ဘူးသီးတောင်မြို့ မြို့လယ်ခန်းမ ၂၀၁၄ စက်တင်ဘာလ ကိုးရက် (၇၅) နှစ်မြောက် ဦးဥတ္တမ နိန့် အခမ်းအနားတွင် ကျော်ဇောဦး ပြောကြားသော မိန့်ခွန်း (၁)
-----------------------------------------------------------------------------
နိဒါန်း
=====
ဒေကနိန့် ၂၀၁၄-ခုနှစ် စက်တင်ဘာလ ကိုးရက်နိန့် ဘူးသီးတောင်မြို့ မြို့လယ်ခန်းမမှာ ကျင်းပရေ ကျေးဇူးရှင် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူလားခရေ (၇၅)နှစ်မြောက် အမှတ်တရနိန့်အထိမ်းအမှတ် ဆရာတော် ဦးဥတ္တမနိန့် အခမ်းအနားကို တက်ရောက်လာကတ်တေ ရဟန်းရှင်လူ ပြည်သူအပေါင်းရို့ကို ကျွန်တော် ကျော်ဇောဦးက “သာလီစွပါ” လို့ ရခိုင်ပိုင် နှုတ်ဆက်ပါရေ။
ဒေကနိန့် ဒေနိန်ရာ ဒေအခမ်းအနားကို ကျွန်တော်လာစွာက၊ ဒေအခမ်းအနားမှာ ကျွန်တော့်ကို တာဝန်ပီး ထားစွာက၊ ဆရာတော်ဦးဥတ္တမ အကြောင်းကို ဋီကာချဲ့ပြီး ပြောပြဖို့မဟုတ်ပါ။ ဆရာတော်၏ ကျေးဇူးတရား တိကို အောက်မိန့်သတိရရေအနီနန့် ဆရာတော်၏ နိုင်ငံရေးဘ၀ထဲက သင်ခန်းစာတချို့ကို ထုတ်နှုတ်သုံးသပ်ဖို့ နန့် ရခိုင်လူမျိုးရို့၏ လက်ရှိပစ္စက္ခကနိန် နန့် အနာဂတ်ကို ဇာပိုင်လားကတ်ဖို့လဲ ဆိုစွာကို သုံးသပ်ကြည့်ဖို့ ပြောပြဆွေးနွေးဖို့အတွက် အခမ်းအနားစီစိုင်သူတိက ကျွန်တော့်ကို တာဝန်ပီးထားပါရေ။
“ခင်ဗျားတို့ဆရာတော်ဘုရား လမ်းဘေးမှာ ဘယာကျော်လေးစားပြီး သေသွားရှာတယ်” ဆိုပြီးကေ ဆရာတော် ကို မီလိုက်တေ ခေတ်ပြိုင်နိုင်ငံရေးသမားတချို့က စိတ်မကောင်းခြင်းကြီးစွာနန့် ပြောကတ်ဆိုကတ်တေလို့ တစ်ဆင့်စကား တစ်ဆင့်နားနန့် ကျွန်တော်ကြားဖူးပါရေ။
ဒေနိန့်ဒေအချိန်မာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လို့ ကမ္ဘာမှာ ရပ်တည်နီရေနိုင်ငံ တစ်နိုင်ငံ ပေါ်ထွန်းလာဖို့ အရေးမှာ ငါရို့အခွင့်အရေးတိက ဇာချင့်တိ၊ ငါရို့တိ ဇာပိုင်တိုက်ပွဲဝင်ရဖို့ ဆိုပြီးကေ မြန်မာတစ်နိုင်ငံလုံးကို မျက်စိဖွင့်ပီးခရေ . . . မီးရှူးတန်ဆောင် ထွန်းညှိပြီး လမ်းပြခရေ . . . ဆရာတော် ဦးဥတ္တမစွာ ဘ၀နိဂုံးပိုင်းမှာ ဗမာနိုင်ငံရေးသမားတိ၏ စွန့်ပစ်ခြင်းကိုခံရပြီးကေ လမ်းဘေးမှာ အရူးတစ်ပိုင်းဘ၀နန့် ပျံလွန်တော်မူ လားခရ ပါရေ။
ဆရာတော်ကို မြန်မာလွတ်လပ်ရေး၏ မီးရှူးတန်ဆောင်လို့တောင်မက၊ အာရှတိုက်၏ မီးရှူးတန်ဆောင် လို့တောင် တင်စားခေါ်ဝေါ်ကတ်ပါရေ။ ဇာဖြစ်လို့လဲ။ ထိုအချိန်ထိုကာလက ဗြိတိသျှ အင်္ဂလိပ်တိက တစ်ဆက် တစ်စပ်တည်း အုပ်ချုပ်ထားရေ အိန္ဒိယပြည်၊ ဘင်္ဂလားပြည် နန့် မြန်မာပြည်ရို့ကို အင်္ဂလိပ်လက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရဖို့ဆိုပြီးကေ အလင်းပြဦးဆောင်ခရေ မီးရှူးတန်ဆောင်ပိုင် ပုဂ္ဂိုလ်ကြီး ဖြစ်တေ အတွက်ကြောင့် ဖြစ်ပါရေ။
