ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

Wednesday, 2 September 2015

၇၆နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ဦးဥတ္တမ ပန်းခြံတွင် ဖွင့်ပွဲအခမ်းအနားနှင့်အတူ ပထမအကြိမ်ကျင်းပမည်

ကောင်းမြတ်နိုင်(မောင်တော) ရန်ကုန်၊စက်တင်ဘာ ၁။ ၇၆နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ ဦးဝိစာရလမ်းရှိ ဦးဥတ္တမပန်းခြံဖွင့်ပွဲ အခမ်းအနားနှင့် အတူ ပထမဆုံး အကြိမ် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ၇၆နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရန်ကုန် ဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံ စေတီတော် အရှေ့ဖက်မုခ်အနီး အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်၂နာရီပြုလုပ်စဉ်...

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ စစ်တွေတွင် စတင်ကျင်းပ

စံမောင်သန်း စစ်တွေ၊ စက်တင်ဘာ ၂ ၂၀၁၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင်ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့ အထက ၄ မဟာပညာကျော်ခန်းမတွင် သြဂုတ်လ ၃၁ ရက်နေ့က အထက်တန်း အဆင့် ကျောင်းပေါင်းစုံ ဟောပြောပွဲ ပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ပြုလုပ်ခဲ့သည်။ အထက်တန်းအဆင့် ဟောပြောပွဲ ပြိုင်ပွဲဝင်သူများမှာ မအေးငြိမ်းစိုး ပန်းပျိုးလက် ကိုယ်ပိုင် အထက၊ မအေးမြတ်သဇင် အလက(၇) ကျေးပင်ကြီး၊ မဖူးပွင့်ခိုင်...

Sunday, 30 August 2015

၇၆ နှစ်မြောက် ဆရာတော်ဦဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပမည်

စံမောင်သန်းစစ်တွေ၊ သြဂုတ် ၃၀ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားများအတွက် ဟောပြောပွဲ၊ ကဗျာ ရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးသွားမည်ဟု သိရှိရသည်။ အဆိုပါပြိုင်ပွဲများကို စာပေ၀ါသနာရှင်များနှင့် ပန်းချီဝါသနာရှင်များက စုပေါင်း၍ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို...