ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

Sunday, 5 October 2014

ပရီဒီနှင့် ဆရာတော် ဦးဥတ္တမ

နိုင်ငံတိုင်းရဲ့ သမိုင်းတလျှောက်မှာ သူ့နိုင်ငံနဲ့သူ အစွန်းကုန် အကျိုးပြုခဲ့တဲ့ ခေါင်းဆောင်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်ပြီး ကိုယ့်နိုင်ငံအပါအ၀င် တခြားနိုင်ငံတွေကိုပါ အကျိုးပြုနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုလို့ ကမ္ဘာ့သမိုင်းမှာ အင်မတန် နည်းပါးလှပါတယ်။ အဲလို ပုဂ္ဂိုလ်မျိုးကိုတော့ နိုင်ငံ့ခေါင်းဆောင်ဆိုတာထက် ကမ္ဘာ့ခေါင်းဆောင်လို့ သတ်မှတ်မယ်ဆို သတ်မှတ်လို့ရပါတယ်။   ဘယ်လောက်ပဲ ကိုယ်ကျိုးစွန့်ပြီး အကျိုးပြုခဲ့ပါစေ၊ အဲဒီခေါင်းဆောင် သက်ရှိထင်ရှား...