ယဂေလေ့သော ယင်းပုဂ္ဂိုလ်ကြီး၏ မူလဘူတ မွေးဖွားရာ ဇာတိ ရခိုင်ပြည် နန့် ယင်းပုဂ္ဂိုလ်ကြီး၏ ဇာတိ ဆွေမျိုးညာတကာတိဖြစ်ရေ ရခိုင်အမျိုးသားရို့၏ ထွက်ရပ်လမ်းကို သီးသီးသန့်သန့် ညွှန်ပြမပီးနိုင်ခစွာကို တွေ့ရပါရေ။ ရခိုင်အမျိုးသားရို့၏ ထွက်ရပ်လမ်းကို ဆရာတော်အနီနန့် သီးသီးသန့်သန့် ယင်းပိုင်မျိုး ညွှန်ပြမပီးနိုင်ခစွာရေ၊ ဥပမာပီးရဖို့ဆိုကေ ဖယောင်းတိုင်တိရေ တစ်ခန်းလုံးကို အလင်းပီးပင် ပီးသော်ပြားလည်း ယင်းဖယောင်းတိုင်၏ ခြီရင်းမှာ အလင်းမရရေ အမှောင်ကွက်ချေတစ်ကွက်ရှိနိန်ပိုင်ရှောင် ဖြစ်ပါလိမ့်မေ။
ရခိုင်နိုင်ငံရေးသမားတစ်ယောက်အနိန်နန့် ဒေကနိန့် ကျွန်တော် ခံယူထားစွာက မြန်မာတစ်နိုင်ငံလုံးကို အလင်းပီးဖို့တာဝန်က ကျွန်တော့်ရို့တာဝန် မဟုတ်။ ဖယောင်းတိုင်ခြီရင်းမှာ ကွက်ကျန်နိန်ရေ အမှောင်ကွက် ချေကို အလင်းပီးဖို့တာဝန်ကရာ ကျွန်တော့်ရို့တာဝန်ဖြစ်တေလို့ ကျွန်တော်ခံယူပါရေ။
အသျှင်ဘုရားရေ ၁၉၁၄ လောက်မှာ “ဂျပန်ပြည်” ဆိုရေ နာမေနန့် ဂျပန်နိုင်ငံအကြောင်းကို စာအုပ်တစ်အုပ်ကို ရီးသားထုတ်ဝေရာကနိန် စပြီးကေ ဗမာပြည်မှာ လူသိလာခရေလို့ ထင်ပါရေ။ ယင်းနောက် ၁၉၁၉ လောက် ကပင် စပြီးကေ မြန်မာပြည် အနှံ့အပြားမှာ အင်္ဂလိပ်နယ်ချဲ့တွန်းလှန်ရေးတရားတိကို ဟောကြားရင်း နာမေကြီးလာပါရေ။ ထိုခေတ်ထိုကာလက အင်္ဂလိပ်တိ အုပ်ချုပ်တေ အိန္ဒိယပြည်၏ အစိတ်အပိုင်းတိဖြစ်တေ မြန်မာပြည်၊ ဘင်္ဂလားပြည်၊ (လက်ရှိ) အိန္ဒိယနိုင်ငံရို့မှာ ဗြိတိသျှရို့လက်အောက်က လွတ်မြောက်အောင် မရရသည့်နည်းဖြင့် ကြိုးပမ်းသင့်ရေလို့ ဟောပြောနှိုးဆော်ရေအချိန်မှာ ဆရာတော်ကို ဗမာလူမျိုးတိက တစ်ခဲနက် အုတ်အုတ်ကျက်ကျက် ထောက်ခံခကတ်ပါရေ။
ယကေလေးသော့၊ တွဲရေးခွဲရေး ပြဿနာမှာ ဆရာတော်ရေ မြန်မာပြည်ကို အိန္ဒိယပြည်နန့် တွဲထားရေးဘက်က ထောက်ခံရပ်တည်ရေအချိန်က စပြီးကေ၊ ဆရာတော်ကို ဗမာနိုင်ငံရေးသမားတိ၏ ဗမာလူထု၏ ထောက်ခံမှုစွာ ပြုတ်ကျဆင်းလားခစွာဖြစ်ပါရေ။
မှတ်တမ်းမှတ်ရာ အတိအကျ မဟိကေလေ့သော့၊ လက်ဆင့်ကမ်းပြောစကားတိအရ သိရစွာက၊ ဆရာတော်ကို ယင်းဗမာနိုင်ငံရေးသမားတိ၏ အဆက်အနွယ်တိက ခေါင်းကို ဒုတ်နန့်ရိုက်ပြီး သတ်တေအတွက်ကြောင့် ခေါင်း ဒဏ်ရာ ရပြီးကေ စိတ်မနှံ့ပိုင် ဖြစ်လားခရပါရေ။၊ အရူးတစ်ပိုင်းဘ၀နန့် လမ်းတကာလျှောက် ဘိုသီဘတ်သီ ညစ်တီးညစ်ပတ် သွားလာ လျှောက်လားနီခပြီးခါမှ၊ “ခင်ဗျားတို့ဆရာတော်ဘုရား လမ်းဘေးမှာ ဘယာကျော်လေး စားပြီး သေသွားရှာ တယ်” ဆိုရေအခြေအနေမျိုးမှာ ပျံလွန်တော်မူလားစွာဖြစ်ပါရေ။
အသျှင်ဦးဥတ္တမစွာ ရခိုင်ပြည်ပိုင် ရခိုင်လူမျိုးပိုင် ဒေသအငယ်ချေ နန့် လူဦးရေနည်းပါးရေ လူမျိုးထဲက ပေါ်ထွန်းလာစွာ ဖြစ်ကေလေ့၊ အသျှင်ဦးဥတ္တမ၏ အရည်အချင်းစွာ ရခိုင်အဆင့်ခေါင်းဆောင် အဆင့်မျိုးမဟုတ်၊ မြန်မာနိုင်ငံအဆင့် ခေါင်းဆောင်မျိုးတောင်မက၊ အာရှအဆင့် ခေါင်းဆောင်မျိုးဖြစ်ပါရေ။ ဘာသာစကား ရှစ်မျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တေ ပုဂ္ဂိုလ်ဖြစ်တေ။ ဂျပန်နိုင်ငံတက္ကသိုလ်တစ်ခု မှာ ပါဠိဘာသာ ပါမောက္ခ လုပ်ခရေပညာရှင်အဆင့် ပုဂ္ဂိုလ်ဖြစ်တေ။
