Monday 8 September 2014

ဦးဥတ္တမ နားထောင်နေတယ်


ဦးဥတ္တမ နားထောင်နေတယ်
==============
ရခိုင်မြေက ဦးဥတ္တမပန်းခြံ
အပန်းဖြေရန် အမှောင်ခွင်းí
ရအလင်းဆောင်သူ တဆူဆရာတော်
ဇာတိကျော်က မျက်စိချထားနေ
နားထောင်နေတယ်။

ရခိုင်သားတို့
အနားယူရန် လေညှင်းခံဖို့
လာလို့ရောက်လာ၊ငါနားထောင်နေတယ်
ဘာတွေပြောလဲ ဘာစကားလဲ။

ကိုယ့်လူမျိုးအတွက် တိုးတက်ကြီးပွါး
စကားမျိုးလား၊ကိုယ့်အမျိုးသားတို့၏
အသိမြင့်မား နိုးကြားတက်ကြွ
ဝေါဟာရမျိုးလား၊နားထောင်ဂရုစိုက်နေတယ်။

မဟုတ်ပဲနဲ့
သွေးကွဲပြားစွာ၊မညီညာ
ယုတ်မာစိတ်ထားပျက်ပြားဖောက်ပြန်
အမှန်မလုပ်သိမ်နုတ်စကား
ပြောခြင်းလားလို့၊ နားစွင့်ဂရုစိုက်နေတယ်။

ဒီလိုမှမဟုတ်၊စိတ်မယုတ်ဘဲ
ဒဟိုလဲမကျ၊ဒီလဲမကျ
ဘ၀မသိ၊သတိမရ
ရခိုင်စိတ်မ၀င်၊ကြင်ဖော်မဖြစ်
အိပ်ငိုက်နေစွလား။
အရှင်နားထောင်နေတယ်၊ကြည့်နေတယ်။

အရှင်ကြားလို၊မြင်ရလိုသော
စိုပြီသာယာ၊ငါတို့ရခိုင်မြေ
ဖြစ်ရပါစေ------ အဆွေတို့။
================== 
မူရင်းစာဆို သန္တာမောင်မောင် (ရခိုင်ပြည်)
ဓာတ်ပုံ။ ။ AYO

No comments:

Post a Comment