Tuesday 9 September 2014

လွတ်လပ်ရေးဖခင် ဥတ္တမအသျှင်


မျိုးမြတ်ဇာနည် ဘာမထီသား
ရက္ခမြေဖွား နေဝန်းတစ်ဆူ
ထွန်းတောက်လာသူ ငယ်အမည်ခေါ်
"ပေါ်ထွန်းအောင်" တည်း ။ ။
 
နယ်ချဲ့လက်အောက် ကျွန်ဘဝရောက်
ဘိုးဘွားပိုင်မြေ ဒို့မြန်မာပြည်
လွတ်လပ်ရေးလမ်း ပြုံးပန်းပွင့်ဖို့
မကြောက်မရွံ့ မားမားရပ်တည်
ဘွဲ့မည်နာမ သျှင်ဥတ္တမ ။ ။
 
ပြည်သူအများ စိတ်ထွေပြားကို
နိုင်ငံရေးသိ မျက်စိပွင့်အောင်
ရာဇဝင်လှစ် သမိုင်းသစ်ဖွင့်
တည်ကြည်ရဲရင့် ခရီးလွှင့်သည်
ဇွဲနှင့်လမ်းပြ ဦးဥတ္တမ ။ ။
 
ကုလားဖြူစုတ် လူယုတ်မာတွေ
ထောင်ဒဏ်ကြိမ်ကြိမ်
ဖမ်းဆီးချုပ်နှောင် ခါခါဆောင်လည်း
"ဟေ့ ဂရက်ဒေါက်
ထွက်လော့"ဟောက်ရင်း
ရက္ခသတ္တိ ကမ္ဘာသိဖို့
ပြည်လုံးလွတ်လမ်း သူကြိုးပမ်းသည်
လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်။
------------------
" မေပိုးဏီဏီ "

* ( ၉. ၃. ၂၀၁၄) အသျှင်ဦးဥတ္တမနေ့ အမှတ်တရ ကဗျာပန်းဖူးဖြင့် မေကိုယ်တိုင် ရေးသားပူဇော်ပါ၏


0 comments:

Post a Comment