ဗမာပြည်ထဲက လူထု ဟောပြောပွဲတစ်ခုမှာ ဆိုကေ၊ ဗမာပိုင်တစ်ခေါက်၊ ဟိန္ဒူစတန်နီဘာသာနန့် တစ်ခေါက် ကျွမ်းကျင်သွက်လက်စွာ ဟောပြောခရေလို့ မှတ်တမ်းတိမှာ တွိ့ရရေ။ အိန္ဒိယ၊ မြန်မာ၊ ဂျပန်၊ တရုတ် စရေ တိုင်းပြည်တိကို လှည့်လည် သွားလာပြီးကေ တစ်လှည့်စီ ကိုင်လှုပ်နီခရေ ပုဂ္ဂိုလ်ဖြစ်ပါရေ။
အင်္ဂလိပ်အစိုးရ၏ C.I.D စုံထောက်ဌာနက ဆရာတော်အကြောင်းစုဆောင်းရီးသွင်းထားရေ ဖိုင်တွဲအမှတ် - ၃ A-1 OF 1927) ၏ အဆုံးပိုင်းမှတ်ချက်မှာ ဒေပိုင်ရီးသွင်းထားစွာကို တွိ့ရပါရေ။ ဆရာဦးအေးသိန်း ရီးရေ စာအုပ်တစ်အုပ်မှာတွိ့စွာပါ။ အင်္ဂလိပ်ဘာသာက နိန် ဆရာဦးအေးသိန်း ဘာသာပြန်ထားစွာဖြစ်တေ လို့ ထင်ပါရေ။ ဖတ်ပြပါမေ။ “သူသည် ပြောမကုန်လောက်အောင် စိတ်ထား သန်မာခက်ထန်ပြီး အလွန်အကျွံ ခေါင်းမာသူတစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ကြိုးပမ်းရာတွင် ဖြစ်နိုင်သည့်နည်းအားလုံးဖြင့် လုပ်မည့်သူဖြစ်ပါသည်။ နိုင်ငံရေးလူထုများအတွင်း အများကြိုက် ပျိုတိုင်းကြိုက်ဖြစ်နေခြင်း၊ သင်္ကန်းဝတ်လျက် ရှိနေခြင်း၊ အလွန်အစွန်းရောက်သော အယူများရှိနေခြင်း စသည်တို့ကြောင့် သူသည် မြန်မာနိုင်ငံတွင် အန္တရာယ်အကြီးမားဆုံးသော နိုင်ငံရေး ဆူပူလှုံ့ဆော်သူ အစစ်အမှန်ပင် ဖြစ်နေပါသည်” ဆိုပြီးကေ မှတ်တမ်းရီးသွင်းထားစွာကို တွိ့ရပါရေ။
အင်္ဂလိပ်အစိုးရ၏ C.I.D စုံထောက်ဌာန မှတ်တမ်းမှာ “သူသည် မြန်မာနိုင်ငံတွင် အန္တရာယ်အကြီးမားဆုံးသော နိုင်ငံရေး ဆူပူလှုံ့ဆော်သူ အစစ်အမှန်ပင် ဖြစ်နေပါသည်” ဆိုပြီးကေ မှတ်တမ်းရီးသွင်းခြင်းခံရရေ လွတ်လပ်ရီး တိုက်ပွဲဝင် အစောဦးဆုံး တော်လှန်ခေါင်းဆောင်ဘ၀ကနိန်ပြီးကေ အေနိန့်အေအချိန်မှာ ဆရာတော်၏ ကျေးဇူးတရားအကြောင်းကို တစ်စက်ချေလေ့ လူမသိစီချင်ရေ အုပ်ချုပ်သူတိက သမိုင်းစာမျက်နှာတိကနိန် ဆရာတော်ကို ဖယ်ထုတ် ဖဲ့ထုတ်နိန်ကတ်တေအတွက်ကြောင့် ရန်ကုန်က ဦးဥတ္တမပန်းခြံလေးသော ကန်တော်မင်ပန်းခြံဖြစ်လားပြီးကေ အချေတိ၏ သမိုင်းဖတ်စာ စာအုပ်တိထဲကနိန်ပြီးကေလည်း ဆရာတော်ကို ဖယ်ထုတ်နိန်ကတ်စွာကို ခံနိန်ရပါရေ။
အဂုကတော့ခါ ဆရာတော်၏ ဇာတိဆွေမျိုး ရခိုင်အမျိုးသားရို့တိကတော့ခါ၊ ဆရာတော်က စေတနာ ထားပြီးကေ လွတ်မြောက်စီချင်ခရေ မြန်မာပြည်က ဗမာလူမျိုးတိ၏ Burmanization နန့် ဆရာတော် အနိန်နန့် လွတ်မြောက်ရေး ရစီချင်ခရေ ဘင်္ဂလားပြည်ဘက်က ဘင်္ဂလီကုလားတိဘက်ကလာရေ Islamization ရို့ကြားမှာ ညှပ်ပိတ်မိပြီးကေ အခြေအနေဆိုးဆိုးဝါးဝါးကိုရောက်နိန်ပါရေ။
ရခိုင့်တော်လှန်ရေး မပြီးသီး
=================
ပြီးခရေ သြဂုတ်လ(၁၃)ရက်နိန့် ၄၇-နှစ်မြောက် ရခိုင်ပြည်ဆန်ပြဿနာနိန့် အထိမ်းအမှတ် စစ်တွေမြို့က အခမ်းအနားတစ်ခုမှာ ကျွန်တော်ပြောခပါရေ။ ယလောက် ဆန်ရီစပါးပေါများလို့ ဓည၀တီလို့ ခေါ်တွင်ရေ ဒေသ မှာ စစ်တွေလွင်ပြင်မှာ အခြားတပါးက လာရောက်အုပ်စိုးခါမှ လူတိ ထမင်းငတ်ကတ်ရရေ။ ထမင်းငတ်လို့ ဆန်တောင်းရေလူတိကို သေနတ်နန့် ပစ်သတ်လို့ လွန်ခရေ (၄၇) နှစ်က ၁၉၆၇-ခုနှစ်မှာ လူနှစ်ရာကျော် လောက် စစ်တွေမြို့မှာ သီလားခရရေ။
