့ ကျွန်တော်မြင်မိပါရေ။ (ယင်းယာယီ မဟာမိတ်၏ သံသယဖြစ်ဖွယ် အနီအထားတိကိုလည်း စိုင်ဆက်မပြတ် စောင့်ကြည့်လားဖို့ လိုပါရေ။)

(လေးအချက်) ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်လာဖို့အရေးကို ဦးတည်ပြီးကေ ဖွဲ့စည်းပုံကို ပြင်လားဖို့ ဆိုကေ၊ ပြင်ဆင်ရဖို့အချက်တိထဲက အဓိကအချက်တစ်ချက်က လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်စနစ်ကို ဖျက်သိမ်းပြီးကေ အမျိုးသားလွှတ်တော်ကို အာဏာပိုပီးထားရေ စနစ်မျိုးနန့်လားရပါဖို့။ ဘက်ဂျက်ကို ဗဟိုအစိုးရက တာဝန်ယူရေးဆွဲပြဌာန်းနိုင်ရေ ဆိုရေအချက်ကို ပြင်ပလိုက်ရပါဖို့။

(ငါးအချက်) ကျုးကျော်ဘင်္ဂလီတိပြဿနာကို ဖြရှင်းဖို့တစ်ခုတည်းသော နည်းလမ်းက ယင်းသူရို့ကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ နန့် စစ်ဆေးပြီးကေ၊ နိုင်ငံသားဖြစ်ခွင့်ရှိလူတိကို မြန်မာတစ်နိုင်ငံလုံး လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုဖို့၊ နိုင်ငံသားဖြစ်ခွင့်မရှိရေလူတိကို ဥပဒေနန့်အညီ အရေးယူဖို့ဆိုစွာကို တစ်ခုတည်းသော နည်းလမ်းအဖြစ် မြင်မိပါရေ။ နိုင်ငံသားဖြစ်ခွင့်ရလာရေ ဘင်္ဂါလီတိကို မြန်မာပြည်မထဲကို အခြေစိုက် နီထိုင်ခွင့်ပီးရဖို့ စိုးလို့ ဗဟိုအစိုးရကိုယ်တိုင်က ဘင်္ဂလီတိကို စစ်ဆေးမှုလုပ်စွာကို တမင်တကာ ကြန့်ကြာ အောင် လုပ်နိန်ရေလို့ ခန့်မှန်းပြောဆိုကတ်စွာ တိရှိနိန်ပါရေ။

(ခြောက်အချက်) ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ပိုမိုရရှိရေးအတွက် အရေးကြီးရေအချက်တိထဲမှာ တစ်ချက်က ပြည်နယ်တိမှာ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ်နိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်က ရွေးချယ်ခန့်အပ်နိုင်ဖို့စွာ အရေးကြီးပါရေ။ မြို့နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်တေစနစ်အစား မြို့တော်ဝန်တိ မြို့ကောင်စီတိရွေးချယ်တင်မြှောက်တေစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်အောင် ဥပဒေကို ပြင်ရ ပါဖို့။ ပြင်နိုင်အောင်ကြိုးစားရပါဖို့။

(ခုနစ်အချက်) ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို တဖြည်းဖြည်းတိုးချဲ့ရယူဖို့ ကြိုးစားနီစိုင်မှာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဖြစ်လာကတ်တေ ရခိုင်နိုင်ငံရေး အရာရှိတိအနီနန့် နဂိုရှိပြီးသား ဗျူရိုကရေစီစနစ်ကို အထက်မြက်ဆုံး အထိရောက်ဆုံးကိုင်တွယ်နိုင်အောင် အားလုံးက ၀န်းရံပီးကတ်ဖို့ လိုအပ်တေလို့ မြင်မိပါရေ။ ရခိုင်ပြည်နယ်ထဲမှာ အလုပ်လုပ်နီရေ အစိုးရဦးစီးဌာန (၈၀) ကျော်ကို ကိုင်တွယ်ခွင့် ရသလောက်ကိုင်တွယ်ပြီး အများပြည်သူအကျိုးဖြစ်ထွန်းနိုင်အောင် အားထုတ်ရဖို့လို့မြင်မိရေ။

ဥပမာအားဖြင့် ဘူးသီးတောင်မြို့နယ်မှာ လွန်ခရေလေးငါးခြောက်နှစ်က အရံသစ်တောကြိုးဝိုင်းဆိုပြီး သတ်မှတ်ရာမှာ ရခိုင်လူဦးရေအများဆုံးရှိရေ ကျေးရွာအုပ်စုပေါင်းလေးအုပ်စုကိုလည်း ယင်းအရံသစ်တောကြိုးဝိုင်းဆိုပြီး သတ်မှတ်ရာမှာ ပါလားခရေ။ ယင်းဟင့်တိရေ ဌာနဆိုင်ရာမြို့နယ်အဆင့်တိက လွဲမှားစွာ စီမံခန့်ခွဲမှု (သို့မဟုတ်) လုပ်ပိုင်ခွင့်အလွဲသုံးစားမှုတိလုပ်လို့ အများပြည်သူနစ်နာမှု ဖြစ်လားရရေ အခြေအနေဖြစ်ပါရေ။ ယင်းပိုင်မျိုး မဖြစ်စီရအောင်၊ နောက်တစ်ချက်က လုပ်ပိုင်ခွင့်ဘောင်ထဲကနိန် ဌာနဆိုင်ရာယန္တရားကို အပြည့်အ၀အသုံးချခြင်းအားဖြင့် ပြည်နယ်အစိုးရ၏ စွမ်းပကားကို တိုးတက်အောင် ကြိုးစားလားဖို့လိုရေ လို့ ကျွန်တော်မြင်မိပါရေ။

(ရှစ်အချက်) အသစ်ထောင်လိုက်တေ ပလက်ဝအခြီစိုက် ခမီးပါတီတစ်ခု၏ ရည်ရွယ်ချက်တိထဲမှာ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး ဆိုရေအချက်တစ်ချက်ပါဝင်ရေ။ ယင်းအချက်ကို ရခိုင်လူမျိုးတိ အနီဖြင့် ကြိုဆိုထောက်ခံသင့်ရေ လို့မြင်မိပါရေ။ ပလက်ဝမြို့နယ်အတွင်းမှာ ယှဉ်တွဲနီထိုင်ကတ်တေ ရခိုင်လူမျိုးနှင့် ခမီးလူမျိုးရို့၏ ချစ်ကြည်မှုကို အရင်ကထက်ပိုမိုကောင်းမွန်လာအောင် တည်ဆောက်သင့်ရေ လို့ မြင်မိရေ။ ရခိုင်အမျိုးသားပါတီမှာဆိုကေလည်း ခမီးအမျိုးသား ကိုယ်စားလှယ်တစ်ယောက်အတွက် ဗဟိုကော်မီတီဝင် တစ်နီရာ ဝေပုံကျ သတ်မှတ်ပီးထားသင့်ရေလို့ ထင်မြင်မိပါရေ။

_____Coral Arakan News

0 comments:

Post a Comment