အေနီရာမှာ မေးခွန်းတစ်ခုကို ဖြေကြည့်ဖို့လိုလာပါရေ။ ဇာပိုင် ဇာအခြေအနေမျိုးမှာ အုပ်ချုပ်သူတိရေ အုပ်ချုပ်ခံရရေလူတိ အငတ်ဘေးဆိုက်တေ အခြေအနေကို ရောက်စီတတ်လေ။ ဇာပိုင် ဇာအခြေအနေမျိုးမှာ အုပ်ချုပ်သူတိရေ အုပ်ချုပ်ခံရရေလူတိ ထမင်းငတ်လို့ စားစရာတောင်းကေ ပစ်သတ်တတ်ပါလေး။ အဖြေဟိ ပါရေ။ အဖြေကတော့ခါ အုပ်ချုပ်တေလူတိစွာ တိုင်းတပါးသားဖြစ်နိန်ပြီးကေ အုပ်ချုပ်ခံရရေလူတိကို ကျွန်လူမျိုး လို့ သဘောထားရေအခါ ယင်းပိုင် အငတ်ဘေးဆိုက်စွာ ပစ်သတ်ခံရစွာတိဖြစ်တတ်ကတ်ပါရေ။ ဥပမာအားဖြင့် အိုင်ယာလန်ပြည်ကို ဗြိတိသျှအင်္ဂလိပ်တိ အုပ်ချုပ်ထားခရေကာလမှာ တစ်နိုင်ငံလုံးက အာလူးစိုက်ခင်းတိမှာ potato blight လို့ခေါ်ရေ မှိုရောဂါစွဲလို့ အာလူစိုက်ခင်းတိအားလုံးပျက်စီးလားလို့ အိုင်းရစ်လူမျိုးတိ ငတ်ပြတ် နိန်ချိန်မှာ ဗြိတိသျှ အုပ်ချုပ်သူတိက လူမျိုးတုံးလောက်အောင် နှိပ်ကွပ်စွာမျိုး။ ဥပမာနောက်တစ်ခုက ဘင်္ဂလားပြည်ကို အင်္ဂလိပ်တိ အုပ်ချုပ်နိန်စဉ်မှာ ဘင်္ဂလားအငတ်ဘေး (Bengal Famine) ဖြစ်ပြီးကေ လူ သိန်းချီလို့ သီကတ်ရစွာမျိုးဖြစ်ပါရေ။
ယလောက်ဆန်ရီစပါးပေါများရေ ရခိုင်ပြည်ကို ဓါးမိုးအုပ်ချုပ်ပြီးကေ ရခိုင်သားတိကို ငတ်အောင်လုပ်၊ ငတ်လို့ဆန်တောင်းကေ လူရာနန့်ချီအောင်ပစ်သတ်၊ ၁၉၆၇-ခုနှစ် ရခိုင်ပြည်မာ အုပ်ချုပ်သူတိက ယင်းပိုင်မျိုး လုပ်လိုက်စွာရေ အုပ်ချုပ်သူငါရို့ရေ တိုင်းတပါးသားအုပ်ချုပ်သူတိဖြစ်ပြီးကေ မင်းရို့တိစွာ အအုပ်ချုပ်ခံ ကျွန်လူမျိုး ဖြစ်တေလို့ ပြောလိုက်စွာပင်ဖြစ်တေ။ ကျွန်တော်ရို့က သတ်မှတ်စွာမဟုတ်။ သူရို့လုပ်ရပ်က သူရို့ ဇာတိကို ဖော်ထုတ်ပြလိုက်စွာ ဖြစ်တေ။
အေး . . . ၊ ပြောလိုက်မေ။ ဒေကနိန့် ရခိုင်ပြည်ကို အုပ်ချုပ်နိန်ရေ အုပ်ချုပ်သူတိရေ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စိတ်ဓါတ်နန့် အုပ်ချုပ်စွာမျိုးမဟုတ်ဘဲ၊ မင်းရို့ကကျွန် ငရို့ကသခင် ဆိုရေ ပုံစံမျိုးနန့် အုပ်ချုပ်နိန်ရေ ဆိုကေတော့ခါ၊ ပြောလိုက်ရပါလိမ့်မေ။ သက္ကရာဇ် ၁၁၄၆-ခုနှစ် နတ်တော်လဆန်း ကိုးရက် စနီနိန့်က စတင်ပြီးကေ၊ တောင်ကုတ်နယ် တန်းလွဲချောင်းက ကျားရီဝတ် တောင်မင်းကျော်ထွီး စတင်ဆင်နွှဲခရေ တော်လှန်ရေးရေ မပြီးဆုံးသိလို့ ပြောရပါလိမ့်မေ။ ယပြီးကေ ကျွန်တော်ရို့၊ ကျွန်တော်အပါအ၀င် ရဲဘော်ရဲဘက်များအားလုံးရို့ရေ တောင်မင်းကျော်ထွီး၏ နေရာကို ဆက်ခံ တာဝန်ယူကတ်တေ တောင်မင်းကျော်ထွီး၏ အဆက်အနွယ်များအဖြစ် မိမိကိုယ်ကို ခံယူကတ်တေ လို့ ပြောရပါလိမ့်မေ။ နောက်ပြီးကေတစ်ခါ ရခိုင်ပြည်ကို အဆက်ဆက် အုပ်ချုပ်ခရေ အုပ်ချုပ်သူတိအဆက်ဆက်၊ စစ်တိုင်းမှူးအဆက်ဆက် ယခု လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းအထိ အုပ်ချုပ်သူ အဆက်ဆက် တိကိုလည်း ရခိုင်မြို့ဝန်နန္ဒပကျန်၏ အဆက်အနွယ်တိရာဖြစ်တေလို့ရာ ယူဆရပါလိမ့်မေ။ ဘိုးတော် ဗဒုံမင်း၏ တပ်တိ သိမ်းပိုက်အုပ်ချုပ်ပြီး နောက်ပိုင်း မြောက်ဦးကနိန် ရခိုင်တစ်ပြည်လုံးကို စတင်အုပ်ချုပ်တေ ရခိုင်မြို့ဝန် နန္ဒပကျန်၏ အဆက်အနွယ်တိဖြစ်တေ လို့ရာ ယူဆရပါလိမ့်မေ။
မီးဝသင်္ဘောဖြစ်ရပ် သင်ခန်းစာ
========================
နောက်တစ်ခု ဒေနိန့် ဒေနိန်ရာမှာ တစ်ခုတ်တရပြောချင်စွာ တစ်ခုက ဇာလေးဆိုကေ၊ ဘူးသီးတောင် ဒေသသူ ဒေသသားတိ ဘူးသီးတောင်နယ်ကို ဦးစီးဦးရွက်ပြုနိန်ရေလူတိအပါအ၀င် ရခိုင်လူမျိုး တစ်မျိုးလုံးကို ဦးဆောင်နိန် ကတ်ရရေလူတိ ခေါင်းထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားသင့်ရေ အဖြစ်အပျက်က မီးဝသင်္ဘောမြုပ်တေ ဖြစ်ရပ် ဖြစ်ပါရေ။
မီးဝသင်္ဘောမြုပ်တေဖြစ်ရပ်ကို မမိန့်ရုံမျှမက၊ ယင်းဖြစ်ရပ်နောက်ကွယ်က အဖြစ်အပျက်တိကိုပါ ခြုံငုံ သုံးသပ် ပြီးကေ လက်ရှိပစ္စက္ခနန့် အနာဂတ်အတွက် အသုံးဝင်ရေ သင်ခန်းစာတိကို ဆွဲထုတ်လေ့လာ အသုံးချရဖို့ ဖြစ်ပါရေ။
လွန်ခရေ (၇၂) နှစ်ကျော်ကာလ ၁၉၄၂-ခုနှစ် သြဂုတ်လ (၂၆) ရက်နိန့်မှာ ဘူးသီးတောင်မြို့ဆိပ်ကမ်းနန့် ကောင်းကောင်းမ၀ီးရေ ကုလားပန်းဇင်းချောင်းတစ်နေရာမှာ မီးဝသင်္ဘာမြုပ်ပြီးကေ ရခိုင်သူရခိုင်သား လေးရာ လောက် အသက်ဆုံးရှုံးခကတ်ရရေ။ ယင်းနိန့်ညဇာသား ဆယ်နာရီလောက်မှာ မြို့ကိုဝိုင်းတိုက်တေ ကုလားတိ လက်ချက်ကြောင့် သိခဂတ်ရရေ ရခိုင်သားတိ အရေအတွက်က ရီတွက်လို့မရနိုင်။
၁၉၄၂-ခုနှစ်မှာ မြေပုံမြို့က စဖြစ်တေ ကုလား-ရခိုင် အရေးအခင်းစွာ ဘူးသီးတောင်နယ်ကို ကူးစက်လာပါရေ။ ဖုံညိုလိပ်ရွာက ရခိုင်တိအားလုံးလိုလို ကုလားတိဘားမှာ အသတ်ခံရပြီးကေ မဆိုစယောက်အရေအတွက်ရာ ထွက်ပြီးလို့ လွတ်မြောက် လားခရေ။
အရေးပိုင်ဦးကျော်ခိုင်ကို ကုလားတိသတ်လို့သီလားပြီးရေ နောက်ပိုင်းမှာ ဘူးသီးတောင်မှာရှိရေ ကရင်တပ်စု၊ ဘားမားဗော်လံတီယာတပ်သားတိနန့် ရဲတပ်ဖွဲ့ဝင်တိစွာ မြို့ထက်က ရခိုင်လူငယ်တိနန့် ပူးပေါင်းပြီးကေ မြို့စောင့်ကာကွယ်ရေးတပ်ဖွဲ့ပြီးကေ၊ လေးဘက်လေးတန်က တိုက်ခိုက်နိန်ကတ်တေ ကုလားတိကို နိန့်ပါ ညဥ့်ပါ ခုခံကာကွယ်နိန်ခကတ်ပါရေ။
ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်တောင်ပိုင်းကနိန်တက်လာရေ ဘီအိုင်အေတပ်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် ဦးဆောင်ရေတပ်စွာ ဘူးသီးတောင်ကို တက်လာရေ။
ဗိုလ်ရန်အောင်တပ် ရောက်ရောက်ချင်းမှာ ဒေသငြိမ်ဝပ်ပိပြားရေးကို အကြောင်းပြပြီးကေ စစ်အမိန့်တစ်ခု ထုတ်ပြန်ရေ။ “လက်နက်ဆိုလို့ ဓါးတို တစ်ချောင်းတောင် ကိုင်ဆောင်ထားခြင်းမရှိစေရ” ဆိုပြီးကေ အမိန့်ထုတ်ပြန်ရေ။ ယပြီးကေ ဘူးသီးတောင် မြို့ကို ကုလားရန်ကနိန် ခုခံကာကွယ်နိန်ကတ်တေ ရဲတပ်ဖွဲ့ဝင်ဟောင်းတိနန့် ရခိုင်အရပ်သားတိဘားက လက်နက်တိအားလုံးကို သိမ်းယူရေ။ ယေအခါ ရခိုင်တိမှာ လက်နက်မဲ့ ဖြစ်လားခပါရေ။ ယဂေလေ့သော ကုလားတိလက်ထဲမာကျခါ ဂျပန်တိကို ခံတိုက်ဖို့အတွက်ဆိုပြီးကေ ဗြိတိသျှက ထုတ်ပီးထားခရေ လက်နက်တိ ရှိနိန်ပါရေ။
ယင်းပိုင်လက်နက်သိမ်းပြီးများမကြာခင်မှာ ဗိုလ်ရန်အောင်တပ်ရေ မပြောမဆို ဆိုင်းမဆင့်ဗုံမဆင့်နန့် မြို့လူထု ကို တစ်ခုလေ့ မပြောဘဲနန့် ဘူးသီးတောင်ကနိန် ဆုတ်ခွာပြီး အောက်ဖက်ကို စစ်တွေဖက်ကို ပြန်ဆင်းပါရေ။
ယင်းနိန့် ဘူးသီးတောင်ဆိပ်ကမ်းမှာ သင်္ဘောနှစ်စီးကပ်လို့ ဟိနိန်ပါရေ။ တစ်စီးနာမေက Progress ။ နောက် တစ်စီး နာမေက မီးဝ။ ယင်းနှစ်စီးမှာ အင်ဂျင်ပါရေ Progress သင်္ဘောထက်ကို ဘီအိုင်အေ တပ်သားတိ တက် ကတ်တေ။ နောက်ကလိုက်တက်ဖို့ကြိုးစားရေ အရပ်သားတိကို ဘီအိုင်အေတပ်သားတိက သေနတ်နန့် ပစ်တေ။ သီတော့မသီ၊ နည်းနည်းပါးပါး ဒဏ်ရာရစွာလောက်ရာရှိရေ။ အင်ဂျင်မပါရေ သင်္ဘော မီးဝသင်္ဘောကို ကြိုးနန့်ချိုင်ပြီးကေ ရှိ့က Progress သင်္ဘောက ကြိုးနန့် ဆွဲထားရေ။ ယင်းမီးဝသင်္ဘောထက်ကို အရပ်သားတိ အလုအယက်တက်ကတ်တေ။ သင်္ဘောဝမ်းခေါင်းမကျန် လူအပြည့်။ ကံဆိုးချင်စွာက ယင်းမီးဝသင်္ဘော ၀မ်းခေါင်းမှာ အပေါက်တိဟိနိန်လီရေ။ ယင်းအပေါက်တိက ရီဝင်လို့ သင်္ဘော စမြုပ်တေ ဆိုစွာနန့် ရှိ့က Progress က ကြိုးကိုဖြတ်ချပလိုက်တေ။
လူလေးရာလောက်ရီမြုပ်လို့သီပါရေ။ ဆရာတော်ဦးပညာသီဟ အပါအ၀င် လူငါးဆယ်လောက်ကိုရာ အသက်ကယ်လို့ ရလိုက်တေ။ ယင်းနိန့်ညဇာသား ဆယ်နာရီမှာ လက်နက်ကိုင်ထားရေ ကုလားတိ ၀င်တိုက် တေ။ ရခိုင်သားတိ အတုံးအရုံးသီရေ။ ဘူးသီးတောင်-မောင်တောစွာ ကုလားလက်ထဲကို လုံးဝကျလားခရေ။
ဒေ မီးဝသင်္ဘောဖြစ်ရပ်မှာ ထုတ်နှုတ်ယူရဖို့ သင်ခန်းစာတစ်ခုကို ပြောပြချင်ပါရေ။ ယင်းသင်ခန်းစာကို ရခိုင် ဆိုရိုးစကားချေတစ်ခု နန့် ပြောပြချင်ပါရေ။ ကိုယ့်မှာမဟိကေ ပြည်မှာမဟိ လတ်။ ဖေ့သာကိစ္စကို ပြောကတ် တေအခါ ကိုယ့်မှာမဟိကေ ပြည်မှာမဟိ လို့ ဆိုတတ်ကတ်တေ။ ကိုယ့်မှာဟိမှ ပြည်မှာဟိရေလတ်။ ပြည်မှာဟိစွာကို အားမကိုးခင် ကိုယ့်မှာဟိအောင် အရင်ကြိုးစားဖို့လိုပါရေ။
ဒေဆိုရိုးစကား “ကိုယ်မှာမဟိကေ ပြည်မှာမဟိ” ဆိုစွာရေ ဖေ့သာကိစ္စတစ်ခုတည်းမှာရာမဟုတ်၊ မိမိကိုယ်ကို ကာကွယ်ဖို့ လက်နက် ကိစ္စမှာလည်း အတူတူဗျာလ်ဖြစ်တေလို့ ကျွန်တော် ပြောချင်ပါရေ။
နောက်ထပ်နှိုင်းယှဉ် သင်ခန်းစာယူစရာဖြစ်ရပ်တစ်ခုကတော့ခါ ၂၀၁၂ ဇွန်လအတွင်းမှာ ဘင်္ဂါလီတိက ဘူးသီးတောင်-မောင်တောမှာ တိုင်းရင်းသားမျိုးနွယ်စုတိကို လူမျိုးတုံးသတ်ဖြတ်ဖို့ကြံစည်မှုဖြစ်ပွားခရာမှာ၊ မောင်တောမြို့နယ်မှာကျခါ ရခိုင်တိုင်းရင်းသား မဟုတ်တေ နစက ကွပ်ကဲရေးမှူးတိ၏အားနည်းချက်ကြောင့် ထိထိရောက်ရောက် လျင်လျင်မြန်မြန် တုံ့ပြန်မှုမလုပ်နိုင်ခရေအတွက်ကြောင့်၊ တိုင်းရင်းသားအချို့ အသက် ဆုံးရှုံး ခကတ်ရရေ။ ယကေလေ့သော ယင်းအချိန်က ဘူးသီးတောင်မှာ ရခိုင်တိုင်းရင်းသား ရဲတပ်ဖွဲ့ဝင်တိက ထိထိရောက်ရောက်ကြိုတင်ပြင်ဆင် တားဆီးနိုင်ခလို့ ဘင်္ဂလီတိဆူပူသောင်းကျန်းပြီးကေ တိုင်းရင်းသားတိကို အသက်အန္တရာယ်ရန်ရှာစွာ မဖြစ်ရအောင် ကြိုတင်တားဆီးနိုင်ခရေ။
ယင်းအတွက်နန့် နောက်နောင်မှာလည်း ၁၉၄၂ မီးဝသင်္ဘောဖြစ်ရပ် ဖြစ်ပြီးကေ ရခိုင်သားတိ ဇာဖြစ်လို့ အသက် ဆုံးရှုံးခရလေဆိုစွာ နန့် နောင်နှစ်ပေါင်း ၇၀အကြာ ၂၀၁၂ ဘူးသီးတောင်မှာ ရခိုင့်အသက်တိကို ကုလား သတ်ဖို့ ဒဏ်ကနိန်ဇာပိုင် ကာကွယ်နိုင်ခလေးဆိုစွာ ဒေဖြစ်ရပ်နှစ်ခုထဲက သင်ခန်းစာတိကို သုံးသပ်ရယူပြီးကေ မိမိရို့ရခိုင်လူ့အသိုက်အ၀န်းရေ စဉ်ဆက်မပြတ် တည်တံ့နိုင်အောင် ကြိုးပမ်းကြံစည်ကတ်ဖို့စွာကို ဘူးသီးတောင်သူ ဘူးသီးတောင်သားများအား ကျွန်တော် တိုက်တွန်းလိုပါရေ။
ငှက်တို့မည်သည် ပျံရင်းသေ
==================
ဘူးသီးတောင်-မောင်တောဒေသက ရခိုင်အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စု အားလုံးရို့၏ အသက်ရှင် ရပ်တည် ရေး၊ အသက်အိုးအိမ်စည်းစိမ် တည်မြဲရေးဆိုစွာရေ အမှားအယွင်းအဖြစ် လုံးဝမခံနိုင်ရေ အနီအထားမှာ ဟိပါ ရေ။
ဒေပိုင်အနီအထားမှာဟိရေ လူ့အသိုက်အ၀န်းကို ဦးဆောင်ဖို့ဆိုစွာ ရွီးကောက်ပွဲတစ်ပွဲကိုနိုင်ရုံသက်သက် ရည်မှန်းသော ယင်းရွီးကောက်ပွဲမှာနိုင်ပြီးကေ ဆောက်လုပ်ရေးကန်ထရိုက်တိလုပ်ပြီးကေ ချမ်းသာရုံ သက်သက်ကို ရည်မှန်းသော နိုင်ငံရေသမားတိ လက်ထဲကို ၀ကွက်အပ်ပလိုက်ဖို့ လုံးဝမဖြစ်နိုင်ပါ။
ထိုနည်းတူစွာ ရခိုင်လူမျိုးတစ်မျိုးလုံး၏ ကံကြမ္မာစွာလည်း ဘူးသီးတောင်မောင်တောက ရခိုင်သားတိ ရပ်တည်နိန်ရရေ အနိန်အထားပိုင်ရှောင် လုံးဝ အမှားအယွင်းမခံနိုင်ရေအနီအထားဖြစ်ပါရေ။ တစ်ပွဲတိုး နိုင်ငံရေးသမားတိ လက်ထဲကို ၀ကွက်အပ်လို့ လုံးဝမရရေ အနီအထားဖြစ်ပါရေ။
ဆိုရိုးစကားတစ်ခွန်းဟိပါရေ။ “ငှက်တို့သည် ပျံရင်း သေ၏။ လူတို့သည် ကြံရင်းသေ၏” လို့ဆိုပါရေ။ လူရို့၏ လူ့ဘောင်လောကမှာ အကြံကြီးကြီးကြံပြီး ဖြစ်မြောက်အောင် လုပ်နိုင်ရေလူတိက လောကကို စိုးမိုးထားစွာ ဖြစ်ပါရေ။ လူသတ္တ၀ါရေ ဆင်ထက် အကြံကြီးဥာဏ်ကြီးရေအတွက်ကြောင့် ဆင်ထက်ကတက်စီးပြီးကေ ဆင်ကို ခိုင်းနိုင်စွာဖြိုက်တေ။ အမေရိကန်စွာ ကမ္ဘာမှာ အကြံဥာဏ်အကြီးဆုံးဖြစ်လို့ ကမ္ဘာဇာတ်ခုံမှာ အေနိန့် ထက်ထိ အင်အားအကြီးဆုံး ဇာတ်ကောင်အနိန်နန့် ရပ်တည်နိုင်စွာဖြစ်ပါရေ။
လူ့ဘုံခန်းဝါမှာ အကြံအစည်အမျိုးမျိုး ဥာဏ်အမျိုးမျိုးဟိကတ်တေအနက် အသက်ရှင်ရပ်တည်မှုအတွက် တိုးတက်ကြီးပွားမှုအတွက် အရေးအကြီးဆုံးဥာဏ်ကတော့ခါ မဟာဗျုဟာမြောက်ကြိုတင်မြော်မြင် လှမ်း ကြည့်ပြီးကေ ပြင်ဆင်လုပ်ကိုင်နိုင်ရေ ဥာဏ်ဖြစ်ပါရေ။ strategic-minded လို့ အင်္ဂလိပ်ပိုင် ပြောကေ ရဖို့ လား မပြောတတ်ဗျာလ်။
ယင်းအချက် အရေးကြီးရေဆိုစွာကို ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်က ပြောဖူးပါရေ။ “ရိုးရိုးနိုင်ငံရေးသမား (politician) ဆိုစွာ လာဖို့ ရွီးကောက်ပွဲ လောက်ကိုလှမ်းမျှော်ကြည့်ရေ။ နိုင်ငံပြုသုခမိန် (statesman) ဆိုစွာ နောက်လာဖို့ မျိုးဆက်တစ်ဆက်အထိ လှမ်းမျှော်လို့ ကြည့်ရေ” လို့ဆိုပါရေ။
အနာဂတ်ကို လှမ်းမျှော်ကြည့်လို့မြင်နိုင်ဖို့အတွက်က ဒိဗ္ဗစက္ကုဥာဏ်မလိုပါ၊ နတ်မျက်စိ မလိုပါ။ မိမိရို့လူမျိုး၏ အ၀ီးအတိတ် နန့် အနီးကပ်အတိတ်က ဖြစ်ပျက်ခစွာတိကို ကုံကုံလုံလုံ ထဲထဲဝင်ဝင် သိရှိနားလည်ပြီးကေ၊ လက်ရှိမှာ ရှိနိန်ရေ မြေပြင်အခင်းအကျင်း လက်တွိ့အချက်အလက်တိနန့် သုံးသပ်ကြည့်ပြီးကေ အနာဂတ်ကို လှမ်းမြော်မြင်နိုင်ခရေ ခေါင်းဆောင်မှုတိကို သမိုင်းမှာကြည့်ကေ တွိ့နိုင်ပါရေ။
ဥပမာ - ရဲဘော်သုံးကျိပ်ပေါ်လာရေ ကိစ္စ၊ ဥပမာ - အစ္စရေးက ဘင်ဂူရီယန် ဂျူးတိ အသတ်ခံရဖို့စွာကို ကြိုသိနီရေ ကိစ္စရို့ကို နမူနာအဖြစ်ကြည့်နိုင်ပါရေ။
ကမ္ဘာမှာ ပထမကမ္ဘာစစ်ဖြစ်ပြီးကေ ဒုတိယကမ္ဘာစစ်ဘက်ကို ဦးတည်လားနိန်ရေအချိန် ၁၉၃၀ ကျော်နှောင်းပိုင်း ၁၉၄၀ လောက်မှာ မြန်မာနိုင်ငံထဲမှာ ဗမာလူမျိုးလက်နက်ကိုင်တပ်လို့ လုံးဝမရှိသိ။ အင်္ဂလိပ်တိကို သစ္စာဟိရေ တောင်ပေါ် တိုင်းရင်းသားတိကိုရာ အင်္ဂလိပ်တိက လက်နက်တပ်ဆင်ပီးထားရေ။ ကချင်လက်နက်ကိုင် တပ်ရင်းတိ ဟိရေ။ ကရင်လက်နက်ကိုင်တပ်ရင်းတိ ဟိရေ။ ဗမာတိလက်ထဲမှာ လက်နက်လုံးဝမရှိ။ ဆိုရေအခါ . . . ယင်းအချိန် ယင်းကာလက ဗမာလူမျိုးကို ဦးဆောင်နိန်ရေမျိုးဆက် သခင်ကိုယ်တော်မှိုင်းရို့ ဒီးဒုတ်ဦးဘချို သခင်မြရို့ အစရှိရေ သခင်အောင်ဆန်းရှိက မျိုးဆက်က အနာဂတ်ကို လှမ်းမျှော်ကြည့်ရေအခါ၊ ကမ္ဘာမှာ ဖြစ်ပေါ်နိန်ရေ အနေအထားအခင်းအကျင်းအရ လာဖို့ လေးငါးနှစ်ကာလမှာ အပြောင်းအလဲအကြီးကြီး ဖြစ်လာဖို့စွာကို လှမ်းမြင်ရေ။ ယင်းပိုင်အပြောင်းအလဲအကြီးကြီးဖြစ်လာရေအခါ ဗမာတိ လက်ထဲမှာ လက်နက်ရှိနိန်ဖို့လိုရေ။ ယင်းပိုင်မြော်မြင်တွက်ဆချက်နန့် သခင်အောင်ဆန်းရို့ပိုင် လူငယ်တိပါဝင်ရေ ရဲဘော်သုံးကျိပ်ကို စစ်ပညာသင်ဖို့စေလွှတ်ပြီးကေ ဘီအိုင်အေတပ်ကို ထူထောင်စွာဖြစ်ပါရေ။ ဘီအိုင်အေတပ်စွာ ဗမာတပ်ဖြစ်ပါရေ။
တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော် အနိန်နန့် ထူထောင်ခစွာ မဟုတ်။ ဗမာလူမျိုးတပ်မတော် အနိန်နန့် ထူထောင်ခစွာဖြစ်ပါရေ။ ဘီအိုင်အေ၏ အမြူတေဖြစ်သော ရဲဘော်သုံးကျိပ်ကိုကြည့်လိုက် . . . ။ အားလုံးဗမာတိ ဂျေးယာ။ ယင်းပိုင် ဗမာလူမျိုး အခြေခံရေ တပ်မတော်ကို ထူထောင်ပြီးကေ နိုင်ငံရေးအရ ဗမာဦးစီးသော လွတ်မြောက်တေ နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ထူထောင်ဖို့လမ်းကို ခင်းနိုင်ခကတ်တေ။ ယင်းအတွက်နန့်ပင် အဂု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိမှာ ပြောကတ်စွာကိုကြားရရေ၊ လက်ရှိတပ်မတော်ကို ပြည်ထောင်စုတပ်မတော် ဖြစ်အောင် အသွင်ပြောင်းဖို့ လိုရေ လို့ ပြောကတ် ဆိုကတ်စွာတိကို ကြားရစွာဖြစ်ပါရေ။
_____Coral Arakan News
0 comments:
Post a Comment